#พระอภิธรรมในชีวิตประจําวัน#
# တစ်နေ့တာဘဝမှာရှိတဲ့အဘိဓမ္မာတရား #
တစ်နေ့တာဘဝမှာရှိတဲ့အဘိဓမ္မာတရားကိုရေးတဲ့သူ“နီနဝမ်ကော်ခန့်” သည်ဆရာမကြီးဆူကြည်နဲ့အဘိဓမ္မာတရားကိုလေ့လာသင်ကြားခဲ့ရတယ်။လွန်ခဲ့တဲ့အနှစ်လေးဆယ်ကျော်ကထိုင်းနိုင်ငံမှာနေထိုင်ခဲ့တဲ့ခွန်နီနသည်တရားစာတွေကိုများစွာရေးဖြစ်ခဲ့ပြီးဘာသာပြန်ဖြစ်ခဲ့
တယ်။ဒါကြောင့်စာဖတ်သူများကိုတရား
တွေသိပြီးနားလည်စေတယ်။တစ်နေ့တာဘဝမှာရှိတဲ့အဘိဓမ္မာတရားတွေကိုလေ့လာသင်ကြားရတဲ့သူတွေသည်အခြေ
ခံအဖြင့်လမ်းပြပေးတဲ့စာအုပ်တစ်အုပ်
ဖြစ်တယ်။အထူးသဖြင့် `စိတ်ပရမတ်”က
အဓိကဖြစ်တယ်။ပြီးတော့စာရေးသူသည်
ပိုပြီးဖတ်စရာကောင်းတဲ့တရားစာအုပ်ဖြစ်အောင်အနစ်သာရရှိတဲ့သုတ္တန်ကို
လည်းထုတ်ဖော်ခဲ့တယ်။ဒါကြောင့်ဖတ်
ပြီးသွားတဲ့အကြောင်းတွေနှင့်နားလည်
မှုတွေကိုစမ်းသပ်ပြီးစာဖတ်သူရဲ့ကိုယ်
တိုင်နဲ့သုံးသပ်နိုင်တဲ့အမေးတွေဖြစ်တယ်
။တစ်နေ့တာဘဝမှာရှိတဲ့အဘိဓမ္မာတရားစာအုပ်သည်သတိ၊ပညာတွေမှန်ကန်စွာနဲ့
တိုးတက်အောင်ပွားများနိုင်ပြီးစာဖတ်သူ
တွေနားလည်စေနိုင်တဲ့အခြေခံစာအုပ်တစ်အုပ်ဖြစ်ရမယ်လို့စာရေးသူကမျှော်
လင့်တယ်။
# အမှာစာ #
ပိဋကတ်သုံးပုံထဲမှာစုစည်းထားတဲ့ဗုဒ္ဓမြတ်စွာဘုရားရဲ့ဝိနည်းတရားတော်တွေကတော့ဝိနည်း(ရဟန်းသံဃာတွေအတွက်
ကျင့်ကြံရမယ့်ကျင့်စဉ်)|သုတ္တန်နှင့်အဘိဓ
မ္မာသုံးပုံစလုံးတို့သည်ကျွနုပ်တို့တွေရဲ့ကိ
လေသာအားလုံးနှင့်အမြင်မှားတွေကိုငြိမ်း
သတ်ဖို့အတွက်တရားတော်တွေကိုကျင့်
ကြံအားထုတ်ဖို့နှင့်စိတ်အားထက်သန်ပြီး
တွန်းအားပေးတဲ့ပိဋကတ်တော်တွေဖြစ်
တယ်။ဝိနည်းတရားတော်သုံးပုံစလုံးသည်
ကျွနုပ်တို့တွေကိုတရားတော်တွေနားလည်
ဖို့သွန်သင်ဆုံးမသွားတဲ့တရားတွေဖြစ်
တယ်။ဆိုလိုတာကအမှန်တကယ်ရှိတဲ့အ
ရာတွေအားလုံး(တရား)ကိုနားလည်ဖို့ဆုံး
မသွားခြင်းဖြစ်တယ်။“မြင်ခြင်း”သည်တ
ရားတစ်မျိုးဖြစ်ပြီးအမှန်တကယ်ရှိတဲ့အ
ရာဖြစ်တယ်။“အဆင်း၊အရောင်”တွေ
သည်တရားတစ်မျိုးဖြစ်ပြီးအမှန်းတ
ကယ်ရှိတဲ့အရာဖြစ်တယ်။“ခံစားခြင်း”
သည်တရားတစ်မျိုးဖြစ်ပြီးအမှန်တကယ်
ရှိတဲ့အရာဖြစ်တယ်။ကိလေသာတွေသည်
အမှန်တကယ်ရှိတဲ့တရားတစ်မျိုးဖြစ်
တယ်။ဗုဒ္ဓမြတ်စွာဘုရားသည်အရိယာသ
စ္စာတရားတွေအားလုံးကိုအမှန်းအတိုင်း
ထိုးထွင်းစွာနဲ့သိတော်မူတယ်။ပြီးတော့
ကျွနုပ်တို့တွေကိုလည်းမြတ်စွာဘုရားနဲ့
ထပ်တူအမှန်အတိုင်းရှိတဲ့သစ္စာတရားတွေကိုသိနားလည်အောင်တရားတော်တွေ
ကိုဆုံးမသွားတယ်။တကယ်လို့ဗုဒ္ဓမြတ်
စွာဘုရားကတရားတော်တွေကိုဆုံးမ မ
သွားဘူးဆိုရင်ကျွနုပ်တို့တွေသည်တရား
သဘောတွေရဲ့အကြောင်းကိုမသိနိုင်ဘူး။
ဒါကြောင့်ကျွနုပ်တို့တွေသည်ဆင်းရဲ(ဒုက္ခ
)တဲ့အရာတွေကိုချမ်းသာ(သုခ)တယ်၊နင်
ငါမဟုတ်တဲ့အရာတွေကိုနင်၊ငါဟုတ်တယ်
၊မမြဲတဲ့အရာတွေကိုမြဲတယ်လို့စွဲထားကြ
တယ်။ပိဋကတ်သုံးပုံရဲ့အဓိကရည်ရွယ်
ချက်ကတော့ကိလေသာတွေကိုငြိမ်းသတ်
နိုင်တဲ့မဂ္ဂင်၈ပါးကိုတိုးတက်အောင်ပွား
များဖို့အတွက်ဆိုဆုံးမသွားခြင်းဖြစ်တယ်
။
ဝိနည်းသိက္ခာပုဒ်သည်ဘဝမှာအသက်ရှင်
နေထိုင်ဖို့အတွက်ရဟန်းသံဃာ(မြင့်မြတ်
တဲ့ပုဂ္ဂိုလ်)တွေကျင့်ကြံရမယ့်ကျင့်စဉ်တွေ
ဖြစ်တယ်။မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေရဲ့အဓိ
ကရည်ရွယ်ချက်ကတော့ကိလေသာတွေ
ကိုအကြွင်းပါမကျန်အောင်ငြိမ်းသတ်ဖို့
အတွက်ဖြစ်တယ်။ရဟန်းသံဃာတွေသာ
မဟုတ်ပဲတကာ၊တကာမတွေလည်းဝိနည်း
သိက္ခာပုဒ်တွေကိုလေ့လာသင်ကြားသင့်တယ်။မြင့်မြတ်တဲ့ပုဂ္ဂိုလ်ရဲ့ဘဝတွေကနေ
ဝေးကွာသွားတဲ့ရဟန်းသံဃာတွေလည်းရှိ
တယ်ဆိုတာသာဓကတွေများစွာတွေ့မြင်
ရတယ်။ဒီလိုအကြောင်းတွေရှိပြီးဖြစ်ပေါ်
တဲ့အခါမှာမေ့လျော့ခြင်းတွေထဲမှာရဟန်း
သံဃာတွေမကျရောက်ရအောင်ကာကွယ်
ဖို့အတွက်ဗုဒ္ဓမြတ်စွာဘုရားကဝိနည်းသိ
က္ခာပုဒ်တွေကိုပညတ်သွားခြင်းဖြစ်တယ်။
ဝိနည်းတရားတော်တွေကိုလေ့လာသင်
ကြားရတဲ့အခါမှာကိုယ့်ရဲ့လောဘ၊ဒေါသ
၊မောဟတွေကိုသိဖို့အတွက်သတိအောက်
မေ့သိပြီးနှိုးဆော်ပေးတယ်။အဲဒီတရားသဘောတွေသည်တကယ်ရှိကြတယ်။ဒါ
ကြောင့်အဲဒီတရားသဘောတွေကိုအ
ကြွင်းမဲ့မငြိမ်းသတ်နိုင်သေးသရွေ့တော့
အဲဒီတရားသဘောတွေသည်ဘယ်အချိန်
မဆိုဖြစ်ပေါ်နိုင်တယ်။ဝိနည်းတရားတော်
သည်ကိလေသာတွေထူထပ်ပြီးဘယ်
လောက်အပြစ်အန္တာရယ်တွေပေးလဲဆို
တာကိုသိအောင်နှိုးဆော်ပေးတယ်။ဒီလို
ဝေဖန်သုံးသပ်လိုက်တဲ့အခါမှာအမြင်မှား
ခြင်း၊မနာလိုဝန်တိုခြင်း၊ကိုယ့်ကိုယ်ကိုအ
ထင်ကြီး(မာန)ခြင်းနှင့်တစ်ခြားစတဲ့ကိ
လေသာတွေကိုပါငြိမ်းသတ်ပေးတဲ့မဂ္ဂင်
၈ပါးကိုကျွနုပ်တို့တွေလျှင်မြန်စွာနဲ့တိုး
တက်အောင်ပွားများရတယ်။
သုတ္တန်တရားတော်သည်နေရာဌာနအရပ်
ရပ်နှင့်ပုဂ္ဂိုလ်အသီးသီးတွေရဲ့အကြောင်း
အမျိုးမျိုးတွေဖြစ်တယ်။ဗုဒ္ဓမြတ်စွာဘု
ရားသည်ဒွာရ၆ပါး(တံခါးပေါက်)စလုံးမှ
ဖြစ်ပေါ်တဲ့တရားသဘောရဲ့အကြောင်း
တွေကိုဆိုဆုံးမသွားတယ်။ကံ(လုပ်ရပ်)
နှင့်ဝိပက်(အကျိုး)တွေသည်ဒုက္ခ(ဆင်းရဲ)
တွေကိုငြိမ်းသတ်နိုင်တဲ့နည်းလမ်းတွေဖြစ်
တယ်။
အဘိဓမ္မာတရားတော်သည်အ
သေးစိတ်နဲ့တရားသဘောတွေအားလုံးကို
ပြောသွားတဲ့ပိဋကတ်တော်ဖြစ်တယ်။“အ
ဘိ”ဆိုတဲ့စကားလုံးသည် အကြီးမားဆုံး
လို့အဓိပ္ပါယ်ရတယ်။ဒါကြောင့်“အဘိ
ဓမ္မာ”ဆိုတာကတော့ ကြီးမားတဲ့တရား
တော်လို့အဓိပ္ပါယ်ရတယ်။အဘိဓမ္မာတ
ရားတော်ကိုဆိုဆုံးမသွားတဲ့နေရာမှာကျန်
တဲ့ပိဋကတ်တော်နှစ်ပုံနဲ့ကွာခြားပေမယ့်
ရည်ရွယ်ချက်ကတော့အတူတူပဲဖြစ်တယ်
။ဆိုလိုတာကအမြင်မှားတွေကိုငြိမ်းသတ်
ဖို့နှင့်ကိလေသာတွေအားလုံးကိုအကြွင်းမ
ကျန်အောင်ငြိမ်းသတ်ဖို့အတွက်ဖြစ်
တယ်။
ကျွနုပ်တို့တွေသည်တရားသဘောတွေကို
အမျိုးအစားအမျိုးမျိုးနဲ့ခွဲခြမ်းစိတ်ဖြာ
ပြီးလေ့လာသင်ကြားရတဲ့အဓိကရည်ရွယ်
ချက်ကိုမမေ့သင့်ဘူး။ပရိယတ္တိတရား
တော်သည်တရားကျင့်ကြံ(ပတိပတ္တိ)အား
ထုတ်တဲ့နေရာမှာအကူအညီပေးပြီးသစ္စာ
တရားကိုထိုးထွင်းစွာသိတဲ့(ပတိဝေဒ)နေ
ရာမှာအရေးကြီးတဲ့အကြောင်းဖြစ်တယ်။
ဒါကြောင့်အဲဒီနာမ်တရားနှင့်ရုပ်တရား
တွေကိုလေ့လာသင်ကြားပြီးဝေဖန်သုံး
သပ်တဲ့အချိန်မှာဖြစ်ပေါ်နေတဲ့နာမ်တရား
နှင့်ရုပ်တရားတွေကိုသတိအောက်မေ့သိ
ပြီးဖြစ်ပေါ်နိုင်တယ်။အဘိဓမ္မာတရား
သည်တကယ်ရှိတဲ့အရာအားလုံးရဲ့အ
ကြောင်းတွေဖြစ်တယ်ဆိုတာကျွနုပ်တို့
တွေသိရတယ်။အဲဒါကတော့ဒွါရ(တံခါး
ပေါက်)၆ပါးမှဖြစ်ပေါ်နေတဲ့လောက
တွေဖြစ်တယ်။
ဒီစာအုပ်ကိုရေးသားရခြင်းရဲ့အဓိက
ရည်ရွယ်ချက်ကတော့အဘိဓမ္မာတရား
ကိုလေ့လာသင်ကြားတဲ့နေရာမှာအခြေ
ခံဖြစ်ဖို့အတွက်ဖြစ်တယ်။ဒါကြောင့်ပါဠိ
ဘာသာစကားလုံးနှင့်ကဏန်းစာလုံးအရေ
အတွက်တွေများစွာမြင်ရပြီးစာဖတ်သူ
တွေစိတ်ဓာတ်ကျမယ့်အစားစာဖတ်သူ
ကိုယ်တိုင်ရဲ့အတွင်းစိတ်နှင့်ဘေးပတ်ပတ်
လည်မှာရှိတဲ့ဖြစ်ပေါ်နေတဲ့တရားသဘော
တွေကိုပြန်ပြီးစိတ်ဝင်စားလာမယ်လို့စာ
ရေးသူကမျှော်လင့်တယ်။
ဆရာမကြီးဆူကြည်သည်အဘိဓမ္မာတ
ရားကိုလေ့လာသင်ကြားရဖို့စာရေးသူ
ကိုအများကြီးကူညီပြီးအားပေးတဲ့ဆရာ
မကြီးဖြစ်တယ်။ပြီးတော့ဆရာမကြီးက
စာရေးသူကိုယ်တိုင်သိဖို့လည်းတွန်းအား
ပေးတယ်။အဘိဓမ္မာတရားသည်မျက်စိ၊
နား၊နှာ၊လျှာ၊ကိုယ်နှင့်စိတ်တွေမှသိနိုင်တဲ့
တရားသဘောတွေရဲ့အကြောင်းဖြစ်တယ်
။အဲဒီအဘိဓမ္မာတရားကိုလေ့လာသင်ကြာ
းခြင်းသည်ဘဝတစ်သက်လုံးမှာပုံမှန်နဲ့
တိုးတက်အောင်လုပ်ရမယ့်အရာဖြစ်တယ်
ဆိုတာကိုကိုယ်တိုင်ထပ်ခါထပ်ခါနှိုးဆော်
ရတယ်။ဒါကြောင့်စာဖတ်သူတွေစာရေး
သူနဲ့အတူခံစားပြီးအမြင်တွေတူမယ်လို့
မျှော်လင့်တယ်။ဒါကြောင့်တရားသ
ဘောတွေကိုလေ့လာသင်ကြားပြီးကိုယ်
တိုင်သက်သေပြနိုင်တဲ့အချိန်မှာစိတ်ချမ်း
သာပြီးတက်ကြွပျော်ရွှင်ခြင်းတွေရရှိခြင်း
ဖြစ်တယ်။သုတ္တန်ထဲမှာရှိတဲ့နေရာအနှံ့အ
ပြားမှာအချက်အလက်တွေကိုမြင်နိုင်ဖို့အ
တွက်စာရေးသူကထုတ်ဖော်ပြရခြင်းဖြစ်
တယ်။အဘိဓမ္မာတရားတော်ထဲကအဆုံး
အမတွေသည်တစ်ခြားသောပိဋကတ်ထဲ
မှာရှိတဲ့အဆုံးအမတွေနဲ့မကွာခြားဘူး။
#ပရမတ္ထတရား ၄ပါး #
တရားသဘော ၂မျိုးရှိပြီးဘာတွေလဲဆို
တော့နာမ်တရားနှင့်ရုပ်တရားတို့ဖြစ်ကြ
တယ်။နာမ်တရားသည်သိတဲ့သဘော
ဖြစ်ပြီးရုပ်တရားသည်ဘာကိုမှမသိတဲ့
တရားသဘောဖြစ်တယ်။ဉပမာ-မြင်ခြင်း
သည်နာမ်တရားတစ်မျိုးဖြစ်ပြီးအရောင်၊
အဆင်းကိုသိတဲ့တရားဖြစ်တယ်။အဆင်း
သည်ရုပ်တရားဖြစ်ပြီးဘာကိုမှမသိဘူး။
အဲဒီနင်၊ငါဖြစ်တယ်လို့ကျွနုပ်တို့စွဲထားတဲ့
အရာတွေသည်ဖြစ်ပေါ်ပြီးပျက်သွားတဲ့
နာမ်တရားနှင့်ရုပ်တရားသာဖြစ်တယ်။
ဝိသုတ္တိမဂ်နှင့်ဒိဠိဝိသုတ္တိနိထေ့ထဲမှာအ
ချက်အလက်တွေရှိတယ်။အာသဝေါ
တွေပြုပြင်ပြောင်းလဲတဲ့အတွက်“ကား”
ဆိုပြီးခေါ်ဝေါ်တဲ့အသံတွေရှိလာတယ်။
ဒါကြောင့်ခန္ဓာအားလုံးရှိနေသေးတဲ့အခါ
မှာလူ၊သတ္တဝါတွေလို့ပညတ်နဲ့ခေါ်ဝေါ်
ခြင်းတွေရှိလာတယ်။
ဒီလိုနဲ့အဲဒီနာမ်၊ရုပ်တွေကိုဗုဒ္ဓမြတ်စွာ
ဘုရားကသုတ္တန်တွေထဲမှာလည်းဆို
ဆုံးမသွားတယ်။ပုဂ္ဂိုလ်တစ်ဉီးတစ်
ယောက်ကိုသာဆိုဆုံးမသွာတာမဟုတ်
ဘူး။ ကားမှာပါဝင်တဲ့ဝင်ရိုး၊ဘီး၊ကားရဲ့
ခေါင်မိုးစတဲ့အရာပစ္စည်းတွေသည်ကား
ရဲ့အစိတ်အပိုင်းတွေဖြစ်တယ်။ဒါကြောင့်
အားလုံးကိုတစ်ခုထဲဖြစ်သွားအောင်
ပေါင်းစပ်လိုက်တဲ့အခါမှာ ကား ဆိုပြီး
ခေါ်လာကြတယ်။ဒါပေမယ့်ပရမတ်အ
ဖြစ်နဲ့တစ်ခုစီ၊တစ်ခုစီကိုခွဲလိုက်တဲ့အခါ
မှာ ကား ဆိုတဲ့နာမည်ကရှိပါအုံးမလာ?
အဲဒီအကြောင်းကြောင့်ပညတ်အဖြင့်နဲ့ပု
ဂ္ဂိုလ်၊သတ္တဝါတွေရှိလာတယ်။ပြီးတော့တ
ရား(တကယ်ရှိတဲ့အရာ)တွေကိုတစ်ခုစီ၊
တစ်ခုစီနဲ့ခွဲထုတ်လိုက်ပြီးဝေဖန်သုံးသပ်
လိုက်တဲ့အခါမှာလည်းသတ္တဝါတွေဆိုတဲ့
နာမည်တွေရှိပါအုံးမလာ?ပြီးတော့ဒီလို
နင်၊ငါဖြစ်တယ်၊နင်၊ငါရှိတယ်ဆိုတဲ့စွဲလန်း
ထားတဲ့အရာတွေရှိပါအုံးမလာ?ပရမတ္ထ
အဖြစ်နဲ့ဆိုရင်နာမ်တရားနှင့်ရုပ်တရား
သာရှိကြတယ်။ဒီလိုမြင်တဲ့ပုဂ္ဂိုလ်တွေ
သည် ရထာဘူတဒသန ဆိုတဲ့အမှန်အ
တိုင်းကိုမြင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။
ခန္ဓာကိုယ်အတွင်းနှင့်အပြင်မှာရှိ
တဲ့တရားသဘောတွေအားလုံးသည်ဖြစ်
ပေါ်ပြီးပျက်သွားတဲ့မမြဲတဲ့နာမ်တရား
နှင့်ရုပ်တရားသာဖြစ်တယ်။နာမ်တရား
နှင့်ရုပ်တရားသည်တကယ်ရှိတဲ့တရားသ
ဘောဖြစ်ပြီးပါဠိဘာသာမှာ“ပရမတ္တဓမ္မ”
လို့ခေါ်တယ်။ပရမတ္ထတရားဖြစ်ပေါ်တဲ့အ
ခါမှာကျွနုပ်တို့တွေသည်ပရမတ္ထတရားရဲ့
လက္ခဏတွေကိုသိနိုင်တယ်။အဲဒီပရမတ္ထ
(အမှန်တကယ်ရှိတဲ့)တရားတွေကိုကျွနုပ်
တို့တွေပညတ်ပြီးခေါ်ကြတယ်။ဒါပေ
မယ့်ဝိပသနာကိုပွါးများတဲ့ပုဂ္ဂိုလ်တွေ
သည်မမြဲဘူး၊နင်၊ငါမဟုတ်ဘူးဆိုတဲ့အ
မှန်အတိုင်းရှိတဲ့နာမ်တရားနှင့်ရုပ်တရား
ရဲ့လက္ခဏသဘောတွေကိုထိုးထွင်းစွာနဲ့
သိနိုင်တယ်။ဒါကြောင့်နာမ်တရားနှင့်ရုပ်
တရားတွေရဲ့လက္ခဏအမျိုးအစားတစ်ခု
စီတွေကိုပိုပြီးသိလာတဲ့အခါမှာအဲဒီနင်၊ငါ
သည်မြင်ပြီးစဉ်းစားရုံသာဖြစ်တဲ့ပရမတ္ထ
(အမှန်)တရားမဟုတ်ဘူးဆိုတာသေချာ
စွာနဲ့ပိုပြီးသိလာရတယ်။
နာမ်တရားနှင့်ရုပ်တရားတွေသည်ကွာခြား
တဲ့တရားသဘောတွေဖြစ်တယ်။တကယ်
လို့ကျွနုပ်တို့တွေသည်နာမ်တရားနှင့်ရုပ်
တရားရဲ့လက္ခဏတွေကိုမခွဲထုတ်ဘူး၊မသိ
ဘူးဆိုရင်နာမ်တရားနှင့်ရုပ်တရားတွေကို
နင်၊ငါဖြစ်တယ်လို့စွဲထားကြခြင်းဖြစ်
တယ်။ဉပမာ-ကြားခြင်းသည်နာမ်တရား
ဖြစ်ပြီးရုပ်ပုံသဏ္ဍန်းတွေမဟုတ်ဘူး။ကြား
ခြင်းသည်သောတပသာဓာတ်နဲ့ကွာခြား
တယ်။ဒါပေမယ့်အဓိကအကြောင်းဖြစ်တဲ့
သောတပသာဓာတ်ရှိရတယ်။ကြားတဲ့နာမ်
တရားသည်အသံကိုသိတဲ့တရားသဘော
ဖြစ်တယ်။သောတပသာဓာတ်နှင်အသံ
သည်ဘာကိုမှမသိတဲ့ရုပ်တရားတွေဖြစ်
ပြီးကြားတဲ့နာမ်တရားတွေနဲ့ကွာခြား
တယ်။ကြားခြင်း၊သောတပသာဓာတ်
နှင့်အသံတွေသည်ကွာခြားတဲ့တရားသ
ဘောတွေဖြစ်တယ်ဆိုတာသေချာစွာမသိ
တဲ့အခါမှာကြားတာသည်နင်၊ငါကြား
တယ်လို့ဆက်ပြီးစွဲထားကြတယ်။
နာမ်တရားသည်အာနုဘော်မရှိ
တဲ့အရာဖြစ်ပြီးကိုယ့်ရဲ့အာနုဘော်နဲ့ဖြစ်
လို့မရနိုင်တဲ့အတွက်ကြောင့်စားမရ၊
သောက်မရ၊ရှာဖွေလို့လဲမရဖြစ်ရပြီးကိရိ
ယာပုဒ်တွေလည်းပြောင်းလဲလို့မရဘူး။
ပြီးတော့ရုပ်တွေလည်းအာနုဘော်မရှိဘူး။
ဒါကြောင့်ကိုယ့်ရဲ့အာနုဘော်နဲ့ဖြစ်ပေါ်ဖို့မ
ဖြစ်နိုင်ဘူး။ဘာကြောင့်လဲဆိုတော့အဲဒီ
ရုပ်တွေသည်စားချင်၊သောက်ချင်၊ရှာဖွေ
ချင်တဲ့စိတ်တွေမရှိဘူး။ပြီတော့ကိရိယာ
ပုဒ်တွေအောင်မြင်(သို့)ပြီးစီးချင်တဲ့စိတ်
တွေလည်းမရှိဘူး။ဒါကြောင့်ရုပ်သည်နာမ်
ကိုမှီခိုပြီးဖြစ်ပေါ်ရသလိုနာမ်လည်းပဲရုပ်
ကိုမှီခိုပြီးဖြစ်ပေါ်ရတယ်။နာမ်တရားတွေ
သည်စားချင်၊သောက်ချင်၊ရှာဖွေချင်တဲ့သူ
ဖြစ်လာပြီးကိရိယာပုဒ်တွေပြီးစီးအောင်
မြင်ခြင်းတွေရှိလာတဲ့အခါမှာရုပ်သည်စား
လာတယ်၊သောက်လာတယ်၊ရှာဖွေလာ
တယ်။ဒါကြောင့်ကိရိယာပုဒ်တွေပြီးစီး
အောင်မြင်လာရခြင်းဖြစ်တယ်။
ဆက်လက်ပြီးဝိသုတ္တိမဂ်နှင့်ဒိဌိဝိသုတ္တိနိ
ထေ့ထဲမှာအချက်အလက်တွေရှိတယ်။
နာမ်တရားသည်ရုပ်တရားကိုမှီခိုပြီးဖြစ်
ပေါ်ရတယ်။ဒါကြောင့်လူတွေသည်ရေပြင်
သမုဒ္ဒရာထဲမှာလှေကိုမှီခိုပြီးသွားလာကြ
တာနဲ့နှိုင်းယှဉ်ထားတယ်။ရုပ်တရား
လည်းနာမ်တရားကိုမှီခိုပြီးဖြစ်ပေါ်ရတယ်
။ဒါကြောင့်နှစ်မျိုးစလုံးမှာလူနဲ့လှေဖြစ်ပြီး
တစ်ဉီးနဲ့တစ်ဉီးအပြန်အလန်မှီခိုကြတဲ့အ
တွက်ရေပြင်မှာသွားလို့ရကြသလိုနာမ်တ
ရားနှင့်ရုပ်တရားတွေလည်းထို့နည်းတူပဲ
ဖြစ်တယ်။နာမ်တရားသည်ဖြစ်ပေါ်တဲ့အ
ကြောင်းရှိရပြီးပြုပြင်ပြောင်းလဲတဲ့အမျိုး
အစား ၂မျိုးရှိတယ်။ဘာတွေလဲဆိုတော့
စိတ်နှင့်စေတသိက်တို့ဖြစ်ကြတယ်။စေတသိက်သည်စိတ်နဲ့အတူဖြစ်ပေါ်တဲ့
တရားသဘောဖြစ်တယ်။စိတ်နှင့်စေတ
သိက်သည်အကြောင်းကြောင့်ဖြစ်ပေါ်ပြီး
တော့ပျက်သွားရတယ်။
စိတ်သည်တစ်စုံတစ်ခုကိုသိတဲ့တ
ရားသဘောဖြစ်တယ်။ဒါကြောင့်စိတ်တစ်
ပါးစီတွေသည်သိနေဆဲဖြစ်တဲ့အရာတွေရှိ
ရတယ်။ပါဠိဘာသာမှာ အာရုံ လို့ခေါ်
တယ်။မြင်တဲ့စိတ်သည်မျက်စိမှဖြစ်ပေါ်
တဲ့အရာရှိပြီးအာရုံတွေဖြစ်တယ်။ကြား
တဲ့စိတ်သည်အသံရှိတဲ့အာရုံဖြစ်တယ်။
အာရုံနဲ့ကင်းမဲ့ပြီးဘယ်စိတ်မှဖြစ်ပေါ်ခြင်း
မရှိဘူး။အိပ်မောကျနေတဲ့အချိန်တွေမှာ
လည်းစိတ်ကအာရုံကိုသိရတယ်။စိတ်
သည်ခွဲခြမ်းစိတ်ဖြာလို့ရတဲ့အမျိုးအစား
တွေများစွာရှိကြတယ်။တစ်ချို့စိတ်သည်
အကုသိုလ်စိတ်ဖြစ်ပြီးတစ်ချို့စိတ်သည်
ကုသိုလ်စိတ်ဖြစ်တယ်။အကုသိုလ်စိတ်နှင့်
ကုသိုလ်စိတ်သည်ကုသိုလ်နှင့်အကုသိုလ်
တွေဖြစ်နိုင်တဲ့ကာယကံ၊ဝစီကံ၊မနောကံ
တွေကိုဖြစ်ပေါ်စေတဲ့အကြောင်းဖြစ်တယ်
။တစ်ချို့စိတ်သည်ဝိပါက်စိတ်ဖြစ်ပြီးကု
သိုလ်ကံ(သို့)အကုသိုလ်ကံတွေရဲ့အကျိုး
တွေဖြစ်တယ်။တစ်ချို့စိတ်သည်ကိရိယာ
စိတ်ဖြစ်ပြီးကုသိုလ်စိတ်၊အကုသိုလ်စိတ်
နှင့်ဝိပါက်စိတ်တွေမဟုတ်ဘူး။
စိတ်ကိုဖြစ်ပေါ်ခြင်း(ဘဝ)တွေနဲ့ခွဲခြမ်း
စိတ်ဖြာလိုက်တဲ့အခါမှာစိတ်ဖြစ်ပေါ်ခြင်း
၄မျိုးရှိပြီးဘာတွေလဲဆိုတော့ကုသိုလ်၁၊
အကုသိုလ်၁၊ဝိပါက်၁ပါးနှင့်ကိရိယာ၁ပါး
တို့ဖြစ်ကြတယ်။အဲဒီစိတ်တစ်ပါးစီတွေ
သည်ဘာဖြစ်ပေါ်ခြင်း(ဘဝ)တွေရှိတယ်
ဆိုတာသိဖို့အရေးကြီးတဲ့အရာဖြစ်တယ်။
ဘာကြောင့်လဲဆိုတော့အကုသိုလ်တွေ
သည်ကုသိုလ်ဖြစ်တယ်(သို့)အကုသိုလ်
တွေသည်ဝိပါက်ဖြစ်တယ်လို့အထင်မှား
ခဲ့ရင်ကျွနုပ်တို့တွေသည်ကုသိုလ်တွေကို
တိုးတက်အောင်မပွားများနိုင်တော့ဘူး။
ဉပမာ-မကြိုက်မနှစ်သက်တဲ့စကားသံကို
ကြားရတဲ့အခါမှာအဲဒီအသံကိုကြားရတဲ့
အချိန်မှာသောတဝိညာဉ်(ကြားစိတ်)သည်
အကုသိုလ်ဝိပါက်ဖြစ်ပြီးပြုလုပ်ပြီးသွား
တဲ့အကုသိုလ်ကံတစ်ခုရဲ့အကျိုးတွေဖြစ်
တယ်။ပြီးတော့အဲဒီကနေနောက်မှဖြစ်ပေါ်
နိုင်တဲ့ဒေါသသည်ဝိပါက်စိတ်မဟုတ်ဘူး။
ဒါပေမယ့်အကုသိုလ်စိတ်တွေဖြစ်တယ်။စိတ်ကိုနောက်ထပ်အစဉ်လိုက်ဘုံအဖြစ်နဲ့
ခွဲခြမ်းစိတ်ဖြာလိုက်မယ်ဆိုရင်စိတ်တွေ၄
ဘုံရှိပြီးဘာတွေလဲဆိုတော့ကာမာဝကျလ
စိတ်၊ရူပါဝကျလစိတ်၊အရူပါဝကျလစိတ်
နှင့်လောကုတ္တရာစိတ်တို့ဖြစ်ကြတယ်။
ကာမာဝကျလစိတ်သည်ကာမ
အာရုံကိုသိတဲ့စိတ်ဖြစ်ပြီးမြင်သိစိတ်၊
ကြားသိစိတ်၊အနံ့ရတဲ့စိတ်၊အရသာသိတဲ့
စိတ်နှင့်ခန္ဓာကိုယ်နဲ့ထိတွေ့တဲ့အရာကိုသိ
တဲ့စိတ်တို့ဖြစ်ကြတယ်။နောက်ထပ်တစ်
ခြားဘုံရဲ့စိတ်တွေလည်းရှိသေးတယ်။
ဘာတွေလဲဆိုတော့သမထဘာဝနာကိုပွား
များတဲ့ပုဂ္ဂိုလ်၊အပ္ပဏာသမာဓိကိုထိုး
ထွင်းစွာသိတဲ့ပုဂ္ဂိုလ်(စျာန်အဆင့်သမာ
ဓိ)နှင့်စျာန်စိတ်ရှိတဲ့ပုဂ္ဂိုလ်တွေသည်ကာ
မအာရုံကိုမသိတဲ့စိတ်တွေဖြစ်တယ်။
စျာန်စိတ်သည်ကာမအာရုံကိုမသိတဲ့
နောက်ထပ်ဘုံစိတ်တစ်ဘုံဖြစ်တယ်။
လောကုတ္တရာစိတ်သည်အမြင့်ဆုံးဘုံစိတ်
ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့နိဗ္ဗာန်ကို
ထိုးထွင်းစွာသိတဲ့စိတ်ဖြစ်တယ်။
စိတ်ကိုနောက်ထပ်တစ်ခြားအနေနဲ့ခွဲခြမ်း
စိတ်ဖြာနိုင်တယ်။တကယ်လို့စိတ်ရဲ့အင်
အားတွေကိုအသေးစိတ်(သို့)အကြမ်း
ပြင်းနဲ့ဝေဖန်သုံးသပ်မယ်ဆိုရင်စိတ်သည်
နောက်ထပ်များကွာခြားသေးတယ်။ဉပမာ
-အဲဒီနကိုယ်မူလဖြစ်တဲ့လောဘ၊ဒေါသ၊
မောဟတွေရှိတဲ့အကုသိုလ်စိတ်တွေသည်
အကြမ်းပြင်နှင့်အသေးစိတ်ဆိုပြီးအင်
အားတွေကွာခြားခြင်းရှိကြတယ်။တစ်ခါ
တစ်လေကံအမျိုးမျိုးကိုပြုလုပ်စေတဲ့အ
ကြောင်းတွေဖြစ်နိုင်သေးတယ်။တစ်ခါ
တစ်လေမှာလည်းကံအမျိုးမျိုးတွေကိုမ
ပြုလုပ်ကြဘူး။အားလုံးတွေသည်အကု
သိုလ်ကံရဲ့အင်အားတွေပေါ်မှာမူတည်
တယ်။ထို့နည်းတူပဲကုသိုလ်စိတ်လည်း
အင်အားရဲ့အဆင့်အမျိုးမျိုးပေါ်မှာမူ
တည်တယ်။စိတ်အားလုံး ၈၉ပါး(သို့)
၁၂၁ရှိပြီးအဲဒီ၁၂၁ပါးဖြစ်တဲ့စိတ်သည်
စျာန်နှင့်ဝိပသနာတွေကိုပွားများပြီးအရိ
ယာပုဂ္ဂိုလ်တွေရဲ့စိတ်တွေကိုပေါင်းထား
လိုက်ခြင်းဖြစ်တယ်။ပြီးတော့စျာန်စိတ်နဲ့
မြတ်နိဗ္ဗာန်ကိုထိုးထွင်းစွာနဲ့သိနိုင်တယ်။
နောက်ထပ်ပရမတ္ထတရားတစ်
ပါးကတော့နာမ်တရားဖြစ်တဲ့စေတသိက်
ဖြစ်တယ်။စိတ်သည်အာရုံကိုသိတဲ့သ
ဘောဖြစ်တယ်။မြင်သိစိတ်သည်မျက်စိ
မှဖြစ်ပေါ်တဲ့အရာကိုအာရုံရှိတယ်။ကြား
သိစိတ်သည်နားမှဖြစ်ပေါ်တဲ့အသံကို
အာရုံရှိတယ်။စဉ်းစားတဲ့စိတ်သည်စဉ်း
စားတဲ့အကြောင်းကိုအာရုံရှိတယ်။ဒါပေ
မယ့်စိတ်တစ်မျိုးသာရှိတာမဟုတ်ဘူး။နောက်ထပ်တစ်ခြားနာမ်တရားတွေအ
များကြီးရှိသေးတယ်။ဘာတွေလဲဆို
တော့စိတ်တစ်ပါးပါးနဲ့အတူဖြစ်ပေါ်တဲ့
စေတသိက်တွေများစွာရှိတယ်။ဒါကြောင့်
ဒေါသနဲ့(သို့)သုခနဲ့ခံစားခြင်း(သို့)ပညာနဲ့
လာစသည်ဖြင့်ကျွနုပ်တို့သည်ဘာတွေနဲ့
စဉ်းစားနိုင်သလဲ?ဒေါသနဲ့ပဲဖြစ်ဖြစ်၊သုခနဲ့
ခံစားတာပဲဖြစ်ဖြစ်၊ပညာနဲ့ပဲဖြစ်ဖြစ်အား
လုံးသည်စိတ်မဟုတ်တဲ့နာမ်တရားတွေ
ဖြစ်ကြတယ်။
စိတ်အမျိုးအစားအမျိုးမျိုးနဲ့အတူဖြစ်
ပေါ်တဲ့စေတသိက်တွေအမျိုးမျိုးရမှကြ
တယ်။အချိန်တစ်ခဏမှာစိတ်၁ပါးသာရှိ
တယ်။ဒါပေမယ့်အဲဒီစိတ်နဲ့အတူဖြစ်ပေါ်
တဲ့စေတသိက်တွေအနည်းဆုံး၇ပါးရှိပြီး
အဲဒီစိတ်နဲ့တစ်ပြိုင်တည်းပျက်သွားတယ်။
စိတ်သည်တစ်ခု/တစ်ပါးတည်းသာဖြစ်
ပေါ်လို့မရဘူး။ဉပမာ-ပါဠိဘာသာမှာဝေဒ
နာလို့ခေါ်တဲ့ခံစားခြင်းသည်စိတ်အပါး
တိုင်းနဲ့အတူဖြစ်ပေါ်တဲ့စေတသိတ်ဖြစ်
တယ်။စိတ်သည်အာရုံကိုသိရုံသာဖြစ်ပြီး
ခံစားလို့မရဘူး။ဝေဒနါစေတသိက်သည်
ခံစားတဲ့သဘောဖြစ်တယ်။တစ်ခါတလေ
ချမ်းသာခြင်းကိုခံစားရပြီးတစ်ခါတလေ
မှာဆင်းရဲခြင်းကိုခံစားရတယ်။ချမ်းသာ
(သို့)ဆင်းရဲတွေရဲ့ခံစားခြင်းမရှိတဲ့အချိန်မှာဉပေက္ခာဝေဒနါဆိုတဲ့ခံစားခြင်းတွေရှိ
သေးတယ်။ဒါကြောင့်ခံစားခြင်းတွေအမြဲ
တမ်းရှိနေတယ်။ခံစားခြင်းနဲ့ကင်းမဲ့တဲ့
စိတ်တွေတစ်ခဏမှမရှိဘူး။ဉပမာ-မြင်
စိတ်ဖြစ်ပေါ်တဲ့အခါမှာခံစားခြင်းတွေ(ဝေ
ဒနာ)သည်မြင်စိတ်နဲ့အတူဖြစ်ပေါ်ရတယ်။
မြင်စိတ်သည်မျက်စိမှဖြစ်ပေါ်တဲ့အရာကို
သာသိတယ်။အဲဒီအချိန်မှာကြိုက်ခြင်း(သို့
)မကြိုက်ခြင်းဆိုတဲ့စိတ်ဖြစ်ပေါ်ခြင်းတွေ
မရှိသေးဘူး။မြင်သိစိတ်နဲ့အတူဖြစ်ပေါ်တဲ့
ဝေဒနါသည်ဉပေက္ခာဝေဒနါဖြစ်တယ်။
မြင်သိစိတ်ပျက်သွားပြီးတဲ့နောက်ပိုင်းမှာ
တစ်ခြားစိတ်တွေဖြစ်ပေါ်တယ်။ပြီးတော့
အဲဒီမြင်ရတဲ့အာရုံကိုမကြိုက်တဲ့စိတ်
လည်းဖြစ်နိုင်တယ်။အဲဒီမကြိုက်တဲ့စိတ်နဲ့
အတူဖြစ်ပေါ်တဲ့ဝေဒနါသည်ဒေါမနသဝေ
ဒနာဖြစ်တယ်။
စိတ်သည်အာရုံကိုသိတဲ့နေရာမှာအကြီးအ
ကဲဖြစ်ပြီးစိတ်နဲ့အတူဖြစ်ပေါ်တဲ့စေတ
သိက်သည်စိတ်နဲ့အတူအာရုံတစ်ခုတည်း
ကိုသာသိတယ်။ဒါပေမယ့်အဲဒီစေတသိက်
တစ်ပါးစီတွေသည်ကိုယ်စီ၊ကိုယ်စီရဲ့တာ
ဝန်နှင့်လက္ခဏသဘောတွေရှိကြတယ်။
စေတသိက်အားလုံး ၅၂ပါးရှိပြီးစိတ်အ
ပါးတိုင်းနဲ့အတူဖြစ်ပေါ်တဲ့စေတသိက် ၇
ပါးရှိကြတယ်။ကျန်တဲ့တစ်ခြားစေတ
သိက်တွေသည်စိတ်အပါးတိုင်းနဲ့မဖြစ်
ပေါ်ဘူး။ပါဠိဘာသာမှာ သညာလို့ခေါ်
တဲ့မှတ်သားခြင်ဖြစ်တဲ့တရားသဘော
သည်စိတ်အပါးတိုင်းနဲ့ဖြစ်ပေါ်တဲ့နောက်
ထပ်စေတသိက်တစ်ပါးဖြစ်တယ်။ဝိသုတ္တိ
မဂ်၊ခန္ဓနိထေ့မှာသညာ(မှတ်သားခြင်း)ရဲ့
လက္ခဏတွေကိုဆိုဆုံးမသွားတယ်။
စိတ်သည်အာရုံကိုသာသိပြီး
အာရုံကိုမမှတ်သားဘူး။သညာသည်
ဖြစ်ပေါ်တဲ့အာရုံကိုမှတ်သားတယ်။ဒါ
ကြောင့်နောက်ထပ်အဲဒီတွေဖြစ်ပေါ်တဲ့
အခါမှာသညာကမှတ်မိတယ်။အဲဒီမှတ်
မိတဲ့ဘယ်အချိန်မဆိုအဲဒီအချိန်သည်သ
ညာစေတသိက်ဖြစ်နင်၊ငါတွေကိုမှတ်မိ
တာမဟုတ်ဘူး။ဉပမာ-အဲဒီသညာကပဲ
ဒါကအနီရောင်၊ဒါကအိမ်၊ဒါကငှက်တွေ
ရဲ့အသံစသည်တို့ကိုသညာကမှတ်မိခြင်း
ဖြစ်တယ်။စေတနာ(စိတ်ရှိလက်ရှိ၊စိတ်ပါ
လက်ပါ)သည်စိတ်အပါးတိုင်းနဲ့အတူဖြစ်
ပေါ်တဲ့နောက်ထပ်စေတသိက်တစ်ပါးဖြစ်
တယ်။စိတ်အပါးတိုင်းနဲ့မဖြစ်ပေါ်တဲ့တစ်
ခြားစေတသိက်တွေလည်းရှိတယ်။အကု
သိုလ်စေတသိက်သည်အကုသိုလ်စိတ်နဲ့
သာအတူဖြစ်ပေါ်တယ်။သောမနသ(
ကောင်းခြင်း)စေတသိက်သည်သောမန
သစေတသိတ်နဲ့အတူဖြစ်ပေါ်တယ်။
လောဘ၊ဒေါသနှင့်မောဟတွေသည်အကု
သိုလ်စေတသိက်တွေဖြစ်တယ်။ဒါကြောင့်
အကုသိုလ်စိတ်နဲ့ပဲအတူဖြစ်ပေါ်တယ်။ဉပ
မာ-ကျွနုပ်တို့သည်လှပတဲ့အရာတွေကို
မြင်တဲ့အခါမှာမြင်လိုက်တဲ့အရာတွေထဲ
မှာသာယာနှစ်သက်တဲ့စိတ်တွေဖြစ်ပေါ်
တယ်။အဲဒီအချိန်မှာစိတ်သည်လောဘစေ
တသိက်တွေနဲ့အတူဖြစ်ပေါ်တယ်။လော
ဘစေတသိက်သည်အာရုံထဲမှာငြိတွယ်တဲ့
တာဝန်ကိုပြုလုပ်တယ်။အကုသိုလ်စိတ်နဲ့
အတူဖြစ်ပေါ်တဲ့တစ်ခြားအကုသိုလ်စေတ
သိက်တွေရှိသေးတယ်။ဉပမာ-မာနစေတ
သိက်(ကိုယ့်ကိုကိုယ်အထင်ကြီးခြင်း)ဒိဌိ
စေတသိက်(အမြင်မှားခြင်)နှင့်ဧဿာစေ
တသိက်(မနာလိုဝန်တိုခြင်း)စသည်တို့
ဖြစ်ကြတယ်။သောမနဿစေတသိက်
သည်သောမနဿစိတ်နဲ့အတူဖြစ်ပေါ်
တယ်။ဉပမာ-အလောဘစေတသိက်၊
အဒေါသစေတသိက်နှင့်အမောဟဆိုတဲ့
ပညာစေတသိက်တို့ဖြစ်ကြတယ်။ပေး
ကမ်းစွန့်ကျဲ(ဒါန)ခြင်းပြုတဲ့အခါမှာအ
လောဘစေတသိက်နှင့်အဒေါသစေတ
သိက်သည်အကုသိုလ်စိတ်နဲ့အတူဖြစ်ပေါ်
တယ်။ပညာစေတသိက်သည်အဲဒီကုသိုလ်
စိတ်နဲ့အတူဖြစ်ပေါ်နိုင်တယ်။ပြီးတော့
တစ်ခြားသောမနဿစေတသိက်နဲ့လည်း
အတူဖြစ်ပေါ်ခြင်းတွေရှိသေးတယ်။
စိတ်နှင့်စေတသိက်သည်နာမ်
တရားတွေဖြစ်ပြီးလက္ခဏတွေကွာခြား
ကြတယ်။တစ်ချို့ကစေတသိက်ရဲ့လက္ခ
ဏတွေကိုဘယ်လိုနဲ့သိနိုင်မလဲဆိုတာသံ
သယရှိကြတယ်။ဒါကြောင့်စိတ်ရဲ့ပြောင်း
လဲခြင်းတွေကိုသတိထားကြည့်တဲ့အခါမှာ
စေတသိက်ရဲ့လက္ခဏတွေကိုသိနိုင်တယ်။
ဉပမာ-မစ္စရိယစေတသိက်(ကပ်စေးနှဲ
ခြင်း)ရှိတဲ့အကုသိုလ်စိတ်သည်အလော
ဘစေတသိက်နဲ့အတူဖြစ်ပေါ်ပြီးပျက်
သွားတဲ့ကုသိုလ်စိတ်ရဲ့နောက်ပိုင်းမှာဖြစ်
ပေါ်တယ်။ဒါကြောင့်မစ္စရိယစေတသိက်
သည်အလောဘစေတသိက်နဲ့ကွာခြား
တဲ့လက္ခဏတွေရှိတယ်။ပြီးတော့ပျော်ရွှင်
ခြင်းကနေမပျော်ရွှင်ခြင်း၊သာယာခြင်းက
နေမသာယာခြင်းတွေပြောင်းလဲသွားတာ
ကိုသတိထားရင်မြင်သိနိုင်တယ်။ဝေဒနါ
(ခံစားခြင်း)သည်သတိထားပြီးသိနိုင်တဲ့
စေတသိက်အမျိုးအစားတစ်မျိုးဖြစ်
တယ်။ဘာကြောင့်လဲဆိုတော့တစ်ခါတ
လေမှာဝေဒနါသည်ထင်ရှားစွာနဲ့ဖြစ်ပေါ်
တယ်။ပြီးတော့ဝေဒနါတွေအမျိုးအစား
အမျိုးမျိုးရှိပြီးဒေါမနဿဝေဒနါသည်
သောမနဿဝေဒနါနဲ့ဉပေက္ခာဝေဒနါတွေ
ကွာခြားကြတယ်ဆိုတာသိနိုင်တယ်။
တစ်ချို့စေတသိက်သည်တစ်ချို့သော
စိတ်နဲ့သာဖြစ်ပေါ်တယ်။ပြီးတော့စိတ်နဲ့
အတူဖြစ်ပေါ်လျှင်မြန်စွာနဲ့တစ်ပြိုင်တည်း
ပျက်သွားတယ်။စိတ်နှင့်စေတသိက်အ
မျိုးအစားအမျိုးမျိုးတွေရဲ့အကြောင်းကို
ပိုပြီးသိလာခြင်းသည်အမှန်အတိုင်းရှိတဲ့
တရားသဘောတွေကိုသိနားလည်စေနိုင်
တယ်။ပရမတ္ထတရားသည်နာမ်ပရမတ္ထ
တစ်မျိုးသာရှိတာမဟုတ်ဘူး။ ၃ပါး
မြောက်ပရမတ္ထတရားဖြစ်တဲ့ရုပ်ပရမတ္ထ
တရားရှိသေးတယ်။ရုပ်အားလုံး၂၈ပါးရှိ
ပြီးအကြီးအကဲဖြစ်တဲ့ရုပ်၄ရုပ်ရှိကြ
တယ်။ပါဠိဘာသာမှာမဟာဘူတရုပ် ၄ပါး
လို့ခေါ်ပြီးဘာတွေလဲဆိုတော့ ၁။ပထဝီ
(မြေဓာတ်)သည်မာ(သို့)ပျော့တဲ့လက္ခဏ
သဘောရှိတယ်။ ၂။အာပေါ(ရေဓာတ်)
သည်ယိုဆီးတဲ့လက္ခဏသဘောရှိတယ်။
၃။တေဇော(မီးဓာတ်)သည်ပူ(သို့)အေး
တဲ့လက္ခဏသဘောရှိတယ်။ ၄။ဝါယော
(လေဓာတ်)သည်တင်း(သို့)လှုပ်ရှားတဲ့
လက္ခဏသဘောတွေရှိတယ်။
မဟာဘူတရုပ် ၄ပါးသည်တစ်
ခြားရုပ်ဖြစ်တဲ့အုပါထာရရုပ်နဲ့အတူဖြစ်
ပေါ်တယ်။ရုပ်တစ်ရုပ်စီသည်တစ်ပါး
တည်းနဲ့မဖြစ်ပေါ်ဘူး။ရုပ်သည်စုရုံးပြီး
ဖြစ်ပေါ်ကြတယ်။ပြီးတော့ရုပ်သည်အ
နည်းဆုံး ၈ရုပ်ရှိပြီးအတူဖြစ်ပေါ်ကြတယ်
။ဉပမာ-မီးဓာတ်ဖြစ်ပေါ်တဲ့အခါမှာရေ
ဓာတ်၊လေဓာတ်၊မြေဓာတ်နှင့်တစ်ခြား
ရုပ်တွေလည်းဖြစ်ပေါ်ကြတယ်။အုပါ
ထာရရုပ်ဖြစ်တဲ့ရုပ်ကတော့စက္ခုပသာ
ဓာတ်ရုပ်၊သောတပသာဓာတ်ရုပ်၊ဃာန
ပသာဓာတ်ရုပ်၊ဇိဝှါပသာဓာတ်၊ကာယပ
သာဓာတ်တို့ဖြစ်ကြတယ်။အာရုံဖြစ်တဲ့
ရုပ်တွေကတော့အဆင်း၊အသံ၊အနံ့၊အရ
သာစသည်တို့ဖြစ်ကြတယ်။
ရုပ်ရဲ့လက္ခဏအမျိုးမျိုးတွေကိုမျက်စိ၊
နား၊နှာ၊လျှာ၊ကိုယ်နှင့်စိတ်တွေမှသိနိုင်
တယ်။ရုပ်တရားတွေသည်တကယ်ရှိတဲ့
အတွက်ဖြစ်ပေါ်ပြီးသိနိုင်တဲ့လက္ခဏ
တွေရှိတယ်။ရုပ်ကိုတစ်ချို့ကခန္ဓာကိုယ်၊
တစ်ချို့ကစာပွဲ၊ကုလာထိုင်လို့ပညတ်ပြီး
ခေါ်ကြတယ်။ခန္ဓာကိုယ်နှင့်စာပွဲတွေ
သည်ထိတွေ့ခြင်းနဲ့သိနိုင်တဲ့မာတဲ့လက္ခဏ
သဘောတွေရှိကြတယ်။ဒါကြောင့်ခန္ဓာ
ကိုယ်(သို့)စာပွဲတွေဖြစ်နေပါစေအဲဒီမာတဲ့
လက္ခဏသဘောသည်မာခြင်းတွေအတူ
တူပဲဖြစ်တယ်ဆိုတာအမှန်ကိုသိမြင်နိုင်
တယ်။မာတဲ့သဘောသည်ပရမတ္ထတရား
ဖြစ်ပြီးခန္ဓာကိုယ်(သို့)စာပွဲသည်ပရမတ္ထ
တရားမဟုတ်တဲ့ပညတ်(သမုတိ)တွေဖြစ်
တယ်။ကျွနုပ်တို့တွေသည်ခန္ဓာကိုယ်နဲ့အ
သက်ရှင်နေတယ်လို့ထင်ကြတယ်။ပြီး
တော့ခန္ဓာကိုယ်သည်နင်၊ငါတွေဖြစ်တယ်
လို့စွဲထားကြတယ်။ဒါပေမယ့်အဲဒီခန္ဓာ
ကိုယ်သည်ဖြစ်ပေါ်ပြီးတော့ပျက်သွားတဲ့
ရုပ်အမျိုးမျိုးတွေသာဖြစ်တယ်။အဲဒီ“ခန္ဓာကိုယ်”လို့ပညတ်ခေါ်တဲ့စကား
လုံးကြောင့်အမှန်တကယ်ရှိတဲ့တရားသ
ဘောတွေကိုမသိတော့ပဲနားလည်မှုတွေ
မှားသွားနိုင်တယ်။တကယ်လို့ရုပ်ဖြစ်ပေါ်
တဲ့အခါမှာရုပ်ရဲ့ကွာခြားတဲ့လက္ခဏသ
ဘောတွေကိုသိမယ်ဆိုရင်အမှန်တွေကို
ထိုးထွင်းစွာနဲ့သိနိုင်တယ်။
စိတ်၊စေတသိက်နှင့်ရုပ်တွေ
သည်ပြုပြင်ပြောင်းလဲပြီးအကြောင်းရှိ
တဲ့အခါမှသာဖြစ်ပေါ်တယ်။ပါဠိဘာသာ
မှာသင်ခါရတရားလို့ခေါ်တယ်။တကယ်
လို့စက္ခုပသာဓာတ်နှင့်မျက်စိမှဖြစ်ပေါ်တဲ့
အရာတွေမရှိဘူးဆိုရင်မြင်ခြင်းလည်းဖြစ်
ပေါ်လို့မရဘူး။အသံသည်အကြောင်း
ကြောင့်ဖြစ်ပေါ်ရတယ်။အသံသည်ဖြစ်
ပေါ်ပြီးတော့ပျက်သွားတယ်။အကြောင်း
ကြောင့်ဖြစ်ပေါ်တဲ့တရားသဘောအားလုံး
သည်အကြောင်းကုန်သွားတဲ့အခါမှာပျက်
သွားရတယ်။တစ်ချို့ကအသံတွေမြည်နေ
သေးတယ်လို့ထင်ကြတယ်။ဒါပေမယ့်အဲဒီ
အသံတွေမြည်နေသေးတယ်လို့ထင်ရခြင်း
သည်အမှန်တကယ်တမ်းကျတော့အကြိမ်
ပေါင်းများစွာဆက်လက်ပြီးဖြစ်၊ပျက်နေ
တဲ့ရုပ်တွေဖြစ်တယ်။
၄ပါးမြောက်ဖြစ်တဲ့ပရမတ္ထတရားကတော့
နိဗ္ဗာန်ပရမတ်ဖြစ်တယ်။နိဗ္ဗာန်သည်ကိ
လေသာကိုငြိမ်းတဲ့တရားဖြစ်တယ်။နိဗ္ဗာန်
သည်မနောဒွါရမှထိုးထွင်းစွာသိနိုင်တဲ့အာ
ရုံဖြစ်တယ်။ဒါကြောင့်မှန်ကန်တဲ့နည်း
လမ်းအတိုင်းကျင့်ကြံတဲ့အခါမှာနိဗ္ဗာန်ကို
ရောက်စေနိုင်တယ်။ဒါကြောင့်အမှန်တ
ကယ်ရှိတဲ့တရားသဘောအားလုံးရဲ့လက္ခ
ဏတွေကိုထိုးထွင်းစွာသိပြီးပညာတွေတိုး
တက်အောင်ပွားများရခြင်းဖြစ်တယ်။
နိဗ္ဗာန်သည်နာမ်တရားဖြစ်ပြီးစိတ်နှင့်စေ
တသိက်တွေမဟုတ်ဘူး။နိဗ္ဗာန်သည်မဖြစ်
၊မပျက်တဲ့နာမ်တရားဖြစ်ပြီးပြုပြင်
ပြောင်းလဲဖို့အကြောင်းမရှိတဲ့တရားသ
ဘောဖြစ်တယ်။ဒါကြောင့်ပါဠိဘာသာ
မှာဝိသင်ခါရတရားလို့ခေါ်တယ်။နိဗ္ဗာန်
သည်မဖြစ်ပေါ်ဘူး။ဘာကြောင့်လဲဆို
တော့ပြုပြင်ပြောင်းလဲဖို့အကြောင့်မရှိ
တဲ့တရားသဘောဖြစ်တဲ့အတွက်ကြောင့်
မဖြစ်ပေါ်ရခြင်းဖြစ်တယ်။ဒါကြောင့်
နိဗ္ဗာန်သည်မပျက်ရခြင်းလည်းဖြစ်တယ်။
စိတ်နှင့်စေတသိက်သည်အာရုံကိုသိတဲ့
နာမ်တရားဖြစ်တယ်။နိဗ္ဗာန်သည်အာရုံကို
မသိတဲ့နာမ်တရားဖြစ်တယ်။ဒါပေမယ့်
နိဗ္ဗာန်သည်စိတ်နှင့်စေတသိက်ရဲ့အာရုံ
ဖြစ်နိုင်တယ်။နိဗ္ဗာန်သည်နင်၊ငါ၊ပုဂ္ဂိုလ်၊
သတ္တဝါတွေမဟုတ်တဲ့အနတ္တသဘော
ဖြစ်တယ်။
ပရမတ္ထတရား၄ပါးကိုကူညီ
စောင့်ရှောက်တဲ့တရားတွေကတော့
စိတ်၊စေတသိက်နှင့်ရုပ်တွေသည်သင်ခါ
ရတရားဖြစ်ပြီးနိဗ္ဗာန်သည်ဝိသင်ခါရတ
ရားဖြစ်တယ်။
တရားတော်တွေကိုလေ့လာသင်ကြားတဲ့
အခါမှာဘယ်တရားသဘောကဘယ်ပ
ရမတ္ထတရားအမျိုးအစားတွေဖြစ်တယ်
ဆိုတာကိုသိဖို့လိုအပ်တယ်။ဒါမှမဟုတ်ရင်
ပညတ်စကားလုံးအမျိုးမျိုးတွေသည်
ကျွနုပ်တို့တွေကိုနားလည်မှုတွေမှားစေ
နိုင်တယ်။ဉပမာ-ခန္ဓာကိုယ် လို့ခေါ်တဲ့တ
ရားသဘောသည်ရုပ်ပရမတ်အမျိုးမျိုး
ဖြစ်ပြီးစိတ်ပရမတ်နှင့်စေတသိက်ပရမတ်
တွေမဟုတ်ဘူးဆိုတာကျွနုပ်တို့တွေသိ
သင့်တယ်။နိဗ္ဗာန်သည်စိတ်နှင့်စေတသိက်
တွေမဟုတ်ဘူး။ဒါပေမယ့် ၄ပါးမြောက်
ဖြစ်တဲ့ပရမတ္ထတရားဖြစ်တယ်။နိဗ္ဗာန်
သည်သင်ခါရတရားအားလုံးကိုငြိမ်း
သတ်တဲ့တရားသဘောဖြစ်တယ်။အရှင်
ရဟန္တာတွေသည်ပရိနိဗ္ဗာန်စံသွားတဲ့အ
ခါမှာနောက်ထပ်မွှေး(ဖြစ်)ခြင်းတွေမရှိ
တော့ဘူး။
သင်ခါရတရားသည်စိတ်၊စေတ
သိက်နှင့်ရုပ်ဖြစ်ပြီး(အနိစ္စ)မမြဲဘူး။ဒါ
ကြောင့်သင်ခါရတရားသည်မမြဲတဲ့အ
တွက်ကြောင့်ဆင်းရဲရတယ်။တရားအား
လုံးတွေသည်အနတ္တဖြစ်ပြီးနင်၊ငါတွေမ
ဟုတ်ဘူး။ဒါပေမယ့်နိဗ္ဗာန်အပါအဝင်
တရားတွေအားလုံးသည်ပရမတ္ထတရား
၄ပါးစလုံးတွေဖြစ်ပြီးနင်၊ငါတွေမဟုတ်တဲ့
အနတ္တသဘောတွေဖြစ်ကြတယ်။
# စမ်းသပ်မေးခွန်း #
၁။နာမ်တရားနှင့်ရုပ်တရားတွေဘယ်လို
ကွာခြားကြသလဲ?
၂။စိတ်နှင့်စေတသိက်တွေဘယ်လိုကွာ
ခြားကြသလဲ?
၃။စေတသိက်တွေသည်အာရုံကိုသိရဲ့
လာ?
၄။စိတ်မှာစေတသိက်တွေတစ်ပါးထက်
မကဖြစ်ပေါ်ခြင်းတွေရှိလာ?
၅။နိဗ္ဗာန်သည်အာရုံကိုသိနိုင်လာ?
၆။နိဗ္ဗာန်သည်နင်၊ငါတွေဖြစ်သလာ?
# ခန္ဓာ ၅ပါး #
ဗုဒ္ဓမြတ်စွာဘုရားသည်တရားသဘော
အားလုံးရဲ့လက္ခဏတစ်ခုစီတွေကိုကိုယ်
တိုင်ထိုးထွင်းစွာသိတော်မူသွားတယ်။
မြတ်စွာဘုရားသည်တရားသဘောအမျိုး
မျိုးရဲ့လက္ခဏတွေကိုလောကသတ္တဝါ
တွေသိအောင်ကြီးမားသောမဟာဂရုဏာ
တော်နဲ့တရားတော်တွေကိုဆိုဆုံးမသွား
တယ်။ပြီးတော့ပိုပြီးလေးနက်တဲ့တရား
သဘောရဲ့အပြင်နှင့်အတွင်းတွေကိုပါနား
လည်ဖို့အတွက်ဆိုဆုံးမသွားတယ်။ပရမ
တ္ထတရားဖြစ်တဲ့တရားသဘောအားလုံး
တွေကတော့စိတ်၊စေတသိက်၊ရုပ်နှင့်နိဗ္ဗာန်
တို့ဖြစ်ကြတယ်။စိတ်၊စေတသိက်နှင့်ရုပ်
တွေသည်သင်ခါရတရားဖြစ်ပြီးအကြောင်းကြောင့်ဖြစ်ပေါ်ပြီးပျက်သွား
တယ်။မမြဲဘူး။နိဗ္ဗာန်ပရမတ်သည်ဝိသင်
ခါရတရားဖြစ်ပြီးမဖြစ်၊မပျက်တဲ့တရား
ဖြစ်တယ်။ပရမတ္ထတရား ၄ပါးစလုံးသည်
အနတ္တဖြစ်တယ်။အဲဒီသင်ခါရတရားဖြစ်
တဲ့စိတ်၊စေတသိက်နှင့်ရုပ်တွေသည်ခန္ဓာ
၅ပါးအဖြစ်နဲ့နောက်ထပ်တစ်မျိုးခွဲခြမ်း
စိတ်ဖြာလို့ရတယ်။ခန္ဓာဆိုတာကအဖွဲ့(သို့)
အစုအပုံတွေဖြစ်ပြီးခန္ဓာငါးပါးတွေက
တော့ ၁။ရူပက္ခန္ဓာသည်ရုပ်အားလုံးတွေ
ဖြစ်တယ်။၂။ဝေဒနက္ခန္ဓာသည်ခံစားခြင်း
(ဝေဒနါ)တွေဖြစ်တယ်။ ၃။သညက္ခန္ဓာ
သည်မှတ်သား(သညာ)ခြင်းဖြစ်တယ်။
၄။သင်ခါရက္ခန္ဓာသည်စေတသိက်၅၀ပါး
ဖြစ်တယ်။ ၅။ဝိညာနက္ခန္ဓာသည်စိတ်အ
ပါးတိုင်းတွေဖြစ်တယ်။
စေတသိက် ၅၂ပါးကိုခန္ဓာ ၃ပါးအဖြစ်နဲ့
ခွဲခြမ်းစိတ်ဖြာလိုက်ရင်ဝေဒနါစေတသိက်
၁ပါးသည်ဝေဒနက္ခန္ဓာဖြစ်စ်တယ်။သညာ
စေတသိက် ၁ပါးသည်သညက္ခန္ဓာဖြစ်
တယ်။နောက်ထပ်ကျန်တဲ့စေတသိက် ၅၀
ပါးသည်သင်ခါရက္ခန္ဓာဖြစ်ပြီးဉပမာ-စေ
တနာ၊လောဘ၊ဒေါသ၊မောဟ၊မေတ္တာ၊
အလောဘနှင့်ပညာစသည်တို့ဖြစ်ကြ
တယ်။သင်ခါရက္ခန္ဓာသည်ပြုလုပ်ခြင်း
(သို့)စိတ်ကိုပြုပြင်ပြောင်းလဲတဲ့နာမ်တ
ရားသဘောတွေဖြစ်တယ်။
အဲဒီစိတ်ပရမတ္ထကျတော့စိတ်အ
ပါးတိုင်းသည်ဝိညာနက္ခန္ဓာဖြစ်တယ်။`ဝိ
ညာဉ်၊မနော၊စိတ်”တွေသည်ပါဠိစကား
တွေဖြစ်တယ်။ဒါကြောင့်တရားသဘော
တွေရဲ့အဓိပ္ပါယ်တစ်မျိုးတည်းသာဖြစ်
တယ်။ဆိုလိုတာကအာရုံကိုသိပြီးလက္ခ
ဏတွေရှိတဲ့တရားသဘောဖြစ်တယ်။
ခန္ဓာအဖြစ်နဲ့စိတ်ကိုခွဲခြမ်းစိတ်ဖြာလိုက်
တဲ့အခါမှာ“ဝိညာဉ်”ဆိုတဲ့စကားလုံးသုံး
တယ်။ဒါကြောင့်ခန္ဓာ ၅ပါးထဲမှာရူပက္ခန္ဓာ
၁ပါးဖြစ်ပြီးနာမ်ခန္ဓာ ၄ပါးဖြစ်တယ်။နာမ်
ခန္ဓာ ၃ပါးကတော့စေတသိက် ၅၂ပါးဖြစ်
ပြီးနောက်ထပ်နာမ်ခန္ဓာ ၁ပါးကတော့စိတ်
၈၉ပါး(သို့) ၁၂၁ပါးတို့ဖြစ်ကြတယ်။
နိဗ္ဗာန်သည်ခန္ဓာမဟုတ်ဘူး။နိဗ္ဗာန်သည်
ခန္ဓဝိမုတ္တိဖြစ်ပြီးခန္ဓာဖြစ်ခြင်းမှလွတ်
မြောက်သွားတယ်။ဝိသုတ္တိမဂ်၊ထစနဝိသုတ္တိနိထေ့၊အချက်အလက်တွေထဲမှာနာမ်၊
ရုပ်ရဲ့ဖြစ်၊ပျက်ခြင်းတွေကိုဆိုဆုံးမသွား
တယ်။
ဒိနာမ်နှင့်ရုပ်တွေမဖြစ်ပေါ်ခင်မှာမဖြစ်ပေါ်
သေးတဲ့ဒီနာမ်၊ရုပ်အတွက်ကတော့အဖွဲ့
(သို့)အစုတွေမရှိဘူး။ဖြစ်ပေါ်နေတဲ့နာမ်၊
ရုပ်တွေလည်းအဖွဲ့(သို့)အစုကနေလာတာ
မဟုတ်ဘူး။ပျက်နေဆဲဖြစ်တဲ့နာမ်၊ရုပ်တွေ
သည်အကြီး(သို့)အသေးစတဲ့အရပ်ဒေသ
မှာရောက်သွားတာမဟုတ်ဘူး။ပျက်သွား
ပြီးတဲ့နာမ်၊ရုပ်တွေလည်းရပ်သွားတယ်ဆို
တာမရှိဘူး။ဒါပေမယ့်အဖွဲ့(သို့)စုပုံထားတဲ့
နေရာတစ်ခုသည်လူတွေစောင်းတီးနေတာ
နဲ့နှိုင်းယှဉ်ထားတယ်။ဖြစ်ပေါ်ပြီးသွားတဲ့
အသံသည်မဖြစ်ပေါ်ခင်ကသိမ်းစည်း
ထားခြင်းတွေမရှိဘူး။ဖြစ်ပေါ်တဲ့အခါမှာ
လည်းသိမ်းထားတဲ့နေရာကနေလာတာ
မဟုတ်ဘူး။ပျက်သွားတဲ့အခါမှာအကြီး
(သို့)အသေးဆိုတဲ့အရပ်ဒေသမှာရောက်
သွားတာမဟုတ်ဘူး။ပျက်သွားပြီးတဲ့အ
သံတွေသည်နေရာတစ်နေရာမှာရှိနေပြီး
သိမ်းစည်းထားတာမဟုတ်ဘူး။အမှန်က
တော့အသံသည်စောင်း ၁ခု၊စောင်းကြိုး
၁ ခုနှင့်အဲဒီစောင်းနှင့်စောင်းကြိုးတွေနဲ့
လိုက်ဖက်တဲ့လူတွေရဲ့ကြိုးစားခြင်းတွေ
ကိုမှီခိုရတယ်။မရှိတဲ့အသံသည်ဖြစ်ပေါ်
ပြီးရှိလာတယ်။ရှိပြီးတော့ပျက်သွားတယ်
။ထို့နည်းတူပဲမရှိတဲ့ရုပ်တရားနှင့်အရုပ်တ
ရားအားလုံးသည်ဖြစ်ပေါ်ပြီးရှိလာတယ်။
ရှိပြီးတော့လည်းပျောက်သွားတယ်။
ခန္ဓာသည်တကယ်ရှိတယ်။ဒါ
ကြောင့်ကျွနုပ်တို့သည်ခန္ဓာကိုသိနိုင်တယ်
။ဉပမာ-ကျွနုပ်တို့သည်မာတဲ့သဘောကို
ခံစားရတဲ့အခါမှာရူပက္ခန္ဓာကိုသိနိုင်တယ်။
ရုပ်သည်ဖြစ်ပေါ်ပြီးပျက်သွားတယ်။မမြဲ
ဘူး။ရူပက္ခန္ဓာသည်အဲဒီခန္ဓာကိုယ်လောက်
သာမဟုတ်ဘူး။ဘာမှမသိတဲ့တရားသဘောအားလုံးတွေလည်းရူပက္ခန္ဓာ
တွေဖြစ်တယ်။ဉပမာ-အသံသည်ရူပက္ခန္ဓာ
ဖြစ်ပြီးဖြစ်ပေါ်ပြီးတော့ပျက်သွားတယ်။
မမြဲဘူး။
ဝေဒနက္ခန္ဓာသည်တကယ်ရှိတယ်။ဒါ
ကြောင့်ကျွနုပ်တို့သည်ဝေဒနက္ခန္ဓာကို
သိနိုင်တယ်။ခံစားခြင်းတွေအားလုံး
သည်ဝေဒနက္ခန္ဓာဖြစ်ပြီးဝေဒနါကိုအမျိုး
မျိုးနဲ့ခွဲခြမ်းစိတ်ဖြာလို့ရတယ်။တစ်ခါ
တလေ ၃မျိုးအဖြင့်နဲခွဲခြားထားပြီးဘာ
တွေလဲဆိုတော့သုခဝေဒနါ၊ဒုက္ခဝေဒနါ
နှင့်ဉပေက္ခာဝေဒနါ(သုခ၊ဒုက္ခမဖြစ်တဲ့
ဝေဒနါ)တို့ဖြစ်ကြတယ်။တစ်ခါတလေ
၅မျိုးအဖြင့်နဲ့ခွဲခြားထားပြီးဘာတွေလဲ
ဆိုတော့သောမနဿဝေဒနါ၊ဒေါမနဿ
ဝေဒနါ၊သုခ၊ဒုက္ခမဖြစ်တဲ့ဝေဒနါ၊သုခဝေ
ဒနာနှင့်ဒုက္ခဝေဒနါတို့ဖြစ်ကြတယ်။
ခန္ဓာကိုယ်မှခံစားခြင်းသည်
ခန္ဓာကိုယ်မှထိတွေ့နိုင်တဲ့အကြောင်း
ကြောင့်ဖြစ်ပြီးရုပ်ဖြစ်တဲ့ကာယပသာ
ဓာတ်ရုပ်ရှိတယ်။ခံစားခြင်းသည်နာမ်
တရားဖြစ်တယ်။ဒါပေမယ့်အကြောင်း
ဖြစ်တဲ့ကာယပသာဓာတ်ရုပ်ရှိတယ်။
ကာယပသာဓာတ်နှင့်အာရုံတွေထိတွေ့
တဲ့အခါမှာခံစားခြင်းတွေသည်ဒုက္ခ(သို့)
သုခတွေဖြစ်မလာ?ဉပေက္ခာတော့မဖြစ်
ဘူး။ဒုက္ခဝေဒနါဖြစ်တဲ့အခါမှာအကုသိုလ်
ဝိပက်(အကုသိုလ်ကံရဲ့အကျိုး)တွေဖြစ်
တယ်။သုခဝေဒနါဖြစ်ပေါ်တဲ့အခါမှာကု
သိုလ်ဝိပက်(ကုသိုလ်ကံရဲ့အကျိုး)တွေ
ဖြစ်တယ်။
ဝေဒနါအမျိုးမျိုးတွေသည်ဖြစ်ပေါ်ပြီး
တော့ပျက်သွားတဲ့အတွက်ကြောင့်ဝေ
ဒနာအမျိုးအစားတစ်ခုစီတွေဖြစ်တယ်
ဆိုတာသိဖို့ခက်တယ်။ဉပမာ-အကျိုး
ဖြစ်တဲ့ကိုယ်မှသုခဝေဒနါနှင့်နောက်မှ
ဖြစ်ပေါ်တဲ့အဲဒီသုခဝေဒနါထဲမှာသာယာ
နှစ်သက်တဲ့သောမနဿဝေဒနါနဲ့ရော
နှောနိုင်တယ်။နောက်မှဖြစ်ပေါ်တဲ့စိတ်
မပျှော်ရွင်ခြင်းတွေဖြစ်တဲ့ဒေါမနဿ
ဝေဒနါသည်အရင်ဖြစ်ပေါ်တဲ့ဒုက္ခဝေဒ
နာတွေဖြစ်တယ်လို့နားလည်မှုတွေမှား
နိုင်တယ်။ဒုက္ခဝေဒနါသည်ဝိပက်စေတ
သိက်ဖြစ်ပြီးကိုယ်နဲ့ထိတွေ့တဲ့အာရုံကို
သိတဲ့ဝိပက်စိတ်နဲ့အတူဖြစ်ပေါ်တယ်။
ဒုက္ခဝေဒနါသည်နောက်မှဖြစ်ပေါ်နိုင်
တယ်။ဒေါမနဿဝေဒနါသည်အကုသိုလ်
စိတ်နဲ့အတူဖြစ်ပေါ်တယ်။ဝိပါက်မဟုတ်
ဘူး။ဒေါမနဿဝေဒနါသည်အကြောင်း
ဖြစ်ပြီးစုစောင်းထားတဲ့ဒေါသကြောင့်ဖြစ်
ပေါ်ရတယ်။ဒက္ခဝေဒနါနှင့်ဒေါမနဿဝေ
ဒနာသည်နာမ်တရားတွေဖြစ်ပေမယ့်ကွာ
ခြားတဲ့အကြောင်းတွေဖြစ်ပေါ်တဲ့အတွက်
ကြောင့်ကွာခြားတဲ့ခံစားခြင်းတွေဖြစ်ရ
တယ်။ဒေါသတွေဖြစ်ပေါ်စေတဲ့အ
ကြောင်းကိုငြိမ်းသတ်ပြီးတဲ့အခါမှာဒုက္ခ
ဝေဒနါတွေဖြစ်ပေါ်နိုင်သေးတယ်။ဒါပေ
မယ့်နောက်ထပ်ဆက်ပြီးဒေါမနဿဝေဒ
နာတွေမရှိတော့ဘူး။အရှင်ရဟန္တာတွေအသက်ရှင်နေသ၍တော့အကုသိုလ်အ
ကျိုး(ဝိပက်)တွေရှိသေးတယ်။ဒါပေမယ့်
ဒေါသတွေမရှိတော့ဘူး။
သံယုတ္တနိကယ်၊ဒုတိယဝေါ၂မှာအချက်
အလက်တွေရှိတယ်။တစ်ခါတုန်းကဗုဒ္ဓ
မြတ်စွာဘုရားသည်ကွန်လချဖုမှာသီတင်း
သုံးနေထိုင်တယ်။အဲဒီအခါမှာပဲဗုဒ္ဓမြတ်
စွာဘုရားရဲ့ခြေဖဝါးတော်မှာကျောက်စ
ထိမှန်ပြီးကြီးမားတဲ့ဝေဒနါတွေသည်မြတ်
စွာဘုရားရဲ့ခန္ဓာကိုယ်နဲ့ဖြစ်ပေါ်တယ်။ဒါ
ကြောင့်သာယာခြင်းတွေမရှိတဲ့ဆင်းရဲဒုက္ခ
တွေသည်မြတ်စွာဘုရားနဲ့ဖြစ်ပေါ်တယ်လို့
ကြားရတယ်။အဒီဝေဒနါတွေကိုတုန်လှုပ်
ခြင်းတွေမရှိပဲသီးခံတယ်။ဝေဒနါတွေကို
ဒွါရအဖြစ်နဲ့ ၆ပါးခွဲခြမ်းစိတ်ဖြာထား
တယ်။ဒီဝေဒနါ ၆ပါးသည်အကြောင်း
တွေကွာခြားပြီးဖြစ်ပေါ်တဲ့အတွက်
ကြောင့်ကွာခြားရတယ်။ဝေဒနါတွေ
သည်စိတ်နဲ့အတူတစ်ပြိုင်တည်ဖြစ်၊
ပျက်နေပြီးအဲဒီဝေဒနါနဲ့အတူဖြစ်ပေါ်
တယ်။ဒါကြောင့်အချိန်တိုင်းသည်ဝေဒ
နာတစ်မျိုးတည်းသာမဟုတ်ရခြင်းဖြစ်
တယ်။
သံယုတ္တနိကယ်၊စလာရတနဝေါ
အပိုက်၂မှာအချက်အလက်တွေရှိတယ်။
ရဟန်းတို့အားလုံးနားထောင်ကြ!ရဟန်း
တို့သည်အချိန်ကာလကိုစောင့်ပြီးသတိ
သမ္ပဇဉ်ရှိရတယ်။ဒါတွေသည်ငါဘုရား
ရဲ့အဆုံးအမစကားတွေဖြစ်တယ်။
တကယ်လို့ရဟန်းတွေသည်သတိသမ္ပ
ဇဉ်ရှိပြီးမမေ့မလျော့တဲ့ပုဂ္ဂိုလ်ဖြစ်
ခြင်း၊ကြိုးစားခြင်းနှင့်စိတ်ပြတ်သာ
ခြင်းတွေရှိကြမယ်ဆိုရင်သုခဝေဒနါ
တွေဖြစ်ပေါ်တယ်။သုခဝေဒနါသည်
ကျွနုပ်တို့နှင့်ဖြစ်ပေါ်ပြီးအဲဒီသုခဝေဒ
နာကိုပဲမှီခိုပြီးဖြစ်ပေါ်ရတယ်။မမှီခိုရင်မ
ဖြစ်ပေါ်ဘူး။ဒါကြောင့်ဘာကိုမှီခိုကြသ
လဲ?ဒီဖဿ(ထိတွေ့ခြင်း)ကိုမှီခိုရတယ်။
ဒါပေမယ့်ဒီဖဿသည်မမြဲဘူး။ဖဿ
သည်ပြုပြင်ပြောင်းလဲတဲ့အကြောင်းဖြစ်
ပြီးအကြောင်းကိုမှီခိုပြီးဖြစ်ပေါ်ရတယ်။
ဒါကြောင့်ဖဿကိုမှီခိုတဲ့သုခဝေဒနါ
လည်းမမြဲဘူး။ဒီလိုကျွနုပ်တို့နဲ့ဖြစ်ပေါ်
ပြီးဘယ်နေရာမှာမြဲတာရှိသလဲ?ဒါ
ကြောင့်မမြဲခြင်းတွေကိုဝေဖန်သုံးသပ်ပြီး
မြင်ရတယ်။ပြောင်းလဲသွးခြင်း၊ပျက်ပြယ်
သွားခြင်း၊ပျက်သွားခြင်းနှင့်စွန့်လွတ်ခြင်း
တွေကိုရဟန်းတို့တွေဝေဖန်သုံးသပ်ပြီး
မြင်ရတယ်။ဒါကြောင့်မမြဲခြင်းဖြစ်တဲ့
ပြောင်းလဲသွားခြင်း၊ပျက်ပြယ်သွားခြင်း၊
ပျက်စီးခြင်းတွေသည်ဖဿနှင့်သုခဝေဒ
နာတွေထဲမှာစွန့်လွတ်ခြင်းတွေကိုရဟန်း
တွေဝေဖန်သုံးသပ်ပြီးမြင်တဲ့အခါမှာဖဿ
နှင့်သုခဝေဒနါထဲမှာရာဂနုဿယတွေကို
စွန့်လွတ်နိုင်မယ်လို့ရဟန်းတွေဒီလိုသိကြ
ရမယ်။
ဝေဒနါတွေကိုနောက်ထပ်အမျိုးမျိုးခွဲလို့
ရနိုင်တယ်။ဝေဒနါတွေကိုခွဲခြားတဲ့နည်း
လမ်းကိုသိတဲ့အခါမှာတကယ်နားလည်
ခြင်းတွေဖြစ်ပေါ်စေတယ်။ဝေဒနါတွေ
သည်အကြောင်းကြောင့်ဖြစ်ပေါ်တဲ့နာမ်
တရားတစ်မျိုးသာဖြစ်တယ်။ကျွနုပ်တို့
တွေသည်မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်နှင့်
စိတ်တွေမှဖြစ်ပေါ်နေတဲ့တရားသဘော
တွေကိုအောက်မေ့သိရမယ့်အစားမသိပဲ
နဲ့ပျက်သွားတဲ့ဝေဒနါတွေထဲမှာငြိတွယ်
ကြတယ်။ဖြစ်ပေါ်တဲ့နာမ်တရားနှင့်ရုပ်တ
ရားသည်ဘယ်နေရာကမှလာတာမဟုတ်
တဲ့ပုလွေသံနဲ့တူတယ်။(သို့)အသံပျက်
သွားတဲ့အခါမှာလည်းဘယ်နေရာမှမသွား
ဘူး။(သို့)ဘယ်နေရာမှသိမ်းပြီးစုစောင်း
ထားခြင်းမရှိဘူး။ဒါပေမယ့်အဲဒီဝေဒနါ
ထဲမှာကျွနုပ်တို့တွေမသိတဲ့အထိငြိတွယ်
ကြပြီးအဲဒီပျက်သွားတဲ့ဝေဒနါတွေသည်
အားလုံးပျက်သွားပြီးဘာမှမကျန်ရှိတော့
ဘူး။ဒါကြောင့်ဝေဒနက္ခန္ဓာသည်မမြဲဘူး။
သညက္ခန္ဓာသည်တကယ်ရှိတယ်။
ပြီးတော့ဘယ်အရာတစ်ခုခုကိုမှတ်မိတဲ့အ
ခါမှာသိနိုင်တယ်။သညာသည်စိတ်အပါး
တိုင်းနဲ့ဖြစ်ပေါ်တယ်။စိတ်တစ်ပါးစီတွေ
သည်အာရုံကိုသိပြီးဖြစ်ပေါ်တယ်။ပြီး
တော့စိတ်နဲ့အတူဖြစ်ပေါ်တဲ့သညာသည်
နောက်ထပ်အဲဒီအာရုံကိုမှတ်မိဖို့အတွက်
အဲဒီမှတ်သားခြင်းနှင့်အာရုံကိုသိရတယ်။ဒါကြောင့်မမှတ်မိတဲအချိန်မှာအဲဒီစိတ်
သည်အာရုံကိုသိသေးတယ်။ပြီးတော့စိတ်နှင့်အတူဖြစ်ပေါ်တဲ့သညာသည်အဲဒီအာရုံ
ကိုသိတယ်။သညာသည်စိတ်နှင့်အတူဖြစ်
ပြီးစိတ်နဲ့အတူပျက်သွားတယ်။သညာ
သည်မမြဲဘူး။ဒါကြောင့်အမှန်အတိုင်းရှိ
တဲ့သညာရဲ့လက္ခဏသဘောတွေကိုမသိ
သရွေ့တော့သညာကိုနင်၊ငါဖြစ်တယ်လို့
စွဲထားကြတယ်။သညာသည်ချက်ချင်း
ဖြစ်ပေါ်ပြီးပျက်သွားတဲ့နာမ်တရားတစ်
မျိုးသာဖြစ်တယ်။
သင်ခါရက္ခန္ဓာသည်(စေတသိက်အပါး
၅၀ဖြစ်ပြီးဝေဒနါနှင့်သညာစေတသိက်
မပါဘူး)တကယ်ရှိပြီးသိနိုင်တယ်။ကျွနုပ်
တို့တွေသည်သောမနဿစေတသိက်ရှိ
တဲ့အချိန်မှာသင်ခါရက္ခန္ဓာကိုသိနိုင်တယ်။
ဉပမာ-ကူညီစောင့်ရှောက်ခြင်း၊ဂရုဏာ
ဖြစ်ခြင်းတို့ဖြစ်ကြတယ်။(သို့)အကုသိုလ်
စေတသိက်ဖြစ်တဲ့အချိန်မှာဒေါသ၊မစ္စရိ
ယစတဲ့တရားသဘောတွေသည်ဖြစ်ပေါ်
ပြီးတော့ပျက်သွားတယ်။သင်ခါရက္ခန္ဓာ
သည်မမြဲဘူး။ဝိညာနက္ခန္ဓာ(စိတ်)သည်
တကယ်ရှိပြီးမြင်ခြင်း၊ကြားခြင်း၊အနံ့ရ
ခြင်းအရသာရခြင်း၊ကိုယ်မှထိတွေ့ခြင်း
နှင့်စဉ်းစားခြင်းတွေရှိတဲ့အချိန်မှာသိနိုင်
တယ်။ဝိညာနက္ခန္ဓာသည်ဖြစ်ပေါ်ပြီးတော့
ပျက်သွားတယ်။မမြဲဘူး။သင်ခါရတရား
(အကြောင်းကြောင့်ဖြစ်ပေါ်တဲ့တရား)
အားလုံးတွေကတော့ခန္ဓာ ၅ပါးဖြစ်ပြီး
မမြဲကြဘူး။ခန္ဓာ ပါးသည်ဉပါဒါန်(အစွဲ)
ခန္ဓာဖြစ်ပြီးစွဲခြင်းရဲ့တည်ရာဖြစ်တဲ့အ
တွက်ကြောင့်ဖြစ်တယ်။အရှင်ရဟန္တာတွေ
မဟုတ်တဲ့ပုဂ္ဂိုလ်တွေသည်ခန္ဓာ ၅ပါးထဲ
မှာငြိတွယ်ကြသေးတယ်။ကျွနုပ်တို့တွေ
သည်ဒီခန္ဓာကိုယ်ကိုနင့်ခန္ဓာ၊ငါ့ခန္ဓာဖြစ်
တယ်လို့စွဲထားကြတယ်။ဒါကြောင့်ကျွနုပ်
တို့သည်ရူပက္ခန္ဓာထဲမှာငြိတွယ်ရခြင်းဖြစ်
တယ်။ပြီးတော့နာမ်တရားတွေကိုလည်း
နင့်နာမ်တရား၊ငါ့နာမ်တရားတွေဖြစ်တယ်
လို့စွဲထားကြတယ်။ဒါကြောင့်ဝေဒနက္ခန္ဓာ၊
သညက္ခန္ဓာ၊သင်ခါရက္ခန္ဓာနှင့်ဝိညာနက္ခန္ဓာ
တွေမှာလည်းစွဲထားကြခြင်းဖြစ်တယ်။
ကျွနုပ်တို့တွေသည်အမှန်အတိုင်းရှိတဲ့ခန္ဓာ
ငါးပါးကိုမသိမှုနဲ့စွဲထားတဲ့အခါမှာဆင်းရဲ
(ဒုက္ခ)တွေဖြစ်ရခြင်းဖြစ်တယ်။ခန္ဓာ ၅ပါး
သည်အစွဲတွေရဲ့တည်ရာဖြစ်နေသ၍တော့
ကျွနုပ်တို့သည်ရောဂါတွေရဲ့နှိပ်စက်ခြင်း
ကိုခံရတဲ့သူတွေနဲ့တူတယ်။
သံယုတ္တနိကယ်၊ခန္ဓဝာဝေါ်၊နကုလပီဒါသုတ်ထဲမှာအချက်အလက်တွေရှိတယ်။
နကုလပီဒါလို့ခေါ်တဲ့အဖိုးအိုတစ်ယောက်
သည်ခဏ၊ခဏနဲ့ရောဂါတွေခံစားရတယ်
။အဲဒီအချိန်မှာဘီးလူးမနေတဲ့တောထဲမှာ
ဗုဒ္ဓမြတ်စွာဘုရားသီတင်းသုံးနေထိုင်တော်
မူစဉ်အခါကအဖိုးအိုသည်မြတ်စွာဘုရား
ထံကိုသွားရောက်ပြီးချဉ်းကပ်တယ်။ထိုအ
ခါဗုဒ္ဓမြတ်စွာဘုရားက“ခန္ဓာကိုယ်မှာတုန်
လှုပ်ခြောက်ခြားပြီးကိုယ့်ရဲ့စိတ်တွေတုန်
လှုပ်ခြောက်ခြားခြင်းမရှိတဲ့အခါ”မှာနကု
လပီဒါကိုဝေဖန်သုံးသပ်ဖို့ဆုံးမသွား
တယ်။အဲဒီကနေအရှင်သာလိပုတ္တရာက
အကျယ်ပြန့်နဲ့ထပ်ပြီးရှင်းပြသွားတယ်။
ဒကာကြီးနားထောင်!ခန္ဓာကိုယ်ရှိတဲ့သူ
တွေသည်တုန်လှုပ်ခြောက်ခြားခြင်းရှိတဲ့
သူလို့ခေါ်တယ်။ဒကာကြီးနားထောင်!ဒီ
လောကမှာတရားတော်တွေကိုနာကြား
ခြင်းမရှိတဲ့ပုထုဇဉ်လူတွေသည်အရိယာ
သစ္စာတရားတွေထဲမှာနည်းလမ်းညွန်ပြ
ခြင်းတွေမရရှိတဲ့အတွက်နင့်ရုပ်ဖြစ်တယ်၊
ငါ့ရုပ်ဖြစ်တယ်လို့မြင်ကြတယ်။နင့်ရုပ်၊ငါ့
ရုပ်တွေရှိတယ်လို့မြင်ကြတယ်။ရုပ်ထဲမှာ
နင်၊ငါတွေရှိတယ်လို့မြင်ကြတယ်။နင့်မှာ
ရုပ်ရှိတယ်၊ငါ့မှာရုပ်ရှိတယ်လို့မြင်ကြတယ်။ငါတို့သည်ရုပ်ဖြစ်ပြီးငါတို့ရဲ့ရုပ်
ဖြစ်တယ်လို့စွဲထားခြင်းရဲ့တည်ရာဖြစ်တဲ့
သူတွေဖြစ်တယ်။သူတို့၊ငါတို့တွေသည်
ရုပ်တွေဖြစ်ကြတယ်။ငါတို့ရဲ့ရုပ်တွေဖြစ်
ကြတယ်လို့အစွဲတွေနဲ့တည်ရာရှိတဲ့အခါ
မှာအဲဒီရုပ်တွေသည်နောက်တစ်ခြားလို
မျိုးပြောင်းလဲသွားကြရတယ်။ဒါကြောင့်
ရုပ်တွေနောက်တစ်မျိုးပြောင်းလဲသွားတဲ့
အခါမှာသောက၊ပရိဒေဝ၊ဒုက္ခ၊ဒေါမနဿ
နှင့်ဉပရာဇာတို့ဖြစ်ပေါ်ရခြင်းဖြစ်တယ်။
ပြီးတော့ဝေဒနါကိုလည်းနင့်ဝေဒနါ၊ငါ့ဝေ
ဒနာဖြစ်တယ်လို့မြင်ကြတယ်။သညာကို
နင့်သညာ(မှတ်သားခြင်း)၊ငါ့သညာဖြစ်
တယ်လို့မြင်ကြတယ်။သင်ခါရ(ပြုပြင်
ပြောင်းလဲခြင်း)ကိုနင့်သင်ခါရ၊ငါ့သင်ခါ
ရဖြစ်တယ်လို့မြင်ကြတယ်။ဝိညာဉ်(သိ
တဲ့သဘော)ကိုနင့်ဝိညာဉ်၊ငါ့ဝိညာဉ်လို့
မြင်ကြတယ်။ဒကာကြီးနားထောင်!ဒီလို
အကြောင်းတွေကြောင့်လူတွေသည်စိတ်
နှင့်ခန္ဓာကိုယ်တွေရှိတဲ့အတွက်ကြောင့်တုန်
လှုပ်ခြောက်ခြားကြရခြင်းဖြစ်တယ်။
ဒကာကြီးနားထောင်!ခန္ဓာကိုယ်တုန်လှုပ်
ခြောက်ခြားခြင်းရှိတဲ့သူဖြစ်ပေမယ့်စိတ်
တွေတုန်လှုပ်ခြောက်ခြားခြင်းရှိတဲ့သူဖြစ်
နေလာ?ဒကာကြီးနားထောင်!ဒီဝိနည်းတ
ရားတော်ထဲမှာအရိယာသာဝကတွေသည်
နင်၊ငါဖြစ်တယ်ဆိုတဲ့ထဲမှာရုပ်တွေကိုမ
မြင်ဘူး။နင်၊ငါဖြစ်တယ်ဆိုတဲ့ထဲမှာဝေဒ
နာ၊သညာ၊သင်ခါရနှင့်ဝိညာဉ်တွေကိုမမြင်
ဘူး။အရိယာသာဝကတွေသည်အစွဲတွေ
မရှိတော့တဲ့အခါမှာအဲဒီဝိညာဉ်တွေသည်
တစ်ခြားလို့ပြောင်းလဲသွားတယ်။ဝိညာဉ်
တွေတသ်ခြားလိုပြောင်းလဲသွားတဲ့အတွက်ကြောင့်သောက၊ပရိဒေဝ၊ဒုက္ခ၊
ဒေါမနဿနှင့်ဉပရာဇာတွေမဖြစ်ပေါ်ရ
ခြင်းဖြစ်တယ်။ဒကားကြီးနားထောင်!ဒီ
လိုနဲ့ပဲလူတွေသည်ခန္ဓာကိုယ်တုန်လှုပ်
ခြောက်ခြားခြင်းတွေရှိပြီးစိတ်တွေလည်း
တုန်လှုပ်ခြောက်ခြားခြင်းရှိတဲ့သူဖြစ်ရဲ့
လာ?ခန္ဓာ ၅ပါးထဲမှာအစွဲတွေရှိနေသ၍
တော့ရောဂါဖြစ်နေတဲ့သူနဲ့တူတယ်။ရော
ဂါဖြစ်နေတဲ့သူနဲ့တူတယ်။ဒါပေမယ့်အ
မှန်အတိုင်းရှိတဲ့ခန္ဓာ ၅ပါးကိုထိုးထွင်းစွာ
သိတဲ့အခါမှာရောဂါဝေဒနါတွေလည်း
ပျောက်သွားနိုင်တယ်။ခန္ဓာ ၅ပါးသည်
မမြဲတဲ့အတွက်ကြောင့်ဆင်းရဲရခြင်းဖြစ်
တယ်။သံယုတ္တနိကယ်၊ဒုက္ခသုတ်ထဲမှာ
ဗုဒ္ဓမြတ်စွာဘုရားသည်ရဟန်းတွေနဲ့အရိ
ယာသစ္စာတရား ၄ပါးကိုဆိုဆုံးမသွား
တယ်။ရဟန်းတို့အားလုံးနားထောင်ကြ !
ဒုက္ခ၊ဒုက္ခသမုဒ္ဒယ၊ဒုက္ခနိရောဓနှင့်ဒုက္ခနိ
ရောဓဂါမိနီပဒိပဒါတွေကိုရဟန်းတို့တွေ
နဲ့ငါဘုရား!ပြောဟောသွားမယ်။ရဟန်းတို့
အားလုံးနားထောင်ကြ!ဒုက္ခသည်ဘယ်လို
မျိုးဖြစ်ကြသလဲ?အဲဒီဒုက္ခဆိုတဲ့စကားလုံး
သည်ဉပါဒါန်ခန္ဓာ ၅ပါးဖြစ်တယ်လို့ပြော
သင့်တယ်။ဉပါဒါန်ခန္ဓာ ၅ပါးသည်ဘယ်
လိုမျိုးဖြစ်သလဲ?ဉပါဒါန်ခန္ဓာ ၅ပါးတွေ
ကတော့ရုပ်၁ပါး၊ဝေဒနါ၁ပါး၊သညာ၁ပါး
၊သင်ခါရ၁ပါးနှင့်ဝိညာဉ်၁ပါးတို့ဖြစ်ကြ
တယ်။ရဟန်းတို့!ဒါတွေအားလုံးကိုဒုက္ခ
လို့ခေါ်တယ်။
ရဟန်းတို့အားလုံးနားထောင်!ဒုက္ခသမုဒ္ဒ
ယသည်ဘယ်လိုမျိုးဖြစ်သလဲ?ဒုက္ခသ
မုဒ္ဒယဆိုတာကတော့တဏှာသည်ဘုံ၊ဘ
ဝအသစ်ထဲမှာဖြစ်ပေါ်စေတယ်။အဲဒီအာ
ရုံ(သို့)ဘုံ၊ဘဝထဲမှာပုံမှန်နဲ့တကယ်ပျော်
မြူးကြတယ်။ဘာတွေလဲဆိုတော့ကာမ
တဏှာ၊ဘဝတဏှာ၊ဝိဘဝတဏှာနဲ့ပျော်
မြူးကြတယ်။ရဟန်းတို့ဒါတွေကိုဒုက္ခသ
မုဒ္ဒယလို့ခေါ်တယ်။ရဟန်းတို့အားလုံးနား
ထောင်ကြ!ခုက္ခနိရောဓသည်ဘယ်လိုမျိုး
ဖြစ်သလဲ?ဒုက္ခနိရောဓဆိုတာကတော့
မဂ္ဂင်နဲ့အဲဒီတဏှာကိုမကျန်အောင်ငြိမ်း
နိုင်ခြင်းဖြစ်တယ်။မဂ္ဂင်ကတော့ဝိရာဂ
သည်စွန့်လွတ်ခြင်း၊ပယ်ထုတ်ခြင်း၊လွတ်
မြောက်ခြင်းနှင့်လိုချင်နှစ်သက်ခြင်းတွေ
မရှိခြင်းတို့ဖြစ်ကြတယ်။ရဟန်းတို့ဒါတွေ
ကိုဒုက္ခနိရောဓလို့ခေါ်တယ်။ရဟန်းတို့!ဒုက္ခနိရောဓခါမိနီပဒိပဒါသည်ဘယ်လို
မျိုးလဲ?ဒုက္ခနိရောဓခါမိနီပဒိပဒါဆိုတာ
ကတော့အရိယာမဂ္ဂင် ၈ပါးနဲ့အတူပေါင်း
စပ်ထားတယ်။ရဟန်းတို့ဒါတွေကိုဒုက္ခနိရောဓခါမိနီပဒိပဒါလို့ခေါ်တယ်။ခန္ဓာ ၅
ပါးထဲမှာငြိတွယ်နေသ၍တော့
နောက်ထပ်ဘုံ၊ဘဝမှာခန္ဓာ ၅ပါးတွေဖြစ်
ပေါ်ရပြီးဒုက္ခတွေဖြစ်ရတယ်။မဂ္ဂင် ၈ပါး
ကိုတိုးတက်အောင်ပွါးများတဲ့အခါမှာအမှန်အတိုင်းဖြစ်တဲ့ခန္ဓာ၅ပါးရဲ့သဘော
တွေကိုစပြီးသိလာရတယ်။ဒါကြောင့်
နောက်ထပ်မွေးရခြင်း၊အိုရခြင်း၊နာရခြင်း
နှင့်သေရခြင်းတွေမရှိတော့တဲ့ဒုက္ခငြိမ်း
ရာသို့ရောက်စေခြင်းဖြစ်တယ်။နောက်
ဆုံးအရိယာသစ္စာတရားအဆင့်ကိုသိတဲ့
ပုဂ္ဂိုလ်ကနေရဟန္တာပုဂ္ဂိုလ်အဆင့်သို့
ရောက်ပြီးအသက်ဆုံးသွားတဲ့အခါမှာ
နောက်ထပ်ခန္ဓာ ၅ပါးတွေလည်းမဖြစ်
ပေါ်တော့ဘူး။
#စမ်းသပ်မေးခွန်း#
၁။ဘယ်ပရမတ္ထတရားကနာမ်တရားဖြစ်
သလဲ?
။ဘယ်ပရမတ္ထတရားကသင်ခါရတရား
ဖြစ်သလဲ?
၃။ဘယ်ပရမတ္ထတရားကဝိသင်ခါရ
ဖြစ်သလဲ?
၄။ဘယ်သင်ခါရတရားကနာမ်တရား
ဖြစ်သလဲ?
၅။စေတသိတ်အားလုံးသည်သင်ခါရ
တရားဟုတ်လာ?
၆။ဝေဒနါစေတသိက်သည်ခန္ဓာဟုတ်
လာ?
၇။သညာစေတသိက်သည်ခန္ဓာဟုတ်
လာ?
၈။ကိုယ်မှမကောင်းတဲ့ခံစားခြင်းတွေ
(ဒုက္ခဝေဒနါ)သည်ဝိပက်(အကျိုး)ပေး
တွေဟုတ်လာ?
၉။စိတ်မှမကောင်းတဲ့ခံစားခြင်း(ဒေါမန
ဿဝေဒနါ)တွေသည်ဝိပက်(အကျိုး)ပေး
တွေဟုတ်လာ?
၁၀။ဘယ်ခန္ဓာကနာမ်တရားဖြစ်သလဲ?
၁၁။စက္ခုဝိညာဉ်သည်ခန္ဓာဟုတ်လာ(သို့)
မဟုတ်ဘူးလာ?
၁၂။“မနုဿ”ဆိုတဲ့စကားလုံးသည်ခန္ဓာ
ဟုတ်သလာ?(သို့)မဟုတ်ဘူးလာ?
၁၃။အသံသည်ခန္ဓာဟုတ်သလာ(သို့)
မဟုတ်ဘူးလာ?
၁၄။ဘယ်ပရမတ္ထတရားကခန္ဓာဖြစ်
သလဲ?
#စိတ်ရဲ့လက္ခဏအမျိုးမျိုး#
ဗုဒ္ဓမြတ်စွာဘုရားသည်တကယ်ရှိတဲ့
လက္ခဏအမျိုးမျိုးတွေကိုဆိုဆုံးမသွား
တယ်။ကျွနုပ်တို့တွေသည်တစ်နေ့တာ
ဘဝမှာပုံမှန်နဲ့ဖြစ်ပေါ်နေတဲ့တရားသဘော
တွေကိုမသိကြဘူး။ဆိုလိုတာကမျက်စိ၊
နား၊နှာ၊လျှာ၊ကိုယ်နှင့်စိတ်တွေမှဖြစ်ပေါ်
တဲ့နာမ်တရားနှင့်ရုပ်တရားတွေကိုမသိကြ
ဘူး။အများအားဖြင့်ကျွနုပ်တို့သည်ပြီး
သွားတဲ့အရာတွေထဲမှာ(သို့)မရောက်လာ
သေးတဲ့အရာတွေထဲမှာစိတ်ဝင်စားကြ
တယ်။ဒါပေမယ့်ဘဝမှာအမှန်တကယ်
ဖြစ်တဲ့တရားသဘောတွေကိုသိနိုင်တယ်။
ကျွနုပ်တို့သည်ယခုရှိတဲ့တရားသဘော
တွေကိုပိုပြီးသိလာတဲ့အခါနှင့်အဲဒီတရား
သဘောတွေဖြစ်ပေါ်တဲ့အခါမှာတရားသ
ဘောတွေကိုသတိကအောက်မေ့သိနိုင်
တယ်။စိတ်သည်တကယ်ရှိတဲ့တရားသဘောဖြစ်တယ်လို့ဗုဒ္ဓမြတ်စွာဘုရား
ကဆိုဆုံးမသွားတယ်။ကျွနုပ်တို့သည်
စိတ်တွေတကယ်ရှိသလာဆိုတာသံသယ
တွေရှိနိုင်တယ်။ပြီးတော့ကျွနုပ်တို့ရဲ့စိတ်
သည်တကယ်ရှိတယ်ဆိုတာဘယ်လိုသက်
သေပြနိုင်သလဲ?နာမ်တရားကျတော့မရှိ
ဘူး။အဲဒီရုပ်တရားပဲရှိတယ်ဆိုတာဖြစ်
နိုင်သလာ?ကျွနုပ်တို့တွေရဲ့ဘဝမှာအရာ
အမျိုးမျိုးတွေလိုအပ်တယ်လို့သိရတယ်။
ဉပမာ-မှီခိုတဲ့နေရာ(အိမ်)၊အစားအစာ၊အ
ဝတ်အထည်နှင့်နေ့စဉ်သုံးရတဲ့ပစ္စည်းကိ
ရိယာတွေသည်အလိုလိုနဲ့ဖြစ်ပေါ်လို့မရ
ဘူး။စိတ်နဲ့အတူဖြစ်ပေါ်ရတယ်။စိတ်
သည်နာမ်တရားဖြစ်ပြီးတစ်စုံတစ်ရာကို
သိတဲ့သဘောဖြစ်တယ်။စိတ်သည်ဘာမှမ
သိတဲ့ရုပ်တရားနဲ့ကွာခြားတယ်။ကျွနုပ်တို့
သည်တေးဂီတဆရာတွေရေးသားထား
တဲ့တေးသံကိုနားထောင်ကြတယ်။ဒါ
ကြောင့်စဉ်းစားပြီးရေးသားလို့ဖြစ်ပေါ်
လာတာလည်းစိတ်ကပဲဖြစ်တယ်။ပြီး
တော့သီချင်းတွေရေးသားတဲ့အခါမှာ
တေးဂီတဆရာတွေရဲ့လက်တွေကိုလှုပ်
ရှားစေတာလည်းစိတ်ကပဲဖြစ်တယ်။တကယ်လို့စိတ်မရှိရင်သူတို့တွေရဲ့လက်
တွေသည်လှုပ်ရှားလို့မရဘူး။
စိတ်သည်အရမ်းကိုဆန်းကြယ်တဲ့တရား
သဘောတွေဖြစ်တယ်။စိတ်သည်အရာ
အမျိုးမျိုးတွေကိုဖြစ်တယ်။အတ္ထသာလိ
နီ၊စိတ္တုပါထကထဲမှာအချက်အလက်တွေ
ရှိတယ်။အရာအမျိုးမျိုးတွေသည်စိတ်နဲ့
ပဲအောင်မြင်နိုင်တယ်။ဉပမာ-ကုသိုလ်ကံ
ဖြစ်တဲ့ပေးကမ်းစွန့်ကျဲခြင်း(ဒါန)နှင့်အကု
သိုလ်ကံဖြစ်တဲ့နှိပ်စက်ခြင်း၊လိမ်လည်
ခြင်းစသည်တို့ဖြစ်ကြတယ်။ကုသိုလ်ကံ
နှင့်အကုသိုလ်ကံသည်အကျိုးပေးခြင်း
တွေကွာခြားကြတယ်။ဒါကြောင့်စိတ်အ
မျိုးအစားတွေအမျိုးမျိုးရှိရခြင်းဖြစ်
တယ်။လူတစ်ဉီးတစ်ယောက်စီတွေသည်
အကြောင်းဖြစ်ပေါ်တဲ့နေရာမှာအမူအရာ
တွေကွာခြားကြတယ်။ပြီးတော့ဖြစ်ပေါ်
တဲ့စိတ်အမျိုးအစားအမျိုးမျိုးတွေ
ကြောင့်ဒီလိုဖြစ်ရတယ်။ဘာကြောင့်လဲ
ဆိုတော့တစ်ယောက်ကဒီအရာတစ်ခုကို
ကြိုက်ပြီးနောက်တစ်ယောက်ကမကြိုက်
ဘူး။ပြီးတော့တစ်ဉီးတစ်ယောက်စီတွေ
သည်တစ်စုံတစ်ရာကိုပြုလုပ်တဲ့အခါမှာ
လည်းမတူညီကြဘူး။လူနှစ်ယောက်သည်
အလုပ်တစ်ခုကိုအတူတူလုပ်ပေမယ့်
လည်းရရှိတဲ့အကျိုးကကွာခြားတယ်။ဉပ
မာ-လူနှစ်ယောက်သည်သစ်ပင်တစ်ပင်ရဲ့
ပုံကိုအတူတူရေးစွဲပေမယ့်ပုံနှစ်ပုံကကွာ
ခြားကြလိမ့်မယ်။ဘာကြောင့်လဲဆိုတော့
တစ်ဉီးတစ်ယောက်စီတွေသည်ဖြတ်ထိုး
ဉာဏ်နှင့်အရည်အချင်းတွေမတူညီကြ
ဘူး။တစ်ချို့ကလေ့လာသင်ကြားတဲ့နေ
ရာမှာခက်ခဲစွာနဲ့မသင်ကြားရဘူး။ဒါပေ
မယ့်တစ်ချို့ကတော့ခက်ခဲစွာနဲ့လေ့လာ
သင်ကြားရတယ်။ဒါကြောင့်ဘယ်သူတစ်
ဉီးတစ်ယောက်မှစိတ်ကိုထိန်းချုပ်လို့မရ
ဘူး။စိတ်တစ်ပါးစီတွေသည်တစ်ခဏစီ
ဖြစ်ပေါ်ရတဲ့စိတ်ရဲ့အကြောင်းအရသာ
ဖြစ်ရတယ်။
လူတွေသည်ဘာအကြောင်းကြောင့်နဲ့
ကွာခြားရသလဲ?လူတွေကွာခြားရတဲ့
အကြောင်းကတော့တစ်ဉီးတစ်ယောက်
စီတွေရဲ့ဘဝမှာကြုံတွေ့ရတဲ့အရာတွေ
မတူညီကြဘူး။ဒါကြောင့်တစ်ဉီတစ်
ယောက်စီတွေည်စုစောင်းလာတဲ့အကျင့်
စာရိတ္တအမျိုးမျိုးတွေကွာခြားရခြင်းဖြစ်
တယ်။ငယ်စဉ်ကတည်းကနေကူညီဖေးမ
တတ်တဲ့အကျင့်နဲ့သွန်သင်ဆုံးမလာတဲ့က
လေးသည်ကြီးပြင်းလာတဲ့အခါမှာအဲဒီအ
ကျင့်စရိုက်တွေစုစောင်းလာတယ်။ခဏ၊ခ
ဏနဲ့စိတ်တိုလွယ်တဲ့သူတွေသည်အဲဒီစိတ်
တိုခြင်းကိုများစွာစုစောင်းလာခဲ့တဲ့အ
တွက်ကြောင့်ဖြစ်တယ်။ပြီးတော့တစ်ဉီး
တစ်ယောက်စီတွေသည်အကျင့်စရိုက်၊
အတွေ့အကြုံနှင့်ကျွမ်းကျင်မှုတွေစု
စောင်းလာတာကွာခြားကြတယ်။စိတ်
တစ်ပါးစီတွေသည်ဖြစ်ပေါ်ပြီးတော့
ပျက်သွားတယ်။ပြီးတော့တစ်ချိန်ထဲမှာ
ပဲနောက်ထပ်စိတ်တစ်ပါးကချက်ချင်း
ဆက်လက်ဖြစ်ပေါ်ရတယ်။ဒါကြောင့်
ဘဝမှာဖြစ်ပေါ်တဲ့အရာအမျိုးမျိုးကိုစု
စောင်းခြင်းတွေရှိကြတယ်။ပြီးတော့
ကောင်းတဲ့အကျင့်စရိုက်နှင့်မကောင်းတဲ့
အကျင့်စရိုက်တွေဘယ်လိုရလာသလဲ?
အကျင့်ကောင်း၊မကောင်းတွေဘယ်လို
ရလာသလဲဆိုတော့စိတ်တစ်ခဏပျက်
သွားပြီးတဲ့အခါမှာနောက်ထပ်စိတ်တစ်
ခဏကချက်ချင်းဆက်လက်ဖြစ်ပေါ်ရ
တယ်။ကျွနုပ်တို့တွေရဲ့ဘဝသည်မရပ်မ
နားပဲစိတ်တစ်ပါးစီရဲ့ဆက်လက်ဖြစ်၊ပျက်
ခြင်းသာဖြစ်တယ်။စိတ်တစ်ခဏစီတွေ
ပျက်သွားရခြင်းသည်နောက်ထပ်စိတ်တစ်
ခဏဖြစ်ပေါ်ဖို့အကြောင်းဖြစ်ပေးရ
တယ်။ဒါကြောင့်ပျက်သွားပြီးတဲ့စိတ်
သည်ဒီစိတ်တစ်ခဏဖြစ်ပေါ်ဖို့အကြောင်း
ဖြစ်ပေးရခြင်းဖြစ်တယ်။ဒါကြောင့်ပစ္စုပ္ပန်မှာအကျင့်ဗီဇရဲ့အကြောင်းဖြစ်ရ
ပြီးအတိတ်မှာကုသိုလ်စိတ်နှင့်အကုသိုလ်
စိတ်ရဲ့အမှန်တွေဖြစ်တယ်။ဒီလိုဖြစ်ရခြင်း
သည်အဲဒီကောင်းတဲ့အကျင့်ဗီဇနှင့်မ
ကောင်းတဲ့အကျင့်ဗီဇတွေသည်စိတ်အပါး
တိုင်းမှာဆက်လက်စုစောင်းလာခြင်းဖြစ်
တယ်။
ကျွနုပ်တို့သည်မကောင်းတဲ့အကျင့်ဗီဇနှင့်
ကိလေသာတွေကိုများစွာစုစောင်းလာခဲ့
ကြတယ်။ဉပမာ-လောဘ၊ဒေါသနှင့်မော
ဟစသည်တို့ဖြစ်ကြတယ်။ကိလေသာအ
ဆင့်တွေများစွာရှိကြတယ်။အသေးစိတ်
တဲ့ကိလေသာ၊အလယ်အလတ်ကိလေသာ
နှင့်အကြမ်းကိလေသာတို့ရှိကြတယ်။အ
သေးစိတ်တဲ့ကိလေသာသည်မမြင်ရဘူး။
ဘာကြောင့်လဲဆိုတော့အနုသယကိလေ
သာဖြစ်ပြီးဘာတွေလဲဆိုတော့စိတ်ထဲမှာ
အသေးစိတ်တဲ့ကိလေသာတွေစုစောင်း
ထားခြင်းဖြစ်တယ်။ဒါကြောင့်မမြင်ရဘူး
။အိပ်မောကျတဲ့အချိန်နှင့်အိမ်မက်ခြင်း
တွေမရှိတဲ့အချိန်မှာအကုသိုလ်စိတ်တွေ
မဖြစ်ပေါ်ဘူး။ဒါပေမယ့်စိတ်ထဲမှာအနုသ
ယကိလေသာတွေရှိသေးတယ်။နိုးလာတဲ့
အခါမှာနောက်ထပ်အကုသိုလ်စိတ်တွေ
ဖြစ်ပေါ်တယ်။တကယ်လို့စိတ်တစ်ပါးစီ
တွေသည်အနုသယကိလေသာတွေမစု
စောင်းထားဘူးဆိုရင်အကုသိုလ်စိတ်
တွေဘယ်လိုဖြစ်ပေါ်လာမလဲ?ပြီးတော့
ကိလေသာအားလုံးကိုပညာနဲ့မငြိမ်း
သတ်နိုင်သ၍တော့ဖြစ်ပေါ်တဲ့စိတ်တွေ
သည်အနုသယကိလေသာတွေရှိသေး
တယ်။အဲဒီအလယ်အလတ်ကိလေသာ
(ပရိယုတ္ထာနကိလေ)သည်အနုသယကိ
လေသာနဲ့ကွာခြားတယ်။ဘာကြောင့်လဲ
ဆိုတော့ပရိယုတ္ထာနကိလေသာသည်အ
ကြောင်းဖြစ်တဲ့လောဘ၊ဒေါသနှင့်မောဟ
တွေရှိတဲ့စိတ်နဲ့အတူဖြစ်ပေါ်တယ်။ဉပမာ
-မြင်ရတဲ့အရာတွေထဲမှာသာယာနှစ်သက်
ခြင်း(သို့)ကိုယ်မှထိတွေ့ခြင်း(သို့)ဖြစ်ပေါ်
တဲ့အာရုံထဲမှာမနှစ်သက်ခြင်းတို့ဖြစ်ကြ
တယ်။ပရိယုတ္ထာနကိလေသာသည်အကု
သိုလ်ကံပြုလုပ်တဲ့နေရာမှာအကြောင်းမ
ဖြစ်ပေးဘူး။အကြိမ်းကိလေသာသည်
ကိုယ်၊နှုတ်နှင့်စိတ်တွေမှအကုသိုလ်ကံ
ဖြစ်ပေါ်ဖို့အကြောင်းဖြစ်ပေးတယ်။ဉပ
မာ-သတ်ဖြတ်ခြင်၊သူတစ်ပါးကိုနှိမ့်စက်
ခြင်း(သို့)သူတစ်ပါးရဲ့ပစ္စည်းဉစ္စာကိုကိုယ်
ပိုင်ပစ္စည်းအဖြစ်နဲ့ရယူလိုခြင်းတို့ဖြစ်ကြ
တယ်။
ကံ(စေတနာ)သည်စုစောင်းထားတဲ့နာမ်
တရားအမျိုးအစားတစ်မျိုးဖြစ်တယ်။
ဒါကြောင့်လူတွေမှာစုစောင်းလာတဲ့ကိ
လေသာနှင့်ကံတွေကွာခြားရခြင်းဖြစ်
တယ်။ပြီးတော့စုစောင်းလာတဲ့ကံအမျိုး
မျိုးတွေသည်ဘဝမှာအကျိုးပေးတဲ့အ
ကြောင်းတွေလည်းကွာခြားကြတယ်။ဒါ
ကြောင့်အကျိုးနှင့်အကြောင်းတွေရဲ့သတ်
မှတ်ချက်ဖြစ်ပြီးကံနှင့်အကျိုးပေး(ဝိပက်
)တွေရဲ့သတ်မှတ်ချက်တွေဖြစ်တယ်။လူ
တွေသည်ကွာခြားတဲ့ပတ်ဝန်းကျင်မှာမွေး
လာကြတယ်။ဒါကြောင့်တစ်ချို့က
ကောင်းတဲ့ပတ်ဝန်းကျင်မှာမွေးလာရပြီး
သာယာနှစ်သက်တဲ့အရာတွေနဲ့ကြုံတွေ့
ရတယ်။တစ်ချို့ကသာယာနှစ်သက်ခြင်း
မရှိတဲ့အရာတွေနဲ့ကြုံတွေ့ရတတ်တယ်။
ဘာကြောင့်လဲဆိုတော့ရောဂါကြောင့်ပင်
ပန်းဆင်းရဲခြင်း(သို့)ဒုက္ခဝေဒနါနဲ့ခံစားရ
ခြင်းတို့ဖြစ်ကြတယ်။ကျွနုပ်တို့သည်က
လေးတွေအစာရေစာငတ်ပြီးနေမကောင်း
တဲ့သတင်းတွေကိုကြားရတဲ့အခါမှာဒီက
လေးတွေဘာကြောင့်ဒီလိုဖြစ်ရသလဲ?
ပြီးတော့တစ်ချို့ကလေးတွေက
လိုချင်တဲ့အရာတွေအားလုံးဘာကြောင့်
ရရှိကြသလဲဆိုတာသံသယတွေရှိကြ
တယ်။လူတွေအားလုံးသည်ပြုလုပ်ထား
တဲ့ကံရဲ့အကျိုးတွေကိုကိုယ်တိုင်ရရှိခံစား
ရတယ်လို့ဗုဒ္ဓမြတ်စွာဘုရားကဆိုဆုံးမ
သွားတယ်။ဒါကြောင့်ပြုလုပ်ပြီးသွားတဲ့
ကံတွေသည်အနာဂတ်မှာအကျိုးပေးနိုင်
တယ်။ဘာကြောင့်လဲဆိုတော့အကုသိုလ်
ကံနှင့်ကုသိုလ်ကံတွေကိုစုစောင်းထား
ပြီးဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်။
ဒါကြောင့်အကြောင်းတွေဆုံညီတဲ့အခါ
မှာအကျိုး(ဝိပက်)တွေဖြစ်ပေါ်တယ်။
“အကျိုး”ဆိုတဲ့စကားလုံးကိုသုံးတဲ့အ
ခါမှာတစ်ချို့ကတစ်ပါးသူတွေကိုပြု
လုပ်ပေးခဲ့တဲ့အကျိုးတွေဖြစ်တယ်လို့
ထင်ကြတယ်။ဒါပေမယ့်ဝိပက်ဖြစ်တဲ့
အကျိုးသည်အဲလိုမဟုတ်ဘူး။ဝိပက်
စိတ်သည်သာယာနှစ်သက်တဲ့တရားသ
ဘော(သို့)မနှစ်သက်တဲ့တရားသဘော
တွေနဲ့ဆုံတွေ့တဲ့စိတ်ဖြစ်တယ်။အဲဒီဝိ
ပက်ဖြစ်တဲ့စိတ်သည်ကိုယ်တိုင်ပြုလုပ်
ထားတဲ့အကျိုးတွေဖြစ်တယ်။ပြီးတော့
သာယာနှစ်သက်တဲ့အရာ(သို့)မနှစ်သက်
တဲ့အရာတွေနဲ့ဆုံတွေ့တဲ့အခါမှာနင်၊ငါ
ဖြစ်တယ်လို့ကျွနုပ်တို့တွေထင်ခဲ့တယ်။
ဒါပေမယ့်အမှန်တကယ်တမ်းကျတော့
နင်၊ငါတွေမရှိဘူး။အဲဒီစိတ်သာရှိပြီး
အာရုံအမျိုးမျိုးတွေကိုသိပြီးဖြစ်ပေါ်
တယ်။တစ်ချို့သောစိတ်တွေသည်အ
ကြောင်းဖြစ်တယ်။ဒါကြောင့်အဲဒီစိတ်
တွေသည်ကုသိုလ်ကံ(သို့)အကုသိုလ်
ကံတွေကိုဖြစ်ပေါ်စေတဲ့အကြောင်းဖြစ်
တယ်။ဒါကြောင့်အဲဒီအကြောင်းနဲ့သင့်
လျော်တဲ့အကျိုးတွေဖြစ်ပေါ်စေတယ်။
တစ်ချို့စိတ်တွေသည်အကျိုး(ဝိပက်)
တွေဖြစ်တယ်။ဉပမာ-မနှစ်သက်တဲ့အရာ
တွေကိုမြင်ရတဲ့အခါမှာမြင်နိုင်တဲ့နင်၊ငါ
တွေရှိတာမဟုတ်ဘူး။ဒါပေမယ့်“စိတ်”
ဆိုတဲ့စက္ခုဝိညာဉ်ဖြစ်ပြီးဒီဘဝ(သို့)အ
ရင်ဘဝကပြုလုပ်ပြီးသွားတဲ့အကုသိုလ်
ကံတစ်ခုရဲ့အကျိုးပေးတွေဖြစ်တယ်။
ဒီစိတ်တစ်ပါးသည်အကုသိုလ်ဝိပက်စိတ်
ဖြစ်တယ်။သာယာနှစ်သက်တဲ့အရာတွေ
ကိုမြင်တဲ့အခါမှာကုသိုလ်ဝိပက်စိတ်ဖြစ်
ပြီးပြုလုပ်ပြီးသွားတဲ့ကုသိုလ်ကံတစ်ခု
ရဲ့အကျိုးတွေဖြစ်တယ်။ ၅ဒွါရထဲကဒွါရ
တစ်ပါးပါးမှာသာယာနှစ်သက်ခြင်းတွေ
မဖြစ်တဲ့အာရုံနဲ့ဆုံတွေ့တဲ့အချိန်တိုင်း
သည်အကုသိုလ်ဝိပက်ဖြစ်တယ်။ ၅ဒွါထဲ
ကဒွါရတစ်ပါးပါးမှာသာယာနှစ်သက်ခြင်း
ရှိတဲ့အာရုံနဲ့ဆုံတွေ့တဲ့အချိန်တိုင်းသည်ကု
သိုလ်ဝိပက်ဖြစ်တယ်။တကယ်လို့တစ်ပါး
သူတွေကကိုရဲ့ခန္ဓာကိုယ်ကိုနှိပ်စက်ပြီးနာ
ကြင်တဲ့ခံစားခြင်းတွေခံရတဲ့အခါမှာတစ်
ပါးသူတွေပြုလုပ်တဲ့အကျိုးတွေမဟုတ်
ဘူး။နှိပ်စက်ခြင်းခံရတဲ့သူသည်ကိုယ်
တိုင်ပြုလုပ်ပြီးသွားတဲ့အကုသိုလ်ကံရဲ့
အကျိုးပေးဖြစ်တယ်။တစ်ပါးသူတွေရဲ့
ပြုလုပ်ခြင်းသည်နာကြင်ခြင်းရဲ့အ
ကြောင်းသာဖြစ်တယ်။အဲဒီတစ်ပါးသူ
ကိုနှိပ်စက်တဲ့သူကတော့အကုသိုလ်ကံ
ကိုပြုလုပ်နေတဲ့အကြောင်းဖြစ်ပြီးသူရဲ့
အကုသိုလ်စိတ်ဖြစ်တယ်။မကြာခင်မှာ
အဲဒီအကုသိုလ်ကံရဲ့အကျိုးတွေကိုသူ
လည်းခံရလိမ့်မယ်။“ကံ နှင့်ဝိပက်”ရဲ့အ
ကြောင်းတွေကိုပိုပြီးနားလည်လာတဲ့အ
ခါမှာကျွနုပ်တို့ရဲ့ဘဝမှာအကြောင်းအမျိုး
မျိုးတွေကိုပိုပြီးနားလည်လာတယ်။လူ၊
ပုဂ္ဂိုလ်အမျိုးမျိုးတွေရဲ့ကံအကြောင်းတွေ
ကိုအတ္ထစာလိနီ၊စိတ္တုပါထကမှာအချက်
အလက်တွေရှိတယ်။ဒါကြောင့်ပဋိသန္ဓေ
တဲ့အချိန်တွေမှာအကျိုးပေးတွေကွာခြား
တယ်။ရုပ်ပုံသဏ္ဍန်လက္ခဏာတွေလည်း
ကံရဲ့အကျိုးပေးတွေဖြစ်တယ်။
သတ္တဝါအားလုံးတွေသည်ကံတွေရဲ့ကွာ
ခြားခြင်းကိုမှီခိုတဲ့အတွက်ကြောင့်ခြေ
ထောက်မရှိတဲ့သတ္တဝါ၊ခြေနှစ်ချောင်း၊
ခြေလေးချောင်း၊ခြေအများရှိခြင်းနှင့်ရုပ်
ရှိခြင်း၊ရုပ်မရှိခြင်း၊သညာရှိခြင်း၊သညာ
မရှိခြင်း၊သညာ(မှတ်သားမှု)ရှိတာလည်း
မဟုတ်၊မရှိတာလည်းမဟုတ်စသည်တို့
ဖြစ်ကြတယ်။သတ္တဝါအားလုံးသည်ဖြစ်
ပေါ်ခြင်း(အူပါ)တွေကွာခြားကြတယ်။
ဆိုလိုတာကသတ္တဝါအားလုံးသည်အနိမ့်၊
အမြင့်၊အကြမ်း၊အချော၊ကောင်းတဲ့နေရာ
ရောက်ခြင်းနှင့်မကောင်းတဲ့နေရာရောက်
ခြင်းတွေသည်ကံရဲ့ကွာခြားခြင်းတွေကို
မှီခိုတဲ့အတွက်ကြောင့်ဖြစ်ပေါ်ရခြင်းဖြစ်
တယ်။သတ္တဝါတွေရဲ့ကွာခြားတဲ့ရုပ်ပုံ
သဏ္ဍန်တွေကတော့အသားအရည်
ကောင်းခြင်း၊(သို့)မကောင်းခြင်း၊မွေးခြင်း
ကောင်းခြင်း(သို့)မကောင်းခြင်းနှင့်ရုပ်
ချော(သို့)ရုပ်ဆိုးခြင်းအစရှိတဲ့ပုဂ္ဂိုလ်
တွေသည်ကံရဲ့ကွာခြားခြင်းတွေကိုမှီခိုတဲ့
အတွက်ကြောင့်ဖြစ်ပေါ်ရတယ်။လောက
တရားထဲမှာကွာခြားခြင်းတွေကတော့လ
လာဘဒ်ရှိခြင်း၊မရှိခြင်း၊အာဏာရှိခြင်း၊
မရှိခြင်း၊ကဲ့ရဲ့ခြင်း(သို့)ချီးမွမ်းခြင်းနှင့်
ချမ်းသာခြင်း(သို့)ဆင်းရဲခြင်းတို့တွေ
သည်ကံရဲ့ကွာခြားခြင်းတွေကိုမှီခိုတဲ့အ
တွက်ကြောင့်သတ္တဝါအားလုံးနဲ့ဖြစ်ပေါ်
ရခြင်းဖြစ်တယ်။လောကသတ္တဝါတွေ
သည်ကံအရဖြစ်ကြရတယ်။သတ္တဝါအစု
တွေသည်ကံအတိုင်းလည်ပတ်နေကြရ
တယ်။ဒါကြောင့်သတ္တဝါတွေအားလုံး
သည်ကံတွေနဲ့ချီနှောင်ထားပြီးတစ်ချိန်
လုံးလည်ပတ်နေတဲ့ဝင်ရိုးနှင့်စပုတ်တိုင်
နဲ့တူတယ်လို့ဗုဒ္ဓမြတ်စွာဘုရားကဟော
ပြောသွားတယ်။
တရားသဘောတွေအားလုံးသည်အ
ကြောင်းကြောင့်ဖြစ်ပေါ်ရတယ်လို့ဗုဒ္ဓ
မြတ်စွာဘုရားကဆိုဆုံးမသွားတယ်။
လူတွေသည်နေထိုင်တဲ့ပတ်ဝန်းကျင်
နှင့်ရုပ်ပုံသဏ္ဍန်တွေကွာခြားရခြင်း
သည်အကြောင်းမဲ့မဟုတ်ဘူး။တိရစ္ဆာန်
တွေမှာလည်းရုပ်ပုံသဏ္ဍတွေကွာခြားရ
ခြင်းသည်ပြုလုပ်ခဲ့တဲ့လုပ်ရပ်(ကံ)တွေ
ကွာခြားတဲ့အတွက်ကြောင့်ဖြစ်တယ်။
တိရစ္ဆာန်တွေမှာလည်းစိတ်ရှိပြီးကောင်း
တဲ့လုပ်ရပ်(သို့)မကောင်းတဲ့လုပ်ရပ်တွေ
လုပ်နိုင်တယ်။ဒါကြောင့်တိရစ္ဆာန်တွေမှာ
လည်းကံအမျိုးမျိုးတွေစုစောင်းကြပြီး
အကျိုးအမျိုးမျိုးတွေကိုဖြစ်ပေါ်စေ
တယ်။တကယ်လို့ကံတစ်ခုစီတွေသည်
အဲဒီကံရဲ့အကျိုးတွေဖြစ်ပေါ်စေနိုင်
တယ်လို့ကျွနုပ်တို့တွေသိခဲ့မယ်ဆိုရင်
ချမ်းသာတဲ့အမျိုးအနွယ်ထဲမှာမွေးလာ
ရတယ်ဆိုပြီးမာနထားရှိတာဘာအဓိပ္ပါယ်
မှမရှိဘူး။ဒါကြောင့်ချီးမွမ်းခြင်း၊လလာ
ဘဒ်ရခြင်းတွေခံရတဲ့အခါနှင့်ဆင်းရဲ့(ဒုက္ခ
)ဖြစ်တဲ့အခါမှာအဲဒီဆင်းရဲတွေသည်ကိုယ်
တိုင်ပြုလုပ်ထားတဲ့ကံအကျိုးပေးတွေဖြစ်
တယ်ဆိုတာကျွနုပ်တို့တွေသိရတယ်။ဒါ
ကြောင့်ဒီလိုသိလိုက်တဲ့အခါမှာကိုယ့်ကို
ဆင်းရဲခြင်းတွေပေးတယ်လို့တစ်ခြားသူ
တွေကိုအပြစ်တင်ပြောခြင်းတွေလျော့
နည်းလာတယ်။(သို့)တစ်ခြားသူတွေ
ကြိုက်နှစ်သက်တဲ့အရာတွေကိုရရှိတဲ့အ
ခါမှာမနာလို၊ဝန်တိုခြင်းတွေမရှိတော့ဘူး။ပြီးတော့တရားသဘောတွေကိုနားလည်လာတဲ့အခါမှာလည်းဆင်းရဲဒုက္ခ(သို့)
ကြိုက်နှစ်သက်တဲ့အရာတွေကိုရရှိခြင်း
တွေသည်နင်၊ငါတွေမဟုတ်ဘူးဆိုတာသိ
လာရတယ်။ဒါပေမယ့်အကြောင်းကိုဖြစ်
ပေါ်စေတဲ့စိတ်အမျိုးအစားတစ်ခုဖြစ်တဲ့
အကျိုး(ဝိပက်)သာဖြစ်ပြီးဖြစ်ပေါ်ပြီး
ချက်ချင်းပျက်သွားတယ်။ပတ်ဝန်းကျင်
တစ်ခုထဲမှာအတူတူမွေးလာတဲ့သူတွေ
သည်ကျင့်ကြံခြင်းတွေကွာခြားကြတယ်
ဆိုတာကျွနုပ်တို့တွေမြင်ကြရတယ်။ဉပ
မာ-ချမ်းသာတဲ့အမျိုးထဲမှာမွေးလာတဲ့
သူတွေသည်တစ်ချို့ကကပ်စေးနှဲပြီးတစ်
ချို့ကပေးကမ်းခြင်းတွေမှာရက်ရောကြ
တယ်။အဲဒီချမ်းသာတဲ့အမျိုးထဲမှာမွေး
လာတဲ့သူတွေသည်ကံရဲ့အကျိုးပေးတွေ
ဖြစ်တယ်။ဒါကြောင့်ကပ်စေးနှဲတဲ့သူသည်
စုစောင်းထားတဲ့ကိလေသာကနေဖြစ်ပေါ်
လာတယ်။လူတစ်ဉီးစီတွေရဲ့ဘဝမှာအ
ရေးကြီးတဲ့အကြောင်းတွေများစွာရှိကြ
တယ်။ကံသည်လူတွေကိုကွာခြားတဲ့ပတ်
ဝန်းကျင်မှာမွေးလာဖို့အကြောင်းဖြစ်ပေး
တယ်။အဲဒီစုစောင်းထားတဲ့ကိလေသာ
တွေသည်လူတစ်ဉီးစီတွေရဲ့အကျင့်ဗီဇ
ကိုကွာခြားစေတယ်။
တစ်ချို့ကအရင်ဘဝနှင့်နောက်ဘဝရဲ့အ
ကြောင်းတွေကိုသံသယတွေနိုင်တယ်။
ဘာကြောင့်လဲဆိုတော့ဒီဘဝကိုသာ
ကျွနုပ်တို့တွေသိကြတယ်။ဒါပေမယ့်ဒီ
ဘဝမှာလူတွေသည်အကျိုးကံတွေရရှိခြင်းမှာကွာခြားကြတယ်ဆိုတာကျွနုပ်
တို့တွေသတိထားရင်မြင်နိုင်တယ်။အကျိုးကံတွေအားလုံးသည်အတိတ်အကြောင်း
ကနေလာတယ်။အတိတ်ကအကြောင်း
သည်ပစ္စုပ္ပန်မှာအကျိုးပေးတယ်။ပြီး
တော့ပစ္စုပ္ပန်ကံသည်အနာဂတ်မှာအကျိုး
ပေးတယ်။ဒါကြောင့်ပစ္စုပ္ပန်ကိုနားလည်
ခြင်းသည်အတိတ်နှင့်အနာဂတ်ကိုပိုပြီး
နားလည်စေတယ်။အတိတ်ဘဝ၊ပစ္စုပ္ပန်
ဘဝနှင့်အနာဂတ်ဘဝတွေသည်အဆက်
မပြတ်တဲ့စိတ်ရဲ့ဆက်လက်ဖြစ်ပေါ်ခြင်း
ဖြစ်တယ်။ဖြစ်ပေါ်တဲ့စိတ်တစ်ပါးစီတွေ
သည်ချက်ချင်းပဲပျက်သွားရတယ်။ပြီး
တော့နောက်ထပ်စိတ်တစ်ပါးကဆက်
လက်ဖြစ်ပေါ်ရတယ်။စိတ်သည်မမြဲဘူး။
ဒါပေမယ့်စိတ်မရှိတဲ့အချိန်တွေတစ်ခဏမှ
မရှိဘူး။တကယ်လို့စိတ်မရှိတဲ့အချိန်မှာအဲ
ဒီခန္ဓာကိုယ်သည်သေသွားတဲ့ခန္ဓာကိုယ်
ဖြစ်တယ်။အိပ်မောကျနေတဲ့အချိန်မှာ
ဖြစ်၊ပျက်နေတဲ့စိတ်တွေရှိရတယ်။ဒီဖြစ်
ပေါ်ပြီးတော့ပျက်သွားတဲ့စိတ်တစ်ပါးစီ
တွေသည်နောက်ထပ်စိတ်တစ်ပါးကဆက်
လက်ဖြစ်ပေါ်ဖို့အကြောင်းဖြစ်ပေးတယ်။
ပြီးတော့ဒီဘဝရဲ့နောက်ဆုံးစိတ်သည်
နောက်ဘဝရဲ့ပထမဆုံးစိတ်(ပဋိသန္ဓေ
စိတ်)ဖြစ်ပေါ်ဖို့အကြောင်းဖြစ်ပေးရတယ်
။ဒါကြောင့်အဆုံးမရှိတဲ့သံသယာထဲမှာ
ဘဝတွေလည်ပတ်နေကြရတယ်။ဒါတွေ
သည်မွေးခြင်းနှင့်သေခြင်းတွေရဲ့သံသ
ယာတွေဖြစ်တယ်။အရင်စိတ်တစ်ပါးမ
ပျက်သွားသရွေ့တော့နောက်စိတ်တစ်ပါး
လည်းဖြစ်ပေါ်လို့မရဘူး။ဒါကြောင့်တစ်ခ
ဏ၊တစ်ခဏမှာစိတ်တစ်ပါးသာရှိလို့ရ
တယ်။ဒါပေမယ့်စိတ်သည်လျှင်မြန်စွာနဲ့
ပျက်သွားပြီးအဲဒီတစ်ခဏထဲမှာစိတ်တစ်
ပါးထက်ပိုရှိတယ်လို့ကျွနုပ်တို့တွေထင်ကြ
တယ်။မြင်တာနဲ့ကြားတာတွေသည်တစ်
ပြုင်ထဲဖြစ်ပေါ်တယ်လို့ထင်ရတယ်။ဒါပေ
မယ့်အမှန်တကယ်တမ်းကျတော့စိတ်တစ်
ပါးစီတွေသည်ဖြစ်ပေါ်တဲ့အချိန်တွေကွာ
ခြားကြတယ်။မြင်ခြင်းသည်စိတ်အမျိုးအ
စားတစ်ခုဖြစ်ပြီးကြားခြင်းနဲ့ကွာခြား
တယ်။စိတ်အမျိုးအစားတစ်ပါးစီတွေ
သည်ကွာခြားတဲ့အကြောင်းတွေကြောင့်
ဖြစ်ပေါ်ရတယ်။ပြီးတော့အာရုံကိုသိတဲ့
နေရာမှာလည်းကွာခြားကြတယ်။
စိတ်သည်အာရုံကိုသိတဲ့သဘောဖြစ်တယ်
။စိတ်အပါးတိုင်းသည်အာရုံကိုသိရတယ်။
အာရုံတွေမရှိပဲနဲ့စိတ်ရှိလို့မရဘူး။ဒွါရ ၆
ပါး(မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်နှင့်စိတ်)မှ
အာရုံအမျိုးမျိုးတွေကိုစိတ်ကသိတယ်။
မြင်ခြင်းသည်မျက်စိမှဖြစ်ပေါ်တဲ့အာရုံ
တွေကိုသိတဲ့စိတ်ဖြစ်တယ်။မျက်စိမှဖြစ်
ပေါ်တဲ့အရာ(သို့)မြင်ခြင်းကိုခံရတဲ့အရာ
လို့ခေါ်တယ်။ဒါပေမယ့်မျက်စိမှဖြစ်ပေါ်
စေတဲ့အရာသည်စက္ခုပသာဓာတ်ကိုထိ
တွေ့တဲ့အခါမှာမြင်ခြင်းကိုဖြစ်ပေါ်စေတဲ့
အကြောင်းရှိတယ်။မြင်ခြင်းသည်မြင်တဲ့
အရာရဲ့အကြောင်းကိုစဉ်းစားခြင်းနဲ့ကွာ
ခြားတယ်။စဉ်းစားခြင်းသည်မနောဒွါရမှ
အာရုံကိုသိတဲ့စိတ်အမျိုးအစားတစ်ပါး
ဖြစ်တယ်။ကြားခြင်းသည်မြင်ခြင်းနဲ့ကွာ
ခြားတယ်။ကြားခြင်းသည်အကြောင်းရှိ
ပြီးအာရုံကိုသိတဲ့နေရာမှာမြင်ခြင်းနဲ့ကွာ
ခြားတယ်။သောတပသာဓာတ်ကိုအာရုံ
ထိတွေ့တဲ့အခါမှာအဲဒီအသံကိုဖြစ်ပေါ်
ပြီးသိတဲ့စိတ်ကိုအကြောင်းဖြစ်ပေးတယ်။
ဒါကြောင့်စိတ်အမျိုးအစားတစ်မျိုးစီရဲ့
ဖြစ်ပေါ်ခြင်းနှင့်သင့်တော်တဲ့အကြောင်း
တွေရှိရတယ်။ပြီးတော့ကျွနုပ်တို့သည်
မျက်စိမှအရသာသိခြင်းနှင့်နားမှအနံ့ရ
ခြင်းတွေကိုမသိနိုင်ဘူး။နှခေါင်းမှအနံ့သိ
ပြီးအနံ့ရတဲ့စိတ်၊လျှာမှအရသာသိပြီးအရ
သာသိတဲ့စိတ်၊ကိုယ်မှထိတွေ့တဲ့အရာ
တွေကိုသိပြီးကိုယ်မှထိတွေ့တဲ့အရာတွေ
ကိုသိတဲ့စိတ်နှင့်စိတ်မှအာရုံကိုသိတဲ့စိတ်
တွေသည်အာရုံအားလုံးတွေကိုသိနိုင်
တယ်။အဲဒီတစ်ခဏ၊တစ်ခဏတွေထဲမှာ
စိတ်တစ်ပါးစီသာဖြစ်ပေါ်လို့ရပြီးအာရုံ
တစ်ခုစီကိုသာသိလို့ရတယ်။
မြင်သိစိတ်သည်ကြားသိစိတ်နဲ့လက္ခဏ
တွေကွာခြားတယ်ဆိုတာပရိယတ္တိအဖြင့်
နဲ့ကျွနုပ်တိုတွေနားလည်နိုင်တယ်။ပြီး
တော့စိတ်သည်ဘာကိုမှမသိတဲ့တရားသ
ဘောဖြစ်တဲ့ရုပ်တရားနဲ့ကွာခြားတယ်ဆို
တာသိရတယ်။ဒီလိုသိခြင်းသည်လွယ်တဲ့
အရာလို့ထင်ကြတယ်။ဒါပေမယ့်ပရိယတ္တိ
အဖြစ်နဲ့သိခြင်းသည်ကိုယ်တိုင်ထိုးထွင်း
စွာသိတဲ့အသိနဲ့ကွာခြားတယ်။လေးနက်
ခြင်းမရှိတဲ့ပရိယတ္တိအဖြစ်နဲ့သိခြင်းသည်
အမြင်မှားတွေအားလုံးကိုမငြိမ်းသတ်နိုင်
ဘူး။အဲဒီဒွါရ ၆ပါးမှဖြစ်ပေါ်တဲ့တရားသ
ဘောတွေကိုအောက်မေ့သိတဲ့သတိရှိခြင်း
သည်ကိုယ်တိုင်နဲ့အမှန်တွေကိုထိုးထွင်းစွာ
သိနိုင်တယ်။တရားသဘောတွေကိုထိုး
ထွင်းစွာသိတဲ့ပညာသည်အမြင်မှားတွေ
အားလုံးကိုငြိမ်းသတ်နိုင်တယ်။ကျွနုပ်တို့
တွေသိတဲ့အာရုံတွေသည်ကျွနုပ်တို့နေထိုင်
တဲ့လောကဖြစ်တယ်။မြင်တဲ့အချိန်မှာ
မျက်စိမှဖြစ်ပေါ်တဲ့လောကဖြစ်တယ်။
မျက်စိမှဖြစ်ပေါ်တဲ့လောကသည်မခိုင်မြဲ
ဘူး။ချက်ချင်းပျက်သွားရတယ်။ကြား
တဲ့အချိန်မှာလည်းနားမှဖြစ်ပေါ်တဲ့လော
ကဖြစ်ပြီးချက်ချင်းပဲပျက်သွားရပြန်
တယ်။ကျွနုပ်တို့သည်မျက်စိ၊နား၊နှာ၊
လျှာ၊ကိုယ်နှင့်စိတ်တွေမှဖြစ်ပေါ်တဲ့အ
ရာတွေနဲ့ငြိတွယ်ပြီးသာယာနေကြတယ်။
ဒါပေမယ့်အဲဒီတရားသဘောတွေသည်
မမြဲဘူး။ဒါကြောင့်မမြဲတဲ့ဘယ်အရာမဆို
အဲဒီအရာတွေကိုနင်၊ငါဖြစ်တယ်လို့မစွဲ
ထားသင့်ဘူး။
အဂ်ုတ္တလနိကယ်၊စတုတ္ထနိပါတ်ထဲမှာ
လောကရဲ့အစွန်းဆုံးအကြောင်းကိုဗုဒ္ဓ
မြတ်စွာဘုရားအားလျှောက်ထားတော်
မူတယ်။ မြင့်မြတ်သောအရှင်ဘုရာ!
ဘယ်နေရာမှာမဆိုမွေးတဲ့ပုဂ္ဂိုလ်တွေ
သည်မွေးခြင်းမရှိ၊အိုခြင်းမရှိ၊သေခြင်း
မရှိ၊စုတိကျခြင်းတွေမရှိပဲနဲ့ရှိနိုင်သလာ?
မြင့်မြတ်တဲ့အရှင်ဘုရား!သိဖို့အတွက်၊
မြင်ဖို့အတွက်နှင့်ခရီးဆက်ခြင်းဖြင့်ကမ္ဘာ
ရဲ့အစွန်းဆုံးကိုသိတဲ့သူဖြစ်ဖို့အတွက်သိ
မယ့်ပုဂ္ဂိုလ်တွေဖြစ်နိုင်လာ?လို့ပုဏ္ဏားက
မေးလျှောက်တယ်။ထိုအခါမြတ်စွာဘု
ရားက အရှင်ပုဏ္ဏား!မွေးခြင်း၊အိုခြင်း၊
သေခြင်း၊စုတိမရှိခြင်းနှင့်ဖြစ်ပေါ်ခြင်း
တွေမရှိတဲ့ဘယ်နေရာမဆိုအဲဒီနေရာကို
ကမ္ဘာရဲ့အစွန်းဆုံးဖြစ်တယ်လို့ငါဘုရား
မပြောဘူး။ဒါကြောင့်ခရီးဆက်ခြင်းဖြင့်
ထိုးထွင်းစွာနဲ့သိပြီးနားလည်သင့်တယ်။
အံအောလှပါတယ်အရှင်ဘုရား!ဒီစကား
မျိုးမကြားဖူးဘူး။ဆက်ပြီးဗုဒ္ဓမြတ်စွာဘု
ရားကဒီအဆုံးအမစကားကိုရှင်းလင်းစွာ
နဲ့ထပ်ပြီးဆိုဆုံးမသွာတယ်။အရှင်ပုဏ္ဏား!
ဖြစ်ပေါ်ခြင်းမရှိတဲ့ဘယ်နေရာမဆိုအဲဒီ
နေရာကိုကမ္ဘာရဲ့အစွန်းဆုံးဖြစ်တယ်လို့
ငါဘုရားမပြောဘူး။ဒါကြောင့်ခရီးဆက်
ခြင်းဖြင့်ထိုးထွင်းစွာနဲ့သိပြီးနားလည်သင့်
တယ်။မြင့်မြတ်တဲ့အရှင်ဘုရား!ကျွနုပ်
သည်ရှေးအခါကရသေ့တစ်ပါးဖြစ်ခဲ့
တယ်။ရောဟိတိဿသည်ဣဿရိယရဲ့
သားဖြစ်ပြီးဝေဟင်၌ပျံတက်နိုင်တဲ့တန်ခိုး
ရှိတယ်။ဒီလိုနဲ့ကျွနုပ်ရဲ့ခြေလှမ်းတွေသည်
အရှေ့ဘက်ပင်လယ်ပြင်မှမြစ်ဖျားခံပြီးအ
နောက်ဘက်ကမ်းပင်လယ်ပြင်သို့လှမ်း
တက်လာတယ်။ပြီးတော့ဆန္ဒတစ်ခုတည်း
နဲ့လာခဲ့တယ်။ဒါကြောင့်ကျွနုပ်တို့သည်
ခရီးသွားခြင်းဖြင့်ကမ္ဘာရဲ့အဆုံးသို့ရောက်
ရှိတယ်။
မြင့်မြတ်တဲ့အရှင်ဘုရား!ကျွနုပ်မှာအဲလို
ခြေလှမ်းခြင်းနဲ့အတူအရှိန်ရှိတယ်။ဒါ
ကြောင့်အစာစားခြင်း၊ဝါးခြင်းနှင့်အရသာ
ခံခြင်းတွေမှရှောင်ကျဉ်ရတယ်။ပြီးတော့
ဝမ်းသာခြင်းနှင့်အပေါ့အပါးသွားခြင်း
တွေမှရှောင်ကျဉ်ရတယ်။အိပ်ပျော်ခြင်း
ဖြင့်မောပန်းခြင်းကိုရပ်တန့်ပြီးရှောင်
ကျဉ်ရတယ်။ဒါကြောင့်အနှစ်တစ်ရာအ
ထိအသက်ရှင်ပြီးနေထိုင်ရတယ်။ပြီးတော့
အနှစ်တစ်ရာကျော်ခရီးနှင်ပြီးကမ္ဘာအဆုံး
ကိုမရောက်နိုင်သေးပေမယ့်အဲဒီကြားမှာ
ဒေါသပြေဖို့သူရောက်လာတယ်။အံဩစ
ရာပါပဲအရှင်ဘုရား!ဤစကားမျိုးတစ်ခါ
မှမရှိခဲ့ပါဘူး။ဒါကြောင့်မြတ်စွာဘုရား
ကသက်ကြီးရွယ်အိုဖြစ်တော်မူကြောင်းကို
ရှင်းလင်းစွာမိန့်တော်မူတယ်။မဖြစ်ဖူးတဲ့
နေရာဘယ်မှာရှိလဲ?ကမ္ဘာရဲ့အစွန်းဆုံးဖြစ်
တဲ့အဲဒီနေရာကိုပြောတာမဟုတ်ဘူး။ဒါ
ကြောင့်ခရီးသွားခြင်းဖြင့်အောင်မြင်ရ
မယ်။ဒါကိုသိပြီးနားလည်သင့်တယ်။
အချင်းတို!တကယ်လို့ကျွနုပ်တို့သည်
ကမ္ဘာရဲ့အဆုံးကိုရောက်တဲ့အထိမ
အောင်မြင်သေးသ၍တော့ဒုက္ခဆင်းရဲ
တွေရဲ့အစွန်းဆုံးလုပ်ရပ်တွေကိုမပြော
ဘူး။ဒါပေမယ့်ကျွနုပ်တို့သည်လောကလို့
ပညတ်ပြီးခေါ်ကြတယ်။ဒါကြောင့်လော
ကကိုဖြစ်ပေါ်စေတဲ့အကြောင်း၊လောက
ကိုချုပ်တဲ့အကြောင်းနှင့်လောကရဲ့ချုပ်
ခြင်းကိုရောက်စေတဲ့နည်းလမ်းတွေရှိကြ
တယ်။ဒီတစ်လှံသာရှိတဲ့ခန္ဓာကိုယ်သည်
သညာ(မှတ်သားခြင်း)တွေနှင့်စိတ်ရဲ့အုပ်
စိုးခြင်းတွေနဲ့ပေါင်းစပ်ထားတယ်။စစ်ပ
ဝေသဏီကတည်းကကမ္ဘာရဲ့အဆုံးကို
ဘယ်သူမှမရောက်ရှိကြသေးဘူး။ဒါ
ကြောင့်ခရီးအဆုံးကိုမရောက်နိုင်သေး
တဲ့အတွက်ကြောင့်ဒုက္ခဆင်းရဲတွေကနေ
မလွတ်မြောက်ရသေးခြင်းဖြစ်တယ်။
အဲဒီအကြောင်းကြောင့်ညာဏ်ပညာ
ကောင်းစွာရှိတဲ့သူတွေသည်လောက
အကြောင်းကိုရှင်းလင်းစွာသိပြီးကမ္ဘာ
ရဲ့အဆုံးတိုင်အောင်ဗြဟ္မာစရိယအဆုံး
ထိနေထိုင်ရတယ်။ဒါကြောင့်ကမ္ဘာရဲ့အ
ဆုံးကိုသိပြီးဆိုင်ငံ့ထားတဲ့သူဖြစ်တယ်။
ပြီးတော့ဤလောကနှင့်နောက်ကမ္ဘာကို
မမျော်လင့်ရခြင်းဖြစ်တယ်။ဗုဒ္ဓမြတ်စွာ
ဘုရားသည်လောကအကြောင်းကိုသင်
ပေးခဲ့တယ်။ပြီးတော့လောကရဲ့ချုပ်
ကြောင်းကိုရောက်စေတဲ့နည်းလမ်းက
တော့ဒုက္ခဆင်းရဲခြင်းကိုချုပ်ငြိမ်းခြင်း
ဖြစ်တယ်။ဒါကြောင့်လောကကိုထိုးထွင်း
စွာသိခြင်းဖြင့်ဒီအမှန်တွေကိုထိုးထွင်း
စွာသိနိုင်တဲ့နည်းလမ်းကတော့တစ်လှံ
သာရှိတဲ့ဒီခန္ဓာကိုယ်သည်သညာနှင့်စိတ်
ရဲ့အုပ်စိုခြင်းတွေပါဝင်ပြီးကိုယ်တိုင်သိတဲ့
သိခြင်းတွေဖြစ်တယ်။
#စမ်းသပ်မေးခွန်း#
၁။ကျွနုပ်တို့သည်မတူညီတဲ့ပတ်ဝန်းကျင်
မှာမွေးလာကြတယ်။တစ်ချို့ကမွေးက
တည်းကချမ်းသာပြီးတစ်ချို့ကဆင်းရဲ
တယ်။ဒီလိုကွာခြားရတဲ့အကြောင်းက
ဘာလဲ?
၂။လူတွေသည်ကွဲပြာစွပြုမူတတ်ကြ
တယ်။တစ်ချို့ကတွန့်တိုကြပြီးတစ်ချို့
ကစေတနာနှင့်ကူညီဖေးမခြင်းရှိကြ
တယ်။ဒီလိုကွာခြားရတဲ့အကြောင်းရင်း
ကဘာလဲ?
၃။စိတ်အပါးတိုင်းသည်ဖြစ်ပေါ်ပြီး
တော့ပျက်သွားတယ်။ဒါကြောင့်ကိလေ
သာတွေကိုဘယ်လိုနဲ့စုစောင်းနိုင်သလဲ?
အဲဒီအကြောင်းကြောင့်ညာဏ်ပညာ
ကောင်းစွာရှိတဲ့သူတွေသည်လောက
အကြောင်းကိုရှင်းလင်းစွာသိပြီးကမ္ဘာ
ရဲ့အဆုံးတိုင်အောင်ဗြဟ္မာစရိယအဆုံး
ထိနေထိုင်ရတယ်။ဒါကြောင့်ကမ္ဘာရဲ့အ
ဆုံးကိုသိပြီးဆိုင်ငံ့ထားတဲ့သူဖြစ်တယ်။
ပြီးတော့ဤလောကနှင့်နောက်ကမ္ဘာကို
မမျော်လင့်ရခြင်းဖြစ်တယ်။ဗုဒ္ဓမြတ်စွာ
ဘုရားသည်လောကအကြောင်းကိုသင်
ပေးခဲ့တယ်။ပြီးတော့လောကရဲ့ချုပ်
ကြောင်းကိုရောက်စေတဲ့နည်းလမ်းက
တော့ဒုက္ခဆင်းရဲခြင်းကိုချုပ်ငြိမ်းခြင်း
ဖြစ်တယ်။ဒါကြောင့်လောကကိုထိုးထွင်း
စွာသိခြင်းဖြင့်ဒီအမှန်တွေကိုထိုးထွင်း
စွာသိနိုင်တဲ့နည်းလမ်းကတော့တစ်လှံ
သာရှိတဲ့ဒီခန္ဓာကိုယ်သည်သညာနှင့်စိတ်
ရဲ့အုပ်စိုခြင်းတွေပါဝင်ပြီးကိုယ်တိုင်သိတဲ့
သိခြင်းတွေဖြစ်တယ်။
#စမ်းသပ်မေးခွန်း#
၁။ကျွနုပ်တို့သည်မတူညီတဲ့ပတ်ဝန်းကျင်
မှာမွေးလာကြတယ်။တစ်ချို့ကမွေးက
တည်းကချမ်းသာပြီးတစ်ချို့ကဆင်းရဲ
တယ်။ဒီလိုကွာခြားရတဲ့အကြောင်းက
ဘာလဲ?
၂။လူတွေသည်ကွဲပြာစွပြုမူတတ်ကြ
တယ်။တစ်ချို့ကတွန့်တိုကြပြီးတစ်ချို့
ကစေတနာနှင့်ကူညီဖေးမခြင်းရှိကြ
တယ်။ဒီလိုကွာခြားရတဲ့အကြောင်းရင်း
ကဘာလဲ?
၃။စိတ်အပါးတိုင်းသည်ဖြစ်ပေါ်ပြီး
တော့ပျက်သွားတယ်။ဒါကြောင့်ကိလေ
သာတွေကိုဘယ်လိုနဲ့စုစောင်းနိုင်သလဲ?
#လောဘရဲ့လက္ခဏာ#
စိတ်အမျိုးအစားတွေများစွာရှိပြီးဘာ
တွေလဲဆိုတော့ ၁။အကုသိုလ်စိတ်(မ
ကောင်းတဲ့အကြောင်းဖြစ်တဲ့စိတ်)၂။ကု
သိုလ်စိတ်(ကောင်းမြတ်တဲ့အကြောင်း
ဖြစ်တဲ့စိတ်)၃။ဝိပါက်စိတ်(အကျိုးဖြစ်
တဲ့စိတ်)နှင့် ၄။ကိရိယာစိတ်(အကျိုးနှင့်
အကြောင်းမဖြစ်တဲ့စိတ်)တို့ရှိကြတယ်။
ဒီစိတ်အမျိုးမျိုးတွေသည်နေ့စဉ်နဲ့အမျှ
ဖြစ်ပေါ်ကြတယ်။ဒါပေမယ့်ဒီစိတ်ရဲ့အ
ကြောင်းတွေကိုသိမ့်မသိရဘူး။စိတ်သည်
အများအားဖြင့်အကုသိုလ်(သို့)ကုသိုလ်
( သို့)ဝိပါက်(သို့)ကိရိယာတွေဖြစ်တယ်ဆို
တာကျွနုပ်တို့တွေမသိရဘူး။တကယ်လို့
ကျွနုပ်တို့သည်စိတ်ရဲ့သဘောတွေကိုဝေ
ဖန်သုံးသပ်ကြည့်ရင်ကိုယ်နှင့်တစ်ပါးသူ
တွေကိုပိုပြီးနားလည်လာတယ်။ပြီးတော့တစ်ပါးသူတွေအပေါ်မှာပိုပြီးမေတ္တာ၊ဂရု
ဏာတွေရှိလာတယ်။အဲဒီလူတွေကမသင့်
တော်တဲ့လုပ်ရပ်တွေပြုလုပ်ရင်တစ်ပါးသူ
ရဲ့အကုသိုလ်စိတ်ကိုကျွနုပ်တို့တွေမ
ကြိုက်ကြဘူး။ဒါကြောင့်တစ်ပါးသူတွေ
တွန့်တိုတဲ့အခါ(သို့)ကြမ်းတမ်းတဲ့စကား
တွေကိုပြောဆိုတဲ့အခါမှာကျွန်ုပ်တို့တွေ
မကြိုက်ကြဘူး။ဒါပေမယ့်ကျွနုပ်တို့သည်
အကုသိုလ်စိတ်တွေဘယ်အချိန်မှာဖြစ်
ပေါ်သလဲဆိုတာသိကြရဲ့လာ?ကျွနုပ်တို့
သည်တစ်ပါးသူရဲ့ကြမ်းတမ်းတဲ့စကားကို
မကြိုက်တဲ့အချိန်မှာအဲဒီအချိန်သည်ဒေါ
သည်ကိုယ်တိုင်ဖြစ်ပေါ်နေတယ်။
အဲဒီအချိန်မှာဒေါသနဲ့ပေါင်းစပ်တဲ့အကု
သိုလ်စိတ်တွေရှိတယ်။ဒါကြောင့်တစ်ပါး
သူတွေရဲ့အကုသိုလ်စိတ်တွေကိုစိတ်ဝင်
စားမယ့်အစားကိုယ့်ရဲ့အကုသိုလ်စိတ်
ကိုအောက်မေ့သိသင့်တယ်။တရားသ
ဘောတွေကိုအသေးစိတ်နဲ့ရှင်းပြသွား
တဲ့အဘိဓမ္မာတရားတော်တွေကိုမလေ့
လာမသင်ကြားရတဲ့သူတွေသည်ဘယ်
တာကအကုသိုလ်ဖြစ်တယ်ဆိုတာမသိ
နိုင်ဘူး။ပြီးတော့အကုသိုလ်သည်ကု
သိုလ်ဖြစ်တယ်လို့ထင်ကြတယ်။ဒါ
ကြောင့်မသိမှုတွေနဲ့အကုသိုလ်တွေကို
စုစောင်းကြခြင်းဖြစ်တယ်။တကယ်လို့
ကျွနုပ်တို့သည်စိတ်ကိုလေ့လာသင်ကြား
ပြီးစိတ်အမျိုးအစားအမျိုးမျိုးတွေကို
ပိုပြီးနားလည်လာရင်ဘယ်စိတ်အမျိုးအ
စားကပိုပြီးဖြစ်များလဲဆိုတာကိုယ်တိုင်နဲ့
သိနိုင်တယ်။ပြီးတော့ကျွနုပ်တို့ကိုယ်ကို
ပိုပြီးကောင်းစွာနဲ့သိလာနိုင်တယ်။ကျွနုပ်
တို့တွေသည်အကုသိုလ်တရားနှင့်ကုသိုလ်
တရားတွေရဲ့ကွာခြားခြင်းတွေကိုသိသင့်
တယ်။အတ္ထစာလိဏီ၊စိတ္တုပါထကထဲမှာ
“ကုသိုလ်”ဆိုတဲ့စကားလုံးကိုရှင်းပြသွား
တယ်။ကုသိုလ်သည်အဓိပ္ပါယ်အမျိုးမျိုး
ရှိကြတယ်။ဘာတွေလဲဆိုတော့ရောဂါမရှိ
ခြင်း၊အပြစ်မရှိခြင်း၊လိမ္မာခြင်းတွေမှာ
ဖြစ်ပေါ်ခြင်နှင့်သုခဖြစ်တဲ့နှစ်လိုဖွယ်
ကောင်းတဲ့အကျိုးတွေရှိခြင်းတို့ဖြစ်ကြ
တယ်။အဲဒီဒါနပေးကမ်းစွန့်ကျဲတဲ့အချိန်၊
သီလဆောက်ထိန်းတဲ့အချိန်နှင့်ဘာဝနာ
တွေပွါးများတဲ့အချိန်တွေမှာစိတ်သည်
ကုသိုလ်စိတ်ဖြစ်တယ်။ကုသိုလ်တွေအ
မျိုးမျိုးရှိပြီးဘာတွေလဲဆိုတော့တစ်ပါး
သူတွေရဲ့ကုသိုလ်တွေကိုဝမ်းမြောက်ဝမ်း
သာသာဓုခေါ်ခြင်း၊တစ်ပါးသူတွေကိုကူ
ညီခြင်း၊တစ်ပါးသူတွေနဲ့နှု့ညံ့သိမ်မွေ့
ခြင်းနှင့်အရိုအသေပြုခြင်း၊သီလဆောက်
ထိန်းခြင်း၊တရားတွေကိုလေ့လာသင်ကြား
ခြင်းနှင့်ဆွေးနွေးမေးမြန်းခြင်း၊သမထ(
ငြိမ်းသက်ခြင်း)ကိုပွါးများခြင်းနှင့်ဝိပဿ
နာတွေကိုပွါးများခြင်းတို့သည်ဒါန၊သီလ
နှင့်ဘာဝနာတွေထဲမှာပါဝင်တယ်။ကုသိုလ်
တွေသည်နှစ်လိုဖွယ်ကောင်းတဲ့အကျိုး(ဝိ
ပါက်)တွေရှိတယ်။ဒါကြောင့်ကုသိုလ်ကံ
အားလုံးတွေသည်နှစ်လိုဖွယ်ကောင်းတဲ့
အကျိုးဆက်တွေပေးတယ်။
အတ္ထစာလိနီ၊စိတ္တုပါထကထဲမှာအကု
သိုလ်တရားအကြောင်းတွေကိုရှင်းပြ
သွားတယ်။အကုသိုလ်ဆိုတာကကုသိုလ်
မဟုတ်ဘူး။ဉပမာ-မိတ်ဆွေမဟုတ်တဲ့ရန်
သူနဲ့တူတယ်။(သို့)လောဘနဲ့ဆန့်ကျင်
ဘက်ဖြစ်တဲ့မငြိတွယ်တဲ့သဘောတွေရှိ
တယ်။ဒါကြောင့် အကုသိုလ်သည် ကု
သိုလ်နဲ့ဆန့်ကျင်ဘက်ဖြစ်တယ်။အကု
သိုလ်ကံသည်ဒုက္ခဖြစ်တဲ့အကျိုးတွေကို
ပေးတယ်။ဒုက္ခဖြစ်တဲ့အကျိုးတွေသည်
ဘယ်သူမှမလိုလာဘူး။ဒါပေမယ့်များ
သောအားဖြင့်လူတွေသည်အကုသိုလ်ကံ
ရဲ့အကြောင်းတွေကိုမသိကြဘူး။အကု
သိုလ်ကံသည်ဒုက္ခဖြစ်တဲ့အကျိုးကိုဖြစ်
ပေါ်စေတဲ့အကြောင်းဖြစ်တယ်။ဒါကြောင့်
ဘယ်အချိန်တွေမှာအကုသိုလ်ဖြစ်တယ်
ဆိုတာမသိကြဘူး။ပြီးတော့အကုသိုလ်ကံ
ကိုပြုလုပ်တဲ့အချိန်မှာလည်းထို့နည်းတူပဲ
မသိကြဘူး။အဘိဓမ္မာတရားတော်တွေ
ကိုလေ့လာသင်ကြားတဲ့အခါမှာအကု
သိုလ်စိတ်တွေအမျိုးအစား၃မျိုးရှိတယ်
ဆိုတာသိရတယ်။ဘာတွေလဲဆိုတော့
၁။လောဘမူလစိတ်သည်လောဘရှိတဲ့
စိတ်ဖြစ်ပြီးမူလအကြောင်းရင်းဖြစ်တယ်။
၂။ဒေါသမူလစိတ်သည်ဒေါသရှိတဲ့စိတ်
ဖြစ်ပြီးမူလအကြောင်းရင်းဖြစ်တယ်။၃။
မောဟမူလစိတ်သည်မောဟရှိတဲ့စိတ်ဖြစ်
ပြီးမူလအကြောင်းရင်းဖြစ်တယ်။
မောဟ(မသိမှု)သည်အကုသိုလ်စိတ်အပါး
တိုင်းနဲ့ဖြစ်ပေါ်တယ်။အမှန်တကယ်တမ်း
ကျတော့လောဘမူလစိတ်သည်အ
ကြောင်းနှစ်မျိုးရှိပြီးမောဟအကြောင်း
နှင့်လောဘအကြောင်းတို့ဖြစ်ကြတယ်။
ဒါပေမယ့်အဲဒီလောဘမူလစိတ်လို့ခေါ်ရ
တဲ့အကြောင်းသည်အဲဒီအကုသိုလ်စိတ်
အပါးတိုင်းနဲ့အတူဖြစ်ပေါ်တဲ့မောဟတစ်
မျိုးသာရှိတာမဟုတ်ဘူး။ဒါကြောင့်
နောက်ထပ်လောဘလည်းရှိသေးတယ်။
အကြောင်းဖြစ်တဲ့လောဘအရလောဘမူ
လစိတ်လို့ခေါ်ရခြင်းဖြစ်တယ်။ဒေါသမူ
လစိတ်လည်းအကြောင်း၂မျိုးရှိပြီးမော
ဟအကြောင်းနှင့်ဒေါသအကြောင်းတို့
ဖြစ်ကြတယ်။ဒေါသအကြောင်းရှိတဲ့အ
တွက်ကြောင့်ဒေါသမူလစိတ်လို့ခေါ်ရ
ခြင်းဖြစ်တယ်။အဲဒီအကုသိုလ်စိတ်အ
မျိုးအစားသုံးမျိုးထဲမှာအမျိုးအစား
တစ်မျိုးစီတွေသည်အပါးတွေများစွာ
ရှိကြတယ်။ဘာကြောင့်လဲဆိုတော့စိတ်
အမျိုးအစားတွေများစွာကွာခြားကြတဲ့
အတွက်ကြောင့်ဖြစ်တယ်။အဲဒီလောဘ
မူလစိတ်သည်၈ပါးအဖြစ်နဲ့ကွာခြားကြ
တယ်။လောဘရဲ့လက္ခဏသဘောတွေ
ကိုပိုပြီးသိလာတဲ့အခါနှင့်လောဘဖြစ်
ပေါ်တဲ့အချိန်တွေကိုသိတဲ့အခါမှာလော
ဘမူလစိတ်ရဲ့လက္ခဏတွေကွခြားခြင်း
တွေရှိတယ်။လောဘသည်ပရမတ္ထတရား
ဖြစ်ပြီးစေတသိက်ဖြစ်တယ်။စေတသိက်
သည်စိတ်နဲ့အတူဖြစ်ပေါ်တဲ့တရားအမျိုး
အစားတစ်မျိုးဖြစ်တယ်။လောဘသည်
တကယ်ရှိပြီးသက်သေပြနိုင်တယ်။လော
ဘသည် အစွဲ(သို့)ငြိတွယ်တဲ့လက္ခဏသ
ဘောတွေရှိတယ်။
ဝိသုတ္တိမဂ်၊ခန္ဓနိထေ့မှာအချက်အလက်
တွေရှိတယ်။လောဘသည်အာရုံတွေကို
ငြိတွယ်ခြင်းရှိပြီးမျောက်နောက်ကိုလိုက်
တဲ့လက္ခဏသဘောတွေဖြစ်တယ်။ပြီး
တော့အရသာကိုငြိတွယ်ခြင်းရှိပြီးပူနေတဲ့
ကြွေပြားပေါ်မှာပစ်ထားတဲ့အသားတုံးနဲ့
တူတယ်။ဖြစ်ပေါ်လာတဲ့ပစ္စည်းတွေကိုမ
စွန့်လွတ်နိုင်တဲ့သဘောတွေရှိတယ်။ဒါ
ကြောင့်မြစ်ပင်လယ်အဖြစ်နဲ့လောဘတွေ
တိုးပွါးခြင်းရှိတဲ့အခါမှာတဏှာသည်အ
ပါယ်ကိုသာရောက်စေတယ်။မြစ်ရေစီး
ချောင်းတွေပြင်းထန်စွာနဲ့တိုက်စားပြီးပင်
လယ်သမုဒ္ဒရာထိကိုရောက်စေတာနဲ့တူ
တယ်။လောဘသည်တစ်ခါတလေမှာ
“လိုချင်တယ်၊ရချင်တယ်”လို့အဓိပ္ပါယ်
ရတယ်။လောဘသည်အဓိပ္ပါယ်တွေအ
မျိုးမျိုးရှိကြတယ်။လောဘသည်အ
ကြမ်းလောဘ၊အလယ်လောဘနှင့်အ
သေးစိတ်တဲ့လောဘဆိုပြီးအဆင့်ဆင့်ရှိ
ကြတယ်။များသောအားဖြင့်လူတွေသည်
လောဘပြင်းထန်စွာရှိတဲ့အခါမှသာလော
ဘရှိတယ်လို့ထင်ကြတယ်။ဒါပေမယ့်
လောဘမပြင်းထန်တဲ့အခါမှာလောဘရှိမှန်းကိုမသိကြဘူး။ဉပမာ-အရက်(သို့)
ဆေးလိပ်သောက်ချင်တဲ့အချိန်နှင့်အရမ်း
ကောင်းတဲ့အစားအစာ(ဟင်း)တွေကိုစား
ချင်တဲ့အခါမှသာလောဘဖြစ်တယ်လို့ထင်
ကြတယ်။ကျွနုပ်တို့သည်လူ၊ပုဂ္ဂိုလ်တွေ
ပေါ်မှာငြိတွယ်ခြင်းရှိပြီးစွဲထားကြတယ်။
ဒါကြောင့်ဒုက္ခတွေဖြစ်ကြတယ်။
လောဘအကြောင်းတွေဖြစ်ပေါ်ခြင်းရှိတဲ့
အချိန်မှာလောဘတွေဖြစ်ပေါ်ရတယ်။ဒါ
ကြောင့်ဘယ်သူတစ်ဉီတစ်ယောက်ရဲ့အာ
ဏာနဲ့မှထိန်းချုပ်လို့မရဘူး။ဗုဒ္ဓမြတ်စွာဘု
ရားသည်လောဘရဲ့အကြောင်းကိုဆိုဆုံးမ
သွားတယ်။ပြီးတော့လောဘကိုစွန့်လွတ်
နိုင်မယ့်နည်းလမ်းနှင့်လောဘရဲ့အပြစ်
တွေကိုညွှန်ပြသွားတယ်။သုတ္တန်တွေထဲ
မှာအဲဒီဒွါရ ၆ပါးမှသိနိုင်တဲ့ကောင်းတဲ့
အာရုံတွေကို“ကာမဂုဏ်၅ပါး”လို့ခေါ်
တယ်။မစ္စိမဂ်နိကယ်၊မဟာဒုက္ခခန္ဓာ
သုတ်ထဲမှာအချက်အလက်တွေရှိတယ်။
တစ်ချိန်တုန်းကဗုဒ္ဓမြတ်စွာဘုရားသည်
သာဝတ္ထိပြည်ဇေတဝန်ကျောင်းမှာသီ
တင်းသုံးနေထိုင်တော်မူပြီးရဟန်းတွေ
ကိုဆိုဆုံးမသွားတော်မူတယ်။ရဟန်းတို့
အားလုံးနားထောင်ကြ!ကာမအားလုံးရဲ့
ဂုဏ်တွေကတော့ဘာတွေဖြစ်မလဲ?
ကာမဂုဏ် ၅ပါးရှိပြီးဘာတွေလဲဆိုတော့
မျက်စိနဲ့အတူထိုးထွင်းစွာသိနိုင်တဲ့ရုပ်ဖြစ်
ပြီးနှစ်လိုဖွယ်ကောင်းခြင်း၊သာယာခြင်း
နှင့်နှစ်သက်ခြင်းတွေသည်ကာမနဲ့ပေါင်း
စပ်ထားတယ်။ဒါကြောင့်ကာမဂုဏ်တွေရဲ့
တည်ရာဖြစ်တယ်။နားနဲ့ထိုးထွင်းစွာသိနိုင်
တဲ့အသံ၊နှခေါင်းနဲ့အတူထိုးထွင်းစွာသိနိုင်
တဲ့အနံ့၊လျှာနဲ့သိနိုင်တဲ့အရသာ၊ကိုယ်နဲ့သိ
နိုင်တဲ့အထိအတွေ့တွေသည်နှစ်လိုဖွယ်
ကောင်းခြင်း၊သာယာခြင်းနှင်ကြိုက်နှစ်
သက်ခြင်းစသည်တို့သည်ကာမနဲ့ပေါင်း
စပ်ထားတယ်။ရဟန်းတို့အားလုံးနား
ထောင်ကြ!ဒီကာမဂုဏ် ၅ပါးမှာချမ်းသာ
ခြင်းသည်ဘယ်သောမနဿတွေမဆိုဒီ
ကာမဂုဏ်၅ပါးကိုမှီခိုပြီးဖြစ်ပေါ်တယ်။
ဒါတွေသည်ကာမအားလုံးတွေရဲ့ဂုဏ်
တွေဖြစ်တယ်။ကာမဂုဏ် ၅ပါးထဲမှာ
ပျော်ရွှင်သာယာခြင်းသည်ချမ်းသာခြင်းအမှန်တွေမဟုတ်ဘူး။ဗုဒ္ဓမြတ်စွာဘုရားရဲ့
အဆုံးအမတရားတော်တွေကိုမလေ့လာမ
သင်ကြားရတဲ့သူတွေသည်ငြိတွယ်ပြီးစွဲ
လန်းခြင်းတွေကိုကုသိုလ်လို့ထင်ကြတယ်
။အထူးသဖြင့်အဲဒီငြိတွယ်ပြီးစွဲလန်းခြင်း
တွေသည်သောမနဿနဲ့ဖြစ်ပေါ်တဲ့အခါ
မှာကွာခြားတဲ့တရားသဘောတွေဖြစ်ပေါ်
တရားသဘောတွေဖြစ်ပေါ်တယ်။ဒါ
ကြောင့်မေတ္တာနှင့်ငြိတွယ်ခြင်းရဲ့ကွာခြား
ခြင်းတွေကိုမသိကြဘူး။ဒါပေမယ့်သော
မနဿနဲ့ဖြစ်ပေါ်လို့ရတယ်။အဲဒီသောမန
ဿနဲ့ဖြစ်ပေါ်တဲ့စိတ်သည်ကုသိုလ်စိတ်ပဲ
ဖြစ်ရမယ်ဆိုတာမဟုတ်ရဘူး။
ကုသိုလ်စိတ်နှင့်အကုသိုလ်စိတ်ရဲ့အ
ကြောင်းတွေကိုပိုပြီးနားလည်လာတဲ့
အခါနှင့်ဒီစိတ်အမျိုးအစား ၂မျိုးရဲ့
ကွာခြားတဲ့လက္ခဏတွေကိုသတိထား
တဲ့အခါမှာလောဘမူလစိတ်နဲ့အတူဖြစ်
ပေါ်တဲ့သောမနဿသည်ကုသိုလ်စိတ်
နဲ့အတူဖြစ်ပေါ်တဲ့သောမနဿနဲ့ကွာခြား
တယ်ဆိုတာသိမြင်နိုင်တယ်။ခံစားခြင်း
(ဝေဒနါ)သည်စိတ်အပါးတိုင်းနဲ့ဖြစ်ပေါ်
တဲ့စေတသိက်တစ်ပါးဖြစ်တယ်။စိတ်
သည်အကုသိုလ်ဖြစ်တဲ့အခါမှာဝေဒနါ
လည်းအကုသိုလ်ဖြစ်တယ်။ပြီးတော့စိတ်
သည်ကုသိုလ်ဖြစ်တဲ့အခါမှာဝေဒနါလည်း
ကုသိုလ်ဖြစ်တယ်။လှပတဲ့ရုပ်ကိုမြင်ပြီး
ကြိုက်နှစ်သက်တဲ့အခါ(သို့)ကောင်းတဲ့အ
သံကိုကြားတဲ့အခါမှာဖြစ်ပေါ်တဲ့သောမန
ဿဝေဒနါရဲ့ကွာခြားတဲ့လက္ခဏတွေကို
ကျွနုပ်တို့တွေသိနိုင်တယ်။ပြီးတော့ပေး
ကမ်းစွန့်ကျဲတဲ့အခါမှာလည်းသောမနဿ
ဝေဒနါတွေဖြစ်ပေါ်တယ်။လောဘသည်
ဒုက္ခကိုဖြစ်ပေါ်စေတဲ့အကြောင်းရင်းဖြစ်
တယ်လို့ဗုဒ္ဓမြတ်စွာဘုရားကဆိုဆုံးမသွား
တယ်။ကျွနုပ်တို့တွေသည်ချစ်ခင်နှစ်သက်
တဲ့သူတွေနဲ့ခွဲခွါရတဲ့အခါ(သို့)ကြိုက်နှစ်
သက်တဲ့အရာပစ္စည်းတွေကိုဆုံးရုံးရတဲ့
အခါမှာဒုက္ခဆင်းရဲတွေဖြစ်ကြတယ်။တ
ကယ်လို့ကျွနုပ်တို့တွေသည်သာယာတဲ့ဘ
ဝတွေကိုငြိတွယ်မယ်ဆိုရင်ခက်ခဲတဲ့ဒုက္ခ
တွေနဲ့ကြုံတွေ့ရတဲ့အခါ(သို့)မျှော်လင့်
ထားသလိုမဖြစ်တဲ့အခါမှာပူပြင်သောက
တွေဖြစ်ကြတယ်။မစ္စိမနိကယ်၊မဟာဒုက္ခ
ခန္ဓာသုတ္တန်ထဲမှာကာမဂုဏ် ၅ပါးရဲ့အပြစ်
ရှိတဲ့အကြောင်းတွေကိုဗုဒ္ဓမြတ်စွာဘုရား
ကရဟန်းတွေကိုဆိုဆုံးမသွားတယ်။
ရဟန်းတို့အားလုံးနားထောင်ကြ!ကာမ
အားလုံးရဲ့အပြစ်တွေကဘာတွေဖြစ်
သလဲ?ဒီလောကထဲကလူတွေသည်လုံး
လဝိရိယနှင့်အသက်ရှင်နေထိုင်ကြတယ်။
ဘယ်အတတ်ပညာတွေမဆိုအအေးဒဏ်၊
အပူဒဏ်တွေနဲ့ရင်ဆိုင်ရတယ်။ပြီးတော့
ခြင်၊လေ၊နေ၊မိုးနှင့်တွားသွားတဲ့သတ္တဝါ
တွေနဲ့ထိတွေ့ရပြီးဆာလောင်ခြင်းနဲ့သေ
ဆုံးကြရတယ်။ဒါကြောင့်ဗုဒ္ဓမြတ်စွာဘု
ရားကဒါတွေသည်ကာမဂုဏ်အားလုံးရဲ့
အပြစ်တွေဖြစ်တယ်။ပြီးတော့တကယ်လို့
အဲဒီလူတွေသည်လုံးလဝိရိယတွေရှိခဲ့ရင်ဒီ
လိုနဲ့ဆက်ပြီးကြိုးစားနေရတယ်။ဒါ
ကြောင့်အဲဒီလောဘတွေသည်အကျိုးတွေ
မဖြစ်မြောက်ဘူး။ပြီးတော့ဝမ်းနည်းခြင်း၊
ပူပင်သောကဖြစ်ခြင်း၊ရင်ထုပြီးငိုကြွေး
ခြင်းနှင့်ကိုယ့်ရဲ့ကြိုးစားအားထုတ်ခြင်း
တွေသည်အကျိုးမရှိပဲအချည်းနှီးသာဖြစ်
တယ်။ဒါကြောင့်ဒီအရာတွေအားလုံးသည်
ကာမဂုဏ်အားလုံးရဲ့အပြစ်ဒဏ်တွေဖြစ်
တယ်။ပြီးတော့ကာမဂုဏ်အားလုံးရဲ့အ
ကြောင်းတွေကြောင့်သာဖြစ်ပေါ်ရတယ်
လို့မြတ်စွာဘုရားကဟောပြောသွားတယ်
။နောက်ထပ်တစ်မျိုးကတော့ကာမဂုဏ်
ကိုအကြောင်းပြု၍ဘုရင်တို့အားလုံးသည်
ဘုရင်အချင်းချင်းတွေနဲ့ရန်ဖြစ်ကြတယ်။
မင်းကြီးတွေလည်းမင်းကြီးတွေနဲ့ရန်ဖြစ်
ကြတယ်။ပုဏ္ဏားတို့သည်လည်းအချင်း
ချင်းရန်ဖြစ်ကြတယ်။အရပ်သာတို့လည်း
အချင်းချင်းရန်ဖြစ်ကြတယ်။မိခင်တွေ
လည်းသားသမီးတွေနဲ့ရန်ဖြစ်ကြတယ်။သားသမီးတွေလည်းဖခင်နဲ့ရန်ဖြစ်ကြ
တယ်။ညီအကိုမောင်နှမတွေလည်းအ
ချင်းချင်းရန်ဖြစ်ကြတယ်။မိတ်ဆွေတွေ
လည်းအချင်းချင်းရန်ဖြစ်ကြတယ်။အဲဒီ
လူတွေအားလုံးသည်အချင်းချင်းရန်ဖြစ်
ကြတယ်။လုယက်ကြတယ်။အဲဒီထဲမှာအ
ပြန်အလှန်တိုက်ခိုက်ကြတယ်။လက်၊ခဲလုံး
၊ဒုတ်ပိုင်း၊လက်နက်တွေနှင့်အဲဒီနေရာတွေမှာဒုက္ခဆင်းရဲတွေဖြစ်ပြီးသေဆုံးကြ
တယ်။ရဟန်းတို့အားလုံးနားထောင်ကြ!
ဒါတွေအားလုံးသည်ကာမဂုဏ်အားလုံး
တွေရဲ့အပြစ်တွေဖြစ်တယ်။ကာမအား
လုံးရဲ့အကြောင်းတွေကြောင့်သာဖြစ်ပေါ်
ရတယ်။
ဆက်လက်ပြီးကာမဂုဏ် ၅ပါးရဲ့အပြစ်
တွေကိုရှင်းပြသွားတယ်။ပြီးတော့အနာ
ဂတ်မှာဖြစ်ပေါ်တဲ့အကျိုးအပြစ်တွေရှိ
တယ်။ဒါကြောင့်ဗုဒ္ဓမြတ်စွာဘုရားက
ရုပ်ရဲ့အကျိုးနှင့်အပြစ်တွေကိုဆိုဆုံးမ
သွားတယ်။ရဟန်းတို့အားလုံးနား
ထောင်ကြ!ရုပ်အားလုံးရဲ့အကျိုးတွေ
ကဘာတွေဖြစ်သလဲ?အမျိုးသမီးများ
သည်ဘုရင်အမျိုးအနွယ်၊ဗြဟ္မာအမျိုး
အနွယ်နှင့်အိမ်ရှင်အမျိုးအနွယ်တို့နဲ့တူ
ပြီးအသက် ၁၅(သို့)၁၆နှစ်မှာသတ်မှတ်
ထားတယ်။ဒါကြောင့်အရပ်မမြင့်၊မနိမ့်၊
မပိန်၊မဝ၊မမဲ၊မဖြူလွန်းတို့ရှိကြတယ်။
ရဟန်းတို့အားလုံးနားထောင်ကြ!အဲဒီ
ခေတ်ကာလကထိုအမျိုးသမီးများသည်
အလွန်လှပပြီးတောက်ပနေခဲ့တယ်ဆို
တာဟုတ်လာ(သို့)မဟုတ်ဘူလာ?မှန်ပါ
တယ်အရှင်ဘုရား!ရဟန်းတို့အားလုံး
နားထောင်ကြ!ဘယ်ပျော်ရွှင်မှုသော
မနဿတွေမဆိုလှပပြီးတောက်ပခြင်း
တွေကိုမှီခိုတဲ့အတွက်ကြောင့်ဖြစ်ပေါ်ရ
တယ်။ဒါတွေသည်ရုပ်တွေအားလုံးရဲ့အ
ကျိုးဖြစ်တယ်။ရဟန်းတို့!ရုပ်အားလုံးရဲ့
အပြစ်တွေကဘာတွေဖြစ်သလဲ?ဒီလော
ကထဲမှာအဲဒီအမျိုးသမီးလိုမျိုးလူတွေမြင်
ဖူးကြလိမ့်မယ်။ဒီခေတ်ကာလအနေနဲ့၈၀၊
၉၀(သို့)၁၀၀အသက်ရှိတဲ့အခါမှာအဘွား
အိုကြီးဖြစ်တယ်။ဒါကြောင့်ခါးကုန်းပြီး
တောင်ဝှေ့နဲ့တုန်လှုပ်ကာလမ်းလျှောက်
သွားရပြီးရှည်လျှာတဲ့အရွယ်တွေဖြတ်
သန်းလာခဲ့ရတယ်။ပြီးတော့သွားကြိုး
ခြင်း၊ဆံပင်ဖြူခြင်း၊ထိပ်ပြောင်ခြင်း၊
အသားအရည်တွန့်ခြင်း၊ခြောက်သွေ့
ခြင်းနှင့်တင်းတိမ်များရှိလာကြတယ်။
ရဟန်းတို့အားလုံးနားထောငကြ!နောက်
တစ်မျိုးကတော့အလောင်းကောင်ဖြစ်
တဲ့အဲဒီအမျိုးသမီးကိုမြင်ကြလိမ့်မယ်။
၁ရက်၊၂ရက် ၃ရက်သေသွားတဲ့အခါ
သုတ္တန်မှာပစ်ထားခြင်းခံရတယ်။ပြီးတော့
ဖောင်းပွခြင်းနှင်ပုပ်သိုးလာကာအရောင်
တွေပြောင်းလဲလာပြီးအလောင်ကောင်
ဖြစ်လာတယ်။ဒါကြောင့်အဲဒီအချက်အ
လက်တွေကိုဘယ်လိုနဲ့နားလည်ကြသလဲ?
အရင်ကရှိခဲ့တဲ့လှပခြင်း၊တောက်ပခြင်း
တွေသည်ပျောက်ကုန်သွားတယ်။ဒါ
ကြောင့်အပြစ်တွေပေါ်ပေါက်လာပြီးမ
ဟုတ်လာ?မှန်ပါတယ်အရှင်ဘုရား!
ဒါကြောင့်ဒီအချက်အလက်တွေလည်း
ရုပ်အားလုံးတွေရဲ့အပြစ်တွေဖြစ်တယ်။
ဗုဒ္ဓမြတ်စွာဘုရာသည်ရုပ်တွေအားလုံးရဲ့
အချက်အလက်တွေကိုရဟန်းတွေနဲ့ဆိုဆုံး
မသွားတယ်။ကျွနုပ်တို့အတွက်ဆိုရင်
သစ္စာ(အမှန်)တရားတွေသည်ပြင်းထန်း
ရင်လည်းပြင်းထန်မယ်။ဒါကြောင့်မွေး
ခြင်း၊အိုခြင်း၊နာခြင်းနှင့်သေခြင်းစတဲ့
အမှန်အတိုင်းရှိတဲ့ဘဝရဲ့သဘောသဘာ
ဝတွေကိုလက်ခံနိုင်ဖို့ခက်ခဲကြတယ်။ပြီး
တော့ကိုယ့်ရဲ့ခန္ဓာကိုယ်(သို့)ကိုယ်ချစ်ရ
တဲ့သူတွေရဲ့ခန္ဓာကိုယ်တွေသည်အ
လောင်းကောင်နဲ့တူတယ်ဆိုတာစဉ်းစား
ကြည့်ယုံနဲ့လက်မခံနိုင်ဘူး။ကျွနုပ်တို့တွေ
သည်မွေးခြင်းရဲ့အကြောင်းတွေကိုလက်
ခံနိုင်ကြတယ်။ဒါပေမယ့်မွေးခြင်းရဲ့
နောက်ပိုင်းမှာဖြစ်ပေါ်တဲ့အို၊နာ၊သေခြင်း
စတဲ့သဘောတရားတွေကိုတော့သိမ့်ပြီး
လက်မခံချင်ကြဘူး။ကျွနုပ်တို့တွေသည်
သင်ခါရတရားအားလုံးရဲ့မမြဲတဲ့သဘော
တွေကိုမသိ/မမြင်ချင်ကြဘူး။ခန္ဓာကိုယ်
ကိုအလှပြင်ပြီးမှန်ကြည့်တဲ့အခါမှာကိုယ့်
ရဲ့ခန္ဓာကိုယ်တွေဖြစ်တယ်။ပြီးတော့ခန္ဓာ
ကိုယ်ကိုမြဲတဲ့နင်၊ငါတွေဖြစ်စေချင်တယ်။
ဒါပေမယ့်ခန္ဓာကိုယ်သည်ဖြစ်ပေါ်ပြီး
ချက်ချင်းပျက်သွားတဲ့ရုပ်တရားအမျိုး
မျိုးတွေသာဖြစ်တယ်။ဒါကြောင့်မြဲတဲ့
ခန္ဓာကိုယ်ဆိုလို့တစ်ခဏ(အနု)မှမရှိဘူး။
အဲဒီနင်၊ငါဖြစ်တယ်လို့ခန္ဓာကိုယ်ကိုစွဲ
ထားခြင်းသည်အမြင်မှားခြင်းတစ်မျိုး
ဖြစ်တယ်။ပါဠိဘာသာစကားနဲ့ပြောရင်
ဒိဌိလို့ခေါ်တယ်။ဒိဌိသည်စေတသိက်အ
မျိုးအစားတစ်မျိုးဖြစ်ပြီးလောဘမူလ
စိတ်နဲ့အတူဖြစ်ပေါ်တယ်။လောဘမူလ
စိတ်သည်၈ပါးရှိပြီးမိစ္ဆာဒိဌိနဲ့ပါဝင်တဲ့
လောဘမူလစိတ်၄ပါးရှိတယ်။မိစ္ဆာဒိဌိနဲ့
အတူပါဝင်တဲ့လောဘမူလစိတ်တွေဖြစ်
ပေါ်တဲ့ဘယ်အချိန်မဆိုအဲဒီအချိန်မှာအ
မြင်မှားခြင်းတွေဖြစ်ပေါ်တယ်။
အမြင်မှားခြင်းတွေအများကြီးရှိပြီး နင်၊ငါ
ရှိတယ်လို့မြင်ခြင်းသည်လည်းအမြင်မှား
ခြင်းတစ်မျိုးဖြစ်တယ်။ဘယ်အရာတစ်ခု
ခုကိုမဆို နင်၊ငါဖြစ်တယ်ဆိုပြီးစွဲထားတဲ့
အချိန်မှာအမြင်မှားခြင်းဖြစ်တယ်။တစ်
ချို့ကဒီဘဝမှာနင်၊ငါရှိတယ်ဆိုပြီးမြင်ကြ
တယ်။ပြီးတော့သေဆုံးသွားပြီးတဲ့
နောက်ပိုင်းမှာလည်းဆက်ပြီးနင်၊ငါရှိအုံး
မယ်လို့ထင်ကြတယ်။ဒါတွေသည်သတ္တတ
ဒိဌိဖြစ်တယ်။တစ်ချို့ကဒီဘဝမှာသာနင်၊
ငါရှိတယ်လို့ထင်ကြတယ်။ပြီးတော့သေ
သွားတဲ့နောက်ပိုင်းမှာသုန်ညတဖြစ်သွား
တယ်။ဒါတွေသည်ဉစ္ဒေဒိဌိဖြစ်တယ်။
နောက်ထပ်ဒိဌိတစ်မျိုးကတော့ဝိပက်(အ
ကျိုး)ဖြစ်စေတဲ့ကံတွေမရှိဘူးလို့ထင်ကြ
တယ်။ပြီးတော့ကံသည်အကျိုးမရှိဘူး။ဒါ
ကြောင့်နိုင်ငံအရပ်ရပ်မှာရှိတဲ့လူတွေသည်
ရေထဲမှာခန္ဓာကိုယ်ကိုဆေးကြောခြင်း(သို့
)ဘုရားစာရွတ်ပြီးဆုတောင်းခြင်းတွေနဲ့အ
ကုသိုလ်တွေကနေခန္ဓာကိုယ်ကိုသန့်ရှင်း
အောင်ဆေးကြောလို့ရတယ်လို့ယုံကြည်
ကြတယ်။အဲသလိုြပုလုပ်ခြင်းသည်အ
ကုသိုလ်ကံရဲ့အကျိုးတွေမဖြစ်ပေါ်အောင်
သုတ်သင်လို့ရတယ်လို့ယုံကြည်ကြတယ်။
ပြီးတော့ကံတစ်ခုစီတွေသည်အကျိုးတွေ
ဖြစ်ပေါ်စေတဲ့အကြောင်းဖြစ်တယ်ဆိုတာ
မသိကြဘူး။ကျွနုပ်တို့တွေသည်ပညာတွေ
တိုးတက်အောင်ပွါးများခြင်းဖြင့်ကိလေ
သာတွေကိုငြိမ်းသတ်နိုင်တယ်။အဲဒီကံနဲ့
သင့်တော်သလောက်ကံအကျိုးတွေမပေး
နိုင်ဘူးလို့ထင်တဲ့သူတွေသည်ကုသိုလ်
တွေပွါးများခြင်းသည်အကျိုးမရှိဘူးလို့
လွယ်လွယ်နဲ့ယုံကြည်ကြတယ်။ဒီလိုယုံ
ကြည်ခြင်းတွေသည်အကုသိုလ်ကံတွေကို
ပြုလုပ်စေတဲ့အကြောင်းတွေဖြစ်တယ်။
ပြီးတော့ပတ်ဝန်းကျင်တွေကိုလည်းပျက်
ဆီးစေတယ်။
အဲဒီလောဘမူလစိတ် ၈ပါးထဲမှလောဘ
မူလစိတ် ၄ပါးသည်အမြင်မှားခြင်းနဲ့အ
တူဖြစ်ပေါ်တယ်။ပါဠိဘာသာမှာဒိဌိခတ္တ
သမ္ပယုတ်(အတူပေါင်းစပ်ထားတယ်)လို့
ခေါ်တယ်။နောက်လောဘမူလစိတ်၄ပါး
ကတော့အမြင်မှားခြင်းနဲ့ဖြစ်ပေါ်ခြင်းမရှိ
ဘူး။ပါဠိဘာသာမှာဒိဌိခတ္တဝိပ္ပယုတ်(အ
တူပေါင်းစပ်ထားခြင်းမရှိဘူး)လို့ခေါ်
တယ်။အဲဒီလောဘမူလစိတ်နဲ့အတူဖြစ်
ပေါ်တဲ့ဝေဒနါကျတော့သောပနဿဝေဒ
နာ(သို့)ဉပေက္ခာဝေဒနါတွေဖြစ်ရင်လည်း
ဖြစ်နိုင်တယ်။ဒါပေမယ့်ဒေါမနဿဝေဒ
နာသည်လောဘမူလစိတ်နဲ့မဖြစ်ပေါ်ဘူး။
လောဘသည်သောမနဿဝေဒနါနဲ့အတူ
ဖြစ်ပေါ်တဲ့အခါမှာပိုပြီးပြင်းထန်လာ
တယ်။အဲဒီလောဘမူလစိတ်ဒိဌိခတ္တသမ္ပ
ယုတ်၄ပါးကျတော့သောမနဿဝေဒနါ
(ကောင်းတဲ့ခံစားခြင်း)၂ပါးနဲ့အတူဖြစ်
ပေါ်တယ်။နောက်ထပ်၂ပါးသည်ဉပေက္ခာ
ဝေဒနါနဲ့အတူဖြစ်ပေါ်တယ်။ဒါကြောင့်အဲ
ဒီလောဘမူလစိတ်၈ပါးထဲမှာသောမနဿ
ဝေဒနါ ၄ပါးနဲ့အတူဖြစ်ပေါ်ပြီးဉပေက္ခာ
ဝေဒနါ ၄ပါးနဲ့အတူဖြစ်ပေါ်တယ်။
အဲဒီလောဘမူလစိတ်သည်နောက်တစ်မျိုး
အဖြစ်နဲ့ခွဲခြမ်းစိတ်ဖြာလို့ရတယ်။ဘာတွေ
လဲဆိုတော့လောဘမူလစိတ်သည်အသင်
ခါလိ(စွဲဆောင်ခြင်းမရှိဘူး)ဖြစ်ပြီး(သို့)
သသင်ခါလိ(စွဲဆောင်ခြင်းရှိတယ်)တို့ဖြစ်
ကြတယ်။အသင်ခါလိသည်တစ်ချို့နေရာ
မှာစွဲဆောင်ခြင်းမခံရဘူး။(သို့)ချက်ချင်း
ကိုယ်တိုင်ဖြစ်ပေါ်တယ်လို့အဓိပ္ပါယ်ရ
တယ်။သသင်ခါလိကတော့စွဲဆောင်ခြင်း
ခံရတယ်လို့အဓိပ္ပါယ်ရတယ်။အဲဒီသသင်
ခါလိဖြစ်တဲ့လောဘမူလစိတ်သည်တစ်
ပါးသူတွေရဲ့တောင်းဆိုချက်(သို့)အကြံ
ပြုချက်တွေကိုမှီခိုရတယ်။သို စိတ်ကို
ကိုယ်တိုင်စွဲဆောင်တယ်။ပြီးတော့ဖြစ်
ပေါ်တဲ့လောဘမူလစိတ်လည်းစိတ်ကို
ကိုယ်တိုင်စွဲဆောင်တဲ့အတွက်ကြောင့်
သသင်ခါလိဖြစ်တယ်။လေးလံတဲ့အ
တွက်နိုးဆော်ခြင်း(သို့)စွဲဆောင်ခြင်းခံ
ရတဲ့စိတ်ဖြစ်တယ်။ဒါကြောင့်လောဘမူ
လစိတ်သည်အသင်ခါလိဖြစ်တဲ့အခါမှာ
သသင်ခါလိဖြစ်တဲ့လောဘမူလစိတ်ထက်
အားကြီးရခြင်းဖြစ်တယ်။အဲဒီမိစ္ဆာဒိဌိနဲ့
ပေါင်းစပ်တဲ့လောဘမူလစိတ် ၄ပါးကျ
တော့အသင်ခါလိ၂ပါးနဲ့သသင်ခါလိ၂ပါး
တို့ဖြစ်ကြတယ်။မိစ္ဆာဒိဌိနဲ့မပေါင်းစပ်တဲ့
လောဘမူလစိတ်၄ပါးကတော့အသင်ခါ
လိ၂ပါးနဲ့သသင်ခါလိ၂ပါးတို့ဖြစ်ကြတယ်
။ဒါကြောင့်လောဘမူလစိတ်၈ပါးသည်အ
သင်ခါလိ၄ပါးနှင့်သသင်ခါလိ၄ပါးတို့ဖြစ်
ရခြင်းဖြစ်တယ်။
ဒါကြောင့်လောဘမူလစိတ်သည်အသင်
ခါလိ(သို့)သသင်ခါလိလည်းဖြစ်နိုင်
တယ်လို့သိရတယ်။အတ္ထစာလိဏီထဲမှာ
မိစ္ဆာဒိဌိနဲ့အတူပေါင်းစပ်တဲ့လောဘမူလ
စိတ်သည်သသင်ခါလိဖြစ်တယ်။ဉပမာ-
သူဌေးသားတစ်ယောက်သည်အမြင်မှား
တဲ့အမျိုးသမီးတစ်ယောက်နဲ့လက်ထပ်
ကြတယ်။ဒါကြောင့်အမြင်မှားတဲ့သူနဲ့
ပေါင်းသင်းတဲ့အတွက်မကြာခင်မှာသူ
လည်းပဲအဲဒီအမြင်မှားခြင်းထဲမှာသာယာ
နေရခြင်းဖြစ်တယ်။ပြီးတော့အဲဒီမိစ္ဆာဒိဌိ
နဲ့မပေါင်းစပ်တဲ့လောဘမူလစိတ်သည်အ
သင်ခါလိဖြစ်တယ်။ဉပမာ-အစကအရက်
မသောက်တဲ့သူတစ်ယောက်သည်အရက်
သောက်ဖို့စွဲဆောင်ခြင်းကိုခံရတဲ့အခါ
နောက်ပိုင်းမှာအရက်သောက်ခြင်းကိုသာ
ယာနှစ်သက်လာတယ်။လောဘမူလစိတ်
သည်သောမနဿဝေဒနါနဲ့အတူဖြစ်ပေါ်
တယ်။(သို့)ဉပေက္ခာဝေဒနါနဲ့လည်းအတူ
ဖြစ်ပေါ်နိုင်တယ်ဆိုတာသိရတယ်။မိစ္ဆာ
ဒိဌိနဲ့မပေါင်းစပ်တဲ့လောဘမူလစိတ်
သည်သောမနဿဝေဒနါနဲ့အတူဖြစ်ပေါ်
ဉပမာ-လှတဲ့အရောင်(သို့)ကောင်းတဲ့အ
သံတွေထဲမှာသာယာနှစ်သက်တဲ့အချိန်
သည်နင်၊ငါဆိုတဲ့အကြောင်းတွေကိုမ
မြင်ပဲနဲ့သာယာနှစ်သက်နေကြသည်။လှပ
တဲ့အင်ကျီတွေကိုကြိုက်တဲ့အချိန်၊ရုပ်ရှင်
သွားကြည့်တဲ့အချိန်(သို့)ရယ်မောတဲ့အ
ချိန်နှင့်ပျှော်ရွှင်ခြင်းအကြောင်းအမျိုးမျိုး
တွေကိုတစ်ပါးသူနဲ့ပြောဆိုနေတဲ့အချိန်
တွေသည်မိစ္ဆာဒိဌိနဲ့ဖြစ်ပေါ်ခြင်းမရှိတဲ့
ပျှော်မြူးခြင်းတွေဖြစ်တယ်။ဒါပေမယ်
နင်၊ငါနဲ့အတူဖြစ်ပေါ်တယ်လို့မြင်ရပြီး
တစ်ခါတလေမှာလည်းမိစ္ဆာဒိဌိ(အမြင်
မှား)ရှိတယ်။မိစ္ဆာဒိဌိနဲ့အတူမပေါင်း
စပ်တဲ့လောဘမူလစိတ်သည်ဉပေက္ခာ
ဝေဒနါနဲ့အတူဖြစ်ပေါ်တယ်။ဉပမာ-မတ်
တပ်ရပ်ချင်တဲ့အချိန်(သို့)တစ်ခုခုကို
ကိုင်ချင်တဲ့အချိန်တွေမှာအဲသလိုပြုလုပ်
ခြင်းသည်ချမ်းသာသုခဖြစ်တယ်လို့မခံ
စားရဘူး။ဒါကြောင့်အဲဒီအချိန်သည်
ဉပေက္ခာဝေဒနါနဲ့အတူဖြစ်ပေါ်တဲ့လော
ဘဖြစ်တယ်။ဒါကြောင့်လောဘသည်
တစ်နေ့တာဘဝမှာ
ခဏ၊ခဏနဲ့ပုံမှန်ဖြစ်တဲ့အရာတွေကိုပြု
လုပ်စေတဲ့အကြောင်းဖြစ်တယ်လို့မြင်
နိုင်တယ်။
#စမ်းသပ်မေးခွန်း#
၁။သောမနဿဝေဒနါသည်လောဘနဲ့
အမြဲတမ်းဖြစ်ပေါ်လာ?
၂။မိစ္ဆာဒိဌိ(အမြင်မှား)သည်အဲဒီလော
ဘမူလစိတ်နဲ့သာဖြစ်ပေါ်သလာ?
၃။လောဘမူလစိတ်သည်ဘယ်နှစ်ပါးရှိ
သလဲ?သိပြီးရင်ဘာအကျိုးတွေရှိသလဲ?
#လောဘအဆင့်အမျိုးမျိုး#
လောဘသည်ငြိတွယ်ပြီးစွဲတဲ့ဒုက္ခဆင်းရဲ
ဆိုတဲ့ဒေါမနဿတွေကိုဖြစ်ပေါ်စေတယ်။
တကယ်လို့ဒီအချက်တွေကိုအမှန်အတိုင်း
နားလည်မယ်ဆိုရင်လောဘတွေကုန်သွား
စေနိုင်တဲ့မျှော်လင့်ခြင်းတွေရှိတယ်။ဒါပေ
မယ့်လောဘသည်ချက်ချင်းလက်ငင်းမ
ကုန်သွားနိုင်ဘူး။ကျွနုပ်တို့တွေသည်လော
ဘတွေကိုခဏတစ်ဖြုတ်သာရပ်ဆိုင်းလို့ရ
တယ်။ဒါကြောင့်လောဘကိုဖြစ်ပေါ်စေတဲ့
အကြောင်တွေရှိတဲ့အခါမှာနောက်ထပ်
ဖြစ်ပေါ်သေးတယ်။လောဘသည်ဒုက္ခ၊
ဒေါမနဿတွေကိုဖြစ်ပေါ်စေတယ်ဆို
တာသိပေမယ့်လောဘသည်ဖြစ်ပြီးဖြစ်
ပြန်တယ်။ဒါပေမယ့်လောဘတွေကုန်
အောင်သုတ်သင်နိုင်တဲ့နည်းလမ်းတွေရှိ
တယ်။အဲဒါကတော့အမှန်တကယ်ရှိတဲ့တ
ရားသဘောအားလုံးတွေကိုထိုးထွင်းစွာသိ
တဲ့ပညာကိုတိုးတက်အောင်ပွားများရ
တယ်။စိတ်ရဲ့အကြောင်းတွေကိုအသေး
စိတ်နဲ့လေ့လာသင်ကြားတဲ့အခါမှာကျွနုပ်
တို့ကိုကိုယ်သိလာတယ်။ကျွနုပ်တို့သည်
လောဘရဲ့အကြမ်းပြင်းလောက်သာသိ
သင့်တာမဟုတ်ဘူး။ပိုပြီးအသေးစိတ်တဲ့
လောဘရဲ့အဆင့်အမျိုးမျိုးတွေကိုလည်း
သိသင့်တယ်။မွေးတဲ့အနံ့(သို့)ကောင်းတဲ့
တေးဂီတအသံတွေကိုကြိုက်နှစ်သက်တဲ့
အခါမှာပိုပြီးအသေးစိတ်တဲ့လောဘတွေ
ကိုကျွနုပ်တို့တွေသိသင့်တယ်။ပြီးတော့
ဘယ်သူ့ကိုမှမနှိပ့်စက်တဲ့အခါမှာစိတ်
သည်အကုသိုလ်မဖြစ်ဘူးလို့ထင်ကြတယ်
။ဒါပေမယ့်တကယ့်အသေးစိတ်တဲ့လော
ဘလည်းအကုသိုလ်တွေဖြစ်တယ်။လော
ဘသည်အကုသိုလ်ဖြစ်ပြီးအလောဘနဲ့
ကွာခြားတယ်။ကျွနုပ်တို့တွေသည်လော
ဘတွေမရှိအောင်ကိုယ့်ကိုကိုယ်ထိန်းချုပ်
လို့မရဘူး။ဒါပေမယ့်လောဘဖြစ်ပေါ်တဲ့
အခါမှာလောဘရဲ့လက္ခဏတွေကိုသိနိုင်
တယ်။
ဝိနည်းတရားတော်မှာလည်းအသေးစိတ်
တဲ့လောဘရဲ့နမူနာတွေလည်းရှိသေးတယ်
။ဝိနည်း၊သုတ္တန်နှင့်အဘိဓမ္မာတွေအားလုံး
သည်ကိုယ့်ကိုကိုယ်ပိုပြီးကောင်းစွာသိစေ
နိုင်တယ်။ဝိနည်းတရားတော်ကိုလေ့လာ
သင်ကြားရတဲ့အခါမှာဘဝကိုရောင့်ရဲ
တင်းတိမ်စွာနဲ့အသက်ရှင်နေထိုင်တဲ့ရဟန်း
တွေသည်လောဘရဲ့အကြောင်းတွေကိုစု
စောင်းလာခဲ့ပြီးဆိုတာသိမြင်နိုင်တယ်။
ရဟန်းဘဝနဲ့ဝေးကွာတဲ့အကြောင်းတွေ
ရှိတဲ့ရဟန်းတွေကိုကျင့်ကြံမူတွေပိုပြီး
ထိန်းသိမ်းဖို့နှင့်ကူညီထောက်ပံ့ဖို့အတွက်
ဗုဒ္ဓမြတ်စွာဘုရားကဝိနည်းတော်ကိုပ
ညတ်ခဲ့တယ်။ဒါကြောင့်ရဟန်းသံဃာ
တွေရဲ့ကျင့်ကြံခြင်းအကြောင်းတွေ
ဖြစ်တဲ့ဝိနည်းတော်ရဲ့ဂုဏ်ကျေးဇူးတွေ
ကိုကျွနုပ်တို့တွေနားလည်နိုင်တယ်။တစ်
နေ့တာဘဝမှာတာဝန်အမျိုးမျိုးတွေကို
ပြုလုပ်တဲ့အချိန်မှာလည်းသိက္ခာပုဒ်တွေ
သည်ရဟန်းတွေကိုထိန်းသိမ်းနိုင်ဖို့ကူညီထောက်ပံ့ပေးတယ်။ဉပမာ-ဆွမ်းဘုံတဲ့အ
ခါ၊သင်ကန်းတွေဝတ်ယုံတဲ့အခါနှင့်လမ်း
လျှောက်ခြင်းစသည်တို့သည်ရဟန်းတွေကျင့်ကြံရမယ့်ဝိနည်းတော်တွေဖြစ်တယ်။
ပြီတော့ရေထဲမှာေရကစားခြင်းနှင့်တစ်ခြားသောရဟန်းတွေကိုနှောကပြောင်ခြင်း
တွေသည်ကုသိုလ်စိတ်ကဖြစ်ပေါ်တာမ
ဟုတ်ဘူး။အကုသိုလ်စိတ်ကဖြစ်ပေါ်တာ
ဖြစ်တယ်။
အချိန်တိုင်းမှာလောမူလစိတ်တွေဖြစ်
ပေါ်တဲ့အတွက်ကြောင့်လောဘတွေပို
ပြီးစုစောင်းရခြင်းဖြစ်တယ်။လောဘ
ဖြစ်ပေါ်ဖို့အကြောင်းရှိတဲ့အခါမှာကိုယ်၊
နှုတ်နှင့်စိတ်တွေမှဒုစရိုက်တွေကိုပြု
လုပ်စေတယ်။လောဘကနေဖြစ်ပေါ်တဲ့
ဘယ်လုပ်ရပ်မဆိုကျွနုပ်တို့တွေသိတဲ့အ
ခါမှာလောဘကိုစွန့်လွတ်ဖို့ရှာဖွေလာကြ
တယ်။မကောင်းတဲ့လုပ်ရပ်တွေိုပါဠိဘာ
သာမှာအကုသိုလ်ကံလို့ခေါ်တယ်။စိတ်ပါ
ဝင်စားစွာနဲ့ဖြစ်ပေါ်တဲ့စေတသိက်တရား
(စိတ်နဲ့အတူဖြစ်ပေါ်တဲ့နမ်တရား)သည်ပါ
ဠိဘာသာမှာ စေတနာလို့ခေါ်တယ်။ကံဆို
တဲ့စကားလုံးသည်အများအားဖြင့်စိတ်ရှိ
လက်ရှိနဲ့စေတနာကနေဖြစ်ပေါ်တဲ့လုပ်ရပ်
တွေဖြစ်တယ်။ကံမပုဒ် ဆိုတဲ့စကားလုံး
သည်ပြုလုပ်နေတဲ့နည်းလမ်းလို့အဓိပ္ပါယ်
ရတယ်။ဒီစေတသိက်ကိုဆိုလိုတယ်။ ကံ
သည်ကိုယ်၊နှုတ်နှင့်စိတ်တွေမှပြုလုပ်တဲ့
ကုသိုလ်ကံမပုဒ်နှင့်အကုသိုလ်ကံမပုဒ်
ေတွလည်းရှိတယ်။လောဘ၊ဒေါသနှင့်
မောဟတွေရှိတဲ့အကုသိုလ်ကံမပုဒ် ၁၀
မျိုးသည်အကုသိုလ်စိတ်အပါးတိုင်းနဲ့
ဖြစ်ပေါ်ပြီးအဝိဇ္ဇာတွေဖြစ်ပေါ်စေတဲ့အ
ကြောင်းဖြစ်တယ်။မောဟသည်အကု
သိုလ်အားလုံးရဲ့အရင်းမြှစ်တွေဖြစ်တယ်။
အကုသိုလ်ကံမပုဒ်ဖြစ်တဲ့ဘယ်အချိန်မဆို
အဲဒီအချိန်မှာမောဟရှိရတယ်။တစ်ချို့အ
ကုသိုလ်ကံမပုဒ်သည်လောဘမူလစိတ်
ကြောင့်ဖြစ်ပေါ်ရပြီးတစ်ချို့ကတော့ဒေါ
သမူလစိတ်ကြောင့်ဖြစ်ပေါ်ရတယ်။ဒါ
ကြောင့်အကုသိုလ်ကံပြုလုပ်တဲ့သူတွေ
ကိုမြင်တဲ့အခါမှာအဲဒီကံသည်ဘယ်စိတ်
အမျိုးအစားကဖြစ်ပေါ်သလဲဆိုတာ
ကျွနုပ်တို့တွေသေချာစွာနဲ့မသိရဘူး။
အကုသိလ်ကံမပုဒ် ၁၀ပါးကတော့၁။
သတ်ဖြတ်ခြင်း၊၂။သူတစ်ပါးမပေး
သောပစ္စည်းကိုယူခြင်း၊၃။ကာမဂုဏ်
ထဲမှာကျင့်ကြံမှုမှားခြင်း၊၄။လိမ်လည်
ပြောဆိုခြင်း။၅။ဂုန်းချောပြောဆိုခြင်း၊
၆။ကြမ်းတမ်းတဲ့စကားကိုပြောဆိုခြင်း၊၇။သိမ်ဖျင်းတဲ့စကားကိုပြောဆိုခြင်း၊၈။
သူတစ်ပါးပစ္စည်းကိုကိုယ့်ပစ္စည်းအဖြစ်
နဲ့လိုချင်ခြင်း၊၉။သူတစ်ပါးကိုပူပြင်သော
ကဖြစ်အောင်ကြံစည်ခြင်းနှင့်၁၀။အမြင်
မှားခြင်းတို့ဖြစ်ကြတယ်။သတ်ခြင်း၊ခိုး
ယူခြင်းနှင့်ကျင့်ကြံမှုမှားခြင်းတွေသည်
ကိုယ်မှအကုသိုလ်ကံမပုဒ်တွေဖြစ်တယ်။
လိမ်ပြောခြင်း၊ဂုန်းချောခြင်း၊ကြမ်းတမ်း
သောစကားကိုပြောဆိုခြင်းနှင့်သိမ်ဖျင်း
သောစကားကိုပြောဆိုခြင်းသည်နှုတ်မှ
အကုသိုလ်ကံမပုဒ်တွေဖြစ်တယ်။သူတစ်
ပါးရဲ့ပစ္စည်းကိုလိုချင်ခြင်း၊မကောင်းတဲ့
အရာတွေကိုကြံစည်ခြင်းနှင့်အမြင်မှား
ခြင်းတွေသည်စိတ်မှအကုသိုလ်ကံမပုဒ်
တွေဖြစ်တယ်။အဲဒီကာယကံ(ကိုယ်)မှ
အကုသိုလ်ကံမပုဒ်ကျတော့သတ်ဖြတ်
ခြင်းသည်ဒေါသမူလစိတ်ကနေဖြစ်ပေါ်
တယ်။ပစ္စည်းခိုးခြင်းသည်လောဘမူလ
စိတ်ကနေဖြစ်ပေါ်ပြီးတစ်ခါတလေဒေါ
သမူလစိတ်ကနေဖြစ်ပေါ်တယ်။တကယ်
လို့တစ်ပါးသူရဲ့ပစ္စည်းတွေကိုလိုချင်တဲ့
အခါမှာအဲဒီပစ္စည်းကိုကြိုက်နှစ်သက်တဲ့
အတွက်ကြောင့်ဖြစ်တယ်။အဲဒီပစ္စည်းခိုး
ယူခြင်းသည်လောဘမူလစိတ်နဲ့ပြုလုပ်
ခြင်းဖြစ်ပြီးခိုးယူသွားတဲ့အခါမှာသူတစ်
ပါးတွေကိုလည်းပူပြင်သောကဖြစ်စေ
တယ်။အဲဒီလုပ်ရပ်သည်ဒေါသမူလ
စိတ်နဲ့ပြုလုပ်ခြင်းဖြစ်တယ်။အဲဒီကာမ
ဂုဏ်ထဲမှာကျင့်ကြံမှုမှားခြင်းတွေသည်
လောဘမူလစိတ်နဲ့ပြုလုပ်ကြတယ်။
အဲဒီဝစီကံမှအကုသိုလ်ကံမပုဒ်ကျတော့
လိမ်ပြောခြင်း၊ဂုန်းချောခြင်းနှင့်သိမ်ဖျင်း
ပေါ့ပျက်သောစကားကိုပြောခြင်းတွေ
သည်အကြောင်းဖြစ်တဲ့လောဘမူလစိတ်
တွေရှိတယ်။တစ်ခုခုကိုလိုချင်တဲ့အခါမှာ
(သို့)တစ်ပါးသူရဲ့ချစ်ခြင်းတွေကိုလိုချင်
တဲ့အခါမှာလည်းလောဘမူလစိတ်တွေ
ရှိကြတယ်။လိမ်ပြောတဲ့အကြောင်းတွေ
ထဲမှာမကောင်းတဲ့စေတနာ(သို့)ပျော်ရွှင်
ဖို့အတွက်လိမ်ပြောခြင်းသည်အပြစ်အ
န္တာရယ်တွေမရှိဘူးလို့ကျွနုပ်တို့တွေထင်
ကြတယ်။ဒါပေမယ့်လိမ်ပြီးပြောဆိုခြင်း
သည်အကြောင်းဖြစ်တဲ့အကုသိုလ်စိတ်နဲ့
အတူပြုလုပ်ကြတယ်။မစ္စိမနိကယ်၊ရာဟု
လာသုတ်မှာဗုဒ္ဓမြတ်စွာဘုရားသည်သား
တော်ဖြစ်တဲ့အရှင်ရာဟုလာနဲ့လိမ်ပြော
ခြင်းရဲ့အကြောင်းတွေကိုဆိုဆုံးမသွား
တယ်။အရှင်ရာဟုလာနားထောင်!သိ
လျှက်သားနဲ့မမှန်သောစကားကိုပြော
ခြင်းသည်အရှက်မရှိတဲ့သူတွေဖြစ်ပြီး
အနည်းငယ်မျှသာဖြစ်တဲ့မကောင်းတဲ့
အကုသိုလ်ကံတွေကိုမလုပ်ဘူးဆိုတာ
မရှိဘူး။ထို့နည်းတူပဲသားတော်ရာဟု
လာ!မမှန်သောစကားတွေကိုရယ်မော
ပြီးပြောကစားရင်တောင်မှမပြောတဲ့သူ
ဖြစ်ဖို့အတွက်လေ့ကျင့်ရမယ်။
စိတ်မှအကုသိုလ်ကံမပုဒ်တွေကတော့အ
ငြိုးထားခြင်း၊ကြံစည်ခြင်းနှင့်ညှင်းဆဲ
ခြင်းတို့ဖြစ်ပြီးအကြောင်းဖြစ်တဲ့ဒေါသ
မူလစိတ်တွေဖြစ်တယ်။အဲဒီမိစ္ဆာဒိဌိ(အ
မြင်မှားကျတော့အမျိုးမျိုးရှိပြီးဒိဌိ ၃မျိုး
သည်စိတ်မှအကုသိုလ်ကံမပုဒ်ဖြစ်တယ်။
အမြင်မှားတစ်မျိုးကတော့အဟေတုက
ဒိဌိ(အကြောင်းမရှိပဲနဲ့သတ္တဝါတွေဖြစ်ပေါ်
တယ်လို့အမြင်မှားကြပြီးကောင်းမှု(သို့)မ
ကောင်းမှုတွေလည်းအကြောင်းမရှိဘူးလို့
ထင်ကြတယ်။)နောက်ထပ်စိတ်မှအကု
သိုလ်ကံမပုဒ်တစ်မျိုးဖြစ်တဲ့မိစ္ဆာဒိဌိက
တော့အကီရိယဒိဌိ(အနာဂတ်မှာအကျိုး
ဖြစ်စေတဲ့ကောင်းမှုနှင့်မကောင်းမှုတွေ
မရှိဘူးလို့ထင်ကြတယ်။)၃ပါးမြောက်
စိတ်မှစိတ်မှအကုသိုလ်ကံမပုဒ်ဖြစ်တဲ့
မိစ္ဆာဒိဌိကတော့နထိကဒိဌိ(ကံရဲ့အကျိုး
တွေမရှိဘူး၊သေပြီးမမွေးတော့ဘူးလို့
ထင်ကြခြင်း)တို့ဖြစ်ကြတယ်။ဘယ်လော
ဘအဆင့်မဆိုအကြမ်းပြင်း(သို့)အသေး
စိတ်တွေဖြစ်နေပါစေဒုက္ခဆင်းရဲတွေရဲ့
အကြောင်းဖြစ်တယ်။ကျွနုပ်တို့တွေသည်
အခိုင်းစေ(ကျွန်)နဲ့တူတယ်။မျက်စိ၊နှား၊
နှာ၊လျှာ၊ကိုယ်နှင့်စိတ်တွေမှဖြစ်ပေါ်တဲ့
အာရုံတွေထဲမှာငြိုတွယ်ပြီးသာယာနေသ
၍တော့ကျွနုပ်တို့တွေသည်လွတ်လပ်ခြင်း
တွေမရှိနိုင်ဘူး။တကယ်လို့ကျွနုပ်တို့တွေ
ရဲ့သာယာပျော်ရွှင်မှုတွေသည်တစ်ပါးသူ
တွေရဲ့လုပ်ရပ်နှင့်အခြေအနေပေါ်မှာမူ
တည်တယ်ဆိုရင်တစ်ပါးသူတွေကကိုယ့်
နဲ့ခဏတစ်ဖြုတ်သာကောင်းနိုင်တယ်။
နောက်တစ်ခဏကျတော့မကောင်း
တော့ဘူး။တကယ်လို့ကျွနုပ်တို့တွေသည်
တစ်ပါးသူတွေအပေါ်မှာကြိုက်နှစ်သက်
ခြင်းတွေကိုစွဲထားမယ်ဆိုရင်အဲဒီစိတ်
သည်မသာမယာဖြစ်လွယ်တယ်။ပြီး
တော့အာရုံနှင့်ခံစားခြင်းအမျိုးမျိုးတွေ
ရဲ့ကျွန်တွေဖြစ်ရတယ်။
တကယ်လို့ကျွနုပ်တို့နှင့်သူတစ်ပါးတွေ
သည်အကြောင်းကြောင့်ဖြစ်ပေါ်ပြီးပျက်
သွားတဲ့ရုပ်တရားနှင့်နာမ်တရားသာဖြစ်
တယ်ဆိုတာအမှန်ကိုသိမယ်ဆိုရင်ကျွနုပ်
တို့သည်ပိုပြီးလွတ်လပ်သွားနိုင်တယ်။
ကိုယ့်နဲ့မကောင်းတဲ့စကားတွေပြောလာ
တဲ့အခါမှာအဲလိုမျိုးကြားရမယ့်အ
ကြောင်းတွေရှိတဲ့အတွက်ကြောင့်ဖြစ်
တယ်။ကိုယ့်ရဲ့အပြုအမူနှင့်တစ်ပါးသူ
တွေရဲ့လုပ်ရပ်တွေသည်အကြောင်း
ကြောင့်ဖြစ်ပေါ်တဲ့တရားသဘောတွေ
ဖြစ်တယ်။ပြီးတော့မမြဲဘူး။အဲဒီတရားသ
ဘောတွေကိုအောက်မေ့တဲ့အခါမှာအဲဒီတ
ရားသဘောတွေလည်းပျက်သွားပြီးဖြစ်
တယ်။ပညာတွေတိုးတက်အောင်ပွါးများ
ခြင်းသည်ဘဝမှာပြောင်းလဲပြီးဖြစ်ပေါ်တဲ့
အစွဲတွေကိုစွန့်လွတ်စေနိုင်တဲ့နည်းလမ်း
တွေဖြစ်တယ်။ဒါကြောင့်ဖြစ်ပေါ်နေတဲ့တ
ရားသဘောတွေကိုသတိအောက်မေ့သိတဲ့
အခါမှာတစ်ပါးသူတွေရဲ့လုပ်ရပ်တွေ
သည်ကိုယ့်နဲ့အရေးပါမှုတွေနည်းလာ
တယ်။စိတ်ထဲမှာဒီလောက်လောဘတွေ
ပြည့်နက်ပြီးနှစ်မြုမ်နေတဲ့အခါမှာလောဘ
ကိုစွန့်လွတ်ဖို့သည်အစဉ်လိုက်နဲ့စွန့်လွတ်
ရတယ်။ဒါကြောင့်မိစ္ဆာဒိဌိ(အမြင်မှား)
တွေကိုအရင်ငြိမ်းသတ်ရတယ်။ဒါမှတစ်
ခြားလောဘတွေကိုလည်းငြိမ်းသတ်နိုင်
မယ်။အရှင်သောတာပန်ပုဂ္ဂိုလ်သည်(ပထ
မအဆင့်လောကုတ္တရာတရားကိုထိုးထွင်း
စွာသိတဲ့ပုဂ္ဂိုလ်)အမြင်မှားခြင်းတွေကို
သမုစ္ဒေအဖြစ်နဲ့ငြိမ်းသတ်နိုင်တယ်။အရှင်
သောတာပန်ပုဂ္ဂိုလ်သည်ပညာကိုတိုး
တက်အောင်ပွါးများပြီးတရားသဘော
အားလုံးတွေသည်ရုပ်တရားနှင့်နာမ်တရား
သာဖြစ်ပြီးနင်၊ငါတွေမဟုတ်ဘူးဆိုတာ
သေချာစွာသိတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။
ဘာကြောင့်လဲဆိုတော့အရှင်သောတာ
ပန်ပုဂ္ဂိုလ်သည်အမြင်မှားခြင်းကိုစွန့်
လွတ်လို့ရပြီးဖြစ်တဲ့အတွက်ကြောင့်ဖြစ်
တယ်။ဒါကြောင့်အမြင်မှားခြင်းနဲ့အတူ
ဖြစ်ပေါ်တဲ့လောဘမူလစိတ်သည်နောက်
ထပ်မဖြစ်ပေါ်ရခြင်းဖြစ်တယ်။လေ့လာ
သင်ကြားရသလောက်လောဘမူလစိတ်
၄ပါးသည်အမြင်မှားနဲ့အတူဖြစ်ပေါ်တယ်။
(ဒိဌိခတ္တသမ္ပယုတ်)နောက်လောဘမူလ
စိတ်၄ပါးကတော့အမြင်မှားနဲ့အတူမဖြစ်
ပေါ်ဘူး။(ဒိဌိခတ္တဝိပ္ပယုတ်)အမြင်မှားနဲ့အ
တူမဖြစ်ပေါ်တဲ့လောဘမူလစိတ်သည်အ
ရှင်သောတာပန်ပုဂ္ဂိုလ်နဲ့ဖြစ်ပေါ်ရသေး
တယ်။ဘာကြောင့်လဲဆိုတော့အရှင်သော
တာပန်ပုဂ္ဂိုလ်သည်လောဘအားလုံးကို
မငြိမ်းနိုင်သေးတဲ့အတွက်ကြောင့်ဖြစ်
တယ်။
အရှင်သောတာပန်ပုဂ္ဂိုလ်သည်မာနတွေရှိ
သေးတယ်။မာနသည်မိစ္ဆာဒိဌိနဲ့အတူမဖြစ်
ပေါ်ဘူး။ဒါပေမယ့်လောဘမူလစိတ်နဲ့ ၄
ပါးနဲ့အတူဖြစ်ပေါ်တယ်။တစ်ပါးသူတွေ
ကိုကိုယ်နဲ့နှိုင်းယှဉ်တဲ့အခါမှာ မာနဖြစ်
တယ်။ဉပမာ-ကျွနုပ်တို့သည်တစ်ခြား
သူတွေထက်ပညာတွေပိုရှိတယ်။၊ပို
ကောင်းတယ်။တစ်ပြေးညီဖြစ်တယ်။
(သို့)ပိုနှိမ့်တယ်စသည်ဖြင့်စဉ်းစားကြ
တယ်။အဲဒါတွေအားလုံးသည်ကိုယ့်ကို
ကိုယ်အထင်ကြီးတဲ့မာနတွေဖြစ်တယ်။
တစ်ပါးသူတွေထက်နှိမ့်ကျတယ်လို့စဉ်း
စားတဲ့အခါမှာကုသိုလ်ဖြစ်ရမယ်ဆိုတာမ
ဟုတ်ရဘူး။အဲဒါသည်ကိုယ့်ကိုကိုယ်အ
ထင်ကြီးတဲ့အမူအရာတစ်မျိုးဖြစ်တယ်။
ဒါကြောင့် မာနဖြစ်ရခြင်းဖြစ်တယ်။မာန
သည်စိတ်ထဲမှာအနက်ကြီးနှစ်မြှပ်နေ
တယ်။ဒါကြောင့်ရဟန္တာဖြစ်တဲ့အခါမှ
သာ မာနကိုသမုစ္ဒေအဖြစ်နဲ့ငြိမ်းသတ်
နိုင်တယ်။အဲဒီအရှင်သဒါဂါမီပုဂ္ဂုလ်
ဖြစ်တဲ့အဆင့် ၂လောကုတ္တရာတရား
ကိုထိုးထွင်းစွာသိတဲ့ပုဂ္ဂိုလ်သည်အရှင်
သောတာပန်ပုဂ္ဂိုလ်ထက်ပိုပြီးလောဘ
ကိုစွန့်လွတ်နိုင်တယ်။အဆင့်၃လော
ကုတ္တရာတရားကိုထိုးထွင်းစွာသိတဲ့အရှင်
အနာဂါမီပုဂ္ဂိလ်သည်ကာမအာရုံ၅ပါး
ထဲမှာလောဘကိုငြိမ်းသတ်နိုင်ပြီးဖြစ်
တယ်။ဒါပေမယ့်မွေးခြင်းထဲမှာသာ
ယာနှစ်သက်တဲ့မာနတွေရှိသေးတယ်။
အရှင်ရဟန္တာတွေသည်သမုစ္ဒေအဖြစ်နဲ့
လောဘကိုငြိမ်းသတ်နိုင်ပြီးဒုက္ခအား
လုံးကနေလွတ်မြောက်သွားပြီးဖြစ်တယ်။
ဘာကြောင့်လဲဆိုတော့သမုစ္ဒေအဖြစ်နဲ့ကိ
လေသာအားလုံးကိုငြိမ်းသတ်နိုင်ပြီးဖြစ်
တယ်။
သံယုတ္တနိကယ်၊သုတ္တန်တစ်ခုထဲမှာတစ်
ခါတုန်းကဗုဒ္ဓမြတ်စွာဘုရားသည်ဒေဝ
ဒဟအမည်ရှိတဲ့စနပုဒ်မှာသီတင်းသုံး
တော်မူပြီးရဟန်းတွေကိုဆိုဆုံးမသွား
တယ်။ရဟန်းတွေအားလုံးနားထောင်!
နတ်နှင့်လူတွေသည်ရုပ်အဆင်းရှိတဲ့
ပုဂ္ဂိုလ်တွေဖြစ်ပြီးသာယာနှစ်သက်ခြင်း
တွေဖြစ်စေတယ်။ပြီးတော့ရုပ်အဆင်းထဲ
မှာသာယာတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ရုပ်
တွေပြောင်းလဲသွားပြီးပျက်သွားတဲ့အခါ
မှာနတ်နှင့်လူတွေသည်ဆင်းရဲခြင်းတွေ
ဖြစ်ကြတယ်။နတ်နှင့်လူတွေသည်အသံ၊
အနံ၊အရသာနှင့်ဓမ္မာရုံတွေရှိတဲ့သူဖြစ်ပြီး
သာယာခြင်းတွေဖြစ်ပေါ်စေတယ်။ဒါ
ကြောင့်ဓမ္မာရုံထဲမှာသာယာတဲ့သူတွေ
ဖြစ်တယ်။ပြီတော့ဓမ္မာရုံတွေပြောင်းလဲ
သွားပြီးပျက်သွားတဲ့အခါမှာနတ်နှင့်လူ
တွေသည်ဒုက္ခတွေနဲ့နေထိုင်ကြရတယ်။
ရဟန်းတို့အားလုံးနားထောင်!ငါဂေါတမ
ဘုရားကျတော့ကောင်းစွာနဲ့တရားတော်
တွေကိုသိတော်မူတဲ့(အရဟံ)ဘုရားဖြစ်
တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ပြီးတော့ဖြစ်ပေါ်
ခြင်းနှင့်ပျက်သွားခြင်းတွေကိုထိုးထွင်း
စွာနဲ့သိတော်မူသွားပြီးဖြစ်တယ်။အကျိုး
ဂုဏ်၊အပြစ်နှင့်အကြံအစည်တွေကိုအမှန်
အတိုင်းနဲ့ရုပ်အားလုံးတွေကိုစွန့်လွတ်လို့
ရပြီးဖြစ်တယ်။ရုပ်အဆင်းတွေသာရှိပြီး
သာယာခြင်းတွေမရှိတော့တဲ့ပုဂ္ဂိုလ်ဖြစ်
တယ်။ဘာကြောင့်လဲဆိုတော့ရုပ်တွေ
ပြောင်းလဲသွားတဲ့အတွက်ကြောင့်ပျက်
ပြယ်သွားရပြီးနောက်ဆုံးတော့ပျက်
သွားတယ်။ဒါကြောင့်ငါ!ဘုရားဂေါတမ
ချမ်းသာစွာနဲ့နေထိုင်ရတယ်။
#စမ်းသပ်မေးခွန်း#
၁။ကံသည်ဘာစေတသိက်တွေဖြစ်သလဲ?
၂။အကုသိုလ်ကံမပုဒ်၁၀ပါးကဘာတွေ
ရှိသလဲ?
၃။ဒိဌိအားလုံးသည်အကုသိုလ်ကံမပုဒ်
တွေအားလုံးပဲလာ?
၄။လောဘသည်ဘာဖြစ်လို့ဒုက္ခဖြစ်စေတဲ့
အကြောင်းတွေဖြစ်ရလဲ?
၅။လောဘအားလုံးကိုသမုစ္ဒေအဖြစ်နဲ့
ဘယ်သူတွေငြိမ်းသတ်နိုင်သလဲ?
#ဒေါသရဲ့လက္ခဏာ#
အဲဒီတစ်ပါးသူတွေကိုကျွနုပ်တို့စိတ်ဆိုး
နေတဲ့အခါမှာကိုယ့်ကိုကိုယ်နှိပ်စက်တာနဲ့
တူတယ်။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့
ဒေါသကြောင့်ဖြစ်တယ်။ဗုဒ္ဓမြတ်စွာဘု
ရားသည်စိတ်ဆိုးခြင်း(ဒေါသ)ရဲ့အပြစ်
တွေကိုဆိုဆုံးမသွားတယ်။ရန်သူတွေ
သည်သူတို့ရဲ့ရန်သူတွေကိုဒုက္ခဆင်းရဲ
တွေဖြစ်စေတဲ့အကျိုးကိုလိုလာကြတယ်။
အမှန်တကယ်တမ်းကျတော့ဒေါသရှိတဲ့
မိန်းမ(သို့)ယောက်ကျားတွေကိုဒုက္ခဆင်း
ရဲတွေနှိပ်စက်နေတယ်။ရဟန်းတို့အားလုံး
နားထောင်ကြ!ဒီလောကထဲမှာရန်သူတွေ
ဖြစ်ကြတဲ့သူတွေသည်ရန်သူအချင်းချင်း
တွေအပေါ်မှာဒီလိုလိုလားခြင်းတွေရှိကြ
တယ်။ဒီပုဂ္ဂိုလ်တွေသည်အသားအရည်
တွေ၊ရုပ်ရည်တွေယုတ်ညံ့နေရင်အဲဒါဘာ
ကြောင့်ဖြစ်ရလဲ?ရန်သူတွေအချင်းချင်း
ဖြစ်ကြတဲ့အခါမှာကိုယ့်ရဲ့ရန်သူတွေရုပ်
ရည်လှပခြင်းကိုမလိုလားကြဘူး။ရဟန်း
တို့အားလုံးနားထောင်ကြ!စိတ်ဆိုးနေတဲ့
သူတွေသည်ဒေါသရဲ့နှိပ်စက်ခြင်းကိုခံရ
တဲ့အခါမှာရေချိုးခြင်း၊ဆံပင်ညှပ်ခြင်း၊
မှုတ်ဆိတ်မွေးရိတ်ခြင်းနှင့်သန့်ရှင်းတဲ့အ
ဝတ်ဖြူတွေကိုဝတ်နေပါစေရုပ်ဆိုးတဲ့
သူတွေဖြစ်ရတယ်။ဒါကြောင့်ဒေါသရှိ
တဲ့မိန်းမ(သို့)ယောက်ကျားအဖြစ်ကို
ရောက်ကြရတယ်။ရန်သူအချင်းချင်း
တွေရဲ့ရည်ရွယ်ချက်နှင့်လိုလာားချက်
တွေဖြစ်တယ်။
ဒီလောကထဲမှာကျွနုပ်တို့သည်နိုင်ငံအရပ်
ရပ်မှာစည်းလုံးညီညွှတ်စွာနဲ့နေထိုင်ဖို့မျှော်
လင့်တယ်။ပြီးတော့တစ်ဉီးနဲ့တစ်ဉီးသတ်
ဖြတ်ညှင်းဆဲတဲ့အခါမှာပူပြင်သောကဖြစ်
ပြီးဒုက္ခရောက်ကြရတယ်။စစ်ပွဲဖြစ်ခြင်း
နှင့်အမြင်မတူခြင်းတွေရဲ့အမှန်တကယ်
အကြောင်းရင်းကဘာတွေဖြစ်သလဲဆို
တာကျွနုပ်တို့တွေဝေဖန်သုံးသပ်သင့်
တယ်။အဲဒီအကြောင်းရင်းတွေကတော့
တစ်ဉီးတစ်ယောက်စီတွေရဲ့စိတ်ထဲမှာ
ကိလေသာတွေစုစောင်းနေခြင်းကြောင့်
ဖြစ်တယ်။ဒေါသထွက်နေတဲ့အခါမှာအဲ
ဒီတစ်ဉီးတစ်ယောက်နှင့်မကြိုက်နှစ်သက်
တဲ့အရာတွေကကိုယ့်ကိုဒေါသဖြစ်အောင်
လုပ်စေတယ်လို့ကျွနုပ်တို့တွေထင်ကြ
တယ်။ဒါပေမယ့်စုစောင်းထားတဲ့ဒေါသ
သည်တကယ့်အကြောင်းရင်းဖြစ်ပြီးဒေါ
သကိုထပ်ခါထပ်ခါနဲ့ဖြစ်ပေါ်စေတယ်။
တကယ်လို့ဒေါသတွေလျော့နည်းလာစေ
ချင်ရင်ဒေါသဖြစ်ပေါ်တဲ့အခါမှာဒေါသရဲ့
သဘောကိုအောက်မေ့သိရပြီးဒေါသရဲ့
လက္ခဏတွေကိုသိသင့်တယ်။ဒေါသ
သည်အဆင့်များစွာရှိတဲ့အတွက်စိတ်မ
သာယာမှုတွေအနည်းငယ်ဖြစ်နိုင်တယ်။
(သို့)ပိုပြီးပြင်းထန်တဲ့ဒေါသတွေဖြစ်နိုင်
တယ်။ကျွနုပ်တို့တွေသည်ဒေါသရဲ့အ
ကြမ်းပြင်းကိုသာသိကြတယ်။ဒါပေမယ့်
ဒေါသရဲ့အသေးစိတ်တွေကိုတော့သိကြ
ရဲ့လာ?အဘိဓမ္မာတရားတွေကိုလေ့လာ
သင်ကြားခြင်းသည်ဒေါသရဲ့လက္ခဏတွေ
ကိုပိုပြီးသိစေတယ်။ဒေါသသည်အကု
သိုလ်စေတသိက်ဖြစ်ပြီးအကုသိုလ်စိတ်
နဲ့အတူဖြစ်ပေါ်တယ်။ဒေါသရှိတဲ့စိတ်
သည်မူလဖြစ်ပြီးပါဠိဘာသာမှာ“ဒေါသ
မူလစိတ်”လို့ခေါ်တယ်။ဒေါသရဲ့လက္ခဏ
သည်လောဘရဲ့လက္ခဏာနဲ့ကွာခြား
တယ်။လောဘဖြစ်ပေါ်တဲ့ဘယ်အချိန်မ
ဆိုအဲဒီအချိန်မှာစိတ်သည်အာရုံကိုနှစ်
သက်တယ်။ဒါပေမယ့်ဒေါသဖြစ်ပေါ်
တဲ့အချိန်မှာစိတ်သည်အဲဒီအာရုံကိုမနှစ်
သက်ဘူး။တစ်ဉီးတစ်ယောက်ကိုဒေါသ
ထွက်တဲ့အချိန်နှင့်အဲဒီတစ်ပါးသူတွေ
ကြားလို့မကောင်းတဲ့စကားကိုပြောတဲ့
အခါမှာဒေါသဖြစ်မှန်းသိရတယ်။ပြီးတော့တစ်ခုခုကိုကြောက်နေတဲ့အခါမှာ
လည်းဒေါသတွေပဲဖြစ်တယ်။ဘာ
ကြောင့်လဲဆိုတော့အဲဒီကြောက်နေတဲ့အာ
ရုံကိုမကြိုက်တဲ့အတွက်ကြောင့်ဖြစ်
တယ်။
ဘဝမှာကြောက်စရာကောင်းတဲ့အရာတွေ
များစွာရှိကြတယ်။အနာဂတ်ကိုကြောက်
ကြတယ်။အနာရောဂါတွေကိုကြောက်ကြ
တယ်။ရုတ်တရက်ထိခိုက်ဒဏ်ရာရပြီး
သေမှာကိုကြောက်ကြတယ်စသည်တို့ကို
ကြောက်ကြတယ်။ဒါကြောင့်ကျွနုပ်တို့
သည်ကြောက်စိတ်တွေပျောက်စေတဲ့
နည်းလမ်းကိုရှာဖွေကြတယ်။ဒေါသအား
လုံးကိုငြိမ်းနိုင်တဲ့ပညာကိုတိုးတက်အောင်
ပွားများရမယ့်နည်းလမ်းတစ်လမ်းပဲရှိ
တယ်။လောဘသည်ဒေါသကိုဖြစ်ပေါ်စေ
တဲ့အကြောင်းရင်းဖြစ်တယ်။ကျွနုပ်တို့
တွေသည်ကိုယ်ကြိုက်နှစ်သက်တဲ့အရာ
တွေကိုမဆုံးရုံးချင်ကြဘူး။ဒါကြောင့်ဆုံး
ရုံးခြင်းနှင့်ကြုံတွေ့ရတဲ့အခါမှာပူဆွေး
ခြင်းတွေဖြစ်ကြတယ်။ပူဆွေးခြင်းတွေ
သည်ဒေါသတွေဖြစ်ပြီးအကုသိုလ်တွေ
ဖြစ်တယ်။ပြီးတော့အမှန်အတိုင်းဖြစ်တဲ့
တရားသဘောတွေကိုမသိတဲ့အခါမှာ
လူတွေနီင့်အရာပစ္စည်းအမျိုးမျိုးတွေ
ကိုခိုင်မြဲတယ်လို့ထင်ကြတယ်။ဒါပေ
မယ့်အဲဒီလူတွေနှင့်အရာတွေသည်ဖြစ်
ပေါ်ပြီးချက်ချင်းပျက်သွားတဲ့တရားသ
ဘောတွေသာဖြစ်တယ်။အဲဒီတရားသ
ဘောတွေသည်တစ်ခဏအတွင်းမှာ
ပြောင်းလဲသွားတယ်။ဒါပေမယ့်အမှန်
အတိုင်းဖြစ်တဲ့တရားသဘောတွေကိုသိ
တဲ့အခါမှာပူဆွေးခြင်းတွေလျော့နည်း
လာတယ်။ဒါကြောင့်ဖြစ်ပေါ်ပြီးပျက်
သွားတဲ့အရာတွေကိုပူဆွေးသောကဖြစ်
ခြင်းသည်ဘာအကျိုးမှမရှိဘူး။
ဒေါသမူလစိတ်နဲ့အတူဖြစ်ပေါ်တဲ့နောက်
ထပ်တစ်ခြားအကုသိုလ်စေတသိက်တွေ
ရှိသေးတယ်။နှမြောခြင်း(သို့)စိုးရိမ်ခြင်း
တွေသည်ပါဠိဘာသာမှာကုက္ကစ္စလို့ခေါ်
ပြီးအကုသိုလ်စေတသိက်ဖြစ်တယ်။ပြီး
တော့ကောင်းတဲ့အရာတွေကိုမလုပ်တဲ့အ
ချိန်(သို့)မကောင်းတဲ့အရာတွေကိုလုပ်နေ
တဲ့အရာတွေသည်ဒေါသမူလစိတ်နဲ့အတူ
ဖြစ်ပေါ်တဲ့အကုသိုလ်စေတသိက်ဖြစ်
တယ်။အဲဒီစိတ်ဆင်းရဲတဲ့အချိန်မှာပစ္စုပ္ပန်
အချိန်ကိုအောက်မေ့သိရမယ့်အစားအတိတ်ကိုသာစဉ်းစားတဲ့အတွက်စိတ်
ဆင်းရဲရခြင်းဖြစ်တယ်။အလုပ်တွေမှား
ပြီးလွဲချော်သွားတဲ့အခါမှာစိုးရိမ်စိတ်
တွေရှိလည်းဘာမှအကျိုးမရှိဘူး။မနာ
လိုခြင်း(ဧဿာ)သည်ဒေါသမူလစိတ်နဲ့
အတူဖြစ်ပေါ်တဲ့နောက်ထပ်စေတသိက်
တစ်ပါးဖြစ်တယ်။တစ်ပါးသူတွေကိုသာ
သာနှစ်သက်တဲ့အရာတွေမရစေချင်တဲ့အ
ချိန်မှာမနာလိုခြင်းတွေဖြစ်တယ်။အဲဒီအ
ချိန်မှာစိတ်ကအဲဒီအာရုံကိုမကျေနပ်ဘူး။
ဒါကြောင့်မနားလိုခြင်းတွေဖြစ်ပေါ်တာ
ဘယ်လောက်များသလဲဆိုတာသတိထား
သင့်တယ်။ကပ်စေးနည်းခြင်း(မစ္စရိယ)
သည်ဒေါသမူလစိတ်နဲ့အတူဖြစ်ပေါ်တဲ့
နောက်ထပ်အကုသိုလ်စေတသိက်တစ်ပါး
ဖြစ်တယ်။အဲဒီကပ်စေးနည်းတဲ့အချိန်မှာ
ဒေါသလည်းရှိကြတယ်။အဲဒီအချိန်မှာ
ကိုယ့်မှာရှိတဲ့ပစ္စည်းဉစ္စာကိုတစ်ပါးသူ
တွေကိုမရ/ပေးစေချင်ဘူး။
ဒေါသသည်မပျော်ရွှင်တဲ့ခံစားခြင်း(ဒေါ
မနဿဝေဒနါ)နဲ့အတူအမြဲတမ်းဖြစ်ပေါ်
တယ်။လူတွေသည်များသောအားဖြင့်
ဒေါသတွေမရှိခြင်ကြဘူး။ဘာကြောင့်လဲ
ဆိုတော့မပျော်ရွှင်တဲ့ခံစားခြင်းတွေကို
မကြိုက်ကြဘူး။ဒါကြောင့်ပညာကိုတိုး
တက်အောင်ပွါးများပြီးတရားသဘော
တွေကိုပိုပြီးသိလာတဲ့အချိန်မှာဒေါသ
တွေကိုစွန့်လွတ်ချင်လာတယ်။ဒီလိုဖြစ်
ရခြင်းသည်ဒေါမနဿဝေဒနါကိုမကြိုက်
တာတော့မဟုတ်ဘူး။အကုသိုလ်ရဲ့အပြစ်
တွေကိုမြင်တဲ့အတွက်ကြောင့်ဖြစ်တယ်။
ဒေါသသည်မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်နှင့်
စိတ်တွေမှဖြစ်ပေါ်တယ်။ဒါကြောင့်မ
ကြိုက်မနှစ်သက်တဲ့အရာတွေကိုမြင်းတဲ့
အချိန်၊ကြမ်းတမ်းတဲ့အသံကိုကြားတဲ့အ
ချိန်၊မကောင်းတဲ့အနံ့၊အရသာကိုစားရတဲ့
အချိန်၊နာကြင်အောင်ဖြစ်စေတဲ့အရာကို
ထိတွေ့တဲ့အချိန်နှင့်မကြိုက်နှစ်သက်တဲ့
အကြောင်းတွေကိုစဉ်းစားတဲ့အချိန်မှာ
ဒေါသတွေဖြစ်ပေါ်တယ်။ပြီးတော့ဘယ်
အကြောင်းတွေသေးငယ်နေပါစေမပျော်
ရွှင်တဲ့ခံစားခြင်းတွေဖြစ်ပေါ်တဲ့ဘယ်အ
ချိန်မဆိုအဲဒီအချိန်သည်ဒေါသတွေဖြစ်
တယ်ဆိုတာသိရတယ်။ပြီးတော့မကြိုက်
နှစ်သက်တဲ့အာရုံနဲ့ထိတွေ့တဲ့အခါမှာ
လည်းဒေါသတွေခဏခဏဖြစ်ပေါ်နိုင်
တယ်။ဉပမာ-ရာသီဉတုပူလွန်းတယ်၊(သို့)
အေးလွန်းတယ်စသည်တို့ဖြစ်ကြတယ်။
ခန္ဓာကိုယ်မှာမသာယာတဲ့ခံစားခြင်းတွေ
အနည်းငယ်သာရှိတဲ့အချိန်မှာလည်းဒေါ
သတွေဖြစ်ပေါ်စေတယ်။တကယ်လို့အ
ကြောင်းရင်းတွေရှိတဲ့အခါမှာလည်းဒေါ
သတွေဖြစ်ပေါ်တယ်။ဒွါရ ၅ပါးမှဖြစ်ပေါ်
နေတဲ့ကာမအာရုံ ၅ပါးထဲမှာငြိတွယ်နေသ
၍တော့ဒေါသသည်အမြဲတမ်းဖြစ်ပေါ်
နိုင်တယ်။
လူတွေသည်ကောင်းတဲ့အာရုံတွေကိုသာ
ရရှိချင်ကြတယ်။ဒါကြောင့်မကောင်းတဲ့
အာရုံတွေကိုရတဲ့အခါမှာဒေါသတွေဖြစ်
ပေါ်တယ်။ဒေါသကိုဖြစ်ပေါ်စေတဲ့နောက်
ထပ်အကြောင်းတစ်မျိုးကတော့တရား
တွေကိုမသိ၊နားမလည်ခြင်းကြောင့်ဖြစ်
တယ်။တကယ်လို့ကံ၊ဝိပက်၊အကြောင်း
နှင့်အကျိုးတွေကိုမသိတဲ့အခါမှာဒေါသ
သည်လွယ်လွယ်နဲ့ဖြစ်ပေါ်နိုင်တယ်။ဒါ
ကြောင့်အဲဒီဒွါရတစ်ခုခုမှာမကြိုက်နှစ်
သက်တဲ့အာရုံနဲ့ကြုံတွေ့တဲ့အခါမှာဒေါ
သသည်တစ်ဖြေးဖြေးနဲ့စုစောင်းပြီးကြီး
ထွားလာခြင်းဖြစ်တယ်။ဒါကြောင့်ပြုလုပ်
ပြီးသွားတဲ့အကုသိုလ်ကံရဲ့အကျိုးပေး(အ
ကုသိုလ်ဝိပက်)ဖြစ်တယ်။ဉပမာ-မကြိုက်
နှစ်သက်တဲ့စကားကိုကြားရတဲ့အချိန်မှာ
ပြောတဲ့သူကိုစိတ်ဆိုးနိုင်တယ်။ဒါပေမယ့်
တရားတော်တွေကိုလေ့လာသင်ကြားရတဲ့
သူတွေသည်အဲဒီမကြိုက်နှစ်သက်တဲ့
စကားတွေကိုကြားရခြင်းသည်တစ်ပါးသူ
တွေရဲ့ပြုလုပ်ခြင်းကနေဖြစ်ပေါ်ခြင်းမ
ဟုတ်တဲ့အကုသိုလ်ဝိပက်ဖြစ်တယ်ဆိုတာ
သိရတယ်။ဒါပေမယ့်ကိုယ်တိုင်ပြုလုပ်ပြီး
သွားတဲ့အကုသိုလ်ကံတွေရဲ့အကျိုးတွေ
ဖြစ်တယ်။ဝိပက်စိတ်သည်ဖြစ်ပေါ်ပြီး
ချက်ချင်းပျက်သွားတယ်။ခိုင်မြဲစွာနဲ့မရှိ
နေဘူး။ဒါပေမယ့်ကျွနုပ်တို့သည်အဲဒီမ
ကောင်းတဲ့အရာတွေကိုဆက်ပြီးထပ်ခါ၊
ထပ်ခါစဉ်းစားကြတယ်မဟုတ်လာ?တ
ကယ်လို့အခုချိန်မှာတရားသဘောတွေကို
သတိအောက်မေ့သိမယ်ဆိုရင်ဒေါသနဲ့အ
တူအကုသိုလ်အကျိုးတွေကိုစဉ်းစားခြင်း
မှလျော့နည်းလာနိုင်တယ်။
အဘိဓမ္မာတရားတော်တွေကိုလေ့လာသင်
ကြားရတဲ့အတွက်ကြောင့်ဒေါသမူလစိတ်
အမျိုးအစား ၂မျိုးရှိတယ်ဆိုတာသိရ
တယ်။ဘာတွေလဲဆိုတော့အသင်ခါလိဖြစ်
တဲ့ဒေါသမူလစိတ်(စွဲဆောင်မှုမရှိတဲ့ဒေါ
သစိတ်)နှင့်သသင်ခါလိဖြစ်တဲ့ဒေါသမူ
လစိတ်(စွဲဆောင်မှုရှိတဲ့စိတ်)တို့ဖြစ်ကြ
တယ်။သသင်ခါလိဖြစ်တဲ့ဒေါသရဲ့နမူ
နာတွေကတော့တစ်ပါးသူတွေရဲ့မ
ကြိုက်နှစ်သက်တဲ့လုပ်ရပ်တွေကိုစဉ်း
စားပြီးလုပ်ဖို့သတိပေးတဲ့သူကိုစိတ်ဆိုး
တယ်။အသင်ခါလိဖြစ်တဲ့ဒေါသသည်သ
သင်ခါလိဖြစ်တဲ့ဒေါသထက်ပိုပြီးပြင်း
ထန်တယ်။ဒေါသမူလစိတ်သည်ပဋီခ
သမ္ပယုတ်ဖြစ်ပြီးဒေါသရဲ့နောက်ထပ်
စကားလုံးတစ်မျိုးဖြစ်တဲ့ပဋီခနဲ့ပေါင်း
စပ်ထားတယ်။ဒေသမူလစိတ်သည်အမြဲ
တမ်းဒေါမနဿဝေဒနါနဲ့အတူဖြစ်ပေါ်
တယ်။ဒေါသမူလစိတ်အမျိုးအစား၂မျိုး
ကတော့ ၁။ဒေါသသည်ဒေါမနဿဝေဒ
နာနဲ့အတူဖြစ်ပေါ်ပြီးအသင်ခါလိဖြစ်
တယ်။၂။ဒေါသသည်ဒေါမနဿဝေဒနါ
နဲ့အတူဖြစ်ပေါ်ပြီးသသင်ခါလိဖြစ်တယ်။
ဒေါသတွေအဆင့်အမျိုးမျိုးရှိကြတယ်ဆို
တာသိရတယ်။အကြမ်းဒေါသ(သို့)အ
သေးစိတ်တဲ့ဒေါသတို့ဖြစ်ကြတယ်။အ
ကြမ်းဒေါသသည်ကိုယ်၊နှုတ်နှင့်စိတ်တွေ
မှအကုသိုလ်ကံမပုဒ်တွေဖြစ်စေတဲ့အ
ကြောင်းဖြစ်တယ်။ဒေါသမူလစိတ်သည်
ကိုယ်မှအကုသိုလ်ကံမပုဒ်၂မျိုးကိုပြုလုပ်
တဲ့အကြောင်းတွေဖြစ်တယ်။ဘာတွေလဲ
ဆိုတော့သတ်ဖြတ်ခြင်းနှင့်ခိုးယူခြင်းတို့
ဖြစ်ကြတယ်။။တကယ်လို့လောကမှာ
ကြမ်းတမ်းမှုတွေလျော့နည်းလာစေချင်
ရင်သတ်ဖြတ်ခြင်းတွေကိုရှောင်ကျဉ်ဖို့
ကြိုးစားသင့်တယ်။သတ်ဖြတ်တဲ့အချိန်
မှာဒေါသတွေပိုများလာပြီးစုစောင်းသွား
တယ်။ရဟန်းတွေရဲ့ဘဝသည်ညှဉ်းပန်း
နှိပ့်စက်တဲ့ဘဝတွေမဟုတ်ဘူး။ရဟန်း
တွေသည်လောကသတ္တဝါတွေကိုမဖျက်
ဆီးဘူး။ဒါပေမယ့်လူတွေသည်ရဟန်း
တွေလိုမျိုးမနေနိုင်ဘူး။ကိလေသာသည်
အနတ္တ(နင်၊ငါတွေမဟုတ်ဘူး)ဖြစ်တယ်။
ကိလေသာတွေသည်အကြောင်းကြောင့်
ဖြစ်ပေါ်ရတယ်။အဲဒီတရားတော်တွေရဲ့
ရည်ရွယ်ချက်သည်အကုသိုလ်ကိုမပြု
လုပ်တဲ့ပညတ်ကိုတားမြှစ်ဖို့မဟုတ်ဘူး။
ဒါပေမယ့်ကိလေသာတွေကိုငြိမ်းသတ်ဖို့
အတွက်ပညာကိုတိုးတက်အောင်ပွါးများ
ခြင်းဖြင့်ကူညီစောင့်ရှောက်ဖို့အတွက်ဖြစ်
တယ်။အဲဒီတစ်ခြားသူတွေရဲ့ပစ္စည်းတွေ
ကိုခိုးယူခြင်းကျတော့လောဘမူလစိတ်
(သို့)ဒေါသမူလစိတ်တွေနဲ့ပြုလုပ်နိုင်
တယ်။တကယ်လို့တစ်ပါးသူတွေကိုပူ
ပြင်သောကဖြစ်အောင်လုပ်တဲ့စေတနာ
တွေရှိတယ်ဆိုရင်ဒေါသမူလစိတ်နဲ့ပြု
လုပ်တယ်။တစ်ခြားသူတွေရဲ့ပစ္စည်း၊
ဉစ္စာတွေကိုပျက်ဆီးအောင်ပြုလုပ်ခြင်း
သည်ဒီအကုသိုလ်ကံမပုဒ်ထဲမှာပါဝင်
တယ်။
ဝစီ(နှုတ်)၄ပါးမှအကုသိုလ်ကံမပုဒ်ကို
ဖြစ်ပေါ်စေတဲ့ဒေါသမူလစိတ်တွေက
တော့မုသာဝါဒ၊ပိသုဏဝါစာ၊ဖရုသဝါ
စာနှင့်သမ္ပပ္ဖလာပဝါစာတို့ဖြစ်ကြတယ်။
ပြီးတော့လိမ်လည်ပြောဆိုခြင်း၊ဂုန်းချော
စကားပြောဆိုခြင်းနှင့်သိမ်ဖျင်းသောစ
ကားကိုပြောဆိုခြင်းတွေသည်လောဘမူ
လစိတ်(သို့)ဒေါသမူလစိတ်တွေမှဖြစ်ပေါ်
နိုင်တယ်။ဉပမာ-တစ်ပါးသူတွေကိုနာမည်
ပျက်အောင်ပြုလုပ်တဲ့စေတနာရှိတယ်(သို့
)နှိပ့်ကျစေတဲ့စေတနာတွေရှိတယ်စသည်
တို့ဖြစ်ကြတယ်။အများအားဖြင့်လူတွေ
သည်လက်နက်တွေကိုင်တွယ်ခြင်းမှရှောင်
ကျဉ်သင့်တယ်လို့ထင်ကြတယ်။ဒါပေမယ့်
လျှာသည်အရမ်းကိုနာကြဉ်အောင်ပြုလုပ်
နနိုင်တဲ့လက်နက်ဖြစ်တယ်ဆိုတာမေ့နေ
ကြတယ်။ဝစီဒုစရိုက်သည်လောကမှာပူ
ပြင်သောကတွေကြီးမားစွာနဲ့ပြုလုပ်နိုင်
တယ်။ဒါကြောင့်လူ့အသိုင်းအဝိုင်းတွေ
ထဲမှာကွဲပြားခြင်းတွေဖြစ်ပေါ်စေတယ်။ဝစီဒုစရိုက်ကိုပြောတဲ့သူတွေသည်ကိုယ့်
ကိုကိုယ်ဖျက်ဆီးတာနဲ့တူတယ်။ဘာ
ကြောင့်လဲဆိုတော့အဲဒီအချိန်မှာအကု
သိုလ်ဝိပါက်ကိုအကြောင်းဖြစ်စေတဲ့အ
ကုသိုလ်ကံကိုစုစောင်းခြင်းဖြစ်တယ်။
ကြမ်းတမ်းတဲ့စကားကိုပြောဆိုခြင်းသည်
အဲဒီလူရဲ့ပါးစပ်မှာပုစိန်ရှိတာနဲ့တူတယ်။ဒါ
ကြောင့်လူယုတ်မာတွေရဲ့ကိုယ်ကျိုးကိုစွန့်
ရခြင်းရဲ့အကြောင်းရင်းဖြစ်တယ်။အဲဒီ
ဒေါသမူလစိတ်ကနေဖြစ်ပေါ်တဲ့မနောဒွါရ
မှအကုသိုလ်ကံမပုဒ်သည်ညှင်းဆဲတဲ့စေ
တနာ(သို့)တစ်ပါးသူတွေကိုနှိပ့်စက်တဲ့စေ
တနာတွေဖြစ်တယ်။ရက်စက်ကြမ်းကြုတ်
တဲ့လုပ်ရပ်ကိုပြုလုပ်လာကြတယ်။
ကျွနုပ်တို့တွေထဲမှာသတ္တဝါတွေကိုမသတ်
တော့ဘူး၊ဒေါသတွေမရှိတော့ဘူးဆိုတာ
ပြောရဲတဲ့သူဘယ်သူတွေရှိသလဲ?သံသရာ
ထဲမှာဒေါသတွေဘယ်လောက်စုစောင်း
လာတယ်ဆိုတာကျွနုပ်တို့တွေမသိနိုင်
ဘူး။ကျွနုပ်တို့တွေဒေါသဖြစ်ဖို့အကြောင်း
တွေရှိတဲ့အခါမှာရက်စက်တဲအရာတွေကို
ပြုလုပ်ကြတယ်။အဲသလိုလုပ်လိမ့်မယ်လို့
ကိုယ့်ကိုကိုယ်ကြိုတင်မသိနိုင်ဘူး။ဒါ
ကြောင့်ဒေါသသည်ကြောက်စရာကောင်း
ပြီးအကုသိုလ်ကံတစ်ခုခုကိုပြုလုပ်စေတဲ့
အကြောင်းဖြစ်တဲ့အခါမှာဒေါသကိုစွန့်
လွတ်ချင်လာကြတယ်။အဲဒီတစ်ပါးသူ
တွေနဲ့ကောင်းတဲ့လုပ်ရပ်ကိုပြုလုပ်တဲ့အ
ချိန်မှာဒေါသတွေကိုထပ်ပြီးမစုစောင်း
ဖြစ်ဘူး။ဂုတ္တနိကယ်၊ကလဏီရမေတ္တာ
သုတ်မှာဒေါသစိတ်တွေကိုငြိမ်းသတ်
နိုင်ဖို့သည်သတ္တဝါတွေအားလုံးရဲ့အပေါ်
မှာမေတ္တာတွေပွါးများသင့်တယ်လို့ဗုဒ္ဓ
မြတ်စွာဘုရားကဆိုဆုံးမသွားတဲ့အချက်
အလက်တွေရှိတယ်။“သတ္တဝါတွေအား
လုံးပျော်ရွှင်နိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါ
စေ၊ငြိမ်းချမ်းမှုရှိပြီးကိုယ်တိုင်ပျှော်ရွှင်
ခြင်းတွေရရှိကြပါစေ၊အသက်ရှိနေတဲ့
ဘယ်သတ္တဝါတွေမဆိုထိန့်လန့်ခြင်းတွေ
မရှိတဲ့သူဖြစ်ရပါစေ၊ဘယ်သတ္တဝါမဆို
ကိုယ်ခန္ဓာတွေရှည်၊တို၊အလတ်၊ကြီး၊
ငယ်၊ပိန်နှင့်ပါးလွှာတဲ့သတ္တဝါတွေချမ်း
သာကိုယ်စိတ်မြဲပါစေ၊မြင်အပ်၊မမြင်အပ်
တဲ့သတ္တဝါတွေ၊ဝေနေ၊နီးနေတဲ့သတ္တဝါ
တွေနှင့်မွေးပြီးတဲ့သတ္တဝါတွေ၊မွေးမယ့်နေ
ရာကိုရှာတဲ့သတ္တဝါတွေအားလုံးတို့သည်
ပျော်ရွှင်ခြင်းရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါစေ
၊သတ္တဝါအချင်းချင်းခြောက်လှန့်ခြင်းမှ
ကင်းရှင်ကြပါစေ၊ဆင်းရဲလိုခြင်းအချင်း
ချင်းကင်းရှင်ကြပါစေ၊စိတ်ဆိုးခြင်းနှင့်ရန်
ငြိုးထားခြင်းတွေမှကင်းရှင်ကြပါစေ၊
ကိုယ်တိုင်မွေးထားတဲ့ကိုယ့်ရဲ့ကလေးတစ်
ယောက်လိုမျိုးအသက်ကိုပါစွန့်လွတ်ရဲ
တယ်။ထို့နည်းတူပဲအကျိုးတွေထဲမှာလိမ္မာ
တဲ့ပုဂ္ဂိုလ်တွေသည်သတ္တဝါတွေအားလုံး
အပေါ်မှာကန့်သတ်ချက်တွေမရှိလောက်
အောင်မေတ္တာတွေပွါးများသင့်တယ်။ထို့
နည်းတူပဲအပေါ်ပိုင်း၊အောက်ပိုင်း၊ဘယ်၊
ညာစတဲ့လောကအားလုံးနှင့်ပုဂ္ဂိုလ်၊သတ္တ
ဝါတွေအားလုံးအပေါ်မှာလည်းရန်ငြိုး၊ရန်
သူတွေနှင့်အတင်းအကြပ်တွေကင်းရှင်ပြီး
ကန့်သတ်ချက်တွေမရှိလောက်အောင်စိတ်
ထဲမှာမေတ္တာတွေပွါးများသင့်တယ်။
ဗုဒ္ဓမြတ်စွာဘုရားကကိုယ်မကြိုက်မနှစ်
သက်တဲ့လူတွေကိုလည်းစိတ်မဆိုးရဘူး
လို့ဆိုဆုံးမသွားတယ်။ဝိနည်ပိဋကတ်
တော်မှာဗုဒ္ဓမြတ်စွာဘုရားသည်ရဟန်း
တွေနဲ့ဆိုဆုံးမသွားတဲ့အချက်အလက်
တွေရှိတယ်။ဘယ်သူတွေမဆိုရန်ငြိုး
ထားတဲ့သူတွေသည်ဟိုလူငါ့ကိုဆူ/ဆဲ
တယ်၊ရိုက်၊အနိုင်ယူတယ်၊ငါ့ရဲ့ပစ္စည်း
တွေကိုယူတယ်။အဲဒီလူတွေရဲ့ရန်ငြိုး
တွေသည်မငြိမ်သက်ဘူး။ပြီးတော့လော
ကမှာရန်ငြိုးထားတဲ့အတွက်မငြိမ်သက်
ဘူး။ထို့နည်းတူးပဲရန်ငြိုးမထားတဲ့သူတွေ
အတွက်ကျတော့ငြိမ်သက်ပြီးရန်ငြိုးတွေ
ရပ်တန့်သွားတယ်။ဒီတရားတွေသည်အစ
ကတည်းကရှိခဲ့တယ်။တစ်ခါတလေ
ကျွနုပ်တို့သည်ဒေါသအစားမေတ္တာရှိဖို့
မဖြစ်နိုင်ဘူးလို့ထင်ကြတယ်။ဉပမာ-တစ်
ခြားသူတွေကိုယ့်နဲ့မကောင်းတာတွေလုပ်
တဲ့အခါမှာကိုယ်ကလည်းစိတ်မပျော်ရွှင်
ဘူး။ပြီးတော့အဲဒီမပျော်တဲ့အကြောင်းကို
ပဲထပ်ခါ၊ထပ်ခါနဲ့စဉ်းစားကြတယ်။ဒေါသ
တွေသမုစ္ဒေအဖြစ်နဲ့မငြိမ်းသတ်ရသေးတဲ့
အခါမှာနောက်ထပ်ဒေါသဖြစ်ဖို့အ
ကြောင်းရှိသေးတယ်။ပြီးတော့ဖြစ်ပေါ်တဲ့
တရားသဘောအားလုံးတွေကိုသတိ
အောက်မေ့သိတဲ့အခါမှာဒေါသတွေငြိမ်း
နိုင်တဲ့အထိပညာတွေပိုပြီးတိုးတက်လာ
တယ်။အဲဒီဒေါသကိုစွန့်လွတ်ဖို့သည်အ
စဉ်လိုက်နဲ့စွန့်လွတ်ရတယ်။အရှင်သော
တာပန်ပုဂ္ဂိုလ်(ပထမအဆင့်အရိယာသစ္စာ
တရားကိုသိတဲ့ပုဂ္ဂိုလ်)သည်ဒေါသကိုစွန့်
လွတ်လို့မရသေးဘူး။နောက်ထပ်ဒုတိယ
အဆင့်အရိယာသစ္စာတရားကိုသိတဲ့ပုဂ္ဂိလ်
ကတော့အရှင်သဒါဂါမ်အဆင့်ဖြစ်ပြီးဒေါ
သကိုသမုစ္ဒေအဖြစ်နဲ့ငြိမ်းသတ်လို့မရ
သေးဘူး။တတိယအဆင့်အရိယာသစ္စာ
တရားကိုသိတဲ့ပုဂ္ဂိုလ်ကတော့အရှင်အ
နာဂါမီပုဂ္ဂိုလ်ဖြစ်ပြီးဒေါသကိုသမုစ္ဒေအ
ဖြစ်နဲ့ငြိမ်းသတ်နိုင်တယ်။ပြီးတော့နောက်
ထပ်ပဋီခနုသယကိလေသာတွေမရှိ
တော့ဘူး။
ကျွနုပ်တို့သည်ဒေါသကိုငြိမ်းသတ်လို့မရ
သေးပေမယ့်ဒေါသဖြစ်ပေါ်တဲ့အခါမှာအ
ကြောင်းကြောင့်ဖြစပေါ်တဲ့နာမ်တရားတစ်
မျိုးဖြစ်တဲ့ဒေါသရဲ့လက္ခဏတွေကိုသတိ
ကအောက်မေ့သိရတယ်။ဒါပေမယ့်သတိ
မဖြစ်ပေါ်တဲ့အခါမှာဒေါသတွေအကြာ
ကြီးဖြစ်ပေါ်တယ်လို့ထင်ရတယ်။ပြီးတော့
ဒေါသကိုနင်၊ငါဖြစ်တယ်လို့စွဲထားကြ
တယ်။ဒါကြောင့်တစ်ခြားဖြစ်ပေါ်တဲ့ရုပ်
တရားနှင့်နာမ်တရားတွေကိုသိဖို့သတိမ
ထားလိုက်ဘူး။အဲဒီတစ်ခဏစီဖြစ်ပေါ်
တဲ့ရုပ်တရားနှင့်နာမ်တရားရဲ့သဘော
တွေကိုသတိအောက်မေ့သိဖို့ပွါးများ
ခြင်းသည်မမြဲတဲ့ရုပ်တရားနှင့်နာမ်တရား
တွေရဲ့ကွာခြားတဲ့လက္ခဏတွေကိုသိနိုင်
တယ်။ပြီးတော့ဒေါသသည်နင်၊ငါတွေမ
ဟုတ်ဘူး။တရားသဘောတစ်ခုသာဖြစ်
တယ်ဆိုတာသိရတယ်။တရားသဘော
အမျိုးမျိုးတွေကိုသိနားလည်မှုတွေပိုပြီး
ထင်ရှားစွာရှိလာတဲ့အခါမှာမနှစ်သက်
တဲ့အာရုံတွေရဲ့စဉ်းစားခြင်းတွေလျော့
နည်းလာတယ်။ဘာကြောင့်လဲဆိုတော့
ဖြစ်ပေါ်ပြီးပျက်သွားတဲ့နာမ်တရားတစ်
မျိုးသာဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်။
ပြီးတော့အတိတ်(သို့)အနာဂတ်တွေကို
စဉ်းစားနေမယ့်အစားပစ္စုပ္ပန်ထဲမှာစူး
စိုက်မှုတွေပိုပြီးများလာတယ်။ပြီးတော့
ကိုယ့်နဲ့ဖြစ်ပေါ်တဲ့မကောင်းတဲ့အကြောင်း
တွေကိုတစ်ခြားသူတွေနဲ့ပြောပြဖို့လျော့
နည်းလာတယ်။ဘာကြောင့်လဲဆိုတော့
ကိုယ့်နဲ့တစ်ပါးသူတွေကိုပါဒေါသဖြစ်ပေါ်
စေတဲ့အကြောင်းတွေမရှိစေချင်တဲ့အ
တွက်ကြောင့်ဖြစ်တယ်။ကိုယ့်ကိုတစ်ပါး
သူတွေစိတ်ဆိုးတဲ့အခါမှာကျွနုပ်တို့သည်
သူ့နဲ့ဖြစ်ပေါ်တဲ့တရားသဘောတွေကို
ကောင်းစွာနားလည်လာတယ်။ဒါကြောင့်
ကိုယ့်အပေါ်မှာမကောင်းတဲ့သူတွေသည်
သူ့ကိုသူဆင်းရဲအောင်လုပ်တဲ့အတွက်
ကြောင့်ကျွနုပ်တို့ဆီကမေတ္တာတွေရရှိသင့်
တယ်။ဒါကြောင့်တရားသဘောအမျိုး
မျိုးတွေကိုနားလည်ခြင်းသည်ဒေါသတွေ
ဖြစ်ပေါ်မယ့်အစားတစ်ပါးသူတွေအပေါ်
မှာမေတ္တာ၊ကရုဏာတွေပိုပြီးရှိလာတယ်။
# အဝိဇ္ဇာ #
ဘယ်အကုသိုလ်စိတ်မဆိုလောဘမူလ
စိတ်(သို့)ဒေါသမူလစိတ်တွေဖြစ်တယ်လို့
ကျွနုပ်တို့တွေသိနိုင်တယ်။ဒါပေမယ့်ဘယ်
အချိန်မှာမောဟမူလစိတ်တွေဖြစ်သလဲဆို
တာသိကြရဲ့လာ?မောဟသည်ဘယ်လို
လက္ခဏတွေရှိသလဲ?ဒါကြောင့်လောက
မှာလေ့လာသင်ကြားခြင်းတွေနည်းတဲ့သူ၊
နိုင်ငံခြားစကားတွေမပြောတတ်တဲ့သူ၊
သမိုင်းအကြောင်းတွေ(သို့)နိုင်ငံရေးအ
ကြောင်းတွေမသိတဲ့သူတွေနှင့်လောက
မှာဘာတွေဖြစ်ပေါ်သလဲဆိုတာမသိတဲ့
သူတွေကိုတုံးအတယ်လို့ထင်ကြတယ်။
အဲဒါစွန့်လွတ်သင့်တဲ့မောဟတွေဖြစ်လာ?
တကယ်လို့အဲလိုအမှန်တွေဖြစ်ခဲ့ရင်ကု
သိုလ်တွေသည်ဘာသာစကားများစွာ
ပြောတတ်တဲ့သူ (သို့)သမိုင်းအကြောင်း
နှင့်နိုင်ငံရေးအကြောင်းကိုသိတဲ့သူတွေနဲ့
အများကြီးဖြစ်ပေါ်တယ်။အဲဒါအမှန်တွေ
မဟုတ်ဘူးဆိုတာကျွနုပ်တို့တွေဝေဖန်သုံး
သပ်လို့ရတယ်။မောဟရဲ့လက္ခဏတွေကို
နားလည်ဖို့အတွက်သည်အရာအမျိုးမျိုး
တွေကိုနားလည်ဖို့ပညတ်စကားလုံးကိုသုံး
ရတဲ့သမုတိပညတ်ရဲ့လောကရှိပြီးအဲဒီ
ကျွနုပ်တို့ရဲ့တစ်နေ့တာဘဝမှာရှိတဲ့မော
ဟသည်ဘာတွေကိုမသိလဲဆိုတာကျွနုပ်
တို့စဉ်းစားသင့်တယ်။ပြီးတော့ပရမတ္ထ
တရားရဲ့လောက(သို့)တရားသဘောရဲ့
လောကတွေရှိတယ်။ကျွနုပ်တို့တွေပညတ်
ပေးတဲ့လောကကိုအောက်မေ့တဲ့အခါမှာ
လူတွေ၊သတ္တဝါတွေနှင့်အရာအမျိုးမျိုး
တွေဖြစ်တယ်လို့ထင်ကြတယ်။ပြီးတော့
အဲဒီအရာတွေအားလုံးကိုပညတ်ပြီးခေါ်
ကြတယ်။ဒါပေမယ့်အမှန်အတိုင်းကိုယ့်
ရဲ့ပတ်ပတ်လည်မှာရှိတဲ့တရားသဘော
နှင့်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့တရားသ
ဘောအမျိုးမျိုးတွေကိုကျွနုပ်တို့တွေသိ
ကြပြီးလာ?(သို့)ဖြစ်ပေါ်ပြီးပျက်သွား
တဲ့ရုပ်တရားနှင့်နာမ်တရားတွေသာဖြစ်
တယ်ဆိုတာသိကြပြီးလာ?
ပရမတ္ထတရားရဲ့လောကသည်တကယ်
ရှိတယ်။ပြီးတော့နာမ်တရားနှင့်ရုပ်တ
ရားတွေသည်ပရမတ္ထတရားတွေဖြစ်
တယ်။ကျွနုပ်တို့ရဲ့တစ်နေ့တာဘဝမှာ
ဖြစ်ပေါ်နေတဲ့အဲဒီရုပ်တရားနှင့်နာမ်တ
ရားတွေသည်မနောဒွါရနှင့်ပဉ္စဒွါရမှသိ
နိုင်တယ်။အဲဒီရုပ်တရားနှင့်နာမ်တရား
တွေကိုဘယ်လိုပဲခေါ်ခေါ်အမှန်ကတော့
တကယ်ရှိတဲ့လောကဖြစ်တယ်။မြင်တဲ့
အချိန်မှာမျက်စိမှဖြစ်ပေါ်တဲ့အရာတွေရဲ့
လောကဖြစ်တယ်။ကြားတဲ့အချိန်မှာအ
သံရဲ့လောကဖြစ်တယ်။အရာတစ်ခုခုကို
ထိတွေ့တဲ့အချိန်မှာဗောဌဖာရုံရဲ့လောက
ဖြစ်တယ်။မျက်စိမှဖြစ်ပေါ်တဲ့အရာနှင့်
မြင်ခြင်းတွေသည်တကယ်ရှိတယ်။ဒါ
ကြောင့်တရားသဘောနှစ်ခုစလုံးရဲ့လက္ခ
ဏတွေကိုသိနိုင်တယ်။မျက်စိမှဖြစ်ပေါ်
တဲ့အရာ(သို့)မြင်ခြင်းတွေကိုကျွနုပ်တို့
တွေဘယ်လိုပဲခေါ်ခေါ်(သို့)ဘယ်လိုမှမ
ခေါ်လည်းရတယ်။ဒါပေမယ့်“သစ်ပင်”
(သို့)“ကုလာထိုင်”လို့ပညတ်ပြီးခေါ်တဲ့
စကားလုံးတွေကိုစွဲထားတဲ့အခါမှာအမှန်
အတိုင်းရှိတဲ့တရားသဘောရဲ့လက္ခဏ
တွေကိုမသိတော့ဘူး။
ဒါကြောင့်အမှန်အတိုင်းဆိုရင်သစ်ပင်ကို
ကြည့်လိုက်တဲ့အခါမှာဘာတရားသဘော
တွေဖြစ်ပေါ်သလဲ?ဘယ်တရားသဘောက
တကယ်သိပြီးဖြစ်ပေါ်နိုင်သလဲ?မျက်စိမှ
ဖြစ်ပေါ်တဲ့အရာသည်ပရမတ္ထတရားဖြစ်
ပြီးတကယ်ရှိတဲ့တရားသဘောဖြစ်တယ်။
မျက်စိမှသိနိုင်တဲ့ရုပ်တရားတစ်မျိုးဖြစ်
တယ်။မာတဲ့သဘောသည်ရုပ်တရားသ
ဘောဖြစ်ပြီးကိုယ်နဲ့ထိတွေ့ခြင်းဖြင့်သိနိုင်
တယ်။ပြီးတော့တကယ်ရှိတဲ့တရားဖြစ်
တယ်။သစ်ပင်သည်ပညတ်ဖြစ်တယ်။
(သို့)စဉ်းစားတဲ့အကြောင်းအရားဖြစ်ပြီး
ပရမတ္ထတရားမဟုတ်ဘူး။ပြီးတော့ထိုး
ထွင်းစွာနဲ့သိနိုင်တဲ့တရားသဘောမဟုတ်
ဘူး။မျက်စိမှဖြစ်ပေါ်တဲ့အရာတွေ(သို့)
မာတဲ့သဘောတွေကိုကျွနုပ်တို့တွေဘယ်
လိုပဲခေါ်ခေါ်သိနိုင်ပြီးလက္ခဏသဘော
တွေရှိတဲ့ပရမတ္ထတရားဖြစ်တယ်။ဒွါရ
၆ပါးမှဖြစ်ပေါ်တဲ့လောကသည်တကယ်
ရှိတဲ့လောကဖြစ်တယ်။ဒါပေမယ့်မမြဲဘူး။
မြင်တဲ့အချိန်မှာမျက်စိမှဖြစ်ပေါ်တဲ့အရာ
ဖြစ်ပြီးလျှင်မြန်စွာနဲ့ပျက်သွားတယ်။ဒါ
ကြောင့်မြင်တဲ့အချိန်မှာမမြဲတဲ့လောက
ဖြစ်တယ်။ပြီးတော့ကြားတဲ့အချိန်မှာမမြဲ
တဲ့အသံရဲ့လောကဖြစိတယ်။အနံ့ရဲ့လော
က၊အရသာရဲ့လောက၊ထိတွေ့ခြင်းတွေရဲ့
လောကနှင့်ဓမ္မာရုံတွေရဲ့လောကတွေ
လည်းထို့နည်းတူပဲဖြစ်တယ်။ဘယ်လိုပဲ
ဖြစ်ဖြစ်ကျွနုပ်တို့တွေသည်သမုတိပညတ်
ဖြစ်တဲ့လောကကိုပဲသိကြတယ်။ဘာ
ကြောင့်လဲဆိုတော့မသိမှု(အဝိဇ္ဇာ)နဲ့အ
ကြာကြီးစုစောင်းလာခဲ့တဲ့အမြင်မှားခြင်း
တွေကြောင့်ဖြစ်တယ်။ပရမတ္ထတရားတွေ
ကိုမသိခြင်းသည်စွန့်လွတ်ရမယ့်မသိခြင်း
တွေဖြစ်တယ်။ဘာကြောင့်လဲဆိုတော့
ဆင်းရဲဒုက္ခတွေကိုဖြစ်ပေါ်စေတဲ့အတွက်
ကြောင့်ဖြစ်တယ်။
အဲဒီပရမတ္ထတရားဖြစ်တဲ့လောကသည်
တရားအရအရိယာဝိနည်းထဲကလောက
လို့ခေါ်တယ်။အရှင်အရိယာပုဂ္ဂိုလ်သည်
အမှန်အတိုင်းရှိတဲ့တရားသဘောတွေကို
ထိုးထွင်းစွာနဲ့သိတဲ့အထိပညာတွေကိုတိုး
တက်အောင်ပွါးများကြတယ်အရိယာ
ပုဂ္ဂိုလ်တွေသည်အမှန်အတိုင်းလောက
ကိုနားလည်ပြီးသိကြတယ်။သမ်ယုတ္တနိ
ကယ်၊ပလောကသုတ်မှာအရှင်အာနန္ဒာ
ကဗုဒ္ဓမြတ်စွာဘုရားကိုမေးလျှောက်
တယ်။မြင့်မြတ်သောအရှင်ဘုရား!ဒီလို
လောက၊လောကလို့ခေါ်ကြခြင်းသည်
ဘယ်လောက်အကြောင်းတွေနဲ့လောက
လို့ခေါ်ကြသလဲ?အရှင်အာနန္နာနားထောင်
!ပျက်ဆီးခြင်းရှိတဲ့အရာတွေအားလုံး
သည်ဖြစ်ရမြဲဓမ္မာတာဖြစ်တယ်။ဒါတွေ
သည်အရိယာဝိနည်းထဲကလောကလို့ခေါ်
တယ်။ဓမ္မတာဖြစ်ပြီးပျက်ဆီးခြင်းရှိတဲ့
(ဓမ္မာတာ)ဖြစ်ရမြဲထုံးစံဖြစ်တယ်။ရုပ်၊
အရသာနှင့်စိတ်တွေသည်ပျက်ဆီးခြင်း
ရှိတဲ့ဓမ္မာတာဖြစ်တယ်။ဖြစ်ပေါ်တဲ့ဓမ္မာရုံ
၊မနောဝိညာဏ်၊မနောသမ္ဖ၊သုခဝေဒနါ၊
ဒုက္ခဝေဒနါ(သို့)အဒုက္ခသုခဝေဒနါတွေ
သည်အကြောင်းဖြစ်တဲ့မနောသမ္ဖကြောင့်
ဖြစ်ပြီးပျက်ဆီးခြင်းရှိတဲ့ဓမ္မာတာဖြစ်
တယ်။အရှင်အာနန္ဒာနားထောင်!ပျက်ဆီး
ခြင်းရှိတဲ့အရာတွေအားလုံးသည်အရိယာ
ဝိနည်းထဲကလောကလို့ခေါ်တယ်။
တစ်ချို့ကဒွါရ၆ပါးမှဖြစ်ပေါ်တဲ့လောက
ကိုထိုးထွင်းစွာမသိပဲကိုယ်တိုင်မှန်ကန်စွာ
နဲ့သိနိုင်တယ်လို့ထင်ကြတယ်။သူတို့ရဲ့ဒေါ
သနှင့်လောဘတွေကိုသူတို့တွေသိကြ
တယ်လို့ထင်ကြတယ်။ဒါပေမယ့်အဲဒီ
တရားသဘောတွေရဲ့အမှန်အတိုင်းကို
သူတို့တွေနားမလည်ကြဘူး။ပြီးတော့
နင်၊ငါတွေမဟုတ်တဲ့နာမ်တရားတစ်ခုစီ
သာဖြစ်ကြတယ်။ဒါကြောင့်နင်၊ငါဖြစ်
တယ်လို့တရားသဘောအမျိုးမျိုးတွေကို
စွဲထားနေသ၍တော့သူတို့ကိုယ်သူတို့တ
ကယ်မသိသေးဘူး။ပြီးတော့ကိလေသာ
တွေကိုလည်းငြိမ်းသတ်လို့မရသေးဘူး။
နင်၊ငါရှိတယ်ဆိုတဲ့အမြင်မှားထဲမှာစွဲထား
သေးတယ်။ဘယ်တရားသဘောတွေရဲ့
လက္ခဏတွေကိုမှထိုးထွင်းစွာနဲ့မသိသေး
ဘူး။ဘယ်အချိန်တွေမှာလောဘ၊ဒေါသ၊
မောဟတွေဖြစ်တယ်ဆိုတာသိနိုင်ဖို့သည်
ခက်ခဲတယ်။ပြီးတော့ပိုပြီးအသေးစိတ်တဲ့
အကုသိုလ်တရားတွေကိုသတိအောက်မေ့
သိဖို့သည်လည်းခက်ခဲတယ်။ဒါကြောင့်
ပညာကိုတိုးတက်အောင်ပွားများတဲ့အခါ
မှာဘာတရားသဘောကိုမှနားမလည်သေး
ဘူးဆိုတာသိရတယ်။မောဟဖြစ်ပေါ်တဲ့
ဘယ်အချိန်မဆိုအဲဒီအချိန်မှာအမှောင်ထဲ
မှာရှိနေကြတယ်။ဒါကြောင့်ဗုဒ္ဓမြတ်စွာဘု
ရားသည်မဟာကရုဏာကြီးမားစွာနဲ့တ
ရားတော်တွေကိုဆိုဆုံးမသွားတယ်။တ
ရားတော်တွေသည်အမှောင်တွေကိုသုတ်
သင်ပေးတဲ့အလင်းရောင်ဖြစ်တယ်။တ
ကယ်လို့တရားသဘောတွေကိုနားမလည်
ဘူးဆိုရင်လောကကိုနားမလည်ဘူး။ကိုယ့်
ကိုကိုယ်လည်းနားမလည်ဘူး။ကုသိုလ်ကံ၊
အကုသိုလ်ကံတွေကိုနားမလည်ဘူး။ကံရဲ့
အကျိုးပေးတွေကိုလည်းနားမလည်ဘူး။
ပြီးတော့ကိလေသာကိုငြိမ်းသတ်ဖို့အား
ထုတ်ရတဲ့နည်းလမ်းတွေကိုလည်းနားမ
လည်ကြဘူး။
အဘိဓမ္မာကိုလေ့လာသင်ကြားခြင်းသည်
မောဟရဲ့လက္ခဏတွေကိုပိုပြီးနားလည်
လာတယ်။အတ္ထစာလိနီ၊ဓမ္မသံခနီပကော
မှာမောဟကိုရှင်းပြသွားတယ်။မောဟ
သည်စိတ်ရဲ့မှောင်ခြင်းရှိတဲ့လက္ခဏဖြစ်
တယ်။(သို့)မသိခြင်းရှိတဲ့လက္ခဏဖြစ်
တယ်။(သို့)အာရုံရဲ့သဘာဝကိုပိတ်ပင်
ခြင်းရှိတဲ့လက္ခဏသဘောဖြစ်တယ်။ပြီး
တော့ကောင်းစွာနဲ့ကျင့်ကြံခြင်းမရှိတဲ့အ
ခြေခံဖြစ်တယ်။(သို့)မှောင်မည်းခြင်း
သည်စိတ်ထဲကပြုလုပ်ထားတဲ့အခြေခံ
ဖြစ်ပြီးမကောင်းတဲ့ကြံစည်ခြင်းရဲ့အ
ကြောင်းရင်းဖြစ်တယ်ဒါကြောင့်အကု
သိုလ်ကံအားလုံးရဲ့မူလဖြစ်တယ်လို့သိ
မြင်ကြတယ်။မောဟသည်အဆင့်များ
စွာရှိကြတယ်။ဒါပေမယ့်တရားတော်တွေ
ကိုလေ့လာသင်ကြားရတဲ့အခါမှာတရား
သဘောအမျိုးမျိုးတွေရဲ့အကြောင်းတွေ
ကိုမသိခြင်းမှလျော့နည်းလာတယ်။ဒါ
ကြောင့်ပရမတ္ထတရားဖြစ်တဲ့ကံနှင့်ဝိပါက်
တွေကိုပိုပြီးနားလည်လာတယ်။ဒါပေ
မယ့်မောဟတွေကိုစွန့်လွတ်လို့ရပြီးဆိုတာ
မဟုတ်ရဘူး။ဘာကြောင့်လဲဆိုတော့သစ္စာ
တရားအကြောင်းတွေကိုစဉ်းစားရုံ
လောက်နဲ့မောဟတွေကိုစွန့်လွတ်လို့မရ
ဘူး။ဒါပေမယ့်အရိယာဝိနည်းထဲမှာလော
ကကိုထိုးထွင်းစွာသိနိုင်တဲ့ပညာတွေကို
တိုးတက်အောင်ပွါးများခြင်းဖြင့်မောဟ
တွေကိုစွန့်လွတ်လို့ရနိုင်တယ်။ဘာတွေ
လဲဆိုတော့မျက်စိ-စက္ခု၊မျက်စိမှဖြစ်ပေါ်
တဲ့အရာ(ရူပါရုံ)စက္ခုဝိညာဉ်-မြင်သိစိတ်၊
သောတ-အသံ(သဒ္ဓါရုံ)သောတဝိညာဉ်-
ကြားသိစိတ်နှင့်ဒွါရ ၆ပါးမှဖြစ်ပေါ်တဲ့တ
ရားသဘောအားလုံးတွေဖြစ်တယ်။
အဘိဓမ္မာတရားတွေကိုလေ့လာသင်ကြား
ရတဲ့အခါမှာမောဟသည်အကုသိုလ်စိတ်
အပါးတိုင်းနဲ့ဖြစ်ပေါ်တယ်ဆိုတာသိရ
တယ်။လောဘမူလစိတ်သည်မောဟနှင့်
ဒေါသတွေရဲ့အကြောင်း(မူလ)ဖြစ်တယ်။
ဒေါသမူလစိတ်သည်မောဟနှင့်ဒေါသ
တွေရဲ့အကြောင်းရင်း(မူလ)ဖြစ်တယ်။
မောဟရှိတဲ့အကုသိုလ်စိတ် ၂ပါးသည်
သံသယ(ဝိစိကိစ္စ)ရှိတဲ့မောဟမူလစိတ်
၁ပါးနဲ့အတူဖြစ်ပေါ်တယ်။ပြီးတော့ငြိမ်
သက်ခြင်းမရှိတဲ့(ဉဒ္ဓစ္စ)မောဟမူလစိတ်
၁ပါးနဲ့အတူဖြစ်ပေါ်တယ်။အဲဒီမောဟမူ
လစိတ်နဲ့အတူဖြစ်ပေါ်တဲ့ဝေဒနါသည်
ဉပေက္ခာဝေဒနါတစ်မျိုးသာဖြစ်တယ်။
မောဟမူလစိတ်သည်လောဘ(သို့)ဒေါ
သတွေမရှိဘူး။သောမနဿ(သို့)ဒေါမ
နဿတွေမရှိဘူး။မောဟမူလစိတ် ၂ပါး
သည်အသင်ခါလိဖြစ်တယ်။မောဟရဲ့့
လက္ခဏနှင့်ဒိဠိရဲ့လက္ခဏတွေကိုမမှား
သင့်ဘူး။ဒိဠိသည်လောဘမူလစိတ်နဲ့သာ
ဖြစ်ပေါ်တယ်။ဒိဠိဖြစ်ပေါ်တဲ့အခါမှာအဲဒီ
မမြဲတဲ့အရာကိုမြဲတယ်လို့ထင်ကြတယ်။
(သို့)နင်၊ငါဖြစ်တယ်လို့စွဲထားကြတယ်။
မောဟသည်အမြင်မှားခြင်းမဟုတ်ဘူး။
ဒါပေမယ့်အမှန်အတိုင်းရှိတဲ့တရားသ
ဘောတွေကိုမသိခြင်းဖြစ်တယ်။မောဟ
သည်ဒိဠိတွေကိုဖြစ်ပေါ်စေတဲ့အကြောင်း
ဖြစ်တယ်။ဒါပေမယ့်မောဟရဲ့လက္ခဏ
တွေသည်ဒိဠိရဲ့လက္ခဏတွေနဲ့ကွာခြား
တယ်။မောဟမူလစိတ်၂ပါးရှိပြီးဘာတွေ
လဲဆိုတော့ ၁။ဉပေက္ခာဝေဒနါနဲ့အတူဖြစ်
ပေါ်တဲ့မောဟမူလစိတ်သည်ဝိစိကိစ္စာနဲ့
ပေါင်းစပ်ပြီးပါဝင်တယ်။၂။ဉပေက္ခာဝေဒ
နာနဲ့အတူဖြစ်ပေါ်တဲ့မောဟမူလစိတ်သည်
ဉဒ္ဓစ္စနဲ့ပေါင်းစပ်ပြီးပါဝင်တယ်။
အဲဒီဝိစိကိစ္စာနဲ့မောဟမူလစိတ်တွေ
ပေါင်းစပ်ပြီးဖြစ်ပေါ်တဲ့အချိန်မှာဘုရား၊
တရားနှင့်သံဃာတော်တွေရဲ့အပေါ်မှာ
သံသယတွေရှိလာတယ်။ပြီးတော့ဗုဒ္ဓ
မြတ်စွာဘုရားသည်တရားတော်တွေကို
သိတော်မူသွားတာတကယ်အမှန်မှဟုတ်
ရဲ့လာ?ဗုဒ္ဓမြတ်စွာဘုရားသည်ကိလေသာ
တွေကိုငြိမ်းသတ်နိုင်တဲ့နည်းလမ်းတွေကို
ဆိုဆုံးမသွားတာဟုတ်ရဲ့လာ?အရိယာ
ပုဂ္ဂိုလ်တွေသည်ဗုဒ္ဓမြတ်စွာဘုရားနဲ့အတူ
တရားတော်တွေကိုသိတော်မူသွားတာတ
ကယ်ဟုတ်ရဲ့လာ?ပြီးတော့အရင်ဘဝနှင့်
နောက်ဘဝအကြောင်းတွေ၊ကံနှင့်ဝိပါက်
အကြောင်းတွေကိုသံသယတွေရှိလာကြ
တယ်။သံသယရှိခြင်းတွေအဆင့်များစွာ
ရှိကြတယ်။ပညာတွေကိုစပြီးပွါးများတဲ့
အခါမှာဖြစ်ပေါ်နေတဲ့တရားသဘောရဲ့အ
ကြောင်းတွေကိုသံသယတွေရှိနိုင်တယ်။
အဲဒီတရားသဘောတွေသည်နာမ်တရား
(သို့)ရုပ်တရားတွေဖြစ်သလာဆိုတာသံသ
ယတွေရှိကြတယ်။ဉပမာ-ကြားခြင်းရှိတဲ့
အခါမှာအသံလည်းရှိရတယ်။ဒါပေမယ့်
သတိသည်တရားသဘောတစ်ခုစီကိုသာ
အောက်မေ့သိနိုင်တယ်။ဘာကြောင့်လဲဆို
တော့စိတ်တစ်ခဏသည်အာရုံတစ်အာရုံ
ကိုသာသိနိုင်တယ်။ဒါကြောင့်အဲဒီဖြစ်ပေါ်
နေတဲ့တရားသဘောသည်ကြားတဲ့နာမ်
လာ?(သို့)ရုပ် `အသံ”ဖြစ်သလာဆိုတာ
သံသယတွေရှိနိုင်တယ်။နာမ်တရားနှင့်
ရုပ်တရားတွေသည်လျှင်မြန်စွာနဲ့ဖြစ်၊
ပျက်နေတယ်။ပြီးတော့နာမ်တရားနှင့်
ရုပ်တရားရဲ့ကွာခြားတဲ့လက္ခဏတွေကို
ပညာနဲ့ထိုးထွင်းစွာမပွါးများရသေးတဲ့
အခါမှာဘယ်တရားသဘောကဖြစ်ပေါ်
နေသလဲဆိုတာသေချာစွာနဲ့မသိနိုင်ဘူး။
ဒါကြောင့်ပရမတ္ထတရားရဲ့လောကမှာသံ
သယတွေရှိကြတယ်။ဒါကြောင့်ဒွါရ ၆ပါး
မှဖြစ်ပေါ်တဲ့ရုပ်တရားနှင့်နာမ်တရားရဲ့
လက္ခဏတွေကိုပညာနဲ့ထင်ရှားစွာသိရ
မယ်။
အတ္ထစာလိနီ၊ဓမ္မသံခဏီထဲမှာဝိစိကိစ္စာရဲ့
လက္ခဏသဘောတွေသည်ခက်ခဲတဲ့အ
ကြောင်းဖြစ်တယ်။ဆိုလိုတာကတရားသ
ဘောတွေကိုလေ့လာရှာဖွေတဲ့ပုဂ္ဂိုလ်တွေ
ရဲ့ခက်ခဲခြင်းတွေကိုသံသယ(ဝိစိကိစ္စာ)ရှိ
တဲ့လက္ခဏဖြစ်တယ်။တုန်လှုပ်ခြင်းရှိတဲ့
သဘောဖြစ်တယ်။သဘောတူညီခြင်းမရှိ
တဲ့အကြောင်းရင်းလည်းဖြစ်တယ်။(သို့)
တစ်ဖက်ထဲနဲ့ရယူလိုခြင်းမရှိတဲ့အ
ကြောင်းရင်းဖြစ်တယ်။အယောနိသောမန
သိကာရ(စူးစိုက်ခြင်းမရှိဘူး)ရှိတဲ့အ
ကြောင်းရင်းဖြစ်တယ်။ဒါကြောင့်အား
ထုတ်ခြင်းတွေထဲမှာအန္တာရယ်တွေပြု
လုပ်တယ်လို့ပညာရှိတွေကမြင်ကြတယ်။
ဝိစိကိစ္စာ(သံသယရှိခြင်း)သည်ဒိဠိ(အ
မြင်)နဲ့ကွာခြားတယ်။အဲဒီအမြင်းမှား
ခြင်းတွေဖြစ်ပေါ်တဲ့အခါမှာတရားသ
ဘောတွေသည်မြဲတယ်၊(သို့)နင်၊ငါတွေ
ဖြစ်တယ်လို့စွဲထားခြင်းတွေရှိကြတယ်။
သံသယရှိခြင်းတွေဖြစ်ပေါ်တဲ့အခါမှာ
နာမ်တရားသည်ရုပ်တရားနဲ့ကွာခြားသ
လာ?ပြီးတော့နင်၊ငါတွေရှိသလာဆိုတာ
သံသယတွေရှိကြတယ်။ပြီးတော့တရား
သဘောတွေသည်မြဲလာ(သို့)မမြဲဘူး
လာ?အမှန်အတိုင်းရှိတဲ့တရားသဘော
တွေကိုထိုးထွင်းစွာသိတဲ့ပညာတွေကိုတိုး
တက်အောင်ပွါးများခြင်းကလွဲပြီးဝိစိ
ကိစ္စာကိုငြိမ်းသတ်နိုင်တဲ့တစ်ခြားနည်း
လမ်းတွေမရှိဘူး။သံသယတွေရှိတဲ့လူ
တွေသည်ဗုဒ္ဓမြတ်စွာဘုရားတကယ်ရှိ
လာ?(သို့)မရှိဘူးလာ?ပြီးတော့မြတ်စွာ
ဘုရားရဲ့အဆုံးအမတွေကိုသံသယတွေ
ရှိကြတယ်။ရှေ့ခေတ်သမိုင်းမှာဖြစ်၊ပျက်
ခဲ့တဲ့အကြောင်းအမျိုးမျိုးတွေကိုလေ့လာ
သင်ကြားခြင်းဖြင့်သံသယတွေကုန်သွား
နိုင်တယ်လို့ထင်ကြတယ်။ဗုဒ္ဓမြတ်စွာဘု
ရားလက်ထက်ကမြတ်စွာဘုရားကြွသွား
တော်မူခဲ့တဲ့နေရာတွေကိုသူတို့တွေတိတိ
ကျကျသိချင်ကြတယ်။ဗုဒ္ဓမြတ်စွာဘုရား
ရဲ့အဆုံးအမတွေကိုလည်းဘယ်အချိန်
အခါကကမ္ဗည်းထိုးထားသလဲဆိုတာသူ
တို့တွေတိတိကျကျသိချင်ကြတယ်။ဒါ
ပေမယ့်သူတို့တွေသည်ရှေ့ခေတ်သမိုင်း
ရဲ့အကြောင်းတွေကိလေ့လာသင်ကြား
ခြင်းဖြင့်သံသယတွေမကုန်နိုင်ဘူး။ဘာ
ကြောင့်လဲဆိုတော့ဗုဒ္ဓသာသနာထဲမှာသ
မုစ္ဒေအဖြင့်နဲ့ကိလေသာတွေကိုငြိမ်း
သတ်နိုင်တဲ့အစွန်းဆုံးပန်းတိုင်ကိုမ
ရောက်နိုင်ဘူး။
ဗုဒ္ဓမြတ်စွာဘုရားလက်ထက်ကလူတွေသည်တရားတော်တွေရဲ့အစွန်း
ဆုံးပန်းတိုင်ကိုမရောက်နိုင်တဲ့အရာ
တွေကိုမျှော်လင့်ကြတယ်။ပြီးတော့
လောကသည်အဆုံးရှိလာ(သို့)အဆုံး
မရှိဘူးလာ?လောကသည်မြဲလာ(သို့)
မမြဲဘူးလာ?နောက်လာမယ့်သတ္တဝါတွေ
သည်သေဖို့ရှိတယ်(သို့)မရှိဘူးဆိုတာသူ
တို့တွေသံသယရှိကြတယ်။သံသယရှိခြင်း
သည်ကိလေသာကိုငြိမ်းနိုင်တဲ့အကြောင်း
အမျိုးမျိုးတွေကိုခတ်မှန်းခြင်းဖြင့်မကုန်
နိုင်ဘူး။ဒါပေမယ့်အခုချိန်မှာဖြစ်ပေါ်နေ
တဲ့နာမ်တရားနှင့်ရုပ်တရားတွေကိုအောက်
မေ့သိခြင်းဖြင့်ကုန်နိုင်တယ်။သံသယရှိ
ခြင်းသည်နင်၊ငါတွေမရှိဘူး။ပြီးတော့အ
ကြောင်းကြောင့်ဖြစ်ပေါ်တဲ့နာမ်တရားတစ်
မျိုးသာဖြစ်တယ်ဆိုတာကိုသံသယတွေ
ဖြစ်ပေါ်ပေမယ့်သိနိုင်တယ်။ဒီလိုအ
ကြောင်းကြောင့်ဖြစ်ပေါ်တဲ့တရားသဘော
ကိုသိခြင်းသည်ပိုပြီးထင်ရှားရခြင်းဖြစ်
တယ်။၂ပါးမြောက်မောဟမူလစိတ်သည်
ဉဒ္ဓစ္စနဲ့ပေါင်းစပ်တဲ့ဉပေက္ခာဝေဒနါနဲ့အတူ
ဖြစ်ပေါ်တယ်။ဉဒ္ဓစ္စဆိုတာကမငြိမ်သက်
တဲ့သဘော(သို့)ပျံ့လွင့်တဲ့သဘောဖြစ်
တယ်။ဉဒ္ဓစ္စသည်အကုသိုလ်စိတ်အပါး
တိုင်းနဲ့ဖြစ်ပေါ်တယ်။ပျံ့လွင့်ခြင်းစိတ်ရှိ
တဲ့ဘယ်အချိန်မဆိုအဲဒီအချိန်မှာသတိမ
ရှိကြဘူး။သတိသည်သောမနစိတ်အပါး
တိုင်းနဲ့ဖြစ်ပေါ်တယ်။သတိသည်ကောင်း
မြတ်တဲ့စေတသိက်ဖြစ်တယ်။သတိသည်
ဝိပဿနာနဲ့သာဖြစ်ပေါ်တာမဟုတ်ဘူး။
အဲဒီဒါနပေးကမ်းခြင်း၊သီလရှောင်ကျဉ်
ခြင်း၊တရားတော်တွေကိုလေ့လာသင်
ကြားခြင်းနှင့်တရားဟောပြောခြင်း(သို့)
သမထဘာဝနာတွေပွါးများတဲ့အချိန်မှား
လည်းသတိတွေဖြစ်ပေါ်နိုင်တယ်။ဒါ
ကြောင့်အဲဒီဝိပဿနာဘာဝနာကိုပွါးများ
တဲ့နေရာမှာသတိသည်နာမ်တရားနှင့်ရုပ်
တရားရဲ့လက္ခဏသဘောတွေကိုအောက်
မေ့သိရတယ်။
ဉဒ္ဓစ္စနဲ့အတူဖြစ်ပေါ်တဲ့စိတ်သည်ကုသိုလ်
စိတ်ဖြစ်လို့မရဘူး။အဲဒီအချိန်မှာပေး
ကမ်းခြင်း(ဒါန)၊ရှောင်ကျဉ်ခြင်း(သီလ)
နှင့်ဘာဝနာပွါးများခြင်းတွေမရှိဘူး။ဉဒ္ဓစ္စ
သည်အကုသိုလ်တရားကနေစိတ်ကိုပြန့်
လွင့်စေနိုင်တယ်။ဉဒ္ဓစ္စသည်မငြိမ်သက်
တဲ့တရားသဘောဖြစ်ပြီးအကုသိုလ်စိတ်
အပါးတိုင်းနဲ့ဖြစ်ပေါ်တယ်။ဒါကြောင့်
ဉဒ္ဓစ္စသည်တုန်လှုပ်ချောက်ခြားခြင်းနဲ့
ကွာခြားတယ်။ဉဒ္ဓစ္စသည်ဝိစိကိစ္စာနဲ့အတူ
ဖြစ်ပေါ်ပြီးမောဟမူလစိတ်နဲ့လည်းအတူ
ဖြစ်ပေါ်တယ်။ဘာကြောင့်လဲဆိုတော့
ဉဒ္ဓစ္စသည်အကုသိုလ်စိတ်အပါးတိုင်းနဲ့
ဖြစ်ပေါ်တယ်။ဒါပေမယ့်ဉဒ္ဓစ္စသမ္ပယုတ်
လို့ခေါ်တဲ့၂ပါးမြောက်မောဟမူလစိတ်
သည်ဝိစိကိစ္စာသမ္ပယုတ်လို့ခေါ်တဲ့၁ပါး
မြောက်မောဟမူလစိတ်နဲ့ကွာခြားတယ်။
အဲဒီဉဒ္ဓစ္စသမ္ပယုတ်ဆိုတဲ့၂ပါးမြောက်
မောဟမူလစိတ်သည်တစ်နေ့တာဘဝမှာ
ရေတွက်လို့မရနိုင်ဘူး။ဒါပေမယ့်ဒီစိတ်
တစ်ပါးရဲ့လက္ခဏကိုသိဖို့သည်ခဲယှဉ်း
တယ်။တကယ်လို့ဝိပဿနာကိုမပွါးများ
ရဘူးဆိုရင်ဒီမောဟမူလစိတ်တစ်ပါးရဲ့
လက္ခဏကိုမသိနိုင်ဘူး။အဲဒီစိတ်ကူးယှဉ်
ခြင်းနှင့်တရားသဘောတွေကိုအောက်မေ့
မသိတဲ့အချိန်မှာဒီစိတ်တစ်ပါးမဟုတ်ရင်
လည်းဖြစ်နိုင်တယ်။အဲဒီတွေးတောတဲ့အ
ချိန်မှာမောဟမူလစိတ်ဖြစ်တဲ့ဉဒ္ဓစ္စသမ္ပ
ယုတ်တစ်ပါးသာရှိတာမဟုတ်ဘူး။ဒါပေ
မယ့်လောဘမူလစိတ်(သို့)ဒေါသမူလစိတ်
တွေလည်းရှိတယ်။အကုသိုလ်စိတ်ဖြစ်တဲ့
အချိန်နှင့်တရားသဘောတွေကိုအောက်
မေ့မသိတဲ့အချိန်မှာလောဘမူလစိတ်၊ဒေါ
သမူလစိတ်နှင့်မောဟမူလစိတ်တွေဖြစ်တဲ့
ဝိစိကိစ္စာသမ္ပယုတ်တွေမဟုတ်ဘူး။အဲဒီ
အချိန်မှာမောဟမူလစိတ်ဖြစ်တဲ့ဉဒ္ဓစ္စသမ္ပ
ယုတ်ဖြစ်တယ်။
မောဟမူလစိတ်သည် ၆ဒွါရမှဒွါရတစ်ခုခု
မှာအာရုံကိုသိပြီးဖြစ်ပေါ်တယ်။ဉပမာ-အ
သံကိုကြားရတဲ့အချိန်မှာမောဟမူလစိတ်
လည်းဖြစ်ပေါ်နိုင်တယ်။အဲဒီဉဒ္ဓစ္စသမ္ပ
ယုတ်ဖြစ်တဲ့၂ပါးမြောက်မောဟမူလစိတ်
ဖြစ်ပေါ်တဲ့အချိန်မှာအဲဒီအာရုံရဲ့သဘော
ကိုမသိနိုင်ဘူး။ကျွနုပ်တို့သည်ဒီမောဟမူ
လစိတ်တစ်ပါးရဲ့အပြစ်ကိုမမြင်နိုင်ဘူး။
ဘာကြောင့်လဲဆိုတော့ဉပေက္ခာဝေဒနါ
နဲ့အတူဖြစ်ပေါ်တဲ့အတွက်ကြောင့်ဖြစ်
တယ်။ဒါပေမယ့်အကုသိုလ်စိတ်အမျိုး
အစားတိုင်းသည်အပြစ်တွေဖြစ်တယ်။
မောဟသည်အကုသိုလ်တရားအားလုံး
ရဲ့မူလအကြောင်းရင်းဖြစ်တဲ့အတွက်
ကြောင့်အပြစ်အကြီးဆုံးဖြစ်တယ်။ပြီး
တော့အမှန်အတိုင်းဖြစ်တဲ့တရားသဘော
ကိုမသိတဲ့အခါမှာအကုသိုလ်တွေကိုပိုပြီး
စုစောင်းကြတယ်။မောဟသည်လောဘ
ကိုဖြစ်ပေါ်စေတဲ့အကြောင်းဖြစ်တယ်။ဒါ
ကြောင့်အမှန်အတိုင်းရှိတဲ့တရားသဘော
တွေကိုမသိတဲ့အခါမှာဒွါရအမျိုးမျိုးတွေ
မှဖြစ်ပေါ်တဲ့အာရုံတွေထဲမှာပျှော်မြူးကြ
တယ်။မောဟသည်ဒေါသကိုလည်းဖြစ်
ပေါ်စေတဲ့အကြောင်းရင်းဖြစ်တယ်။ဒါ
ကြောင့်တရားသဘောကိုမသိတဲ့အချိန်
နှင့်မကြိုက်နှစ်သက်တဲ့အာရုံတွေနဲ့ကြုံ
တွေ့ရတဲ့အချိန်မှာဒေါသတွေဖြစ်ပေါ်
တယ်။မောဟသည်အကုသိုလ်စိတ်အ
ပါးတိုင်းနဲ့ဖြစ်ပေါ်တယ်။ပြီးတော့ကိုယ်၊
နှုတ်နှင့်စိတ်တွေမှအကုသိုလ်ကံမပုဒ်
၁၀ကိုပြုလုပ်စေတဲ့အကြောင်းဖြစ်တယ်။
ဒွါရတစ်ခုခုမှဖြစ်ပေါ်တဲ့တရားသဘော
တွေကိုသတိအောက်မေ့သိတဲ့အချိန်မှာ
အဲဒီ၆ဒွါရမှာပဲဖြစ်ပေါ်ရတယ်။ဒါကြောင့်
သမုစ္ဒေအဖြစ်နဲ့မောဟကိုငြိမ်းသတ်နိုင်
တဲ့အထိပညာတွေပိုပြီးပွါးများရခြင်း
ဖြစ်တယ်။
အရှင်သောတာပန်ပုဂ္ဂိုလ်သည်(ပထမဆုံး
အရိယာသစ္စာတရားကိုသိတဲ့ပုဂ္ဂိုလ်)သမု
စ္ဒေအဖြစ်နဲ့မောဟမူလစိတ်ဖြစ်တဲ့ဝိစိ
ကိစ္စာသမ္ပယုတ်ကိုငြိမ်းသတ်နိုင်တယ်။
သောတာပန်ပုဂ္ဂိုလ်သည်ပရမတ္ထတရား
ထဲမှာဘယ်တော့မှသံသယတွေမရှိဘူး။
သောတာပန်ပုဂ္ဂိုလ်သည်အရိယာဝိနည်း
ထဲမှလောကကိုသိကြတယ်။ဘုရား၊တရား
၊သံဃာတွေထဲမှာသံသယတွေမရှိတော့
ဘူး။ကိလေသာကိုငြိမ်းသတ်နိုင်တဲ့မဂ္ဂင်
ကျင့်စဉ်ထဲမှာလည်းသံသယတွေမရှိတော့
ဘူး။အရှင်သောတာပန်၊အရှင်သဒါဂါမီနှင့်
အရှင်အနာဂါမီပုဂ္ဂိုလ်တွေသည်မောဟ
မူလစိတ်ဉဒ္ဓစ္စသမ္ပယုတ်တွေရှိသေးတယ်။
အဲဒီရဟန္တာပုဂ္ဂိုလ်မှသာကိလေသာတွေ
အားလုံးကိုငြိမ်းသတ်နိုင်တယ်။အဝိဇ္ဇာ
သည်အမှန်အတိုင်းရှိတဲ့တရားသဘောရဲ့
လက္ခဏတွေကိုမသိကြဘူး။အရိယာ
သစ္စာတရားကိုလည်းမသိကြဘူး။ဘာ
ကြောင့်လဲဆိုတော့အဝိဇ္ဇာသည်တစ်ပါး
မြောက်အရိယာသစ္စာထဲမှာမသိရခြင်း
ဖြစ်တယ်။ဆိုလိုတာကဒုက္ခသစ္စာသည်မ
မြဲတဲ့ရုပ်တရားနှင့်နာမ်တရားကိုထိုးထွင်း
စွားနဲ့မသိဘူး။ဒါကြောင့်ဒုက္ခဖြစ်တယ်။
နှစ်ပါးမြောက်အရိယာသစ္စာကိုမသိတဲ့အ
တွက်ကြောင့်တဏှာသည်ဒုက္ခကိုဖြစ်ပေါ်
စေတဲ့အကြောင်းဖြစ်တယ်။ဒါကြောင့်ရုပ်
နဲ့နာမ်ထဲမှာငြိုတွယ်တဲ့အတွက်ကြောင့်
သံသယာတွေ၊ဒုက္ခတွေမဆုံးရခြင်းဖြစ်
တယ်။သုံးပါးမြောက်အရိယာသစ္စာတရား
ကိုမသိတဲ့အတွက်ကြောင့်ဒုက္ခတရားကို
ငြိမ်းတဲ့မြတ်နိဗ္ဗာန်ကိုမသိနိုင်ဘူး။လေးပါး
မြောက်အရိယာသစ္စာတရားကိုမသိတဲ့အ
တွက်ကြောင့်ဒုက္ခငြိမ်းခြင်းကိုရောက်စေ
တဲ့ကျင့်ကြံခြင်းနည်းလမ်းဖြစ်တဲ့အရိယာ
မဂ္ဂင် ၈ပါးကိုမသိနိုင်ဘူး။ဒါကြောင့်ဝိ
ပဿနာဘာဝနာကိုပွါးများခြင်းဖြင့်အရိ
ယာမဂ္ဂင် ၈ပါးကိုပိုပြီးပွါးများရမယ်။
သံယုတ္တနိကယ်မှာအရှင်သာလိပုတ္တလာ
ကိုမေးလျှောက်တဲ့အချက်အလက်တွေ
ရှိတယ်။ အမေး–>အရှင်သာလိပုတ္တလာ!
အဝိဇ္ဇာလို့ခေါ်ခြင်းသည်အဝိဇ္ဇာကဘာ
ကိုဆိုလိုတာလဲ? အဖြေ –>အရှင်နား
ထောင်!ဒုက္ခတွေကိုမသိခြင်း၊ဒုက္ခဖြစ်
ပေါ်စေတဲ့အကြောင်းတွေကိုမသိခြင်း၊
ဒုက္ခကိုငြိမ်းခြင်းနှင့်ဒုက္ခငြိမ်းစေတဲ့အ
ကြောင်းကိုမသိခြင်းတွေသည်အဝိဇ္ဇာ
လို့ခေါ်တယ်။ အမေး–>အရှင်သာလိ
ပုတ္တလာ!အဲဒီအဝိဇ္ဇာကိုစွန့်လွတ်ဖို့အ
တွက်မဂ္ဂင်ရှိသေးလာ?ပဋိပဍာလို့ခေါ်
တဲ့အလယ်လမ်းတွေရှိသေးလာ? အဖြေ
–>ရှိတယ်အရှင်။ အမေး–>အရှင်သာလိ
ပုတ္တလာ!အဲဒီအဝိဇ္ဇာကိုစွန့်လွတ်ဖို့အတွက်
မဂ္ဂင်ကဘာကိုဆိုလိုတာလဲ?အလယ်လမ်း
ကဘာကိုဆိုလိုသလဲ? အဖြေ–>အရှင်နား
ထောင်!အရိယာမဂ္ဂင် ၈ပါးသည်မောဟကို
ငြိမ်းသတ်ခြင်းသို့ရောက်စေတဲ့ကျင့်ကြံ
ခြင်းရဲ့နည်းလမ်းဖြစ်တယ်။
**စမ်းသပ်မေးခွန်း**
၁။အဝိဇ္ဇာဆိုတာဘာလဲ?ဘာကြောင့်အဝိ
ဇ္ဇာကိုစွန့်လွတ်ရသလဲ?
၂။အဝိဇ္ဇာကိုဘယ်လိုစွန့်လွတ်ရသလဲ?
၃။တရားသဘောအမျိုးမျိုးတွေကိုသံသ
ယရှိတဲ့အချိန်မှာမောဟတွေရှိသလာ?မရှိ
ဘူးလာ?
၄။ဘယ်ဒွါရမှာမောဟတွေဖြစ်ပေါ်သလဲ?
** အဟေတုကစိတ် **
တကယ်လို့ကိုယ့်ကိုကိုယ်သိချင်တယ်ဆို
ရင်ကုသိုလ်စိတ်၊အကုသိုလ်စိတ်ဖြစ်ပေါ်
နေတဲ့အချိန်လောက်သာသိသင့်တာမ
ဟုတ်ဘူး။တစ်ခြားစိတ်တွေဖြစ်ပေါ်နေ
တဲ့အချိန်မှာလည်းသိသင့်တယ်။မကြိုက်
နှစ်သက်တဲ့အရာတွေကိုမြင်တဲ့အချိန်မှာ
အဲဒီအရာတွေကိုမကြိုက်ဘူး။အဲဒီမ
ကြိုက်တဲ့အချိန်မှာဒေါသမူလရှိတဲ့အ
ကုသိုလ်စိတ်ဖြစ်တယ်။မကြိုက်မနှစ်
သက်ခြင်းတွေမဖြစ်ပေါ်ခင်မှာမျက်စိ
မှအာရုံကိုသိတဲ့စိတ်ဖြစ်ရတယ်။ဒီစိတ်
တွေသည်အကုသိုလ်စိတ်တွေမဟုတ်
ဘူး။ဒါပေမယ့်အကြောင်းကနေကင်းမဲ့
တဲ့စိတ်ဖြစ်တယ်။အကြောင်းဖြစ်တဲ့စေ
တသိက်တွေ ၆ပါးရှိပြီးအကုသိုလ်အ
ကြောင်းဖြစ်တဲ့စေတသိက် ၃ပါးရှိတယ်
။ဘာတွေလဲဆိုတော့လောဘ၊ဒေါသနှင့်
မောဟတွေဖြစ်ကြတယ်။နောက်ထပ်စေ
တသိက် ၃ပါးကတော့သောမနအကြောင်း
ဖြစ်ပြီးဘာတွေလဲဆိုတော့အလောဘ၊အ
ဒေါသနှင့်အမောဟတို့ဖြစ်ကြတယ်။အ
ကြောင်းနဲ့အတူဖြစ်ပေါ်ခြင်းရှိတဲ့စိတ်(သို့)စေတသိက်တွေသည်သဟေ
တုကဖြစ်တယ်။ဉပမာ-ဒေါသမူလစိတ်
သည်သဟေတုကဖြစ်ပြီးဒေါသမူလ
စိတ်သည်မောဟနှင့်ဒေါသတွေပိုပြီးအ
တူဖြစ်ပေါ်ရတဲ့အကြောင်းဖြစ်တယ်။အ
ကြောင်းနဲ့မပေါင်းစပ်တဲ့စိတ်သည်အဟေ
တုကစိတ်ဖြစ်တယ်။နေ့စဉ်နဲ့အမျှအဟေ
တုကစိတ်တွေများစွာဖြစ်ပေါ်ကြတယ်။
အဲဒီမြင်ခြင်း၊ကြားခြင်း၊အနံရခြင်း၊အရ
သာရခြင်း(သို့)ကိုယ်နဲ့ထိတွေ့တဲ့အချိန်
တွေမှာအဟေတုကစိတ်သည်သဟေ
တုကစိတ်ထက်အရင်ဖြစ်ပေါ်တယ်။
ကျွနုပ်တို့တွေသည်ကြိုက်(သို့)မကြိုက်
တဲ့အချိန်တွေမှာပဲစိတ်ဝင်စားကြတယ်။
ဒါပေမယ့်တစ်ခြားစိတ်တွေဖြစ်ပေါ်တဲ့
အချိန်ကိုလည်းသိသင့်တယ်။
အဟေတုကစိတ် ၁၈ပါးရှိပြီးဝိပက်စိတ်
၁၅ပါးနှင့်ကိရိယာစိတ် ၃ပါး(အကြောင်း
အကျိုးမဟုတ်တဲ့ကိရိယာစိတ်)တို့ဖြစ်ကြ
တယ်။အဟေတုကဝိပက်စိတ် ၇ပါးသည်
အကုသိုလ်ဝိပက်စိတ်(အကုသိုလ်ကံရဲ့
အကျိုး)ဖြစ်တယ်။ပြီးတော့အဟေတုက
ဝိပက်စိတ် ၈ပါးသည်ကုသိုလ်ဝိပက်စိတ်
(ကုသိုလ်ကံရဲ့အကျိုး)ဖြစ်တယ်။မကြိုက်
နှစ်သက်တဲ့စက္ခုပသာဓာတ်နဲ့ထိတွေ့တဲ့အ
ခါမှာစက္ခုဝိညာဉ်သည်ဖြစ်ပေါ်ပြီတော့
ရူပါရုံကိုသာမြင်ရတယ်။အဲဒီရူပါရုံထဲမှာ
မကြိုက်နှစ်သက်ခြင်းတွေမရှိသေးဘူး။
စက္ခုဝိညာဉ်သည်အဟေတုကဝိပက်စိတ်
ဖြစ်ပြီးအဲဒီရူပါရုံကိုမကြိုက်တဲ့စိတ်သည်
(ဒေါသမူလစိတ်)နောက်မှဖြစ်ပေါ်တဲ့သ
ဟေတုကစိတ်(အကြောင်းနဲ့ပေါင်းစပ်တဲ့
စိတ်)ဖြစ်တယ်။မြင်သိစိတ်သည်ရူပါရုံကို
အောက်မေ့သိတဲ့စိတ်မဟုတ်ဘူး။ရူပါရုံရဲ့
ရုပ်ပုံသဏ္ဍန်ကိုသိတဲ့စိတ်နှင့်အဲဒီအရာက
ဘာတွေဖြစ်သလဲဆိုတာသိခြင်းသည်
စက္ခုဒွါရမှရူပါရုံကိုမသိဘူး။ဒါပေမယ့်
မနောဒွါရမှသိခြင်းသည်နောက်ထပ်စိတ်
အမျိုးအစားတစ်မျိုးဖြစ်တယ်။
“မြင်” တယ်လို့ပြောတဲ့အခါမှာရုပ်ပုံ
သဏ္ဍန်ကိုသိတယ်လို့အဓိပ္ပါယ်ရတယ်။
ပြီးတော့အဲဒီမြင်တဲ့အရာတွေသည်ဘာ
တွေဖြစ်သလဲဆိုတာသိကြတယ်။ဒါပေ
မယ့်ရူပါရုံကိုမြင်ရုံသာဖြစ်တဲ့စိတ်အမျိုး
အစားတစ်မျိုးရှိရတယ်။ပြီးတော့ဒီစိတ်
တစ်ပါးသည်မြင်၊ကြားစတဲ့အရာတွေက
လွဲလို့တစ်ခြားဘာအရာတွေကိုမှမသိဘူး။
အဲဒီကျွနုပ်တို့မြင်တဲ့အရာတွေသည်ရူပါရုံ
(သို့)အဆင်းလို့ခေါ်ကြတယ်။ဒါပေမယ့်
မျက်စိမှဖြစ်ပေါ်တဲ့အရာကိုသာဆိုလိုခြင်း
ဖြစ်တယ်။ကြားနေတဲ့အချိန်မှာ“ကြား”
တာသည်“မြင်”တာနဲ့ကွာခြားတယ်ဆို
တာကျွနုပ်တို့တွေသိကြတယ်။နားမှအသံ
ကိုကြားတဲ့စိတ်သည်တရားသဘောအား
လုံးရဲ့ကွာခြားတဲ့လက္ခဏတွေကိုခဏ၊
ခဏနဲ့သိခြင်းသည်အမှန်အတိုင်းရှိတဲ့အဲ
ဒီတရားတွေကိုသိစေနိုင်တယ်။တစ်ချို့က
မြင်ရတဲ့နင်၊ငါတွေရှိတယ်လို့ထင်ကြတယ်
။ပြီးတော့တစ်ချိန်ထဲမှာပဲတစ်ပြိုင်ထဲနဲ့
ကြားရတယ်လို့ထင်ကြတယ်။ဒါကြောင့်
နင်၊ငါဖြစ်တယ်ဆိုတာဘယ်ဒွါရထဲမှာသိ
နိုင်သလဲ?တရားသဘောအမျိုးမျိုးတွေ
ကိုနင်၊ငါဖြစ်တယ်လို့စွဲထားခြင်းသည်
အမြင်မှားခြင်းတွေဖြစ်တယ်။မြင်သိစိတ်၊
ကြားသိစိတ်၊အနံသိတဲ့စိတ်၊အရသာသိ
တဲ့စိတ်နှင့်အထိအတွေ့ကိုသိတဲ့စိတ်တွေ
သည်အကြောင်းမရှိတဲ့အခါမှာမဖြစ်ပေါ်
ဘူး။ဒီတရားသဘောတွေသည်ဝိပါက်
ဖြစ်တယ်။စက္ခုပသာဓာတ်၊သောတပ
သာဓာတ်၊ဃာနပသာဓာတ်၊ဇိဝှါပသာ
ဓာတ်နှင့်ကာယပသာဓာတ်တွေသည်ကံ
ကြောင့်ဖြစ်ပေါ်တဲ့ရုပ်ဖြစ်တယ်။ဒီရုပ်တွေ
သည်ကံရဲ့အကျိုးပေးတွေဖြစ်တယ်။အဲဒီ
နာမ်တရားသာဖြစ်တဲ့ကံရဲ့အကျိုးသည်ဝိ
ပက်ဖြစ်တယ်။ဒါကြောင့်အဲဒီစိတ်နှင့်စေ
တသိက်တွေသာ(စိတ်နှင့်အတူဖြစ်ပေါ်တဲ့
နာမ်တရား)ဝိပက်ဖြစ်လို့ရတယ်။ရုပ်သည်
ဝိပက်မဟုတ်ဘူး။
အဲဒီဖြစ်ပေါ်တဲ့တရားအားလုံးတွေသည်အကြောင်းရှိရတယ်လို့ဗုဒ္ဓမြတ်စွာဘုရား
ကဆိုဆုံးမသွားတယ်။အဲဒီမကြိုက်နှစ်
သက်တဲ့အရာတွေကိုမြင်တဲ့အခါမှာအ
ကြောင်းရှိရတယ်။အဲဒီအချိန်မှာအကု
သိုလ်ကံရဲ့အကျိုးပေးတွေဖြစ်တယ်။အ
ကုသိုလ်ဝိပါက်သည်ကုသိုလ်ကံရဲ့အကျိုး
ပေးဖြစ်လို့မရဘူး။ကြိုက်နှစ်သက်တဲ့အာ
ရုံ(သို့)အဲဒီပသာဓာတ် ၅ပါးမှတစ်ပါးပါးနဲ့
ထိတွေ့ပြီးမကြိုက်နှစ်သက်တဲ့အခါမှာအ
ဟေတုကဖြစ်တယ်။အဲဒီအချိန်မှာအကု
သိုလ်အကြောင်းတွေမရှိဘူး။(သို့)သောမ
န(ကောင်းတဲ့စိတ်)အကြောင်းနဲ့အတူဖြစ်
ပေါ်တဲ့စိတ်ဖြစ်တယ်။မျက်စိမှကြိုက်နှစ်
သက်တဲ့အရာ(သို့)မကြိုက်နှစ်သက်တဲ့အ
ရာတွေကိုမြင်တဲ့အဟေတုကဝိပက်စိတ်
သည်စက္ခုဝိညာဉ်ဖြစ်တယ်။(စက္ခု-မျက်
မိ)နားမှကြိုက်နှစ်သက်တဲ့အသံကိုကြား
တဲ့အဟေတုကဝိပက်စိတ်သည်သောတ
ဝိညာဉ်ဖြစ်တယ်။(သောတ-နား)နှခေါင်း
မှကြိုက်နှစ်သက်တဲ့အနံ့(သို့)မကြိုက်နှစ်
သက်တဲ့အနံ့ကိုရတဲ့အဟေတုကဝိပက်
သည်ဃာနဝိညာဉ်ဖြစ်တယ်။(ဃာန-နှ
ခေါင်း)လျှာမှကြိုက်နှစ်သက်တဲ့အရသာ
(သို့)မကြိုက်နှစ်သက်တဲ့အရသာကိုသိတဲ့
အဟေတုကဝိပက်စိတ်သည်ဇိဝှါဝိညာဉ်
ဖြစ်တယ်။(ဇိဝှါ-လျှာ)ကိုယ်မှကြိုက်နှစ်
သက်တဲ့အထိအတွေ့(သို့)မကြိုက်နှစ်
သက်တဲ့အထိအတွေ့ကိုသိတဲ့အဟေတု
ကဝိပက်စိတ်သည်ကာယဝိညာဉ်ဖြစ်
တယ်။(ကာယ-ကိုယ်ခန္ဓာ)
အဲဒီဒွါရ ၅ပါးမှအာရုံကိုသိတဲ့အဟေတုက
ဝိပက်စိတ်သည် ၂မျိုးရှိပြီးဘာတွေလဲဆို
တော့အကုသိုလ်ဝိပက် ၁ပါးနှင့်ကုသိုလ်ဝိ
ပက် ၁ပါးတို့ဖြစ်ကြတယ်။ဒါကြောင့်ဒွါရ
၅ပါးကိုမှီခိုပြီးဖြစ်ပေါ်တဲ့အဟေတုကဝိ
ပက်စိတ် ၅စုံရှိရခြင်းဖြစ်တယ်။နောက်
ထပ်တစ်ခြားအဟေတုကဝိပက်စိတ်အမျိုးအစားတွေရှိသေးတယ်။အဲဒီ ၅စုံ
ဖြစ်တဲ့အဟေတုကဝိပက်စိတ် ၁၀ပါး
သည်ပါဠိဘာသာမှာထဝိပဉ္စဝိညာဉ်လို့
ခေါ်တယ်။အဲဒီထဝိပဉ္စဝိညာဉ်တွေက
တော့ ၁။စက္ခုဝိညာဉ်(မြင်စိတ်)သည်
ဉပေက္ခာဝေဒနါနဲ့အတူဖြစ်ပေါ်တဲ့ကု
သိုလ်ဝိပက် ၁ပါးတို့ဖြစ်ကြတယ်။ ၂။
သောတဝိညာဉ်(ကြားစိတ်)သည်ဉပေက္ခာ
ဝေဒနါနဲ့အတူဖြစ်ပေါ်တဲ့အကုသိုလ်ဝိ
ပက် ၁ပါးနှင့်ဉပေက္ခာဝေဒနါနဲ့အတူဖြစ်ပေါ်တဲ့ကုသိုလ်ဝိပက် ၁ပါးတို့ဖြစ်ကြ
တယ်။ ၃။ဃာနဝိညာဉ်(အနံရတဲ့စိတ်)
သည်ဉပေက္ခာဝေဒနါနဲ့အတူဖြစ်ပေါ်တဲ့
အကုသိုလ်ဝိပက် ၁ပါးနှင့်ဉပေက္ခာဝေဒ
နာနဲ့အတူဖြစ်ပေါ်တဲ့ကုသိုလ်ဝိပက် ၁ပါး
တို့ဖြစ်ကြတယ်။ ၄။ဇိဝှါဝိညာဉ်(အရသာ
သိတဲ့စိတ်)သည်ဉပေက္ခာဝေဒနါနဲ့အတူ
ဖြစ်ပေါ်တဲ့အကုသိုလ်ဝိပက် ၁ပါးနှင့်
ဉပေက္ခာဝေဒနါနဲ့အတူဖြစ်ပေါ်နဲ့ကုသိုလ်
ဝိပက်၁ပါးတို့ဖြစ်ကြတယ်။ ၅။ကာယ
ဝိညာဉ်(အေး(သို့)ပူ၊မာ(သို့)ပျော့၊တင်း
(သို့)လှုပ်ရှားခြင်းတွေကိုသိတဲ့စိတ်)သည်
ဒုက္ခဝေဒနါနဲ့အတူဖြစ်ပေါ်တဲ့အကုသိုလ်
ဝိပက် ၁ပါးနှင့်သုခဝေဒနါနဲ့အတူဖြစ်ပေါ်
တဲ့ကုသိုလ်ဝိပက် ၁ပါးတို့ဖြစ်ကြတယ်။
မြင်ခြင်း၊ကြားခြင်း၊အနံရခြင်းနှင့်အရသာ
ရခြင်းဖြစ်တဲ့အဟေတုကဝိပက်စိတ်သည်
ဉပေက္ခာဝေဒနါနဲ့အတူဖြစ်ပေါ်တယ်။အ
ကုသိုလ်ဝိပက်စိတ်(သို့)ကုသိုလ်ဝိပက်
စိတ်တွေဖြစ်နေပါစေအဲဒီအာရုံထဲမှာမ
ကြိုက်နှစ်သက်တဲ့စိတ်သည်နောက်မှဖြစ်
ပေါ်နိုင်တယ်။အာရုံတွေကိုမကြိုက်နှစ်
သက်တဲ့စိတ်သည်သဟေတုကဖြစ်ပြီး(
အကြောင်းနဲ့ပေါင်းစပ်တယ်။ဒေါမနဿ
ဝေဒနါနဲ့အတူဖြစ်ပေါ်ခြင်းရှိတယ်။(သို့)
အဲဒီအာရုံကိုကြိုက်တဲ့စိတ်သည်သဟေ
တုကစိတ်နဲ့ဖြစ်ပေါ်နိုင်ပြီးဒေါမနဿဝေ
ဒနာ(သို့)ဉပေက္ခာဝေဒနါနဲ့အတူဖြစ်ပေါ်
တယ်။အာရုံထဲမှာကြိုက်ခြင်း(သို့)မ
ကြိုက်ခြင်းတွေသည်ထဝိပဉ္စဝိညာဉ်နဲ့
အတူဖြစ်ပေါ်တယ်လို့ထင်ကြတယ်။အမှန်
ကတော့အဲသလိုမဟုတ်ဘူး။စိတ်တစ်ပါး
စီတွေသည်အချိန်တွေကွာခြားပြီးဖြစ်
ပေါ်တယ်။ပြီးတော့စိတ်တစ်ခဏစီနဲ့အတူ
ဖြစ်ပေါ်တဲ့ဝေဒနါလည်းဖြစ်ပေါ်တယ်။ဒါ
ကြောင့်တရားသဘောတွေကိုနင်၊ငါဖြစ်
တယ်လို့စွဲထားခြင်းသည်မသင့်တော်ဘူး။အဲဒီကာယပသာဓာတ်မှဖောဌဖာရုံကိုသိ
တဲ့ကာယဝိညာဉ်စိတ်နဲ့အတူဖြစ်ပေါ်တဲ့ဝေ
ဒနာသည်ဉပေက္ခာဝေဒနါဖြစ်လို့မရဘူး။
ဒီစိတ်တစ်ပါးသည်ဒုက္ခဝေဒနါ(သို့)သုခ
ဝေဒနါနဲ့အတူဖြစ်ပေါ်တယ်။အဏိဌာရုံ
တွေကိုယ်နဲ့ထိတွေ့တဲ့အခါမှာကာယဝိ
ညာဉ်နဲ့အတူဖြစ်ပေါ်တဲ့ဝေဒနါသည်ဒုက္ခ
ဝေဒနါ(ကိုယ်မှမသာယာတဲ့ခံစားခြင်း)
ဖြစ်တယ်။အီဌာရုံတွေသည်ကိုယ်နဲ့ထိ
တွေ့တဲ့အခါမှာကာယဝိညာဉ်နဲ့အတူဖြစ်
ပေါ်တဲ့ဝေဒနါသည်သုခဝေဒနါ(ကိုယ်မှ
ပျော်ရွှင်တဲ့ခံစားခြင်း)ဖြစ်တယ်။ဒုက္ခဝေ
ဒနာနှင့်သုခဝေဒနါသည်ကိုယ်မှအာရုံကို
သိတဲ့ကာယဝိညာဉ်နှစ်ပါးနဲ့အတူဖြစ်ပေါ်
နာမ်တရားဖြစ်တယ်။ကိုယ်မှဝေဒနါနှင့်
စိတ်မှဝေဒနါတွေသည်နာမ်တရားတွေ
ဖြစ်တယ်။ဒါပေမယ့်ကွာခြားတဲ့အ
ကြောင်းကြောင့်ဖြစ်ပေါ်ပြီးအချိန်လည်း
ကွာခြားကြတယ်။ဉပမာ-လွယ်ကူတဲ့နေ
ရာဒေသမှာနေရတဲ့အခါမှာကိုယ်မှပျော်
ရွှင်ခြင်းတွေခံစားရတယ်။ဒါပေမယ့်
ကျွနုပ်တို့တွေသည်ပူပြင်သောကနှင့်ဝမ်း
နည်းခြင်းတွေဖြစ်နိုင်သေးတယ်။
ကိုယ်မှသုခဝေဒနါသည်ကုသိုလ်ကံရဲ့အ
ကျိုးပေးတွေဖြစ်တယ်။အဲဒီမပျော်ရွှင်တဲ့
အချိန်မှာဒေါသရဲ့စုစောင်းခြင်းကနေဒေါ
မနဿဝေဒနါတွေဖြစ်ပေါ်တယ်။ဒေါမန
ဿဝေဒနါသည်အကုသိုလ်ဖြစ်တယ်။
ဖောဌဖာရုံဖြစ်တဲ့ရုပ်သည်ကာယပသာ
ဓာတ်နဲ့တစ်နေကုန်ထိတွေ့ပြီးတစ်ကိုယ်
လုံးနဲ့ထိတွေ့လို့ရတယ်။ဒါကြောင့်ခန္ဓာ
ကိုယ်ရဲ့အစိတ်အပိုင်းအားလုံးသည်ကိုယ်
မှထိတွေ့တဲ့အေး(သို့)ပူ၊မာ(သို့)ပျော့စတဲ့
ဝတ္ထုကိုထိတွေ့တဲ့ဘယ်အချိန်မဆိုကာယ
ဒွါရဖြစ်တယ်။လှုပ်ရှားတဲ့အချိန်မှာကွေး
ခြင်း(သို့)ဆန့်ခြင်းတွေသည်ကာယပသာ
ဓာတ်ကိုထိတွေ့တဲ့အီဌာရုံ(သို့)အဏိဌာရုံ
ဖြစ်တဲ့ဖောဌဖာရုံတွေရှိကြတယ်။အဲဒီခန္ဓာ
ကိုယ်မှထိတွေ့ခြင်းတွေရှိတဲ့အချိန်မှာသုခ
ဝေဒနါ(သို့)ဒုက္ခဝေဒနါတွေဖြစ်လာ(သို့)မ
ဖြစ်ဘူးလာဆိုတာတစ်ချို့ကသံသယတွေ
ရှိကြတယ်။တစ်ချို့ကခန္ဓာကိုယ်မှအ
ကြမ်းပြင်းဝေဒနါတွေကိုသတိထားပြီးသိ
နိုင်တယ်။ဒါပေမယ့်အသေးစိတ်တဲ့ဝေဒ
နာကိုတော့သတိမထားကြဘူး။ဉပမာ-
ပစ္စည်းတစ်စုံတစ်ရာတွေသည်မာလွန်း
ခြင်း၊အေးလွန်းခြင်း၊ပူလွန်းခြင်းစတဲ့
အချိန်တွေမှာဒုက္ခဝေဒနါသည်ကာယ
ဒွါရမှအာရုံကိုသိပြီးကာယဝိညာဉ်စိတ်
နဲ့အတူဖြစ်ပေါ်တယ်။တကယိလို့သတိ
ပဌာန်းတွေကိုတိုးတက်အောင်မပွါးများ
ရသေးဘူးဆိုရင်သေးငယ်တဲ့ဒုက္ခဝေဒ
နာကိုသတိမထားမိဘူး။ခန္ဓာကိုယ်မှထိ
တွေ့တဲ့အီဌာရုံ(သို့)အဏိဌာရုံတွေဖြစ်တဲ့
ဖောဌဖာရုံကိုရဟန္တာတွေသိတဲ့အခါမှာ
ကာယဝိညာဉ်စိတ်နဲ့အတူဖြစ်ပေါ်တဲ့သုခ
ဝေဒနါ(သို့)ဒုက္ခဝေဒနါတွေသာရှိတယ်။
ရဟန္တာတွေသည်ဝိပက်စိတ်ကနေဆက်
ပြီးဖြစ်ပေါ်တဲ့အကုသိုလ်စိတ်(သို့)ကု
သိုလ်စိတ်တွေမရှိဘူး။ရဟန္တာတွေသည်
ကိရိယာစိတ်(အကြောင်းနှင့်အကျိုးတွေ
မဟုတ်တဲ့စိတ်)တွေသာရှိတယ်။
ဒုက္ခဝေဒနါတွေဖြစ်ပေါ်တဲ့အခါမှာဒေါမန
ဿတွေဖြစ်ပေါ်တယ်။သုခဝေဒနါတွေ
ဖြစ်ပေါ်တဲ့အခါမှာသောမနဿတွေဖြစ်
ပေါ်တယ်။သုခဝေဒနါတွေသည်စစ်မှန်တဲ့
ပျော်ရွှင်ခြင်းတွေဖြစ်တယ်လို့ထင်ကြ
တယ်။ဘဝသည်ဒုက္ခဖြစ်တယ်ဆိုတာ
ကျွနုပ်တို့တွေအမှန်အတိုင်းကိုမမြင်ကြ
ဘူး။ကျွနုပ်တို့တွေသည်အိုခြင်း၊နာခြင်၊
သေခြင်းပူပြင်သောကဖြစ်ခြင်းနှင့်သင်
ခါရတရားအားလုံးရဲ့မမြဲခြင်းတွေကို
မမြင်ချင်ကြဘူး။ဒါကြောင့်ကျွနုပ်တို့တွေ
သည်ဘဝမှာပျော်ရွှင်ခြင်းကိုသာမျှော်လင့်
ကြတယ်။ပြီးတော့ဒုက္ခရှိတဲ့အချိန်မှာသုခ
ဝေဒနါသည်ဒုက္ခဖြစ်ခြင်းတွေကိုကုန်ဆုံး
စေနိုင်တယ်လို့ကျွနုပ်တို့တွေထင်ကြတယ်။ဒါကြောင့်သုခဝေဒနာတွေကိုစွဲ
ထားကြတယ်။ဝေဒနါတွေသည်တဏှာ
ကိုဖြစ်ပေါ်စေတဲ့အကြောင်းဖြစ်ပြီးဒုက္ခ
ဝေဒနါလည်းတဏှာကိုဖြစ်ပေါ်စေတဲ့အ
ကြောင်းဖြစ်တယဆိုတာဗုဒ္ဓမြတ်စွာဘု
ရားကပဋိစ္စသမုပ္ပါဒ်ထဲမှာဆိုဆုံးမသွား
တယ်။ဘာကြောင့်လဲဆိုတော့ကျွနုပ်တို့
တွေသည်ဒုက္ခဝေဒနါကနေလွတ်မြောက်
ချင်ကြတယ်။အဲဒီသုခဝေဒနါကိုခံစားရတဲ့
သူတွေသည်ကိလေသာနဲ့အတူပေါင်းစပ်
ပြီးသုခဝေဒနါကိုခံစားရတယ်။အဲဒီဒုက္ခ
ဝေဒနါကိုခံစားရတဲ့သူတွေသည်ကိလေ
သာနဲ့အတူပေါင်းစပ်ပြီးဒုက္ခဝေဒနါကိုခံ
စားရတယ်။ပြပီးတော့အဲဒီအဒုက္ခ၊သုခ
ဝေဒနါကိုခံစားရတဲ့သူတွေသည်ကိလေ
သာနဲ့ပေါင်းစပ်ပြီးအဒုက္ခ၊သုခဝေဒနါကို
ခံစားကြရတယ်။ဒါကြောင့်ရဟန်းတို့အား
လုံးနားထောင်ကြ!တရားတော်တွေကိုမနာ
ကြားရတဲ့ပုထုဇဉ်တွေသည်ဇာတိ၊ဇရာ၊
မရဏ၊သောကပရိဒေဝ၊ဒုက္ခ၊ဒေါမနဿ
နှင့်ဉပရာဇာတွေနဲ့ပေါင်း
စပ်တဲ့သူတွေဖြစ်တယ်။ပြီးတော့ဒုက္ခနဲ့
ပေါင်းစပ်ထားတဲ့သူတွေလည်းဖြစ်တယ်။
ရဟန်းတို့အားလုံးနားထောင်ကြ!တရား
တော်တွေကိုနာကြားရတဲ့အရိယာသာဝ
ကတွေသည်ဒုက္ခဝေဒနါနဲ့ကြုံတွေ့ရတဲ့အ
ခါမှာပူဆွေးသောကဖြစ်ခြင်းနှင့်ညီးညူ
ခြင်းတွေမရှိကြဘူး။ပြီးတော့အယူသီးတဲ့
အထိမရောက်ကြဘူး။ဒါကြောင့်ကိုယ်မှ
ဝေဒနါကိုသာခံစားရပြီးစိတ်မှဝေဒနါတွေ
ကိုမခံစားရဘူး။တကယ်လို့သုခဝေဒနါကို
ခံစားရတဲ့ပုဂ္ဂိုလ်တွေသည်ကိလေသာက
နေကင်းမဲ့တဲ့သုခဝေဒနါကိုခံစားကြရ
တယ်။ဒုက္ခဝေဒနါနှင့်အဒုက္ခ၊သုခဝေဒ
နာကိုခံစားရတဲ့အခါမှာလည်းကိလေသာ
တွေကင်းမဲ့စွာနဲ့ခံစားရတဲ့ပုဂ္ဂိုလ်တွေဖြစ်
တယ်။ရဟန်းတို့အားလုံးနားထောင်ကြ!
တရားတော်တွေကိုနာကြားရပြီးတဲ့အရိ
ယာသာဝကတွေသည်ဇာတိ၊ဇရာ၊မရဏ၊
သောကပရိဒေဝ၊ဒုက္ခ၊ဒေါမနဿနှင့်ဉပ
ရာဇာကနေကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်
။ဒါကြောင့်ဒုက္ခဆင်းရဲကနေလွတ်မြောက်
တယ်လို့ဆိုရခြင်းဖြစ်တယ်။ဝေဒနါသည်
အကြောင်းကြောင့်ဖြစ်ပေါ်ပြီးတော့ပျက်
သွားတယ်။ဝေဒနါသည်မမြဲဘူး။ဒါ
ကြောင့်ဝေဒနါကိုနင်၊ငါဖြစ်တယ်လို့မစွဲ
ထားသင့်ဘူး။
တကယ်လို့ဒွါရအမျိုးမျိုးမှဖြစ်ပေါ်တဲ့
တရားသဘောတွေကိုသတိဖြစ်ပေါ်ပြီး
အောက်မေ့သိမယ်ဆိုရင်ကွာခြားတဲ့ရုပ်
တရားနှင့်နာမ်တရားရဲ့လက္ခဏတွေကို
သိနိုင်တယ်။ကျွနုပ်တို့သည်စိတ်ရဲ့လက္ခ
ဏနှင့်ဝေဒနါအမျိုးမျိုးတွေကိုသိနိုင်
တယ်။ဒါကြောင့်တရားသဘောအားလုံး
တွေသည်ပြုပြင်ပြောင်းလဲခြင်းရှိတဲ့အ
ကြောင်းတရားတွေဖြစ်တယ်။ပြီးတော့
နင်၊ငါတွေမဟုတ်ဘူး။လောဘ၊ဒေါသ၊
မောဟနဲ့အတူဖြစ်ပေါ်ခြင်းရှိတဲ့စိတ်တွေ
သာရှိတာမဟုတ်ဘူးဆိုတာကျွနုပ်တို့တွေ
သည်ကျင့်ကြံခြင်းကနေသိနိုင်တယ်။ပြီး
တော့သောမနဿအကြောင်းနဲ့အတူဖြစ်
ပေါ်စိတ်တွေရှိတယ်။ဒါပေမယ့်အကြောင်းစိတ်တွေဖြစ်ပေါ်ခြင်းမရှိတဲ့အဟေတုကစိတ်တွေရှိသေးတယ်။တစ်
ချို့ကမြင်ခြင်း၊ကြားခြင်းရဲ့အကြောင်း
တွေကိုစိတ်မဝင်စားကြဘူး။ပြီးတော့ဒွါရ
အမျိုးမျိုးမှဖြစ်ပေါ်တဲ့တစ်ခြားတရားသ
ဘောတွေကိုလည်းစိတ်မဝင်စားကြဘူး။
ဘယ်လိုပဲဖြစ်ဖြစ်အဲဒီအမှန်အတိုင်းရှိတဲ့
တရားသဘောတွေကိုသိဖို့သည်လက္ခဏ
သဘောရှိတဲ့အသံကိုကြားတဲ့စိတ်နှင့်အ
သံကိုကြိုက်တယ်(သို့)မကြိုက်ဘူးဆိုတဲ့
စိတ်တွေကွာခြားတယ်ဆိုတာသိဖို့လိုအပ်
တယ်။ပြီးတော့စိတ်တွေသည်ကွာခြားတဲ့
အကြောင်းတွေကြောင့်ဖြစ်ပေါ်ရတယ်။
ဗုဒ္ဓမြတ်စွာဘုရားဆိုဆုံးမသွားတဲ့ဘယ်တရားသဘောမဆိုအဲဒီတရားတွေသည်
ဖြစ်ပေါ်နေတဲ့တရားသဘောတွေကိုသတိ
နဲ့အောက်မေ့သိခြင်းဖြင့်သက်သေပြနိုင်
တယ်။
##စမ်းသပ်မေးခွန်း##
၁။အကြောင်း ၆ပါးတွေကဘာတွေ
ရှိသလဲ?
၂။မြင်ရတဲ့အခါမှာကုသိုလ်ဝိပက်(သိို့)အ
ကုသိုလ်ဝိပက်တွေဖြစ်နိုင်တယ်။စက္ခု
ဝိညာဉ်သည်အကြောင်းတွေဖြစ်ပေါ်ခြင်း
ရှိသလာ?(သို့)မရှိဘူးလာ?
# တစ်နေ့တာဘဝမှာဘယ်သူမှမသိတဲ့
အဟေတုကစိတ် #
အဟေတုကစိတ်ဆိုတာကအကြောင်းနဲ့
မပေါင်းစပ်တဲ့စိတ် ၁၈ပါးရှိပြီးဝိပက်စိတ်
၁၅ပါးဖြစ်တယ်။ဒီ ၁၅ပါးထဲမှာထဝိပဉ္စဝိ
ညာဉ် ၁၀ပါးပါဝင်ပြီးဘာတွေလဲဆိုတော့
စက္ခုဝိညာဉ် ၂ပါး၊သောတဝိညာဉ် ၂ပါး၊
ဃာနဝိညာဉ် ၂ပါး၊ဇိဝှါဝိညာဉ် ၂ပါးနှင့်
ကာယဝိညာဉ် ၂ပါးတို့ဖြစ်ကြတယ်။စက္ခု
ဝိညာဉ်သည်ကံရဲ့အကျိုးပေးဖြစ်တယ်။
အကုသိုလ်ကံရဲ့အကျိုးပေးဖြစ်တဲ့အခါ
မှာစက္ခုဝိညာဉ်လည်းအဏိထာရုံကိုမြင်
တဲ့အကုသိုလ်ဝိပက်ဖြစ်တယ်။တကယ်
လို့ကုသိုလ်ကံရဲ့အကျိုးပေးဖြစ်တယ်
ဆိုရင်စက္ခုဝိညာဉ်လည်းအီထာရုံကိုမြင်
တဲ့ကုသိုလ်ဝိပက်ဖြစ်တယ်။စက္ခုဝိညာဉ်
သည်ရူပါရုံကိုမြင်တဲ့တာဝန်ကိုလုပ်တယ်။
အဲဒီစက္ခုဝိညာဉ်ဖြစ်အောင်အကြောင်း
ဖြစ်ပေးတဲ့ကံသည်စက္ခုဝိညာဉ်ကိုသာ
အကြောင်းဖြစ်ပေးတာမဟုတ်ဘူး။ဒါပေ
မယ့်စက္ခုဝိညာဉ်ကနေဆက်လက်ပြီး
နောက်ထပ်ဝိပက်စိတ် ၂ပါးကိုဖြစ်ပေါ်
စေတဲ့အကြောင်းရှိသေးတယ်။အဲဒီစက္ခု
ဝိညာဉ်ကနေဆက်လက်ပြီးရူပါရုံကိုလက်
ခံသိတဲ့ဝိပက်စိတ်သည်သမ္ပတီချနစိတ်လို့
ခေါ်တယ်။စက္ခုဝိညာဉ်ပျက်သွားတဲ့အချိန်
မှာစက္ခုဝိညာဉ်ရဲ့အာရုံဖြစ်တဲ့ရူပါရုံသည်
မပျက်သေးဘူး။ဘာကြောင့်လဲဆိုတော့
ရူပါရုံသည်နာမ်တရားထက်ပျက်နှေးတဲ့
ရုပ်တရားဖြစ်တယ်။ဒွါရ ၆ပါးမှဒွါရတစ်
ပါးပါးမှာအာရုံဖြစ်ပေါ်တဲ့အခါမှာအဲဒီ
အာရုံကိုသိတဲ့စိတ်သည်တစ်ပါးတည်းသာ
မဟုတ်ဘူး။ဒါပေမယ့်ဆက်လက်ပြီးဖြစ်၊
ပျက်နေတဲ့ဝိထီစိတ်တွေအချိန်ပေါင်းများ
စွာရှိတယ်။ပြီးတော့အာရုံတစ်ခုတည်းကို
သိကြတယ်။
တကယ်လို့စက္ခုဝိညာဉ်သည်အကုသိုလ်
ဝိပက်ဖြစ်တယ်ဆိုရင်သမ္ပတီချနစိတ်
လည်းအကုသိုလ်ဝိပက်ဖြစ်တယ်။တ
ကယ်လို့စက္ခုဝိညာဉ်သည်ကုသိုလ်ဝိ
ပက်ဖြစ်တယ်ဆိုရင်သမ္ပတီချနစိတ်လည်း
ကုသိုလ်ဝိပက်ဖြစ်တယ်။ဒါကြောင့်သမ္ပ
တီချနစိတ်သည် ၂ပါးရှိရခြင်းဖြစ်တယ်။
ဘာတွေလဲဆိုတော့ ၁။ကုသိုလ်ဝိပက်၁ပါး
နှင့်အကုသိုလ်ဝိပက် ၁ပါးတို့ဖြစ်ကြ
တယ်။သမ္ပတီချနစိတ်သည်အဟေတုက
ဝိပက်စိတ်ဲဖြစ်တယ်။ဒီစိတ်နဲ့အကုသိုလ်
အကြောင်း(သို့)သောမနအကြောင်းတွေ
အတူဖြစ်ပေါ်ခြင်းမရှိဘူး။သမ္ပတီချန
စိတ်သည်စက္ခုဝိညာဉ်ကနေဆက်ဖြစ်
တယ်။စက္ခုဝိညာဉ်သည်သမ္ပတီချနစိတ်
ကိုအတူဖြစ်ပေါ်စေတဲ့အကြောင်းတစ်ပါး
ဖြစ်တယ်။ဝိထီစိတ်ဖြစ်ပေါ်ပြီးအသံကို
သိတဲ့အခါမှာသမ္ပတီချနစိတ်သည်သော
တဝိညာဉ်ကနေဆက်လက်ဖြစ်ပေါ်တယ်။
ဃာနဒွါရ၊ဇိဝှါဒွါရနှင့်ကာယဒွါရတွေမှလည်းထို့နည်းတူပဲဖြစ်ကြတယ်။သမ္ပတီ
ချနစိတ်သည်အကုသိုလ်ဝိပက်(သို့)ကု
သိုလ်ဝိပက်နှင့်သမ္ပတီချနစိတ်တွေဖြစ်
နေပါစေဉပေက္ခာဝေဒနါနဲ့အမြဲတန်းအတူ
ဖြစ်ပေါ်တယ်။
သမ္ပတီချနစိတ်တွေဖြစ်ပေါ်ပြီးပျက်သွား
တဲ့အခါမှာနောက်ထပ်ဝိတီစိတ်တွေဆက်
လက်ဖြစ်ပေါ်တယ်။သမ္ပတီချနစိတ်ကနေ
ဆက်လက်ဖြစ်ပေါ်တဲ့နောက်ထပ်ကံတစ်ခု
ရဲ့အကျိုးပေးဖြစ်တဲ့အဟေတုကဝိပက်
စိတ်သည်သမ်တီရဏစိတ်လို့ခေါ်တယ်။သမ်တီရဏစိတ်သည်သမ္ပတီချနကနေ
ဆက်ပြီးလက်ခံတဲ့အာရုံကိုဝေဖန်သုံးသပ်
တယ်။သမ်တီရဏစိတ်သည်ပဉ္စဒွါရမှသမ္ပ
တီချနစိတ်ကနေဆက်လက်ပြီးဖြစ်ပေါ်တယ်။သမ္ပတီချနစိတ်သည်သမ်တီရဏ
စိတ်ကိုဆက်ပြီးဖြစ်ပေါ်စေတဲ့အကြောင်း
တစ်ပါးဖြစ်တယ်။မြင်တဲ့အချိန်မှာစက္ခု
ဝိညာဉ်သည်ဖြစ်ပေါ်ပြီးတော့ပျက်သွား
တယ်။ပြီးတော့သမ္ပတီချနစိတ်သည်ဆက်
လက်ဖြစ်ပေါ်ပြီးပျက်သွားတယ်။သမ်တီ
ရဏစိတ်လည်းဆက်ပြီးဖြစ်ပေါ်တယ်။
ဒါကြောင့်စက္ခုဒွါရမှအာရုံကိုသိတဲ့ဝိထီ
စိတ်ဖြစ်တယ်။သောတဒွါရ၊ဃာနဒွါရ၊
ဇိဝှါဒွါရနှင့်ကာယဒွါရတွေလည်းထို့နည်း
တူပဲဖြစ်ကြတယ်။သမ်တီရဏစိတ်သည်
သမ္ပတီချနစိတ်ကနေဆက်ပြီးဖြစ်ပေါ်
တယ်။သမ်တီရဏစိတ်ကိုဖြစ်ပေါ်အောင်
(သို့)မဖြစ်ပေါ်အောင်ကျွနုပ်တို့တွေရွေး
ပြီးပေးဖြစ်ပေါ်လို့မရဘူး။ဒါကြောင့်စိတ်
သည်အကြောင်းကြောင့်ဖြစ်ပေါ်ရတယ်။
ဘယ်သူတစ်ဉီးတစ်ယောက်မှထိန်းချုပ်လို့
မရဘူး။သမ်တီရဏစိတ်သည်အဟေတု
ကဝိပက်စိတ်ဖြစ်တယ်။အာရုံတွေအဏိ
ဌာရုံဖြစ်တဲ့အချိန်မှာသမ်တီရဏစိတ်
သည်ဉပေက္ခာဝေဒနါနဲ့အတူဖြစ်ပေါ်တဲ့
အကုသိုလ်ဝိပက်ဖြစ်တယ်။အဲဒီကုသိုလ်
ဝိပက်ဖြစ်တဲ့သမ်တီရဏစိတ်သည် ၂ပါး
ရှိတယ်။အာရုံသည်ရိုးရိုးအီထာရုံဖြစ်တဲ့
အခါမှာသမ်တီရဏစိတ်သည်ဉပေက္ခာ
ဝေဒနါအတူဖြစ်ပေါ်တယ်။အာရုံသည်
အရမ်းကြိုက်နှစ်သက်ခြင်း(အတီအီထာ
ရုံ)ဖြစ်တဲ့အခါမှာသမ်တီရဏစိတ်သည်
သောမနဿဝေဒနါနဲ့အတူဖြစ်ပေါ်တယ်။
ဒါကြောင့်သမ်တီရဏစိတ်သည် ၃ပါးရှိ
ရခြင်းဖြစ်တယ်။အဲဒီသမ်တီရဏစိတ်
တွေဘယ်အပါးနဲ့ဖြစ်ပေါ်မလဲဆိုတာအ
ကြောင်းအရသာဖြစ်ရတယ်။
ဒီလိုအကြောင်းတွေကြောင့်အဟေတုကဝိ
ပက်စိတ် ၁၅ပါးရှိရခြင်းဖြစ်တယ်။ဘာ
တွေလဲဆိုတော့ထဝိပဉ္စဝိညာဉ် ၅စုံ ၁၀ပါး
၊သမ္မတီချနအကုသိုလ်ဝိပက်စိတ် ၁ပါး၊
သမ္ပတီချနကုသိုလ်ဝိပက်စိတ် ၁ပါး၊ဉပေ
က္ခာသမ်တီရဏအကုသိုလ်ဝိပက် ၁ပါး၊
ဉပေက္ခာသမ်တီရဏကုသိုလ်ဝ်ပက်စိတ်
၁ပါးနှင့်သောမနဿသမ်တီရဏကုသိုလ်
ဝိပက်စိတ်၁ပါးတို့ဖြစ်ကြတယ်။အဟေတု
ကစိတ်သည်အကုသိုလ်ဝိပက် ၇ပါးနှင့်ကု
သိုလ်ဝိပက်၈ပါးတို့ဖြစ်ကြတယ်။ဘာ
ကြောင့်လဲဆိုတော့သမ်တီရဏစိတ်သည်
ကုသိုလ်ဝိပက်၂ပါးရှိတယ်။အဟေတုက
စိတ်သည်စုစုပေါင်း ၁၈ပါးရှိပြီးဝိပက်
စိတ် ၁၅ပါးနှင့်ကိရိယာစိတ် ၃ပါးတို့ဖြစ်
ကြတယ်။ကိရိယာစိတ်သည်အကုသိုလ်
စိတ်၊ကုသိုလ်စိတ်နှင့်ဝိပက်စိတ်တွေနဲ့ကွာ
ခြားတယ်။အကုသိုလ်စိတ်နှင့်ကုသိုလ်
စိတ်သည်ကောင်းတဲ့လုပ်ရပ်(သို့)မ
ကောင်းတဲ့လုပ်ရပ်တွေကိုအကြောင်းဖြစ်
ပေးတဲ့စိတ်ဖြစ်တယ်။ဒါကြောင့်အဲဒီအ
ကြောင်းနဲ့သင့်တော်သလောက်အကျိုး
တွေဖြစ်ပေါ်စေတဲ့အကြောင်းဖြစ်တယ်။
ဝိပက်စိတ်သည်အကုသိုလ်ကံနှင့်ကုသိုလ်
ကံရဲ့အကျိုးဖြစ်တယ်။ကိရိယာစိတ်သည်
အကြောင်းနှင့်အကျိုးတွေမဟုတ်တဲ့စိတ်
ဖြစ်တယ်။
အဟေတုကကိရိယာစိတ်တစ်ပါးသည်ပါ
ဠိဘာသာလို ပဉ္စဒွါရလာဝချနစိတ်လမု့
ခေါ်တယ်။ပဉ္စ=၅၊ဒွါရ=လမ်း(သို့)တံခါး၊
လာဝချနအောက်မေ့မြောခြင်းကိုရောက်
တယ်။ပသာဓာတ် ၅ပါးထဲမှာတစ်ပါးပါး
ကိုအာရုံထိတွေ့တဲ့အခါမှာစိတ်တစ်ပါး
ဖြစ်ပေါ်ဖို့အဲဒီဒွါရကိုထိတွေ့တဲ့အာရုံကို
ရောက်စေတယ်။ဉပမာ-စက္ခုပသာဓာတ်
သည်ရူပါရုံကိုထိတွေ့တဲ့အခါမှာစက္ခုဒွါရ
လာဝချနစိတ်ဖြစ်ပေါ်တယ်။စက္ခုဝိညာဉ်
(မြင်သိစိတ်)မဖြစ်ပေါ်ခင်ရုပ်သည်စက္ခု
ဒွါရနဲ့ထိတွေ့ရတယ်။အသံသည်သောတ
ပသာဓာတ်ကိုထိတွေ့တဲ့အခါမှာသောတ
ဒွါရလာဝချနစိတ်ဖြစ်ပေါ်ပြီးသောတ
ဝိညာဉ်(ကြားသိစိတ်)မဖြစ်ပေါ်ခင်အသံ
သည်သောတဒွါရနဲ့ထိတွေ့ရတယ်။ပဉ္စဒွါရ
လာဝချနစိတ်သည် ၅ဒွါရထဲမှဒွါရတစ်ပါး
ပါးမှာအာရုံသည်ထိတွေ့ရုံသာဖြစ်တယ်။
ပဉ္စဒွါရလာဝချနစိတ်သည်မြင်ခြင်း(သို့)
ကြားခြင်းတွေရဲ့တာဝန်ကိုမလုပ်ဘူး။ပဉ္စ
ဒွါရလာဝချနစိတ်သည်အကြောင်းကိုမမှီ
ခိုပဲဖြစ်ပေါ်တဲ့အဟေတုကကိရိယာစိတ်
တစ်ပါးဖြစ်တယ်။အဲဒီအချိန်မှာကြိုက်
တယ်(သို့)မကြိုက်ဘူးဆိုတဲ့ဖြစ်ပေါ်ခြင်း
တွေမရှိသေးဘူး။ဝိပက်စိတ်ဖြစ်တဲ့ထဝိ
ပဉ္စဝိညာဉ်ဘယ်တစ်ပါးပါးမဆိုပဉ္စဒွါရ
လာချနစိတ်ကနေဆက်လက်ဖြစ်ပေါ်
တယ်။
ဆက်လက်ပြီးဖြစ်၊ပျက်တဲ့စိတ်တစ်ပါးစီ
တွေသည်ကိုယ်စီ၊ကိုယ်စီတာဝန်ရှိကြပြီး
အာရုံတစ်ခုတည်းကိုသိကြတယ်။ဒွါရတစ်
ခုခုမှအာရုံကိုသိတဲ့စိတ်သည်အဲဒီအာရုံ
တစ်ခုတည်းသာသာသိလို့ရတယ်။ဉပမာ
-စာဖတ်နေတဲ့အချိန်မှာမြင်ခြင်းကိုတာ
ဝန်ယူတဲ့စိတ်သည်အဲဒီရူပါရုံကိုသာသိရ
တယ်။စာလုံးရဲ့အဓိပ္ပါယ်ကိုတော့မသိရ
ဘူး။စက္ခုဒွါရဝိထီစိတ်ပျက်သွားတဲ့အ
ခါမှာမနောဒွါရဝိထီစိတ်သည်အဲဒီရူပါရုံ
ကိုဆက်ပြီးသိတယ်။ပြီးတော့အဲဒီနောက်
ပိုင်းမှာတစ်ခြားမနောဒွါရဝိထီစိတ်တွေ
ဖြစ်ပေါ်တယ်။အဲဒီစာဖတ်တဲ့အကြောင်း
နှင့်အဓိပ္ပါယ်ကိုသိရတယ်။ဒါကြောင့် ၅ဒွါ
ရထဲမှဒွါရတစ်ခုခုမှာဖြစ်ပေါ်ပြီးအာရုံကို
သိတဲ့ဝိထီစိတ်ရှိရခြင်းဖြစ်တယ်။ပြီးတော့
မနောဒွါရမှအာရုံကိုသိတဲ့ဝိထီစိတ်ရှိ
တယ်။နောက်ထပ်အဟေတုကကိရိယာ
စိတ်တစ်ပါးကတော့မနောဒွါရလာဝချန
စိတ်(မနောဒွါရကိုထိတွေ့တဲ့အာရုံကိုသိ
တဲ့စိတ်)သည်ပဉ္စဒွါရဝိထီနှင့်မနောဒွါရ
ဝိထီတွေမှာဖြစ်ပေါ်တယ်။ဒါပေမယ့်ဝိထီ
တွေကွာခြားပြီးဖြစ်ပေါ်တဲ့အတွက်
ကြောင့်ကွာခြားတဲ့တာဝန်တွေကိုပြုလုပ်
ကြတယ်။ဆိုလိုတာက ၅ဒွါရထဲမှဒွါရတစ်
ခုခုမှာအာရုံကိုထိတွေ့တဲ့အခါပဉ္စဒွါရလာ
ဝချနစိတ်သည်အဲဒီအာရုံကိုအောက်မေ့
ပြီးဖြစ်ပေါ်တယ်။
ထဝိပဉ္စဝိညာဉ်တစ်ပါးသည်အဲဒီအာရုံကို
သိပြီးဖြစ်ပေါ်တယ်။သမ္ပတီချနစိတ်သည်
ဖြစ်ပေါ်ပြီးအဲဒီအာရုံကိုလက်ခံတယ်။
သမ်တီရနစိတ်သည်ဖြစ်ပေါ်ပြီအာရုံကို
ဝေဖန်သုံးသပ်တယ်။အဟေတုကကိရိယာ
စိတ်တစ်ပါးသည်ဖြစ်ပေါ်ပြီးဝို့ထဖနတာ
ဝန်ကိုလုပ်တယ်။ဆိုလိုတာကသမ်တီရန
စိတ်ကနေအာရုံကိုသတ်မှတ်တယ်။ဒီဝို့ထ
ဖနတာဝန်ကိုလုပ်တဲ့စိတ်သည်မနောဒွါရ
လာဝချနစိတ်နဲ့အမျိုးအစားတစ်မျိုး
တည်းဖြစ်တဲ့စိတ်ဖြစ်တယ်။မနောဒွါရ
လာဝချနစိတ်သည်မနောဒွါရဝိထီရဲ့ပထမ
ဆုံးစိတ်ဖြစ်တယ်။ဒါပေမယ့်ဒီစိတ်တစ်
ပါးသည်ပဉ္စဒွါရဝိထီမှဖြစ်ပေါ်တဲ့အခါဝို့
ထဖနစိတ်လို့ခေါ်တယ်။ဘာကြောင့်လဲဆို
တော့ပဉ္စဒွါရဝိထီမှဖို့ထဖနတာဝန်ကိုလုပ်
တဲ့အတွက်ကြောင့်ဖြစ်တယ်။ဝို့ထဖနစိတ်
ဖြစ်ပေါ်တဲ့အခါမှာဝို့ထဖနတာဝန်ကိုလုပ်
တယ်။ပြီးတော့ပျက်သွားတယ်။ရဟန္တာ
မဟုတ်တဲ့ပုဂ္ဂိုလ်တွေအတွက်ကျတော့အ
ကုသိုလ်စိတ်(သို့)ကုသိုလ်စိတ်တွေဆက်
ပြီးဖြစ်ပေါ်တယ်။ပြီးတော့အဲဒီဝို့ထဖန
စိတ်ကနေဆက်ပြီးဖြစ်ပေါ်မယ့်ကုသိုလ်
စိတ်(သို့)အကုသိုလ်စိတ်သည်တစ်ဉီး
တစ်ယောက်စီတွေရဲ့ကုသိုလ်နှင့်အကု
သိုလ်ရဲ့စုစောင်းခြင်းအရဖြစ်ကြရတယ်။
ပဉ္စဒွါရဝိထီစိတ်ပျက်သွားတဲ့အခါမှာ
မနောဒွါရဝိထီစိတ်လည်းဖြစ်ပေါ်ပြီး
အဲဒီအာရုံကိုဆက်ပြီးသိတယ်။မနော
ဒွါရလာဝချနစိတ်သည်ပျက်သွားတဲ့
အာရုံကိုသိတဲ့မနောဒွါရဝိထီထဲမှာပထမ
ဆုံံးစိတ်ဖြစ်တယ်။ပဉ္စဒွါရဝိထီထဲမှာပဉ္စ
ဒွါရလာဝချနစိတ်သည်မပျက်သေးတဲ့အာ
ရုံကိုသိတယ်။ဉပမာ-ပဉ္စဒွါရလာဝချနစိတ်
သည်စက္ခုဒွါရ(သို့)သောတဒွါရကိုထိတွေ့
တဲ့ရူပါရုံ(သို့)သဒ္ဒါရုံကိုသိတယ်။ဒါပေမယ့်
မနောဒွါရဝိထီမှဖြစ်ပေါ်တဲ့မနောဒွါရလာဝ
ချနစိတ်သည်အဲဒီပျက်သွားတဲ့အာရုံကို
ဆက်ပြီးသိတယ်။မနောဒွါရလာဝချနစိတ်
ပျက်သွားတဲ့အခါမှာကုသိုလ်စိတ်(သို့)အ
ကုသိုလ်စိတ်တွေသည်အဲဒီအာရုံတစ်ခု
တည်းကိုသိပြီးဆက်လက်ဖြစ်ပေါ်တယ်။
ရဟန္တာမဟုတ်တဲ့ပုဂ္ဂိုလ်တွေအတွက်မ
နောဒွါရလာဝချနစိတ်သည်ကုသိုလ်စိတ်
(သို့)အကုသိုလ်စိတ်တွေမဟုတ်ဘူး။ဒါ
ပေမယ့်ကိရိယာစိတ်ဖြစ်တယ်။ပဉ္စဒွါရ
ဝိထီမှဝို့ထဖနစိတ်နှင့်မနောဒွါရဝိထီမှမ
နောဒွါရလာဝချနစိတ်တွေသည်အဟေ
တုကကိရိယာစိတ်အမျိုးအစားတစ်မျိုး
တည်းဖြစ်ကြတယ်။ဒါပေမယ့်ဒီစိတ်နှစ်
ပါးရဲ့တာဝန်တွေသည်ကွာခြားကြတယ်။
ဒီစိတ်တစ်ပါးသည်ပဉ္စဒွါရဝိထီမှဝို့ထဖန
တာဝန်ကိုလုပ်ပြီးမနောဒွါရဝိထီမှအာဝချ
နတာဝန်ကိုလုပ်တယ်။ဒါကြောင့်မနောဒွါရ
လာဝချနစိတ်ကိုပြောတဲ့အခါမှာဘာတာ
ဝန်ကိုလုပ်သလဲဆိုတာသိရတယ်။အသံ
သည်သောတပသာဓာတ်ကိုထိတွေ့တဲ့အ
ခါမှာသောတဒွါရဝိထီစိတ်သည်ဖြစ်ပေါ်
ပြီးအသံကိုသိတယ်။ပြီးတော့ပျက်သွား
တယ်။မနောဒွါရဝိထီစိတ်သည်သောတ
ဒွါရမှဝိထီစိတ်ကနေအဲဒီပျက်သွားတဲ့အ
သံကိုဆက်ပြီးသိတယ်။ဒါကြောင့်ဝိထီ
စိတ်သည်လျှင်မြန်စွာနဲ့တစ်လှည့်စီဖြစ်၊
ပျက်ပြီးမနောဒွါရနှင့်ပဉ္စဒွါရမှဖြစ်ပေါ်
ပြီးအာရုံကိုသိတယ်။
အဲဒီအာရုံသည်ဘာဖြစ်သလဲဆိုတာမသိ
သေးတဲ့အခါမှာအကုသိုလ်စိတ်(သို့)ကု
သိုလ်စိတ်တွေသည်ပဉ္စဒွါရမှဘယ်လိုရှိ
ပြီးဖြစ်ပေါ်နိုင်သလဲ?အဲဒီအာရုံကိုမသိ
ခင်ကုသိုလ်စိတ်(သို့)အကုသိုလ်စိတ်
တွေအရင်ဖြစ်ပေါ်တယ်။ဒါကြောင့်က
လေးငယ်တွေသည်တောက်ပတဲ့အရောင်
တွေကိုကြိုက်ခြင်းနဲ့နှိုင်းယှဉ်လို့ရတယ်။
ဉပမာ-ဘောလုံးပျံဖြစ်တယ်ဆိုတာကိုမသိ
သေးဘူး။အဲဒီအာရုံကဘာဖြစ်သလဲဆို
တာမသိခင်မှာအဲဒီအာရုံထဲမှာလောဘ
(သို့)ဒေါသတွေဖြစ်ပေါ်နိုင်တယ်။နောက်
ထပ်အဟေတုကကိရိယာစိတ်တစ်ပါးက
တော့စိတုပါထစိတ်(ပြုံးခြင်းကိုဖြစ်ပေါ်
စေတဲ့စိတ်)သည်အဲဒီရဟန္တာတွေကပဲဒီ
စိတ်အမျိုးအစားတွေရှိတယ်။ရယ်မော
ခြင်းနှင့်ပြုံးခြင်းတွေသည်စိတ်အမျိုးအ
စားများစွာကနေဖြစ်ပေါ်တယ်။ရဟန္တာ
မဟုတ်တဲ့ပုဂ္ဂိုလ်တွေသည်အကြောင်း
ဖြစ်တဲ့လောဘ(သို့)အကုသိုလ်စိတ်တွေ
ကြောင့်ပြုံးကြတယ်။ရဟန္တာတွေသည်ကိ
ရဟန္တာတွေသည်ကုသိုလ်စိတ်နှင့်အကု
သိုလ်စိတ်တွေမရှိရခြင်းဖြစ်တယ်။နောက်
ထပ်ဘယ်ကံမှမရှိတော့ဘူး။ရဟန္တာတွေ
သည်ကုသိုလ်စိတ်အစားသောမနအ
ကြောင်းနဲ့ပေါင်းစပ်တဲ့သောမနကိရိယာ
စိတ်တွေရှိတယ်။ရဟန္တာတွေမရယ်မော
ဘူး။ဘာကြောင့်လဲဆိုတော့ရယ်မောစေ
တဲ့အကြောင်းတွေကိုငြိမ်းသတ်လိုက်တဲ့
အတွက်ကြောင့်ဖြစ်တယ်။ရဟန္တာတွေ
သည်ပြုံးရုံလောက်သာရှိတယ်။အဲဒီ
ရဟန္တာတွေပြုးနေတဲ့အချိန်မှာအဟေတု
ကကိရိယာစိတ်ဖြစ်တဲ့စိတုပါထစိတ်(သို့)
သောမနကိရိယာစိတ်တွေနဲ့ပြုံးတယ်။ဒါ
ကြောင့်အဟေတုကစိတ် ၁၈ပါး၊ဝိပက်
စိတ် ၁၅ပါးနှင့်ကိရိယာစိတ် ၃ပါးတို့ရှိရ
ခြင်းဖြစ်တယ်။အဟေတုကကိရိယာစိတ်
၃ပါးကတော့၁။ပဉ္စဒွါရလာဝချနစိတ်=
ပဉ္စဒွါရကိုထိတွေ့ပြီးအာရုံကိုသိတဲ့စိတ်
ဖြစ်တယ်။ ၂။မနောဒွါရလာဝချနစိတ်=
မနောဒွါရကိုထိတွေ့ပြီးအာရုံကိုသိတဲ့
စိတ်ဖြစ်တယ်။၃။စိတုပါထစိတ်သည်ပြုံး
ခြင်းကိုဖြစ်ပေါ်စေတဲ့စိတ်ဖြစ်တယ်။
ရဟန္တာမဟုတ်တဲ့ပုဂ္ဂိုလ်သည်အဟေတုက
စိတ် ၁၇ပါးသာရှိတယ်။ဒီအဟေတုက
စိတ် ၁၇ပါးသည်ကျွနုပ်တို့ရဲ့တစ်နေ့တာ
ဘဝမှာဖြစ်ပေါ်တယ်။ပဉ္စဒွါရမှဘယ်ဒွါရ
တစ်ခုခုကိုမဆိုအာရုံထိတွေ့တဲ့အခါမှာ
ပဉ္စဒွါရလာဝချနစိတ်သည်ဒွါရကိုထိတွေ့
တဲ့အာရုံကိုသိတယ်။ဒီစိတ်ပျက်သွားတဲ့အ
ခါမှာပဉ္စဝိညာဉ်တစ်ပါးသည်ဆက်ပြီးအာ
ရုံကိုသိတဲ့တာဝန်ကိုလုပ်တယ်။ပြီးတော့
သမ္ပတီချနစိတ်သည်ဖြစ်ပေါ်ပြီးပဉ္စဝိ
ညာဉ်ကနေအာရုံကိုလက်ခံတဲ့တာဝန်ကို
လုပ်တယ်။ပြီးတော့သမ်တီရနစိတ်သည်
ဖြစ်ပေါ်ပြီးသမ္ပတီချနစိတ်ကနေအာရဲံ
ကိုဝေဖန်သုံးသပ်တဲ့တာဝန်ကိုလုပ်တယ်။
ပြီးတော့ဝို့ထဖနစိတ်ဖြစ်ပေါ်ပြီးအာရုံကို
ဆုံးဖြတ်တယ်။ပြီးတော့ကုသိုလ်စိတ်(သို့)
အကုသိုလ်စိတ်တွေဆက်လက်ဖြစ်ပေါ်တယ်။ပဉ္စဒွါရဝိထီစိတ်တွေအားလုံးပျက်
သွားတဲ့အခါမှာမနောဒွါရဝိထီသည်အဲဒီ
အာရုံကိုဆက်သိပြီးဖြစ်ပေါ်တယ်။မနော
ဒွါရမှထိတွေ့ပြီးတော့မနောဒွါရလာဝချန
စိတ်သည်ဖြစ်ပေါ်ပြီးအာရုံကိုသိတယ်။
ဆက်ပြီးကုသိုလ်စိတ်(သို့)အကုသိုလ်
စိတ်တွေဆက်လက်ဖြစ်ပေါ်တယ်။တ
ကယ်လို့အကုသိုလ်စိတ်တွေဖြစ်ပေါ်
တယ်ဆိုရင်(အယောနိသောမနသိကာရ)
ကောင်းစွာနဲ့မဝေဖန်မသုံးသပ်ခြင်း
ကြောင့်ရှိရတယ်။တကယ်လို့ကုသိုလ်
စိတ်တွေဖြစ်ပေါ်တယ်ဆိုရင်(ယောနိ
သောမနသိကာရ)ကောင်းစွာနဲ့ဝေဖန်
သုံးသပ်ခြင်းရှိတယ်။ဉပမာ-ယင်ကောင်
ကိုမြင်တဲ့အခါမှာဒေါသမူလစိတ်တွေ
ဖြစ်ပေါ်နိုင်တယ်။(မူလဖြစ်တဲ့ဒေါသရှိ
တဲ့စိတ်)အဲဒီအချိန်မှာအယောနိသောမန
သိကာရှိတယ်။ဒါကြောင့်အဲဒီယင်ကောင်
ကိုသတ်ချင်တဲ့အထိဒေါသတွေအားကြီး
နိုင်တယ်။အဲဒါသည်အကုသိုလ်ကံဖြစ်
တယ်။တကယ်လို့သတ်ခြင်းသည်အကု
သိုလ်ကံဖြစ်တယ်ဆိုတာအောက်မေ့သိ
ရင်သတ်ခြင်းကိုရှောင်ကျဉ်နိုင်တယ်။အဲ
ဒီအချိန်မှာကုသိုလ်စိတ်ဖြစ်ပြီးယောနိ
သောမနသိကာရှိရခြင်းဖြစ်တယ်။တရား
တော်တွေကိုလေ့လာသင်ကြားခြင်းနှင့်
ပညာတွေတိုးတက်အောင်ပွါးများခြင်း
သည်ယောနိသောမနသိကာဖြစ်ပေါ်ဖို့
အကြောင်းဖြစ်ပေးတယ်။ ၆ဒွါရထဲမှ
ဘယ်ဒွါရတစ်ခုခုမှာမဆိုဖြစ်ပေါ်တဲ့ရုပ်
တရား(သို့)နာမ်တရားရဲ့လက္ခဏတွေ
ကိုသတိဖြစ်ပေါ်ပြီးအောက်မေ့သိတဲ့အ
ချိန်မှာယောနိသောမနသိကာရှိတယ်။
နေရာတစ်ခုထဲမှာလူနှစ်ယောက်သည်တစ်
ယောက်ကအယောနိသောမနသိကာရှိနိုင်
ပြီးနောက်တစ်ယောက်ကယောနိသောမန
သိကာရှိနိုင်တယ်။ဒီလိုဖြစ်ရခြင်းသည်လူ
တစ်ဉီးစီတွေရဲ့စုစောင်းခြင်းအရဖြစ်ရ
တယ်။သံယုတ္တနိကယ်မှာအရှင်မဟာ
မောဂ္ဂလာန်နဲ့ရဟန်းတွေပြောဟောသွား
တဲ့အချက်အလက်တွေရှိတယ်။ကာမဂုဏ်
တွေနဲ့စိုပြေစိတ်ရှိတဲ့ရဟန်းတွေသည်မျက်
စိနဲ့ရုပ်ကိုမြင်ပြီးကြိုက်နှစ်သက်တဲ့ရုပ်ထဲ
မှာစိတ်အနှောက်အယှက်ဖြစ်ကြတယ်။
ကာယခတ္တာသတိမရှိတဲ့ပုဂ္ဂိုလ်တွေသည်
မေ့လျော့တဲ့စိတ်ရှိတဲ့သူတွေဖြစ်တယ်။
ပြီးတော့စေတိုဝိမုတ္တိကိုသေချာစွာမသိ
ကြဘူး။ပျက်သွားပြီးတဲ့ပညာဝိမုတ္တိသည်
အမှန်အတိုင်းရဟန်းတွေနဲ့ဖြစ်ပေါ်ပြီး
သွားတဲ့မကောင်းတဲ့အကုသိုလ်တရား
တွေမကျန်ရှိတော့ဘူး။ရဟန်းတွေသည်
အဆင်း၊အသံ၊အနံ့၊အရသာနှင့်အထိအ
တွေ့ထဲမှာစိုပြေတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်
တယ်။ဓမ္မာရုံကိုမျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်
၊စိတ်တွေနဲ့ထိုးထွင်းစွာသိနိုင်တယ်။ရဟန်း
တွေသည်အဆင်း၊အသံ၊အနံ့၊အရသာ၊အ
ထိအတွေ့နှင့်ဓမ္မာရုံရဲ့အုပ်ချုပ်ခြင်းကိုခံရ
တယ်။အဆင်း၊အသံ၊အနံ့၊အရသာ၊အထိ
အတွေ့နှင့်ဓမ္မာရုံကိုရဟန်းတွေကမအုပ်
ချုပ်ဘူး။အပြစ်ဖြစ်တဲ့တရားတွေအားလုံး
သည်အကုသိုလ်ဖြစ်ပြီးဘဝအသစ်မှာ
စိတ်ညှစ်ငြူးခြင်းကိုဖြစ်ပေါ်စေတယ်။
ဒါကြောင့်ပူပြင်သောကဖြစ်ပြီးဝိပက်ဖြစ်
တဲ့ဆင်းရဲဒုက္ခတွေရှိတယ်။ပြီးတော့ဇာတိ၊
ဇရာနှင့်မရဏတွေအုပ်ချုပ်ခြင်းကိုဆက်
ပြီးခံရတယ်။ဒါကြောင့်ရဟန်းတွေသည်
ဒီလိုကာမဂုဏ်တွေနဲ့စိတ်စိုပြေခြင်းရှိတဲ့
ပုဂ္ဂိုလ်တွေဖြစ်သေးတယ်။
# စမ်းသပ်မေးခွန်း #
၁။ကိရိယာစိတ်ကဘာလဲ?
၂။လောဘသည်ပြုံးနေတဲ့အချိန်မှာအမြဲ
တမ်းအကြောင်းဖြစ်သလာ?
၃္။ကုသိုလ်စိတ်နှင့်အကုသိုလ်စိတ်တွေ
သည်ပဉ္စဒွါရကနေဖြစ်ပေါ်လို့ရလာ?
## ဘဝမှာပထမဆုံးစိတ် ##
မြင်စိတ်၊ကြားစိတ်၊မြင်တဲ့အရာတွေကို
ကြိုက်နှစ်သက်တဲ့စိတ်(သို့)ကြားတဲ့စိတ်
တွေသည် ၆ဒွါရစလုံးမှာစိတ်ဖြစ်ပေါ်ပြီး
အာရုံကိုသိတယ်။ဒီစိတ်တွေသည်အ
ကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပေါ်ရတယ်။ဒီစိတ်တွေသည်တာဝန်တွေကွာ
ခြားကြသလာဆိုတာကျွနုပ်တို့တွေသံသ
ယရှိကြတယ်။အဲဒီရူပါရုံထဲမှာကြိုက်နှစ်
သက်တဲ့စိတ်နှင့်မြင်စိတ်သည်တစ်ပြိုင်
တည်းမဖြစ်ပေါ်ဘူး။ဒီစိတ်နှစ်ပါးသည်
ကွာခြားကြပြီးတာဝန်လုပ်တဲ့နေရာမှာ
လည်းကွာခြားကြတယ်။တကယ်လို့
ကျွနုပ်တို့သည်စိတ်ရဲ့ဖြစ်ပေါ်ခြင်းနှင့်
စိတ်ရဲ့တာဝန်တွေကိုအစဉ်လိုက်နဲ့သိ
မယ်ဆိုရင်စိတ်ရဲ့အကြောင်းတွေကို
ကောင်းစွာနဲ့နားလည်နိုင်တယ်။စိတ်သည်
တာဝန်တွေကိုမလုပ်ပဲနဲ့ဖြစ်ပေါ်လို့မရ
ဘူး။စိတ်တစ်ပါးစီတွေသည်ကိုယ့်ရဲ့တာ
ဝန်တွေကိုကိုယ်စီ၊ကိုယ်စီလုပ်ကြတယ်။
စိတ်ရဲ့တာဝန်တွေအားလုံးသည် ၁၄တာ
ဝန်ရှိတယ်။ဘဝမှာပထမဆုံးဖြစ်ပေါ်တဲ့
စိတ်လည်းတာဝန်တွေကိုလုပ်ရတယ်။
မွေးဖွား(ဖြစ်ပေါ်)ခြင်းသည်ဘာလဲ?ပြီး
တော့ဘာတွေမွေးဖွားသလဲ?ကျွနုပ်တို့
တွေသည်ကလေးတွေရဲ့မွေးဖွားခြင်းအ
ကြောင်းကိုပြောကြတယ်။ဒါပေမယ့်အ
မှန်ကတော့အဲဒီရုပ်တရားနှင့်နာမ်တရား
တွေသာရှိတယ်။မွေးဖွား”လာတယ်ဆိုတဲ့
စကားလုံးသည်ပညတ်ဖြစ်တယ်။ဒါ
ကြောင့်တကယ့်မွေးဖွားခြင်းသည်ဘယ်
လိုဖြစ်သလဲဆိုတာကျွနုပ်တို့တွေဝေဖန်
သုံးသပ်သင့်တယ်။ရုပ်တရားနှင့်နာမ်တ
ရားသည်တစ်ချိန်လုံးဖြစ်၊ပျက်နေတယ်။
ဒါကြောင့်ရုပ်နှင့်နာမ်ရဲ့ဖြစ်(မွေး)ခြင်း
နှင့်ပျက်(သေ)ခြင်းတွေသည်အချိန်တိုင်း
မှာရှိတယ်။ဘာအကြောင်းကဖြစ်၊ပျက်
ခြင်းကိုဖြစ်ပေါ်စေသလဲဆိုတာနားလည်
ဖို့အတွက်ဖြစ်တယ်။ဒါကြောင့်ကျွနုပ်တို့
သည်ဘဝတစ်ဘဝရဲ့ပထမဆုံးရုပ်၊နာမ်
တွေကိုဖြစ်ပေါ်အောင်ပြုလုပ်ပေးတဲ့အ
ကြောင်းတွေကိုသိသင့်တယ်။
ကျွနုပ်တို့ရဲ့ဘဝသည်ဘယ်ဒါကအရင်ဖြစ်
ပေါ်သလဲ?ရုပ်လာ(သို့)နာမ်လာ?ရုပ်နှင့်
နာမ်နှစ်ပါးစလုံးသည်ကျွနုပ်တို့ရဲ့ဘဝမှာ
အချိန်တိုင်းရှိရတယ်။ခန္ဓာ ၅ပါးရှိတဲ့ဘုံမှာ
(နာမ်ခန္ဓာ ၄ပါးနှင့်ရုပ်ခန္ဓာ ၁ပါး)တကယ်
လို့ရုပ်မရှိရင်နာမ်တရားတွေဖြစ်ပေါ်လို့မရ
ဘူး။ပြီးတော့ရုပ်ကိုမမှီခိုရင်စိတ်ဖြစ်ပေါ်
လို့မရဘူး။ဘဝရဲ့တစ်ခဏ၊တစ်ခဏစီ
တွေသည်ဘယ်လိုအမှန်တွေဖြစ်သလဲ?
အဲဒီဘဝရဲ့ပထမဆုံးအချိန်မှာရုပ်နှင့်နာမ်
တွေတစ်ပြိုင်ထဲဖြစ်ပေါ်ရတယ်။ပထမ
ဆုံးအချိန်မှာဖြစ်ပေါ်တဲ့စိတ်သည်ပဋိ
သန္ဓေစိတ်လို့ခေါ်တယ်။ဘယ်စိတ်မှအ
ကြောင်းကိုမမှီခိုပဲဖြစ်ပေါ်လို့မရဘူး။
ဒါကြောင့်ပဋိသန္ဓေစိတ်သည်အကြောင်း
ကြောင့်ဖြစ်ပေါ်ရတယ်။ပဋိသန္ဓေစိတ်
သည်ဘဝတစ်ခုမှာပထမဆုံးစိတ်ဖြစ်
တယ်။ဒါကြောင့်မို့အတိတ်မှာအကြောင်း
ရှိရခြင်းဖြစ်တယ်။တစ်ချို့ကအရင်ဘဝ
ရဲ့အကြောင်းတွေကိုသံသယတွေရှိကြ
တယ်။တကယ်လို့အရင်ဘဝတွေမရှိဘူး
ဆိုရင်လူတွေသည်ဘယ်လိုကွာခြားကြ
မလဲ?လူတွေသည်စုစောင်းခြင်းအရ
ကွာခြားကြတယ်ဆိုတာကျွနုပ်တို့တွေ
မြင်နိုင်တယ်။ပြီးတော့မိဘကနေကလေး
တွေရဲ့အကျင့်ဗီဇတွေကိုကြည့်ခြင်းဖြင်း
ပြောလို့ရလာ?အဲဒီအကျင့်ဗီဇဆိုတဲ့စကား
လုံးသည်အမှန်တကယ်တမ်းကျတော့နာမ်
တရားတွေဖြစ်တယ်။မိဘတွေကနေအဲဒီ
ဖြစ်ပေါ်ပြီးပျက်သွားတဲ့နာမ်တရားတွေ
ကိုနောက်တစ်ယောက်ဆီကိုပို့ပေးလို့ရ
လာ?ကလေးတွေကိုအဲသလိုပြုလုပ်ပေး
တဲ့တစ်ခြားအကြောင်းတွေရှိရတယ်။စိတ်
သည်အဆက်မပြတ်ဆက်လက်ပြီးဖြစ်၊
ပျက်နေတယ်။ဒါကြောင့်စိတ်အပါးတိုင်း
သည်နောက်ထပ်စိတ်ကိုဖြစ်ပေါ်စေတဲ့အ
ကြောင်းဖြစ်ရခြင်းဖြစ်တယ်။ဒီဘဝရဲ့
ပထမဆုံးစိတ်သည်အရင်ဘဝ(စုတိစိတ်)
ရဲ့နောက်ဆုံးစိတ်ကနေဆက်ဖြစ်ပေါ်တယ်ဒီလိုအကြောင်းကြောင့်အတိတ်ကအကျင့်
ဗီဇတွေသည်စိတ်တစ်ပါးကနေနောက်
ထပ်စိတ်တစ်ပါးဆီကိုစုစောင်းခြင်းဖြင့်
အဆက်မပြတ်ဖြစ်ပေါ်ရခြင်းဖြစ်တယ်။
ဒါကြောင့်အရင်ဘဝကနေဒီဘဝကို
ရောက်ရှိလာကြတယ်။ဘာကြောင့်လဲဆို
တော့လူတွေအားလုံးသည်အရင်ဘဝတွေ
မှာအကျင့်ဗီဇတွေကွာခြားပြီးမွေးဖွားလာ
ကြခြင်းကြောင့်ဖြစ်တယ်။
လူတွေသည်အဲဒီကွာခြားတဲ့အကျင့်ဗီဇ
လောက်သာရှိပြီးမွေးလာကြတာမဟုတ်
ဘူး။ဒါပေမယ့်ကွာခြားတဲ့ပတ်ဝန်းကျင်
မှာလည်းမွေးလာကြတယ်။တစ်ချို့က
ချမ်းသာတဲ့ပတ်ဝန်းကျင်မှာမွေးလာကြ
တယ်။တစ်ချို့ကဆင်းရဲ့တဲ့ပတ်ဝန်းကျင်
မှာမွေးလာကြတယ်။ဒီအကြောင်းတွေကို
နားလည်နိုင်ဖို့သည်ပတ်ဝန်းကျင်(သို့)လူ၊
ပုဂ္ဂိုလ်ဆိုတဲ့သမုတိပညတ်ရဒ့စကားလုံး
ကိုကျွနုပ်တို့တွေမငြိတွယ်သင့်ဘူး။
တကယ်လို့ပရမတ္ထအဖြင့်နဲ့ကျွနုပ်တို့တွေ
ဝေဖန်သုံးသပ်မယ်ဆိုရင်အဲဒီချမ်းသာ(သို့
)ဆင်းရဲတဲ့ပတ်ဝန်းကျင်တွေမှာနေရခြင်း
သည်မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်တွေမှ
ကောင်းခြင်း၊မကောင်းခြင်းစတဲ့အာရုံ
တွေကိုသိခြင်းကလွဲလို့တစ်ခြားဘာအရာ
တွေမှမရှိဘူး။ပြီးတော့ကုသိုလ်ဝိပက်
(သို့)အကုသိုလ်ဝိပက်တွေသာရှိတယ်။အ
ကြောင်းတွေမရှိပဲနဲ့ဝိပက်ဖြစ်ပေါ်လို့မရ
ဘူး။ဝိပက်သည်ကုသိုလ်ကံ(သို့)အကု
သိုလ်ကံရဲ့အကျိုးတွေဖြစ်တယ်။လူတွေ
သည်ကွာခြားတဲ့ကံကိုပြုလုပ်တဲ့အတွက်
ကြောင့်ကွာခြားတဲ့အကျိုးတွေကိုရရှိကြ
တယ်။အဲဒီကွာခြားတဲ့ပတ်ဝန်းကျင်မှာ
လူတွေမွေးလာရခြင်းသည်အကြောင်း
ရှိရတယ်။ဆိုလိုတာကအရင်ဘဝကကံ
သည်အကြောင်းဖြစ်တယ်။ကံသည်ပဋိ
သန္ဓေစိတ်ကိုဖြစ်ပေါ်စေတဲဝိပက်ဖြစ်
တယ်။ဆိုလိုတာကကံရဲ့အကျိုးပေးတွေ
ဖြစ်တယ်။ဒီလောကမှာလူနှင့်သတ္တဝါ
တွေအမျိုးမျိုးမွေးလာတာကိုကျွနုပ်တို့
တွေမြင်ရတယ်။လူတွေရဲ့ဘဝနှင့်သတ္တဝါ
တွေရဲ့ဘဝကိုနှိုင်းယှဉ်လိုက်တဲ့အခါမှာ
အဲဒီတရိစ္ဆာန်အဖြစ်နဲ့မွေးလာခြင်းသည်
အကုသိုလ်ဝိပက်ဖြစ်ပြီးလူအဖြစ်နဲ့မွေး
လာခြင်းသည်ကုသိုလ်ဝိပက်ဖြစ်တယ်။
ပြီးတော့ဘဝတစ်လျှောက်လုံးမှာဆင်းရဲ
ဒုက္ခအမျိုးမျိုးတွေနဲ့ကြုံတွေ့ရတယ်။(သို့)လူတစ်ဉီးစီတွေရဲ့ပဋိသန္ဓေစိတ်သည်
အစဉ်လိုက်ကွာခြားတဲ့ကုသိုလ်ဝိပက်တွေ
ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့အဲဒီကု
သိုလ်ဝိပက်ကိုဖြစ်ပေါ်အောင်အကြောင်း
ဖြစ်ပေးတဲ့ကုသိုလ်ကံသည်အဆင့်အမျိုး
မျိုးရှိကြတယ်။
ဘဝရဲ့ပထမဆုံးအချိန်မှာကံသည်ပဋိ
သန္ဓေစိတ်နှင့်ရုပ်ကိုအတူဖြစ်ပေါ်စေတဲ့
အကြောင်းဖြစ်တယ်။တစ်ချို့ကဘဝရဲ့
ပထမဆုံးအချိန်မှာရုပ်ကိုဘယ်အရာက
ဖြစ်ပေါ်စေသလဲဆိုတာသံသယရှိကြ
တယ်။တစ်ဉီတယောက်စီတွေသည်ကွာ
ခြားတဲ့ရုပ်ပုံသဏ္ဍန်တွေရှိတယ်ဆိုတာ
ကျွနုပ်တို့တွေမြင်ရတယ်။တစ်ချို့က
ကျန်းမာပြီးတစ်ချို့ကမကျန်မာဘူး။တစ်
ချို့ကမွေးကတည်းကဒုက္ခိတဖြစ်တယ်။
အဲဒီကံကပဲရုပ်နှင့်နာမ်ကိုဖြစ်ပေါ်အောင်
ပြုလုပ်ပေးတဲ့အကြောင်းဖြစ်တယ်။ကံ
သည်ခန္ဓာကိုယ်မဖြစ်တဲ့ရုပ်နှင့်ခန္ဓာကိုယ်
ဖြစ်တဲ့ရုပ်ကိုပြုလုပ်ပေးတယ်။“မျိုးစေ့”
အမျိုးမျိုးတွေသည်မွေးလို့ရလာ?မျိုးစေ့
တွေသည်မမွေးဘူး။ဘာကြောင့်လဲဆို
တော့မျိုးစေ့တွေသည်ကုသိုလ်ကံ(သို့)အ
ကုသိုလ်ကံတွေလုပ်လို့မရဘူး။မျိုးစေ့ကို
မွေးစေတဲ့အကြောင်းဖြစ်တဲ့ကံတွေမရှိ
ဘူး။ဉတုသည်(ဒီဂရီ)မျိုးစေ့တွေဖြစ်ပေါ်
အောင်အကြောင်းဖြစ်ပေးတယ်။အဲဒီလူ
တွေမှာကျတော့ကံသည်ပဋိသန္ဓေအချိန်
ကတည်းကရုပ်နှင့်နာမ်တွေဖြစ်ပေါ်အောင်
မလုပ်ပေးဘူးဆိုရင်အသက်မရှိဘူး။ဉတု
လည်းရုပ်ကိုဖြစ်ပေါ်စေတဲ့အကြောင်းဖြစ်
တယ်။တကယ်လို့ဉတုမညီမျှဘူးဆိုရင်အဲ
ဒီမွေးလာတဲ့ဘဝသည်ကြီးထွားလာလို့မရ
ဘူး။ပဋိသန္ဓေစိတ်ပျက်သွားတာနဲ့နောက်
ထပ်စိတ်ကချက်ချင်းဖြစ်ပေါ်ရတယ်။ဒါ
ကြောင့်ရုပ်ကိုဖြစ်ပေါ်စေတဲ့အကြောင်း
တွေစဖြစ်လာတယ်။ပြီးတော့အာဟာရ
လည်းရုပ်ကိုဖြစ်ပေါ်စေတယ်။အဲဒါမှ
ခန္ဓာကိုယ်တွေကြီးထွားလာလို့ရတယ်။
ဒါကြောင့်ကံကလွဲလို့ရုပ်ကိုဖြစ်ပေါ်စေ
တဲ့တစ်ခြားအကြောင်းတွေရှိတယ်ဆို
တာမြင်နိုင်တယ်။ဘာတွေလဲဆိုတော့
စိတ်၊ဉတုနှင့်အာဟာရတွေဖြစ်ကြတယ်။
ကံသည်အဲဒီပဋိသန္ဓေအချိန်လောက်မှာ
သာရုပ်ဖြစ်ပေါ်ဖို့အကြောင်းဖြစ်ပေးတာ
မဟုတ်ဘူး။ဒါကြောင့်ဘဝတစ်သက်လုံး
မှာအကြောင်းဖြစ်ပေးရတယ်။ကံသည်အဲ
ဒီဒွါရအမျိုးမျိုးမှကောင်းခြင်း၊မကောင်း
ခြင်းတွေဖြစ်ပေါ်ပြီးအာရုံကိုသိတဲ့ဝိပက်
စိတ်ဖြစ်ပေါ်ဖို့အကြောင်းဖြစ်ပေးရုံသာ
မဟုတ်ဘူး။ဒါပေမယ့်တစ်သက်လုံးမှာ
အာရုံအမျိုးမျိုးကိုလက်ခံတဲ့ဒွါရဖြစ်ပြီး
တာဝန်ကိုလုပ်တဲ့ရုပ်ဖြစ်ပေါ်ဖို့အကြောင်း
ဖြစ်ပေတယ်။ကိုယ့်ရဲ့စက္ခုပသာဓာတ်
ကိုဘယ်သူကလုပ်ပေးနိုင်သလဲ?ဉတု
လည်းစက္ခုပသာဓာတ်ကိုဖြစ်ပေါ်အောင်
လုပ်ပေးလို့မရဘူး။ကံကသာလုပ်ပေးလို့
ရတယ်။တကယ်လို့ကံသည်မျက်စိဖြစ်
ပေါ်အောင်လက်ခံတဲ့သူရဲ့စက္ခုပသာ
ဓာတ်ကိုမလုပ်ပေးဘူးဆိုရင်မျက်စိအ
သစ်ကိုပြောင်းလဲခြင်းသည်အကျိုးမရှိ
ဘူး။မိခင်ရဲ့ကိုယ်ဝန်သည်မွေးတဲ့နေရာ
တစ်နေရာထဲသာရှိတာမဟုတ်ဘူး။ဗုဒ္ဓ
မြတ်စွာဘုရားရဲ့အဆုံးအမတွေမှာမွေး
ခြင်း ၄မျိုးရှိတယ်ဆိုတာသိရတယ်။
ဘာတွေလဲဆိုတော့ကိုယ်ဝန်မှမွေးခြင်း၊
ဉမှမွေးခြင်း၊အစိုဓာတ်မှမွေးခြင်းနှင့်
အိုပါပါတီကာမွေးခြင်းတို့ဖြစ်ကြတယ်။
တစ်ချို့ကအဲဒီမိခင်ရဲ့ကိုယ်ဝန်ထဲကဘဝ
သည်ဘယ်ကစသလဲဆိုတာသိချင်ကြ
တယ်။ဘဝသည်ပဋိသန္ဓေစိတ်နှင့်ကံမချ
ရုပ်တွေတစ်ပြိုင်ထဲဖြစ်ပေါ်တဲ့အချိန်က
စတယ်။နောက်ဆုံးစိတ်(စုတိစိတ်)ပျက်
သွားတဲ့အချိန်မှာဘဝလည်းကုန်ဆုံးသွား
တယ်။စုတိစိတ်မပျက်သရွေ့တော့ဘဝ
လည်းဆက်လက်ပြီးရှင်သန်နေရတယ်။
စေတိုပရယညာဏ်ရရှိတဲ့ပုဂ္ဂိုလ်တွေက
လွဲလို့တစ်ခြားသူတွေရဲ့စုတိစိတ်တွေဖြစ်
ပေါ်ပြီးပျက်သွားတဲ့အချိန်တွေကိုဘယ်
သူမှမသိဘူး။ဗုဒ္ဓမြတ်စွာဘုရားနှင့်စေတို
ပရိယညာဏ်တွေရတဲ့ပုဂ္ဂိုလ်တွေသည်
တစ်ခြားသူတွေရဲ့စုတိကျတဲ့အချိန်တွေကို
သိနိုင်တယ်။
ကျွနုပ်တို့ရဲ့ဘဝမှာဘယ်ကံကနောက်ဘဝ
မှာပဋိသန္ဓေစိတ်ဖြစ်အောင်လုပ်ပေးလဲ
ဆိုတာသံသယတွေရှိကြတယ်။တစ်ချို့
ကဒီဘဝမှာကုသိုလ်တွေများစွာလုပ်ရင်
နောက်ဘဝမှာကောင်းကောင်းနဲ့မွေးရ
တယ်လို့ယုံကြည်ကြတယ်။ဒါပေမယ့်အဲ
ဒီပဋိသန္ဓေစိတ်ကိုဖြစ်ပေါ်အောင်ပြုလုပ်
ပေးတဲ့ကံသည်ဒီဘဝရဲ့ကံပဲဖြစ်ရတယ်
ဆိုတာမဟုတ်ရဘူး။ကျွနုပ်တို့တွေလည်း
အတိတ်ဘဝမှာဒီဘဝနဲ့ထပ်တူကုသိုလ်ကံ
နှင့်အကုသိုလ်ကံတွေပြုလုပ်လာခဲ့ကြပြီး
ဖြစ်တယ်။တစ်ချို့ကလည်းအဲဒီကံကိုပြု
လုပ်တဲ့ဘဝမှာအကျိုးပေးတယ်။တစ်ချို့
ကံကနောကအဘဝ(သို့)နောက်ထပ်ဘဝ၊
ဘဝတွေမှာပဋိသန္ဓေစိတ်ကိုဖြစ်ပေါ်
အောင်ပြုလုပ်ပေးခြင်းဖြင့်အကျိုးပေး
တယ်။ကျွနုပ်တို့တွေသည်အတိတ်ဘဝ
မှာကံအမျိုးမျိုးတွေကိုပြုလုပ်လာခဲ့
ကြတယ်။ဒါကြောင့်နောက်ထပ်ဖြစ်ပေါ်
(မွေး)ဖို့အကြောင်းဖြစ်ပေးတယ်။ဒါပေ
မယ့်အဲဒီကံတွေသည်အကျိုးပေးဖို့အစဉ်
သင့်မရှိသေးဘူး။ဒါကြောင့်နောက်ဘဝ
ဖြစ်ပေါ်ဖို့ဘယ်ကံကအကြောင်းဖြစ်ပေး
မလဲဆိုတာကျွနုပ်တို့တွေမသိရဘူး။
တကယ်လို့အကုသိုလ်ကံသည်ပဋိသန္ဓေ
စိတ်ကိုဖြစ်ပေါ်အောင်အကြောင်းဖြစ်ပေး
တယ်ဆိုရင်နောက်ဘဝမှာဒုဂ္ဂတိဘဝမှာ
မွေးရတယ်။ဒါကြောင့်စုတိစိတ်ထက်အ
ရင်ဖြစ်ပေါ်တဲ့စိတ်သည်အကြောင်းကံအ
ဖြစ်နဲ့အဏိဌာရုံရှိတဲ့အကုသိုလ်စိတ်ဖြစ်
တယ်။အဒီစုတိစိတ်ကနေဆက်ပြီးဖြစ်ပေါ်
တဲ့နောက်ဘဝရဲ့ပဋိသန္ဓေစိတ်သည်စုတိ
စိတ်ရဲ့အရင်အကုသိုလ်စိတ်နဲ့အတူအဏိ
ဌာရုံရှိတယ်။တကယ်လို့ကုသိုလ်ကံသည်
ပဋိသန္ဓေဖြစ်ပေါ်အောင်အကြောင်းဖြစ်
ပေးတယ်ဆိုရင်နောက်ဘဝမှာသုဂတိအ
ဖြစ်နဲ့မွေးလာရတယ်။ဒါကြောင့်စုတိစိတ်
ထက်အရင်ကုသိုလ်စိတ်ဖြစ်ပေါ်ပြီးအ
ကြောင်းကံအဖြင့်နဲ့အီဌာရုံရှိတယ်။
နောက်ဘဝရဲ့ပဋိသန္ဓေစိတ်သည်စုတိ
စိတ်ရဲ့အရင်ကုသိုလ်စိတ်နဲ့အတူအီဌာရုံ
ရှိတယ်။စုတိစိတ်ထက်အရင်ဖြစ်ပေါ်တဲ့
စိတ်ကိုထိန်းချုပ်ခြင်းဖြင့်နောက်ဘဝမှာ
သုဂတိဖြစ်အောင်လူတွေလုပ်ချင်ကြ
တယ်။ဒါကြောင့်ကုသိုလ်ဖြစ်အောင်လုပ်
ပေးလို့ရလာဆိုတာတစ်ချို့ကသိချင်ကြ
တယ်။တစ်ချို့ကသေခါနီးသူတွေကိုကု
သိုလ်ဖြစ်အောင်ပဌာန်းရွတ်ပေးခြင်းဖြင့်
ဘုန်းကြီးတွေကိုပင့်ဆောင်လာကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ်အရိယာပုဂ္ဂိုလ်တွေက
လွဲလို့အဲဒီလူတွေသည်သုဂတိဘုံမှာမွေး
မယ်ဆိုတာဘယ်သူမှသေသေချာချာမသိ
နိုင်ဘူး။ပြီးတော့ဘယ်သူတစ်ဉီးတစ်
ယောက်ကမှစိတ်ကိုထိန်းချုပ်လို့မရဘူး။ယခုကျွနုပ်တို့တွေရဲ့စဉ်းစားခြင်းတွေကို
ထိန်းချုပ်လို့ရလာ?ထိန်းချုပ်လို့မရဘူး။
ကျွနုပ်တို့တွေသည်မသေခင်မှာစဉ်းစား
ခြင်းတွေကိုဘယ်လိုနဲ့ထိန်းချုပ်လို့ရမလဲ?
နောက်ဘဝမှာဘယ်မှာမွေးမလဲဆိုတာ
ဘယ်သူမှဆုံးဖြတ်ပေးမယ့်သူမရှိဘူး။
ပြီးတော့ကောင်းတဲ့ကံတွေများစွာပြုလုပ်
လာခဲ့ပေမယ့်အရင့်၊အရင်ဘဝမှာအကု
သိုလ်ကံတွေလည်းရှိနိုင်တယ်။ဒါကြောင့်
နောက်ထပ်ဘဝတွေမှာဒုဂ္ဂတိဘုံမှာမွေးဖို့
အကြောင်းတွေဖြစ်ပေးနိုင်တယ်။နောက်
ဆုံးအချိန်ကုသိုလ်စိတ်(သို့)အကုသိုလ်
စိတ်ပျက်သွားတဲ့အခါမှာစုတိစိတ်လည်း
ဖြစ်ပေါ်ပြီးပျက်သွားတယ်။နောက်ထပ်
ဘဝရဲ့ပဋိသန္ဓေစိတ်လည်းဘဝသစ်အ
ဖြစ်နဲ့ချက်ချင်းဆက်လက်ဖြစ်ပေါ်တယ်။
ကိလေသာတွေရှိနေသေးသ၍တော့
နောက်ထပ်ဘဝ၊ဘဝတွေမှာလည်းရှိနေ
ရသေးတယ်။
ဘုံဘဝအသစ်မှာပထမဆုံးဖြစ်တဲ့ပဋိ
သန္ဓေစိတ်တွေဖြစ်ပေါ်ပြီးတာဝန်ကို
ပြုလုပ်တဲ့အကြောင်းကြောင့်တစ်ဘဝ
၊တစ်ဘဝမှာပဋိသန္ဓေစိတ်တစ်ပါးထဲ
သာရှိရခြင်းဖြစ်တယ်။တစ်ဘဝကနေ
နောက်ထပ်တစ်ဘဝကိုရောက်ဖို့ပြောင်း
ပေမယ့်နင်၊ငါ(သူ)တွေမရှိဘူး။ဖြစ်ပေါ်
ပြီးပျက်သွားတဲ့အဲဒီနာမ်တရားနှင့်ရုပ်တ
ရားသာရှိတယ်။ဒီဘဝသည်အရင်ဘဝနဲ့
ကွာခြားတယ်။ဒါပေမယ့်ဒီဘဝဖြစ်ပေါ်
အောင်အကြောင်းဖြစ်ပေးတဲ့အရင်ဘဝနဲ့
ဆက်စပ်နေတယ်။အရင်ဘဝရဲ့စုတိစိတ်
ကနေပဋိသန္ဓေစိတ်ဆက်လက်ဖြစ်ပေါ်တဲ့
အကြောင်းကြောင့်အရင့်အရင်ဘဝမှာစု
စောင်းလာတဲ့အကျင့်ဗီဇတွေသည်ပဋိ
သန္ဓေစိတ်ထဲမှာဆက်လက်ဖြစ်ပေါ်ရခြင်း
ဖြစ်တယ်။ဒါကြောင့်ဒီဘဝမှာအကျင့်ဗီဇ
အမျိုးမျိုးတွေသည်အရင်ဘဝကအ
ကြောင်းရှိရခြင်းဖြစ်တယ်။တကယ်လို့
မွေးလာရခြင်းသည်ကံရဲ့အကျိုးပေးဖြစ်
တယ်ဆိုတာကျွနုပ်တို့တွေမသိဘူးဆိုရင်
မွေးလာရတဲ့အတွက်ဝမ်းသာကြတယ်။ကံ
ရှိနေသေးသ၍တော့နောက်ထပ်မွေးပြီး
သေကြရတယ်။အဲဒီမွေးလာရခြင်းရဲ့အ
ပြစ်ကိုမမြင်တဲ့အတွက်အဝိဇ္ဇာဖြစ်တယ်။
ယခုအချိန်သည်လူ့လောကထဲမှာနေကြရ
တယ်။ဒါပေမယ့်တရားတော်တွေကိုထိုး
ထွင်းစွာနဲ့အရိယာပုဂ္ဂိုလ်တစ်ဆင့်ဆင့်မှာ
မဖြစ်သေးသ၍တော့နောက်ဘဝတွေမှာ
ဒုဂ္ဂတိဘုံကိုမရောက်နိုင်ဘူးဆိုတာကျွနုပ်
တို့တွေမပြောနိုင်ဘူး။အတိတ်အနန္တရဘဝ
မှာကုသိုလ်ကံနှင့်အကုသိုလ်ကံတွေကို
ကျွနုပ်တို့တွေလုပ်လာခဲ့ပြီးဖြစ်တယ်။
ကျွနုပ်တို့တွေသည်ကုသိုလ်တွေကိုပုံမှန်
လုပ်ကြပေမယ့်လည်းနောက်ဘဝတွေမှာ
ဘယ်ကံကပဋိသန္ဓေစိတ်ဖြစ်ပေါ်အောင်
လုပ်ပေးမလဲဆိုတာဘယ်သူကသိနိုင်မ
လဲ?အဲဒီနတ်ပြည်မှာမွေးရခြင်းသည်နှစ်
သက်ဖွယ်ကောင်းတယ်လို့တစ်ချို့ကထင်
ကြတယ်။ဒါပေမယ့်အဲဒီနတ်ပြည်ကဘဝ
သည်မခိုင်မြဲဘူးဆိုတာသူတို့တွေသိကြရဲ့
လာ?နတ်ပြည်ဘဝကုန်ဆုံးသွားတဲ့အခါမှာ
အဲဒီပြုလုပ်ပြီးသွားတဲ့အကုသိုလ်ကံသည်
ဒုဂ္ဂတိဘုံမှာပဋိသန္ဓေစိတ်ဖြစ်ပေါ်ဖို့အ
ကြောင်းဖြစ်ပေးတယ်။မစ္စိမနိကယ်၊အူပ
လိပဏ္ဏသုတ်ကသုန်ညတအချက်အလက်
ထဲမှာရှိတယ်။တစ်ချိန်တုန်းကဗုဒ္ဓမြတ်စွာ
ဘုရားသည်စေတဝန်ကျောင်းမှာသီတင်း
သုံးတော်မူနေစဉ်အခါကငရဲပြည်ကဆင်းရဲဒုက္ခနှင့်တိရိစ္ဆာန်ဘုံကဆင်းရဲဒုက္ခ
တွေကိုဗုဒ္ဓမြတ်စွာဘုရားကရဟန်းတွေကို
ဆိုဆုံးမသွားတယ်။ရဟန်းတို့အားလုံးနား
ထောင်ကြ!ဒီတိရိစ္ဆာန်တွေရဲ့မွေးခြင်းအ
ကြောင်းနှင့်ဆင်းရဲဒုက္ခဖြစ်ရခြင်းတွေကို
ပြောဖို့သည်လွယ်လွယ်နဲ့ပြောလို့မရဘူး။
ရဟန်းတို့အားလုံးနားထောင်းကြ!လူတစ်
ယောက်သည်ပင်လယ်သမုဒ္ဒရာထဲမှာအပေါက်တစ်ပေါက်ရှိတဲ့သစ်တုံးကိုပြစ်
ချလိုက်တယ်ဆိုကြပါစို့။အဲဒီသစ်တုံးကို
အရှေ့လေကအနောက်ဘက်ကိုတိုက်ပြီး
အနောက်လေကအရှေ့ဘက်ကိုတိုက်
တယ်။တောင်လေကမြောက်ဘက်ကို
တိုက်ပြီးမြောက်လေကတောင်ဘက်ကို
တိုက်တယ်။အဲဒီအချိန်ကပင်လယ်သမုဒ္ဒ
ရာထဲမှာမျက်လုံးကမ်းတဲ့လိပ်တစ်ကောင်း
ရှိတယ်။အဲဒီမျက်လုံးကမ်းတဲ့လိပ်သည်
နှစ်တစ်ရာမှတစ်ခါပဲရေပေါ်ကိုခေါင်းမော့
လာတယ်။ရဟန်းတို့အားလုံးနားထောင်
ကြ!အဲဒီအချက်တွေကိုဘယ်လိုသဘောရ
လဲ?အဲဒီမျက်လုံးကမ်းတဲ့လိပ်ရဲ့ခေါင်းသည်အဲဒီသစ်တုံးအပေါက်ထဲကိုဝင်နိုင်
ဖို့သည်ဖြစ်နိုင်သလာ?
မြင့်မြတ်သောအရှင်ဘုရား!အဲဒီအချက်
သည်မဖြစ်နိုင်ဘူးဘုရား! တကယ်လို့တစ်
ခါတလေဖြစ်နိုင်ခဲ့မယ်ဆိုရင်အချိန်ကာလ
တွေများစွာကုန်သွားနိုင်တယ်။ရဟန်းတို့
အားလုံးနားထောင်ကြ!အဲဒီမျက်လုံးကမ်း
တဲ့လိပ်ရဲ့ခေါင်းသည်သစ်တုံးအပေါက်ထဲ
ကိုဝင်ဖို့ကပိုပြီးမြန်သေးတယ်။ဘာ
ကြောင့်လဲဆိုတော့ဒုဂ္ဂတိဘုံမှာရောက်နေ
တဲ့မကောင်းတဲ့သူတွေသည်လူ့ဘဝကို
ပြန်လာဖို့ကအဲဒီထက်ပိုခက်သေးတယ်။အဲဒါဘာကြောင့်လဲ?ဒီမကောင်းတဲ့လူတွေ
ရဲ့ကိုယ်ထဲမှာတရားကျင့်ကြံခြင်းတွေမရှိ
ဘူး၊ပြီးတော့ငြိမ်သက်တဲ့ကျင့်ကြံခြင်းနှင့်
ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းတွေမရှိတဲ့
အတွက်ကြောင့်ဖြစ်တယ်။ဒါကြောင့်အား
နည်းတဲ့သူတွေကိုနှိပ်စက်ပြီးတစ်ဉီးနှင့်
တစ်ဉီးဖျက်ဆီးခြင်းတွေသာရှိကြတယ်။
အဲဒီမကောင်းတဲ့သူတွေသည်တစ်ခါတစ်
လေလူ့ဘဝထဲမှာအချိန်များစွာနဲ့ဘယ်အ
ချိန်မဆိုရောက်လာခဲ့ရင်နိမ့်ကျတဲ့အမျိုး
အနွယ်ထဲမှာမွေးလာရတယ်။ဘာတွေလဲ
ဆိုတော့မုဆိုးမျိုးနွယ်၊ကျွန်မျိုးနွယ်၊
ယက်ကန်းမျိုးနွယ်နှင့်အမိုက်ပစ်တဲ့မျိုး
နွယ်တို့ဖြစ်ကြတယ်။အဲသလိုနဲ့နောက်
ဆုံးတော့ဆင်းရဲတဲ့သူဖြစ်ရပြီးအစားအ
သောက်တွေနည်းပြီးပင်ပန်းတဲ့ဘဝမှာ
ဖြစ်ရတယ်။ဒါကြောင့်ကြမ်းတမ်းတဲ့အ
ဝတ်၊ညံ့ဖျင်းတဲ့အစားအစာနှင့်အသား
အရေတွေမလှပပဲရွံစရာကောင်းတဲ့အ
မျိုးအနွယ်တွေဖြစ်ရတယ်။ပြီးတော့ရော
ဂါထူတဲ့လူ၊မျက်စိကမ်းတဲ့လူ၊ခန္ဓာကိုယ်
မသန်စွမ်းတဲ့လူ၊မွဲတေတဲ့လူဖြစ်ရခြင်းနှင့်
ထမင်း၊ရေ၊ပန်း၊အဝတ်၊အမွေးနံသာ၊နေ
ထိုင်ဖို့အိမ်နှင့်အလင်းရောင်တွေမရရှိတဲ့
လူတွေဖြစ်ရတယ်။ကာယဒုစရိုက်၊ဝစီဒုစ
ရိုက်နှင့်မနောဒုစရိုက်တွေကိုကျင့်ကြံတဲ့သူ
ဖြစ်တယ်။ဒါကြောင့်သူတို့တွေသေသွားတဲ့အခါမှာအပါယ်၊ဒုဂ္ဂတိ၊ဝိနီးပါနှင့်ငရဲ
ဘုံကိုရောက်ကြရတယ်။
ရဟန်းတို့အားလုံးနားထောင်ကြ!ဒါတွေ
သည်လူမိုက်တွေရဲ့သွားရတဲ့ဘုံဖြစ်
တယ်။ဗုဒ္ဓမြတ်စွာဘုရားသည်မွေးခြင်း
ရဲ့အပြစ်တွေကိုနည်းမျိုးစုံနဲ့ဆိုဆုံးမသွား
တယ်။ပြီးတော့မွေးခြင်းနဲ့အတူဇရာ၊ဗျာ
တိနှင့်မရဏတွေလိုက်ပါရတဲ့ဒုက္ခတွေ
ဖြစ်တယ်။ပြီးတော့ခန္ဓာကိုယ်ရဲ့ပုပ်သိုး
ခြင်းနှင့်အညစ်အကြေးတွေကိုဟောပြော
သွားတယ်။ပြီတော့ယခုအချိန်မှာခန္ဓာ
ကိုယ်သည်မမြဲဘူး။နင်၊ငါတွေမဟုတ်ဘူး။
ဒုက္ခတွေသာဖြစ်တယ်ဆိုတာဗုဒ္ဓမြတ်စွာ
ဘုရားကသတိပေးတယ်။တကယ်လို့
ကျွနုပ်တို့သည်စိတ်နှင့်ခန္ဓာကိုယ်ကိုနင်၊ငါ
ဖြစ်တယ်လို့စွဲထားသေးတယ်ဆိုရင်မွေး
ခြင်း၊သေခြင်းတွေရဲ့သံသရာတွေသည်
မကုန်ဆုံးနိုင်ဘူး။သံယုတ္တနိကယ်က
သုတ္တန်ထဲမှာအချက်အလက်တွေရှိတယ်။
တစ်ခါတုန်းကဗုဒ္ဓမြတ်စွာဘုရားသည်
ကစ္စကုတ်တောင်း၌သီတင်းသုံးတော်
မူနေစဉ်ကရဟန်းတော်တွေကိုဆိုဆုံးမ
သွားတယ်။ရဟန်းတို့အားလုံးနား
ထောင်ကြ!ဒီသံသရာရဲ့အစအဆုံးတွေ
ကိုမသတ်မှတ်နိုင်ဘူး။တစ်ကဒ်အချိန်
ကာလပတ်လုံးလည်ပတ်သွားလာရတဲ့အ
ခါမှာကျောရိုး၊နံရိုး၊ကိုယ်ရိုးနှင့်အရိုးပုံတွေ
သည်ဒီဝေဘူလတောင်ကြီးလောက်ရှိ
တယ်။တကယ်လို့အဲဒီအရိုးပုံကိုစုပေါင်း
ပြီးသယ်ယူလာလို့ရမယ်ဆိုရင်ကျွနုပ်တို့တွေရဲ့စုစောင်းပြီးသွားတဲ့အရိုးတွေသည်
ဒီဝေဘူလတောင်ကြီးထက်ပိုများတယ်။
အဲဒီအချက်ကဘာအတွက်ကြောင့်လဲ?ဒီ
သံသရာကအစ၊အဆုံးဘယ်မှာလဲဆိုတာ
သတ်မှတ်လို့မရတဲ့အတွက်ကြောင့်ဖြစ်
တယ်။
ဗုဒ္ဓမြတ်စွာဘုရားသည်နောက်ထပ်ဂါထာ
တစ်ပုဒ်ကိုဟောပြောသွားတယ်။ကြီးမား
တဲ့ဂုဏ်ကျေးဇူးတွေရှာဖွေတဲ့ပုဂ္ဂိုလ်တွေ
ကိုဒီလိုဆိုဆုံးမသွားတယ်။တစ်ကဒ်စု
စောင်းသွားတဲ့လူတစ်ဉီးရဲ့အရိုးတွေသည်
စုပုံလိုက်ရင်တောင်လောက်ရှိတယ်။အဲဒီ
တောင်ကတော့ဝေဘူလလို့ခေါ်တဲ့ကြီးမား
တဲ့တောင်ဖြစ်တယ်။ကစ္စကုတ်တောင်ရဲ့
တောင်ဘက်မှာရှိပြီးတောင်တွေပတ်ပတ်
လည်ဝိုင်းရံထားတယ်။ဘယ်ပုဂ္ဂိုလ်မဆို
အရိယာသစ္စာကိုမြင်တဲ့အခါမှာဒုက္ခ၊ဒုက္ခ
ကိုဖြစ်ပေါ်စေတဲ့အကြောင်း၊ဒုက္ခကနေ
လွတ်မြောက်ခြင်းနှင့်အရိယာမဂ္ဂင် ၈ပါး
တွေသည်သတ္တဝါတွေကိုမှန်ကန်တဲ့ပညာ
နဲ့ဒုက္ခကနေငြိမ်သက်စေတယ်။အဲဒီအခါ
မှာသူတို့တွေသည်အများဆုံး ၇ဘဝနဲ့သာ
လှည်ပတ်ရတော့တယ်။ဒုက္ခတွေကိုဆုံး
အောင်လုပ်နိုင်တဲ့သူတွေဖြစ်တယ်။ဘာ
ကြောင့်လဲဆိုတော့သံသရာအားလုံးမှဆုံး
သွားတဲ့အတွက်ကြောင့်ဖြစ်တယ်။ဒါ
ကြောင့်လူ့ဘဝမှာမွေးလာရခြင်းသည်ကု
သိုလ်ကံကောင်းတဲ့သူတွေဖြစ်ကြတယ်။ဘာကြောင့်လဲဆိုတော့ကျွနုပ်တို့တွေသည်
ပညာတွေကိုတိုးတက်အောင်ပွါးများနိုင်
တဲ့အတွက်ကြောင့်ဖြစ်တယ်။ပထမအရိ
ယာသစ္စာတရားကိုသိတဲ့(သောတာပန်အ
ဆင့်)အခါမှာအရိယာသစ္စာတရား ၄ပါးကို
ထိုးထွင်းစွာနဲ့သိပြီးဖြစ်တယ်။နောက်ထပ်
မွေးဖို့၇ဘဝထက်မပိုတော့ဘူး။ပြီးတော့
နောက်ဆုံးမှာမွေးခြင်းကနေလွတ်မြောက်
မယ်ဆိုတာသေချာစွာသိပြီးဖြစ်တယ်။
## စမ်းသပ်မေးခွန်း##
၁။စိတ်ရဲ့တာဝန်တွေအားလုံးသည်ဘယ်
နှစ်တာဝန်ရှိသလဲ?
၂။စိတ်အမျိုးအစား၄မျိုးရှိပြီးဘာတွေလဲ
ဆိုတော့ကုသိုလ်၊အကုသိုလ်၊ဝိပက်နှင့်
ကိရိယာတွေဖြစ်ကြပြီးပဋိသန္ဓေစိတ်
သည်ဘယ်အမျိုးအစားဖြစ်သလဲ?
၃။လူ့အဖြစ်နဲ့မွေးလာခြင်းသည်ကုသိုလ်
ကံရဲ့အကျိုးပေးတစ်မျိုးထဲပဲဟုတ်
လာ?
၄။လူ့ဘဝသည်ဘယ်အချိန်ကစသလဲ?
၅။မွေးခြင်းသည်ဘာကြောင့်ဒုက္ခဖြစ်
ရသလဲ?
## ပဋိသန္ဓေစိတ်အမျိုးအစားအမျိုး
မျိုး ##
ဒီလောကမှာပုဂ္ဂိုလ်၊သတ္တဝါတွေသည်အ
များအားဖြင့်ကွာခြားကြတယ်ဆိုတာ
ကျွနုပ်တို့တွေမြင်ရတယ်။လူနှင့်သတ္တဝါ
တွေသည်ဘဝရဲ့ပထမဆုံးကွာခြားရတဲ့
ရုပ်၊လက္ခဏပုံသဏ္ဍန်အမျိုးမျိုးရှိကြ
တယ်။ဆိုလိုတာကပဋိသန္ဓေတည်တဲ့အ
ခါကပဋိသန္ဓေစိတ်အမျိုးအစားဘယ်
လောက်ရှိတယ်ဆိုတာတစ်ချို့ကသံသယ
ရှိကြတယ်။ဒါပေမယ့်ဒီလောကမှာမွေး
လာတဲ့သတ္တဝါတွေသည်တူညီတဲ့အရာ
တွေအမျိုးမျိုးရှိပြီးလောကတစ်ခုတည်း
မှာအတူနေထိုင်ကြတယ်။ပြီးတော့ဆင်း
ရဲ(သို့)ချမ်းသာတဲ့သူတွေဖြစ်နေပါစေဒွါ
ရအမျိုးမျိုးမှအာရုံတွေကိုအတူလက်ခံ
ပြီးသိကြတယ်။ဒွါရ၆ပါးမှအာရုံကိုသိတဲ့
အခါမှာကုသိုလ်စိတ်(သို့)အကုသိုလ်စိတ်
တွေဖြစ်ပေါ်တယ်။အဲဒီတစ်နေ့တာဘဝမှာ
ဖြစ်ပေါ်တဲ့စိတ်အားလုံးသည်ကာမာဝကျ
လစိတ်(သို့)ကာမဘုံအဆင့်ကစိတ်တွေ
ဖြစ်တယ်။လူတွေမှာကွာခြားတဲ့မွေးခြင်း
တွေ၂မျိုးရှိပြီးဘာတွေလဲဆိုတော့ ၁။အ
ဟေတုကကုသိုလ်ဝိပက်စိတ်ဖြစ်တဲ့ပဋိ
သန္ဓေစိတ်နဲ့မွေးတဲ့သူတွေသည်သောမန
အကြောင်းနဲ့မပေါင်းစပ်တဲ့ကုသိုလ်ဝိပက်
စိတ်ဖြစ်တယ်။ဘာတွေလဲဆိုတော့အ
လောဘ၊အဒေါသနှင့်အမောဟ(ပညာ)
တွေဖြစ်ကြတယ်။ ၂။သဟေတုကကု
သိုလ်ဝိပက်ဖြစ်တဲ့ပဋိသန္ဓေစိတ်နဲ့မွေးတဲ့
သူတွေသည်သောမနအကြောင်းနဲ့ပေါင်း
စပ်တဲ့ကုသိုလ်ဝိပက်ဖြစ်တယ်။
အဲဒီအဟေတုကကုသိုလ်ဝိပက်ဖြစ်တဲ့
ပဋိသန္ဓေစိတ်နဲ့မွေးတဲ့သူတွေသည်သဟေ
တုကပဋိသန္ဓေစိတ်ဖြစ်ပေါ်အောင်လုပ်
ပေးတဲ့ကုသိုလ်ကံထက်အားနည်းခြင်းရှိ
တဲ့ကာမာဝကျလကုသိုလ်ကံရဲ့အကျိုး
ဖြစ်တယ်။အဲဒီအဟေတုကပဋိသန္ဓေစိတ်
နဲ့မွေးတဲ့သူတွေသည်မွေးလာကတည်းက
ဒုက္ခိတဖြစ်ရတယ်။စက္ခုပသာဓာတ်(သို့)
သောတပသာဓာတ်တွေမဖြစ်ပေါ်ဘူး။
(သို့)တစ်ခြားဘက်မှာဒုက္ခိတဖြစ်နိုင်တယ်
။ဘယ်လိုပဲဖြစ်ဖြစ်ဒုက္ခိတဖြစ်တဲ့သူတွေ
ကိုကျွနုပ်တို့တွေမြင်တဲ့အခါမှာသူတို့ရဲ့
ပဋိသန္ဓေစိတ်သည်အဟေတုကပဋိသန္ဓေ
(သို့)သဟေတုကပဋိသန္ဓေစိတ်တွေဖြစ်
သလာဆိုတာကျွနုပ်တို့တွေပြောလို့မရဘူး
။မွေးကတည်းကနေဒုက္ခိတဖြစ်သလာ
(သို့)နောက်မှဖြစ်သလာဆိုတာပြောလို့မရ
ဘူး။အမိရဲ့ကိုယ်ဝန်ထဲမှာနေရတဲ့အချိန်
တောင်မှဘယ်ပဋိသန္ဓေစိတ်အမျိုးအစား
နဲ့သူတို့တွေမွေးလာသလဲဆိုတာမသိကြ
ဘူး။ဘယ်သူမဆိုအဲဒီဒုက္ခိတဖြစ်ရခြင်း
သည်အကြောင်းမဲ့နဲ့မဟုတ်ဘူး။ဒါကြောင့်
သူတို့ရဲ့ကံကသာဖြစ်ရတယ်။အဟေတုက
ကုသိုလ်ဝိပက်စြ်တဲ့ပဋိသန္ဓေစိတ်သည်
တစ်ပါးသာရှိတယ်။ဒါပေမယ့်ဒီဝိပက်စိတ်
တစ်ပါးသည်အဆင့်များစွာရှိတယ်။ဒီဝိပက်စိတ်ဖြစ်ပေါ်အောင်အကြောင်းဖြစ်
ပေးတဲ့ကံသည်ကွာခြားတဲ့ပတ်ဝန်းကျင်
မှာဖြစ်ပေါ်အောင်လုပ်ပေးတယ်။ဉပမာ-
မကြိုက်မနှစ်သက်တဲ့ပတ်ဝန်းကျင်မှာ
နေရတယ်။ကောင်းတဲ့ပတ်ဝန်းကျင်မှာနေ
ရခြင်းသည်ဒီဝိပက်စိတ်တစ်ပါးကပထမ
အဆင့်နတ်ပြည်မှာမွေးအောင်လုပ်ပေး
လို့ရနိုင်တယ်။
အဲဒီအဟေတုကအကုသိုလ်ဝိပက်ဖြစ်
တဲ့ပဋိသန္ဓေစိတ်သည်လူ့ဘုံမှာမဖြစ်ပေါ်
ဘူး။ဒါပေမယ့်ဒုက္ခိတဘုံမှာဖြစ်ပေါ်တယ်။
အဲဒီအကုသိုလ်ဝိပက်ဖြစ်တဲ့ပဋိသန္ဓေစိတ်
သည်တစ်ပါးတည်းသာရှိတယ်။ဒါဆင့်အ
မျိုးမျိုးရှိကြတယ်။အကုသိုလ်ကံလည်း
အမျိုးမျိုးရှိပြီးများစွာရှိကြတယ်။ဒါ
ကြောင့်ဒုက္ခိဘုံလည်းများစွာရှိကြတယ်။
ဒီလောကမှာကျွနုပ်တို့တွေ့မြင်ရတဲ့ဒုက္ခိတ
ဘုံတွေကတော့တိရိစ္ဆာန်အဖြစ်နဲ့မွေးခြင်း
တွေဖြစ်တယ်။နောက်ထပ်ကျွနုပ်တို့မမြင်
ရတဲ့ဒုက္ခိတဘုံ ၃ဘုံတွေကတော့ဗြိတ္တာဘုံ၊
အသူရကယ်ဘုံနှင့်ငရဲဘုံတို့ဖြစ်ကြတယ်။
ပဋိသန္ဓေတာဝန်ကိုလုပ်တဲ့ဝိပက်စိတ်
သည်ကံအမျိုးမျိုးအရအပါးများစွာရှိကြ
တယ်။ဒါကြောင့်ဘယ်ကံကဘယ်ဝိပက်
စိတ်အမျိုးအစားတွေကိုအကြောင်းဖြစ်
ပေးသလဲ?ဘယ်ပုဂ္ဂိုလ်၊သတ္တဝါအမျိုးအ
စားကပဋိသန္ဓေစိတ်ရဲ့တာဝန်ကိုလုပ်သလဲ
ဆိုတာကံအကြောင်းအရပဲဖြစ်ကြရ
တယ်။ပဋိသန္ဓေတာဝန်ကိုလုပ်တဲ့အဟေ
တုကဝိပက်စိတ် ၂ပါးရှိပြီးဘာတွေလဲဆို
တော့သမ်တီရဏအကုသိုလ်ဝိပက်၁ပါး
နှင့်သမ်တီရဏကုသိုလ်ဝိပက် ၁ပါးတို့
ဖြစ်ကြတယ်။အဲဒီ၅ဒွါရမှ ၁ဒွါရမှာအာရုံ
ကိုသိပြီးသမ်တီရဏစိတ်ဖြစ်ပေါ်တဲ့အခါ
မှာသမ်တီရဏစိတ်သည်အာရုံကိုဝေဖန်
သုံးသပ်တဲ့တာဝန်ကိုလုပ်တယ်။သမ်တီ
ရဏစိတ်သည်အဟေတုကဝိပက်စိတ်
ဖြစ်တယ်ဆိုတာသိရတယ်။တူညီတဲ့စိတ်
အမျိုးအစားတွေကွာခြားတဲ့အချိန်မှာတာ
ဝန်တစ်ခုထက်ပိုပြီးလုပ်နိုင်တယ်။သမ်တီ
ရဏစိတ်သည်ပဋိသန္ဓေတာဝန်ကိုလုပ်နိုင်
တယ်။အဲဒီသမ်တီရဏစိတ်သည်ပဋိသန္ဓေတာဝန်ကိုလုပ်တဲ့အချိန်မှာ
အဲဒီအချိန်သည်ပဉ္စဒွါရမှသမ်တီရဏတာ
ဝန်တွေကိုမလုပ်ဘူး။
သမ်တီရဏစိတ်သည်အမျိုးအစား၃မျိုး
ရှိပြီးဘာတွေလဲဆိုတော့ ၁။သမ်တီရဏ
အကုသိုလ်ဝိပက်စိတ်သည်ဉပေက္ခာဝေ
ဒနာနဲ့အတူဖြစ်ပေါ်တယ်။ ၂။သမ်တီရဏ
ကုသိုလ်ဝိပက်စိတ်သည်သောမနဿဝေ
ဒနာနဲ့အတူဖြစ်ပေါ်တယ်။သမ်တီရဏအ
ကုသိုလ်ဝိပက်စိတ်သည်ဒုက္ခိတဘုံမှာပဋိ
သန္ဓေတာဝန်ကိုလုပ်ရတယ်။ပြီးတော့ဒွါရ
အမျိုးမျိုးမှသမ်တီရဏတာဝန်ကိုလုပ်
တယ်။ဉပေက္ခာသမ်တီရဏကုသိုလ်ဝိ
ပက်စိတ်သည်လူ့ဘုံနှင့်နတ်ဘုံမှာပဋိသန္ဓေတာဝန်ကိုလုပ်ရတယ်။ပြီး
တော့ဒွါရအမျိုးမျိုးမှသမ်တီရဏတာဝန်
ကိုလုပ်တယ်။အဲဒီသောမနဿသမ်တီရ
ဏကုသိုလ်ဝိပက်စိတ်ကျတော့ပဋိသန္ဓေ
တာဝန်ကိုမလုပ်ဘူး။ပြုလုပ်ပြီးသွားတဲ့
အကုသိုလ်ကံနှင့်ကုသိုလ်ကံတွေသည်ဘုံ
အမျိုးမျိုးမှာပဋိသန္ဓေစိတ်အမျိုးအစား
၁၉ပါးကိုဖြစ်ပေါ်အောင်အကြောင်းဖြစ်
ပေးတယ်။ဘာတွေလဲဆိုတော့အကုသိုလ်
ဝိပက်စိတ်၁ပါးနှင့်ကုသိုလ်ဝိပက်စိတ် ၁၈
ပါးတို့ဖြစ်ကြတယ်။အဲဒီကုသိုလ်ဝိပက်
အားလုံးထဲမှာအဟေတုကဝိပက်စိတ် ၁ပါးနှင့်သဟေတုကဝိပက်၁၇ပါး(သော
မနအကြောင်းနဲ့ပေါင်းစပ်တယ်)တို့ဖြစ်
ကြတယ်။ဒီပဋိသန္ဓေစိတ်၁၉ပါးသည်
အဆင့်များစွာရှိတယ်။ကံသည်ရုပ်ဆိုး
ခြင်း(သို့)ရုပ်ချောခြင်းတွေကိုဖြစ်ပေါ်
အောင်လုပ်ပေးတယ်။ပြီးတော့မကောင်း
ခြင်း(သို့)ကောင်းခြင်းစတဲ့ပတ်ဝန်းကျင်
မှာမွေးစေတယ်။အဲဒီဆင်းရဲခြင်းတွေနဲ့
မွေးလာရတဲ့သူတွေသည်နောက်ဘဝကျ
ရင်နောက်ထပ်ဆင်းရဲတဲ့ဘဝနဲ့မွေးရအုံး
မယ်ဆိုတာမဟုတ်ရဘူး။ဒီအရာအားလုံး
တွေသည်စုစောင်းလာတဲ့ကံအရသာဖြစ်
ရတယ်။သုခချမ်းသာနဲ့မွေးလာတဲ့သူတွေ
သည်အကုသိုလ်ကံအကျိုးပေးတဲ့အခါမှာ
နောက်ဘဝကျရင်ဒုက္ခိတဘုံမှာမွေးရ
တယ်။
အဂ်ုတ္လနိကယ်၊ကျတူကနိပါတ်၊သုတ္တန်
ထဲမှာအချက်အလက်တွေရှိတယ်။ရဟန်း
တို့အားလုံးနားထောင်ကြ!ဒီပုဂ္ဂိုလ် ၄ဖွဲ့
တွေသည်လောကထဲမှာဖြစ်ပေါ်ပြီးရှိကြ
တယ်။ ၄ဖွဲ့ကဘယ်လိုပုဂ္ဂိုလ်တွေလဲဆို
တော့ ၁။အမှောင်ထဲကလာပြီးအမှောင်ထဲ
ကိုပြန်သွားတဲ့လူ ၂။အမှောင်ထဲကလာပြီး
အလင်းဘက်ကိုပြန်သွားတဲ့လူ ၃။အလင်း
ကလာပြီးအမှောင်ထဲကိုပြန်သွားတဲ့လူ ၄။
အလင်းကလာပြီးအလင်းဘက်ကိုပြန်
သွားတဲ့လူတို့ဖြစ်ကြတယ်။ရဟန်းတို့အား
လုံးနားထောင်ကြ!အမှောင်ထဲကလာပြီး
အမှောင်ထဲကိုဆက်ပြီးပြန်သွားတဲ့လူတွေ
ကဘယ်လိုလူတွေလဲ?ဒီလောကထဲမှာတစ်
ချို့သောလူတွေသည်နိမ့်ကျတဲ့အမျိုးမှာ
မွေးလာကြတယ်။ဘယ်လိုလူမျိုးတွေလဲ
ဆိုတော့ဆင်းရဲတဲ့အမျိုး၊ယက်ကန်းသည်
မျိုး၊မုဆိုးအမျိုးနှင့်သရေချုပ်တဲ့အမျိုး
တို့သည်ဆင်းရဲနွမ်းပါးတဲ့အမျိုးတွေဖြစ်
ပြီးထမင်း၊ရေနှင့်အစားအသောက်တွေ
နည်းပါးပြီးကြပ်တည်းစွာနဲ့နေထိုင်ရ
တယ်။အဝတ်အစားတွေခက်ခဲစွာနဲ့ရှာ
ဖွေရတယ်။ပြီးတော့ကြမ်းတမ်းတဲ့ရုပ်
ရည်တွေရှိတယ်။ရောဂါတွေများပြီး
မျက်စိကမ်းတဲ့သူဖြစ်တယ်။မသန်စွမ်း
တဲ့သူဖြစ်ပြီးဆင်းရဲနွမ်းပါးခြင်နှင့်ကိုယ်
တစ်ပိုင်းသေခြင်းတွေဖြစ်ရတယ်။ပြီး
တော့နေထိုင်ဖို့အိမ်နှင့်သင့်တော်တဲ့အ
လင်ရောင်တွေမရရှိဘူး။အဲဒီလူတွေ
သည်ကိုယ်၊နှုတ်၊စိတ်တွေနဲ့ဒုစရိုက်တွေ
ကိုကျင့်ကြံကြတယ်။ဒါကြောင့်သေး
သွားတဲ့အခါမှာငရဲ၊ဒုဂ္ဂတိ၊ဝိနိပါနှင့်အ
ပါယ်ဘုံသို့ရောက်ကြရတယ်။ဒါတွေ
သည်အမှောင်ကလာပြီးအမှောင်ကို
ဆက်ပြီးပြန်သွားတဲ့သူတွေဖြစ်တယ်။
ရဟန်းတို့အားလုံးနားထောင်ကြ!အမှောင်
ကလာပြီးအလင်းကိုပြန်သွားတဲ့လူတွေက
ဘယ်လိုလူတွေလဲ?ဒီလောကမှာတစ်ချို့
သောလူတွေသည်နိမ့်ကျတဲ့အမျိုးမှာမွေး
လာရတယ်။ဒါကြောင့်အိပ်ရာ၊နေရာနှင့်အ
လင်းရောင်တွေသင့်တော်သလောက်မရရှိ
ဘူး။ဒါပေမယ့်ကိုယ်၊နှုတ်၊စိတ်တွေနှင့်သု
စရိုက်ကိုကျင့်ကြံကြတယ်။ဒါကြောင့်သေ
ဆုံးသွားတဲ့အခါမှာသုဂတိနတ်ပြည်ကို
ရောက်ကြရတယ်။ပြီးတော့အလင်းက
လာပြီးအမှောင်ကိုပြန်သွားတဲ့သူတွေက
ဘယ်လို လူတွေလဲ?ဒီလောကမှာတစ်ချို့
သောသူတွေသည်မြင့်မြတ်တဲ့အမျိုးထဲမှာ
မွေးလာကြတယ်။ဒါကြောင့်ကြည့်ချင်
ဖွယ်ရှိတဲ့ရုပ်ရည်တွေရှိပြီးလှပချောမွေ့
တဲ့အသားအရည်တွေရှိကြတယ်။ပြီးတော့
အစားအသောက်တွေပေါပြီးအဝတ်အ
စားတွေ၊ရိက္ခာတွေ၊ပန်း၊အမွေးနံသာ၊
အိပ်ရာ၊နေရာနှင့်အလင်းရောင်တွေရရှိကြ
တယ်။ဒါပေမယ့်ကိုယ်၊နှုတ်၊စိတ်နှင့်ဒုစ
ရိုက်ကံတွေကိုကျင့်ကြံကြတယ်။ဒါ
ကြောင့်သေဆုံးသွားတဲ့အခါမှာအပါယ်၊
ဒုဂ္ဂတိ၊ဝိနိပါနှင့်ငရဲဘုံကိုရောက်ကြရ
တယ်။ဒါတွေသည်အလင်းကလာပြီး
အမှောင်ထဲကိုပြန်သွားတဲ့သူတွေဖြစ်
တယ်။ရဟန်းတို့အားလုံးနားထောင်
ကြ!အလင်းကလာပြီးအလင်းကိုပြန်
သွားတဲ့သူတွေကဘယ်လိုလူတွေလဲ?
ဒီလောကမှာတစ်ချို့သောသူတွေသည်
မြင့်မြတ်တဲ့အမျိုးထဲမှာမွေးလာကြတယ်။
အဝတ်အစားတွေ၊အိပ်ရာ၊နေရာတွေနှင့်
အလင်းရောင်တွေရရှိကြတယ်။ကိုယ်၊
နှုတ်၊စိတ်တွေနှင့်သုစရိုက်တွေကိုကျင့်
ကြံတဲ့သူတွေဖြစ်တယ်။ဒါကြောင့်သေ
ဆုံးသွားတဲ့အခါမှာသုဂတိနတ်ပြည်လော
ကကိုရောက်ရတယ်။ဒီလိုလူတွေသည်အ
လင်းကလာပြီးအလင်းကိုပြန်သွားတဲ့လူ
တွေဖြစ်တယ်
သဟေတုကဝိပက်(သောမနအကြောင်းနဲ့
ပေါင်းစပ်တယ်)ဖြစ်တဲ့ပဋိသန္ဓေစိတ်
သည်အဟေတုကပဋိသန္ဓေစိတ်ကိုဖြစ်
ပေါ်စေတဲ့ကုသိုလ်ကံထက်ကောင်းတဲ့ကု
သိုလ်ကံရဲ့အကျိုးတွေဖြစ်တယ်။ကာမ
သုဂတိဘုံမှာပဋိသန္ဓေတာဝန်ကိုလုပ်တဲ့
သဟေတုကဝိပက်စိတ်သည်အမျိုးအ
စား ၈ပါးရှိတယ်။မွေးလာတဲ့လူတွေသည်
အကျင့်စာရိတ္တကွာခြားခြင်းတွေရှိကြ
တယ်။တစ်ချို့ကပညာအနည်း(သို့)အ
များတွေမှာကွာခြားကြတယ်။သဟေတု
ကပဋိသန္ဓေစိတ်အပါးတိုင်းသည်အလော
ဘနှင့်အဒေါသတွေအတူဖြစ်ပေါ်ခြင်းရှိ
ကြတယ်။ပြီးတော့တစ်ချို့အပါးတွေမှာ
ပညာနဲ့ဖြစ်ပေါ်ခြင်းရှိကြတယ်။ဒါ
ကြောင့်ပဋိသန္ဓေစိတ်ကိုဖြစ်ပေါ်အောင်
အကြောင်းဖြစ်ပေးတဲ့ကံအရသာဖြစ်ရ
တယ်။ထဝိဟေ(အကြောင်း)(သို့)တီဟေ
အဖြစ်နဲ့သဟေတုကပဋိသန္ဓေစိတ်တွေ
ကွာခြားကြပြီးနောက်ထပ်ကွာခြားခြင်း
တွေအများကြီးရှိသေးတယ်။အဲဒီပဋိ
သန္ဓေစိတ်ကိုဖြစ်ပေါ်အောင်အကြောင်း
ဖြစ်ပေးတဲ့ကုသိုလ်ကံသည်ကုသိုလ်ဖြစ်
တယ်။စိတ်နဲ့အတူဖြစ်ပေါ်တဲ့သောမနဿ
ဝေဒနါ(သို့)ဉပေက္ခာဝေဒနါသည်ကုသိုလ်
အသင်ခါလိ(သို့)ကုသိုလ်သသင်ခါလိ
ဖြစ်တယ်။ဒါကြောင့်အကြောင်းအမျိုး
မျိုးတွေသည်ကုသိုလ်ကံအဆင့်အမျိုး
မျိုးတွေကိုဖြစ်ပေါ်အောင်အကြောင်း
ဖြစ်ပေးတယ်ဆိုတာသိမြင်နိုင်တယ်။
ပြီးတော့အဲဒီကံနဲ့သင့်တော်တဲ့အကျိုးကို
ဖြစ်ပေါ်စေတယ်။ဒါကြောင့်ကာမာဝကျ
လကုသိုလ်ကံရဲ့အကျိုးဖြစ်တဲ့သဟေတု
ကပဋိသန္ဓေစိတ်သည်အမျိုးအစား ၈ပါး
ရှိတယ်။ဘာတွေလဲဆိုတော့သောမနဿ
ဝေဒနါနဲ့အတူဖြစ်ပေါ်တဲ့ပဋိသန္ဓေစိတ်
သည်ပညာနဲ့ပေါင်းစပ်ပြီးအသင်ခါလိဖြစ်
တယ်။၂။သောမနဿဝေဒနါနဲ့အတူဖြစ်
ပေါ်တဲ့ပဋိသန္ဓေစိတ်သည်ပညာနဲ့ပေါင်း
စပ်ပြီးသသင်ခါလိဖြစ်တယ်။၃။သောမ
ဿဝေဒနါနဲ့အတူဖြစ်ပေါ်တဲ့ပဋိသန္ဓေ
စိတ်သည်ပညာနဲ့မပေါင်းစပ်တဲ့အသင်ခါ
လိဖြစ်တယ်။၄။သောမနဿဝေဒနါနဲ့အ
တူဖြစ်ပေါ်တဲ့ပဋိသန္ဓေစိတ်သည်ပညာနဲ့
မပေါင်းစပ်တဲ့သသင်ခါလိဖြစ်တယ်။၅။
ဉပေက္ခာဝေဒနါနဲ့အတူဖြစ်ပေါ်တဲ့ပဋိ
သန္ဓေစိတ်သည်ပညာနဲ့ပေါင်းစပ်တဲ့အ
သင်ခါလိဖြစ်တယ်။၆။ဉပေက္ခာဝေဒနါ
နဲ့အတူဖြစ်ပေါ်တဲ့ပဋိသန္ဓေစိတ်သည်
ပညာနဲ့ပေါင်းစပ်တဲ့သသင်ခါလိဖြစ်
တယ်။၇။ဉပေက္ခာဝေဒနါနဲ့အတူဖြစ်ပေါ်
တဲ့ပဋိသန္ဓေစိတ်သည်ပညာနဲ့မပေါင်း
စပ်တဲ့အသင်ခါလိဖြစ်တယ်။၈။ဉပေက္ခာ
ဝေဒနါနဲ့အတူဖြစ်ပေါ်တဲ့ပဋိသန္ဓေစိတ်
သည်ပညာနဲ့မပေါင်းစပ်တဲ့သသင်ခါလိ
ဖြစ်တယ်။
အဲဒီပဋိသန္ဓေစိတ်ရဲ့အကြောင်းကိုအသေး
စိတ်နဲ့ပိုပြီးသိခြင်းသည်အကျိုးရှိတယ်။ဘာကြောင့်လဲဆိုတော့လူတွေသည်ဘာအ
ကြောင်းကြောင့်နဲ့ကွာခြားရသလဲဆိုတာ
နားလည်းအောင်လုပ်ပေးနိုင်တယ်။အဲဒီ
ကာမာဝကျလကုသိုလ်ရဲ့အကျိုးဖြစ်တဲ့သ
ဟေတုကပဋိသန္ဓေစိတ်အမျိုးအစား ၈မျိုးသည်အဲဒီလူ့ဘုံမှာပဲမွေးလာကြတာ
မဟုတ်ဘူး။ဒါပေမယ့်ကာမဘုံဖြစ်တဲ့
နတ်ပြည်မှာလည်းမွေးလာကြတယ်။ဘုံ
အားလုံးပေါင် ၃၁ဘုံရှိကြတယ်။ကာမဘုံ
၁၁ဘုံရှိပြီးဘာတွေလဲဆိုတော့လူဘုံ၁၊
နတ်ဘုံ၆နှင့်အပါယ်ဘုံ၄ဘုံတို့ဖြစ်ကြ
တယ်။ဘယ်ကာမဘုံတစ်ဘုံဘုံမှာမွေးလာ
တဲ့သူတွေသည်ကာမအာရုံရှိတဲ့ကာမာဝကျလစိတ်တွေရှိတယ်။ပြီးတော့ကာမဘုံ
မဟုတ်တဲ့နောက်ထပ်တစ်ခြားနတ်ဘုံတွေ
လည်းရှိတယ်။ကာမဘုံမှာမွေးလာတဲ့သူ
တွေသည်စျာန်တွေကိုလည်းပွားများနိုင်
တယ်။ကာမာဝကျလစိတ်ရှိတာကလွဲပြီး
ရူပါဝကျလစိတ်နှင့်အရူပါဝကျလစိတ်
လည်းရှိသေးတယ်။အရိယာမဂ္ဂင် ၈ပါး
ကိုပွါးများတဲ့ပုဂ္ဂိုလ်တွေသည်လော
ကုတ္တရာစိတ်(နိဗ္ဗာန်ကိုအာရုံရှိတဲ့စိတ်)
တွေရှိတယ်။စျာန်ကိုရတဲ့အချိန်မှာကု
သိုလ်ကံသည်ကာမာဝကျလကုသိုလ်
မဟုတ်ဘူး။အဲဒီစျာန်ဖြစ်တဲ့အချိန်မှာကာ
မအာရုံမရှိဘူး။ကုသိုလ်စျာန်သည်တစ်ဘဝထဲမှာပဲအကျိုးမပေးတာတော့မှန်
တယ်။ဒါပေမယ့်နောက်ဘဝမှာစျာန်ပဋိ
သန္ဓေစိတ်ကိုဖြစ်ပေါ်အောင်အကြောင်း
ဖြစ်ပေးခြင်းဖြင့်အကျိုးပေးတယ်။စုတိ
စိတ်ရဲ့အရင်စျာန်စိတ်တွေဖြစ်ပေါ်တယ်။
နောက်ဘဝရဲ့ပဋိသန္ဓေစိတ်ဖြစ်တဲ့စျာန်
ဝိပက်သည်စျာန်ကုသိုလ်စိတ်နဲ့အတူအာ
ရုံတစ်ခုတည်းရှိရခြင်းဖြစ်တယ်။
ရူပါဝကိလစိတ်ရဲ့အကျိုးတွေကတော့
ကာမဘုံမဟုတ်တဲ့နတ်ဘုံမှာမွေးရတယ်။
ဒါပေမယ့်ရုပ်ဗြဟ္မာဘုံဖြစ်တယ်။အရူပါ
ဝကျလကုသိုလ်စိတ်ရဲ့အကျိုးတွေက
တော့အရုပ်ဗြဟ္မာဘုံဖြစ်တဲ့နတ်ဘုံမှာမွေး
ရတယ်။ရုပ်ဗြဟ္မာဘုံနှင့်အရုပ်ဗြဟ္မာဘုံ
တွေမှာဘုံများစွာရှိကြတယ်။စျာန်ရုပ်တွေ
၅ထပ်ရှိပြီးရူပါဝကျလဝိပက်ပဋိသန္ဓေ
စိတ်၅ပါးကိုဖြစ်ပေါ်အောင်အကြောင်း
ဖြစ်ပေးတဲ့ရူပါဝကျလကုသိုလ်စိတ် ၅ပါး
ရှိရခြင်းဖြစ်တယ်။အရုပ်စျာန် ၄ထပ်ရှိ
ပြီးအရူပါဝကျလဝိပက်ပဋိသန္ဓေစိတ်
၄ပါးကိုဖြစ်ပေါ်အောင်အကြောင်းဖြစ်
ပေးတဲ့အရူပါဝကျလကုသိုလ်စိတ်၄ပါး
ရှိရခြင်းဖြစ်တယ်။စျာန်ဝိပက်ပဋိသန္ဓေ
စိတ် ၉ပါးသည်စျာန်ကုသိုလ်စိတ် ၉ပါး
ရဲ့အကျိုးဖြစ်တယ်။စျာန်ပဋိသန္ဓေစိတ်
သည်သဟေတုကဝိပက်စိတ်(သောမန
အကြောင်းနဲ့ပေါင်းစပ်တယ်)ဖြစ်ပြီးပညာ
နဲ့ပေါင်းစပ်တယ်။စုစုပေါင်းပဋိသန္ဓေစိတ်
၁၉ပါးရှိပြီးဘာတွေလဲဆိုတော့သမ်တီရ
ဏအကုသိုလ်ဝိပက်စိတ် ၁ပါးသည်အ
ဟေတုကဖြစ်ပြီးအကုသိုလ်ကံရဲ့အကျိုး
ဖြစ်တယ်။သမ်တီရဏကုသိုလ်ဝိပက်
စိတ် ၁ပါးသည်အဟေတုကဖြစ်ပြီးကာ
မာဝကျလကုသိုလ်ကံရဲ့အကျိုးဖြစ်
တယ်။မဟာဝိပက်စိတ် ၈ပါးသည်အဟေ
တုကဖြစ်ပြီးကာမာဝကျလကုသိုလ်ကံရဲ့
အကျိုးဖြစ်တယ်။ရူပါဝကျလဝိပက် ၅ပါး
သည်သဟေတုကဖြစ်ပြီးစျာန်ရုပ်စိတ်ရဲ့
အကျိုးဖြစ်တယ်။အရူပါဝကျလဝိပက်
စိတ်၄ပါးသည်သဟေတုကဖြစ်ပြီးအရုပ်
စျာန်စိတ်ရဲ့အကျိုးဖြစ်တယ်။နောက်ဘဝ
မှာဘယ်ကံကပဋိသန္ဓေစိတ်ကိုဖြစ်ပေါ်
အောင်လုပ်ပေးသလဲဆိုတာကျွနုပ်တို့တွေ
မသိကြဘူး။ကျွနုပ်တို့တွေသည်ကောင်း
တဲ့ကံနှင့်မကောင်းတဲ့ကံတွေပါလုပ်ကြ
တယ်။ဒီဘဝ(သို့)ဘယ်ဘဝမဆိုကံတစ်ခု
သည်နောက်ဘဝမှာပဋိသန္ဓေစိတ်ကိုဖြစ်
ပေါ်အောင်လုပ်ပေးနိုင်တယ်။ဗုဒ္ဓမြတ်စွာ
ဘုရားသည်ကုသိုလ်အမျိုးမျိုးတွေကိုပွား
များဖို့ဆိုဆုံးမသွားတယ်။ကုသိုလ်ကံတစ်
ခုစီတွေသည်တကယ့်ကိုတန်ဖိုးရှိတယ်။
ဘာကြောင့်လဲဆိုတော့မကြာမှီမှာအကျိုး
ပေးနိုင်တဲ့အတွက်ကြောင့်ဖြစ်တယ်။
ကုသိုလ်ကံသည်သုဂတိဘုံမှာမွေးစေ
တယ်။ဒါပေမယ့်နောက်ထပ်ကံတွေ
မဖြစ်ပေါ်တော့ဘူးဆိုရင်ဖြစ်ပေါ်ခြင်း
အမျိုးမျိုးတွေထက်ပိုပြီးမြင့်မြတ်တယ်။
တကယ်လို့အရိယာမဂ္ဂင်၈ပါးကိုရဟန္ဓာ
တွေဖြစ်တဲ့အထိကျွနုပ်တို့တွေတိုးတက်
အောင်ပွါးများပြီးသိမယ်ဆိုရင်မွေးခြင်း
တွေမဖြစ်ပေါ်တော့ဘူး။ရဟန္တာတွေရဲ့စု
တိစိတ်တွေငြိမ်းသွားတဲ့အခါမှာပဋိသန္ဓေ
စိတ်တွေဆက်ပြီးဖြစ်ပေါ်ခြင်းမရှိတော့
ဘူး။ဗုဒ္ဓမြတ်စွာဘုရားသည်မွေးခြင်းရဲ့အ
ပြစ်တွေကိုမြင်ဖို့သတိပေးတယ်။ပြီးတော့
သေခြင်းကင်းတဲ့မြတ်နိဗ္ဗာန်ကိုရောက်ရှိဖို့အတွက်သတိတွေတိုးတက်ပွါးများဖို့ဆီု
ဆုံးမသွားတယ်။အဂ်ုတ္တလနိကယ်၊ပတီပ
ထာသုတ် ၄မှာရဟန်းတွေကိုခေါ်ပြီးဆို
ဆုံးမသွားတဲ့အချက်အလက်တွေရှိတယ်။
ရဟန်းတို့အားလုံးနားထောင်ကြ!မရဏသ
တိကိုပွါးများတဲ့ပုဂ္ဂိုလ်၊ကျင့်ကြံအားထုတ်
တဲ့ပုဂ္ဂိုလ်တွေသည်အကျိုးများစွာရရှိကြ
တယ်။နောက်ဆုံးသေခြင်းကင်းတဲ့(အ.မ.တာ)ထိရရှိခံစားကြရတယ်။ဒါ
ကြောင့်လူတွေသည်ဘယ်လိုနဲ့မရဏသတိ
ကိုပွါးများကြသလဲ?
ကုသိုလ်ကံသည်သုဂတိဘုံမှာမွေးစေ
တယ်။ဒါပေမယ့်နောက်ထပ်ကံတွေ
မဖြစ်ပေါ်တော့ဘူးဆိုရင်ဖြစ်ပေါ်ခြင်း
အမျိုးမျိုးတွေထက်ပိုပြီးမြင့်မြတ်တယ်။
တကယ်လို့အရိယာမဂ္ဂင်၈ပါးကိုရဟန္ဓာ
တွေဖြစ်တဲ့အထိကျွနုပ်တို့တွေတိုးတက်
အောင်ပွါးများပြီးသိမယ်ဆိုရင်မွေးခြင်း
တွေမဖြစ်ပေါ်တော့ဘူး။ရဟန္တာတွေရဲ့စု
တိစိတ်တွေငြိမ်းသွားတဲ့အခါမှာပဋိသန္ဓေ
စိတ်တွေဆက်ပြီးဖြစ်ပေါ်ခြင်းမရှိတော့
ဘူး။ဗုဒ္ဓမြတ်စွာဘုရားသည်မွေးခြင်းရဲ့အ
ပြစ်တွေကိုမြင်ဖို့သတိပေးတယ်။ပြီးတော့
သေခြင်းကင်းတဲ့မြတ်နိဗ္ဗာန်ကိုရောက်ရှိဖို့အတွက်သတိတွေတိုးတက်ပွါးများဖို့ဆီု
ဆုံးမသွားတယ်။အဂ်ုတ္တလနိကယ်၊ပတီပ
ထာသုတ် ၄မှာရဟန်းတွေကိုခေါ်ပြီးဆို
ဆုံးမသွားတဲ့အချက်အလက်တွေရှိတယ်။
ရဟန်းတို့အားလုံးနားထောင်ကြ!မရဏသ
တိကိုပွါးများတဲ့ပုဂ္ဂိုလ်၊ကျင့်ကြံအားထုတ်
တဲ့ပုဂ္ဂိုလ်တွေသည်အကျိုးများစွာရရှိကြ
တယ်။နောက်ဆုံးသေခြင်းကင်းတဲ့(အ.မ.တာ)ထိရရှိခံစားကြရတယ်။ဒါ
ကြောင့်လူတွေသည်ဘယ်လိုနဲ့မရဏသတိ
ကိုပွါးများကြသလဲ?
ရဟန်းတို့အားလုံးနားထောင်ကြ!ဒီဝိနည်း
သိက္ခာပုဒ်ထဲကရဟန်းတွေသည်နေ့ဘက်
ကုန်ဆုံးသွားပြီးညဘက်ရောက်တဲ့အခါမှာ
ဒီလိုဝေဖန်သုံးသပ်ကြတယ်။ခန္ဓာကိုယ်ရဲ့
သေခြင်းတရားအကြောင်းတွေသည်အ
မျိုးမျိုးရှိကြတယ်။ဆိုလိုတာကမြွေ၊ပင့်
ကူ၊ကင်းခြေပြားစတဲ့သတ္တဝါတွေသည်
ကျွနုပ်တို့တွေကိုကိုက်နိုင်တယ်။အဲဒါတွေ
ကြောင့်ကျွနုပ်တို့တွေသည်အချိန်ကာလ
တွေကိုကြည့်ရတယ်။အဲဒီအန္တာရယ်တွေ
သည်ကိုယ်တွေနဲ့ဖြစ်ပေါ်နိုင်တယ်။ကျွနုပ်
တို့တွေသည်ကိုယ်တိုင်လည်းလှဲကျနိုင်
တယ်။ကျွနုပ်တို့စားလိုက်တဲ့အစာတွေ
လည်းအစာမကြေပဲနဲ့လည်းဖြစ်နိုင်တယ်။
ခန္ဓာကိုယ်မှာလည်းရင်ကြပ်၊သလိပ်ကပ်
တွေလည်းဖြစ်ပေါ်နိုင်တယ်။ကျွနုပ်တို့နဲ့
လေဖြတ်ခြင်းတွေလည်းဖြစ်ပေါ်နိုင်
တယ်။လူတွေအားလုံးလည်းကျွနုပ်တို့
ကိုညှင်းပန်းနှိပ်စက်နိုင်တယ်။အဲဒါတွေ
ကြောင့်အဲဒီအန္တာရယ်တွေသည်အချိန်
မရွေးကျွနုပ်တို့တွေနဲ့ဖြစ်ပေါ်နိုင်တယ်။
ရဟန်းတို့အားလုံးနားထောင်ကြ!ဒီဝိနည်း
ထဲကရဟန်းတွေသည်ညဘက်ကုန်သွား
ပြီးနေ့ဘက်ရောက်လာတဲ့အခါမှာဒီလို
ဝေဖန်သုံးသပ်ကြတယ်။`ဒီလိုမ.ရ.ဏ
သတိကိုရဟန်းတွေပွါးများပြီးအကျိုး
တွေများစွားရှိကြခြင်းဖြစ်တယ်။ဒါ
ကြောင့်အမတာကိုရောက်ရှိပြီးနောက်
ဆုံးထိသေခြင်းကင်းတဲ့အမတာကို
ရောက်ရှိကြတယ်။
##စမ်းသပ်အမေး##
၁။ပဋိသန္ဓေစိတ်သည်အဟေတုကဖြစ်လို့
ရလာ? (သို့)မရဘူလာ?
၂။ပဋိသန္ဓေစိတ်အမျိုးအစားတွေဘယ်
လောက်ရှိသလဲ?
၃။အကုသိုလ်ဝိပက်ဖြစ်တဲ့ပဋိသန္ဓေစိတ်
သည်အမျိုးအစားတွေဘယ်လောက်ရှိ
သလဲ?
၄။အဲဒီပညာနဲ့ပေါင်းစပ်တဲ့ပဋိသန္ဓေစိတ်
သည်ဘာအကြောင်းနဲ့ဖြစ်ပေါ်သလဲ?
##ဘဝင်စိတ်ရဲ့တာဝန်##
သတိမရှိတဲ့အချိန်၊မစဉ်းစားတဲ့အချိန်၊
အကုသိုလ်စိတ်(သို့)ကုသိုလ်စိတ်တွေ
မရှိတဲ့အချိန်စတဲ့အချိန်တွေမှာစိတ်ရှိ
လာ?မရှိဘူးလာ?သတိမရှိတဲ့အချိန်နှင့်
မစဉ်းစားတဲ့အချိန်တွေမှာစိတ်ရှိရတယ်။
အဲလိုမှမဟုတ်ရင်အသက်မရှိဘူး။အဲဒီ
ဖြစ်ပျက်တဲ့စိတ်သည်ဘဝင်စိတ်ဖြစ်တယ်။ဘဝင်ဆိုတာက“ဘုံရဲ့အရင်း”
ဖြစ်ပြီးဘုံဘဝရှိဖို့ဆက်လက်ရှင်သန်ရ
တယ်။ဘဝင်စိတ်သည်ဆက်လက်ပြီး
ဘုံဘဝမှာရှင်သန်ဖို့အတွက်တာဝန်လုပ်
ရတယ်။ဒါကြောင့်သတ္တဝါလို့ပညတ်တဲ့
သဘောတွေဖြစ်ပေါ်စေပြီးအသက်ရှိပြီး
နေထိုင်ကြတယ်။တစ်ချို့ကဘဝင်စိတ်
သည်ခဏ၊ခဏဖြစ်ပေါ်သလာဆိုတာသံ
သယတွေရှိကြတယ်။ဘဝင်စိတ်သည်
ရေတွက်လို့မရအောင်မျာစွာဖြစ်ပေါ်
တယ်။ခံစားချက်မရှိတဲ့အချိန်၊မစဉ်းစား
တဲ့အချိန်တွေသည်အကုသိုလ်စိတ်(သို့)
ကုသိုလ်စိတ်တွေမရှိဘူး။အိပ်ပျော်ပြီး
အိမ်မက်တဲ့အချိန်မှာအကုသိုလ်စိတ်(သို့)
ကုသိုလ်စိတ်တွေဖြစ်ပေါ်တယ်။အိပ်ပျော်
ပြီးအိမ်မက်မမက်တဲ့အချိန်မှာလည်းစိတ်
ရှိပြီးဖြစ်ပေါ်ရသေးတယ်။အဲဒီအချိန်မှာ
စိတ်သည်ဘဝင်စိတ်ဖြစ်တယ်။
နိုးနေတဲ့အချိန်မှာလည်းဘဝင်စိတ်ရှိပြီး
ရေတွက်လို့တောင်မကုန်အောင်ဖြစ်ပေါ်
တယ်။ဘဝင်စိတ်သည်ဝိထီစိတ်တစ်ကြိမ်
ကနေကြားဖြတ်ဖြစ်ပေါ်တယ်။မြင်စိတ်
ပြီးဆုံးသွားတာနဲ့ကြားစိတ်သည်လျှင်မြန်
စွာဖြစ်ပေါ်တယ်။အမှန်တကယ်တမ်းကျ
တော့ဝိထီစိတ်သည်အကြိမ်များစွာဖြစ်ပေါ်တယ်။ပြီးတော့ဝိထီစိတ်တစ်ကြိမ်၊
တစ်ကြိမ်ရဲ့ကြားမှာဘဝင်စိတ်ရှိပြီးအ
ကြိမ်များစွာကြားဖြတ်ဖြစ်ပေါ်တယ်။
ဘဝင်စိတ်သည်ဘဝတစ်ဘဝရဲ့ပထမဆုံး
စိတ်ဖြစ်တဲ့ပဋိသန္ဓေစိတ်နဲ့အမျိုးအစား
တူတဲ့စိတ်ဖြစ်တယ်။ပဋိသန္ဓေစိတ်ပျက်
သွားတဲ့အခါမှာနောက်ထပ်စိတ်ဖြစ်ပေါ်
ဖို့အကြောင်းဖြစ်ပေးရတယ်။ဒါကြောင့်
ဘဝင်စိတ်သည်ဒုတိယမြောက်စိတ်ဖြစ်
ပြီးအဲဒီဘဝရဲ့ပထမဆုံးဘဝင်စိတ်ဖြစ်
တယ်။ဘဝင်စိတ်သည်ဝိပက်စိတ်ဖြစ်ပြီး
ပဋိသန္ဓေစိတ်ကိုဖြစ်ပေါ်စေတဲ့ကံရဲ့အ
ကျိုးပေးနဲ့တူတယ်။ပြီးတော့တစ်ဘဝ
မှာပဋိသန္ဓေစိတ်တစ်ပါးသာရှိရတယ်။
ဒါပေမယ့်ဘဝင်စိတ်တွေရေတွက်လို့မရ
အောင်ရှိကြတယ်။ပထမဆုံးဘဝင်စိတ်
တစ်ပါးသာမဟုတ်ဘူး။ဒါပေမယ့်ဒီဘဝ
မှာဘဝင်စိတ်အားလုံးသည်ပဋိသန္ဓေစိတ်ကိုဖြစ်ပေါ်စေတဲ့ကံရဲ့အကျိုးပေးဖြစ်
တယ်။
ပဋိသန္ဓေစိတ်သည်အမျိုးအစား ၁၉မျိုးရှိ
တယ်။ဒါကြောင့်ဘဝင်စိတ်လည်းအမျိုး
အစား ၁၉မျိုးရှိတယ်။တကယ်လို့ဒုဂ္ဂတိ
ဘုံမှာမွေးမယ်ဆိုရင်ပဋိသန္ဓေစိတ်သည်
အကုသိုလ်ဝိပက်ဖြစ်တယ်။ဘဝင်စိတ်
အားလုံးလည်းအကုသိုလ်ဝိပက်တွေဖြစ်
ကြတယ်။တကယ်လို့ပဋိသန္ဓေစိတ်သည်
အဟေတုကကုသိုလ်ဝိပက်ဖြစ်မယ်ဆိုရင်
အဲဒီပုဂ္ဂိုလ်သည်မွေးကတည်းကနေဒုက္ခိ
တဖြစ်ရတယ်။ပြီးတော့အဲဒီဘဝမှာဘဝင်
စိတ်အပါးတိုင်းလည်းအဟေတုကကု
သိုလ်ဝိပက်တွေဖြစ်ကြတယ်။တကယ်လို့
ပဋိသန္ဓေစိတ်သည်သဟေတုက(သောမန
အကြောင်းနဲ့ပေါင်းစပ်တယ်)ဖြစ်မယ်ဆို
ရင်ဘဝင်စိတ်လည်းထို့နည်းတူပဲသဟေ
တုကဖြစ်တယ်။အဲဒီဘုံဘဝတစ်လျှောက်
လုံးမှာဘဝင်စိတ်အချိန်တိုင်းသည်အဲဒီဘ
ဝရဲ့ပဋိသန္ဓေစိတ်နဲ့အမျိုးအစားတူတယ်။ထဝိဟေနဲ့ပဋိသန္ဓေစိတ်ဖြစ်တဲ့သူတွေက
တော့အလောဘအကြောင်းနဲ့အဒေါသအ
ကြောင်းတွေနဲ့ပေါင်းစပ်ထားတယ်။ဒါပေ
မယ့်ပညာနဲ့မပေါင်းစပ်ဘူး။ဘဝင်စိတ်
လည်းထဝိဟေဖြစ်တယ်။ဒါကြောင့်အဲဒီ
ပုဂ္ဂိုလ်တွေသည်ပညာတွေကိုတိုးတက်
အောင်ပွားများနိုင်တယ်။ဒါပေမယ့်အဲဒီ
ဘဝမှာအရိယာသစ္စာတရားတွေကိုထိုး
ထွင်းစွာနဲ့မသိနိုင်ဘူး။တီဟေနဲ့ပဋိသန္ဓေ
စိတ်ဖြစ်တဲ့သူတွေကတော့အလောဘ၊အ
ဒေါသနှင့်ပညာ(အမောဟ)တွေနဲ့ပေါင်း
စပ်ထားတယ်။ဘဝင်စိတ်လည်းတီဟေ
တုကဖြစ်ပြီးအဲဒီပုဂ္ဂိုလ်သည်ပညာတွေ
တိုးတက်အောင်ပွါးများနိုင်တဲ့အကျင့်ဗီဇ
တွေရှိတယ်။ပြီးတော့သောမနဿဝေဒနါ
နဲ့ပေါင်းစပ်ပြီးပဋိသန္ဓေစိတ်ရှိတဲ့သူတွေ
သည်အဲဒီဘဝမှာအရိယာသစ္စာတရားကို
ထိုးထွင်းစွာနဲ့သိနိုင်တယ်။အဲဒီဘဝမှာဘ
ဝင်စိတ်အပါးတိုင်းလည်းသောမနဿဝေ
ဒနာနဲ့ပေါင်းစပ်တယ်။
စိတ်အပါးတိုင်းသည်အာရုံရှိရတယ်။ဒါ
ကြောင့်ဘဝင်စိတ်လည်းအာရုံရှိရတယ်။
မျက်စိမှဖြစ်ပေါ်တဲ့အရာသည်မြင်စိတ်ရဲ့
အာရုံဖြစ်တယ်။အသံသည်ကြားစိတ်ရဲ့
အာရုံဖြစ်တယ်။ဒါပေမယ့်ဘဝင်စိတ်
သည်ဒွါရ ၅ပါးနှင့်မနောဒွါရမှဖြစ်ပေါ်
တဲ့အာရုံနဲ့ကွာခြားတဲ့အာရုံရှိတယ်။ပဋိ
သန္ဓေစိတ်နဲ့အမျိုးအစားတူတဲ့ဘဝင်စိတ်
သည်ပဋိသန္ဓေစိတ်နဲ့အတူအာရုံရှိတယ်။
ပဋိသန္ဓေစိတ်သည်အရင်ဘဝကစုတိစိတ်
ထက်အရင်မွေးတဲ့ကုသိုလ်စိတ်(သို့)အကု
သိုလ်စိတ်နဲ့အာရုံတစ်မျိုးထဲပဲရှိတယ်။တ
ကယ်လို့အကုသိုလ်ကံသည်ပဋိသန္ဓေစိတ်
ဖြစ်ပေါ်ဖို့အကြောင်းဖြစ်ပေးတယ်ဆိုရင်
အကုသိုလ်စိတ်သည်စုတိစိတ်ထက်အရင်
ဖြစ်ပေါ်ရပြီးအနိထာရုံရှိတဲ့အာရုံဖြစ်တယ်။တကယ်လို့ကုသိုလ်ကံသည်ပဋိ
သန္ဓေစိတ်ဖြစ်ပေါ်ဖို့အကြောင်းဖြစ်ပေး
တယ်ဆိုရင်ကုသိုလ်စိတ်သည်စုတိစိတ်
ထက်အရင်ဖြစ်ပေါ်ပြီးအီထာရုံရှိတဲ့အာ
ရုံဖြစ်တယ်။ဘယ်အာရုံအမျိုးအစားတွေ
ဖြစ်နေပါစေနောက်ထပ်ဘုံဘဝမှာပဋိသန္ဓေစိတ်သည်အာရုံတွေအတူတူပဲရှိ
ရတယ်။ပဋိသန္ဓေစိတ်ပျက်သွားတဲ့အခါ
မှာအဲဒီဘဝကပထမဆုံးဘဝင်စိတ်လည်း
ဆက်လက်ဖြစ်ပေါ်ပြီးပဋိသန္ဓေစိတ်နဲ့အ
တူအာရုံတစ်ခုတည်းကိုသိကြတယ်။အဲ
ဒီဘဝကဘဝင်စိတ်အပါးတိုင်းသည်အဲဒီ
အာရုံတစ်ခုတည်းကိုပဲသိကြတယ်။
ဝိသုတ်ထိမဂ်၊ခန္ဓနိထေ့ထဲမှာဘဝင်စိတ်ကို
ပြောသွားတဲ့အချက်အလက်တွေရှိတယ်။ဘဝင်ဝိညာဉ်ဆိုတာကတော့အဲဒီပဋိသန္ဓေ
ဝိညာဉ်ကိုနောက်လိုက်တဲ့ဝိညာဉ်ဖြစ်
တယ်။ပဋိသန္ဓေဝိညာဉ်ပျက်သွားတဲ့အခါ
မှာအဲဒီကံရဲ့ဝိပက်တွေဖြစ်တယ်။ထို့နည်း
တူပဲအဲဒီအာရုံထဲမှာဖြစ်နေတယ်။ဒီလို
လှည့်ပြီးဆက်လက်ဖြစ်ပေါ်ခြင်းကိုပြု
လုပ်ပေးတဲ့တစ်ခြားစိတ္တုပါထတွေမရှိ
တဲ့အခါမှာနောက်ထပ်အဲလိုပဲဆက်ဖြစ်
တယ်။အဲဒီဘဝင်ဝိညာဉ်လည်းရေတွက်
လို့မရအောင်ဆက်ဖြစ်တယ်။အိပ်ပျော်
ခြင်းစတဲ့အချိန်ကိုရောက်တဲ့အခါမှာအိမ်
မက်ခြင်းမရှိတဲ့သူတွေသည်ချောင်းရေစီး
သလိုမျိုးမျောပါသွားတာနဲ့တူတယ်။
ဘဝင်စိတ်သည်ဒွါရ ၆ဒွါရမှဒွါရတစ်ခုခု
မှာအာရုံဖြစ်ပေါ်တဲ့အခါမှာရေစီးချောင်း
ဆုံးသွားတာနဲ့နှိုင်းယှဉ်ထားတယ်။ပဉ္စဒွါရ
ဝိထီစိတ်(သို့)မနောဒွါရဝိထီစိတ်တွေပျက်
သွားတဲ့အခါမှာဘဝင်စိတ်စွဲအားလည်း
နောက်ထပ်ဆက်လက်ပြီးဖြစ်ပေါ်တယ်။
ပဉ္စဒွါရမှဘယ်ဒွါရတစ်ခုခုကိုမဆိုအာရုံကိုထိတွေ့တဲ့အခါမှာဘဝင်စိတ်စွဲအားတွေဆုံးသွားနိုင်တယ်။ပြီးတော့ဝိထီစိတ်လည်းဖြစ်ပေါ်ပြီးအဲဒီအာရုံကိုသိတယ်။
ဒါပေမယ့်အာရုံကိုသိခြင်းသည်ချက်ချင်း
မဖြစ်ပေါ်သေးဘူး။ဉပမာ-အသံသည်
သောတပသာဓာတ်နဲ့ထိတွေ့တဲ့အခါမှာ
ကြားစိတ်သည်ချက်ချင်းဖြစ်ပေါ်လို့မရ
ဘူး။ဘဝင်စိတ်သည်ထိတွေ့တဲ့အသံကို
အောက်မေ့ပြီးဖြစ်ပေါ်တဲ့သောတဒွါရလာ
ဝချနစိတ်ထက်အရင်ဆက်လက်ဖြစ်၊ပျက်
ရသေးတယ်။ပြီးတော့ကြားစိတ်လည်း
ဖြစ်ပေါ်ရတယ်။ဘဝင်စိတ်သည်သောတ
ပသာဓာတ်ကိုထိတွေ့တဲ့အသံနဲ့အောက်
မေ့တဲ့တာဝန်ကိုမလုပ်ဘူး။ဘဝင်စိတ်
သည်အဲဒီအသံကိုမသိဘူး။ကိုယ့်ရဲ့တာ
ဝန်ကိုသာလုပ်တယ်။ဆိုလိုတာကဘုံဘဝ
ဆက်လက်ရှင်သန်ဖို့အတွက်ကိုပဲတာဝန်
လုပ်တယ်။ပြီးတော့ကိုယ်တိုင်အာရုံရှိ
တယ်။ဆိုလိုတာကပဋိသန္ဓေစိတ်နဲ့အာရုံ
တစ်ခုတည်းရှိတယ်။ဘဝင်စိတ်သည်
သောတပသာဓာတ်ကိုထိတွေ့တဲ့အသံကို
မသိပေမယ့်အဲဒီအသံသည်ဘဝင်စိတ်ကို
ထိတွေ့တယ်။ဒါကြောင့်ဘဝင်စိတ်ကိုလှုပ်
ရှားစေခြင်းဖြစ်တယ်။အဲဒီနောက်ပိုင်းမှာ
တော့ဘဝင်စွဲအားလည်းရပ်ဆဲသွားတယ်။
ပြီးတော့သောတဒွါရဝိထီစိတ်သည်ဖြစ်ပေါ်ပြီးအဲဒီအသံကိုသိတယ်။
ရုပ်သည်ဒွါရနှင့်ဘဝင်စိတ်ကိုထိတွေ့တဲ့အ
ခါမှာရုပ်ထိတွေ့တဲ့ဘဝင်စိတ်သည်အတီ
တာဘဝင်ဖြစ်တယ်။အတီတာဘဝင်ကနေ
ဘဝင်စိတ်သည်ဘဝင်ခကျလနဖြစ်တယ်။
ဆိုလိုတာကအဲဒီအာရုံကိုမသိပေမယ့်လည်းအာရုံကိုထိတွေ့တဲ့အတွက်ကြောင့်
လှုပ်ရှားရတဲ့ဘဝင်စိတ်ဖြစ်တယ်။အဲဒီအာ
ရုံကိုအောက်မေ့ပြီးဖြစ်ပေါ်မယ့်ပဉ္စဒွါရ
လာဝချနစိတ်ရဲ့အရင်ဘဝစွဲအားရဲ့နောက်
ဆုံးဘဝင်စိတ်တစ်ပါးသည်ဘဝင်ခုပချေ
ထဖြစ်တယ်။အဲဒီဘဝင်စိတ်ကိုပညတ်ပြီး
ခေါ်တဲ့နာမည်အမျိုးမျိုးသည်တာဝန်အ
မျိုးမျိုးကိုဆိုလိုတာမဟုတ်ဘူး။ဘဝင်
စိတ်သည်တာဝန်တစ်မျိုးတည်းသာရှိ
တယ်။ဘာလဲဆိုတော့သတ္တဝါရဲ့ဘုံဘဝ
ကိုဆက်လက်ရှင်သန်ဖို့တာဝန်လုပ်ရတယ်။အဲဒီနာမည်အမျိုးမျိုးသည်ဘဝင်
စွဲအားတွေမဆုံးသွားခင်နောက်ဆုံးဘဝင်
စိတ် ၃ပါးဖြစ်တယ်ဆိုတာပြသွားယုံသာ
ဖြစ်တယ်။ပြီးတော့ဝိထီစိတ်ဖြစ်ပေါ်ပြီး
အာရုံအသစ်ကိုသိရတယ်။ဝိထီစိတ်ဆုံး
သွားတဲ့အခါမှာဘဝင်စွဲအားလည်းဆက်
လက်ဖြစ်ပေါ်တယ်။ဒါကြောင့်စိတ်ရဲ့
ဆက်လက်ဖြစ်၊ပျက်ခြင်းသည်အဆက်
မပြတ်ဖြစ်ပေါ်ရခြင်းဖြစ်တယ်။ ၅ဒွါရထဲ
ကဒွါရတစ်ခုခုမှာထိတွေ့တဲ့အာရုံကိုသိ
ပြီးဝိထီစိတ်ဖြစ်ပေါ်တဲ့အခါမှာမနောဒွါရ
ဝိထီစိတ်လည်းဆက်လက်ဖြစ်ပေါ်ပြီးအဲ
ဒီအာရုံကိုသိရတယ်။ပဉ္စဒွါရဝိထီစိတ်နှင့်
မနောဒွါရဝိထီစိတ်ကနေကြားဖြတ်ဖြစ်
ပေါ်တဲ့ဘဝင်စိတ်ရှိတယ်။မနောဒွါရဝိထီ
စိတ်ပျက်သွားတဲ့အခါမှာဘဝင်စိတ်စွဲအား
လည်းနောက်ထပ်ဆက်လက်ပြီးဖြစ်၊ပျက်
ရတယ်။
ပသာဓာတ်ရုပ်၅ပါးကိုထိတွေ့တဲ့အာရုံ
သည်ရုပ်ဖြစ်တယ်။ရုပ်သည်ဖြစ်ပေါ်ပြီး
ပျက်သွားတယ်။ဒါပေမယ့်ရုပ်တရားသည်
နာမ်တရားလောက်ပျက်နှေးတယ်။ရုပ်တစ်ရုပ်သည်ဝိထီစိတ်များစွာရဲ့အာရုံဖြစ်
တယ်။ဉပမာ-သောတပသာဓာတ်နဲ့ထိတွေ့
တဲ့ရုပ်ဖြစ်တဲ့အသံသည်ဖြစ်ပေါ်ပြီးအဲဒီ
အသံကိုသောတဒွါရဝိထီစိတ်တွေများစွာ
ရှိကြတယ်။ဝိထီစိတ်မဖြစ်ပေါ်ခင်ဘဝင်
စိတ်သည်အရင်ဖြစ်ပေါ်ရတယ်။သောတ
ဒွါရဝိထီစိတ်ထက်အရင်နောက်ဆုံးဘဝင်
စိတ် ၃ပါးကတော့အတီတာဘဝင်၊ဘဝင်
ခကျလနနှင့်ဘဝင်ခုပချေထတို့ဖြစ်ကြ
တယ်။ဘဝင်စိတ်စွဲအားတွေဆုံးသွားတဲ့
အခါမှာသောတဒွါရလာဝချနစိတ်သည်
ဖြစ်ပေါ်ပြီးသောတဒွါရမှအသံကိုသိ
တယ်။သောတဒွါရလာဝချနစိတ်ကနေ
ဖြစ်ပေါ်တဲ့တစ်ခြားသောတဒွါရဝိထီစိတ်
သည်အသံမပျက်ခင်ကိုယ့်ရဲ့တာဝန်ကို
ကိုယ်စီ၊ကိုယ်စီလုပ်ကြတယ်။အတီတာ
ဘဝင်ကနေစပြီးရေတွက်လိုက်ရင်ရုပ်
သည်စိတ်ဖြစ်၊ပျက်ခြင်းရဲ့ ၇ကြိမ်လောက်
အသက်ရှိတယ်။တကယ်လို့သောတဒွါရမှ
ဝိထီစိတ်သည်ဝိထီတိုင်းပြည့်စုံစွာဖြစ်ပေါ်
တယ်ဆိုရင်စိတ် ၁၇ပါးသည်ဆက်လက်
ပြီးဖြစ်၊ပျက်ခြင်းတွေရှိရတယ်။ဒါပေမယ့်
တကယ်လို့ရုပ်သည်အာရုံဖြစ်ပြီးအတီတာ
ဘဝင်တွေအကြိမ်များစွာထိတွေ့ပြီးဖြစ်
ပေါ်တဲ့အခါမှာအဲဒီရုပ်သည်အရင်ပျက်ရ
တယ်။အဲဒါမှနောက်ကဝိထီစိတ်တွေလည်းဖြစ်ပေါ်လို့မရတော့ဘူး။ဘာ
ကြောင့်လည်ဆိုတော့အဲဒီစိတ်ရဲ့ ၁၇ကြိမ်
လောက်သာရုပ်အသက်ရှိတဲ့အတွက်
ကြောင့်ဖြစ်တယ်။ပြီးတော့ဝို့ထဖနစိတ်
ရောက်တဲ့အထိဝိထီစိတ်ဖြစ်ပေါ်တဲ့အခါ
မှာရုပ်လည်းပျက်သွားရတယ်။ဒါကြောင့်
ကုသိုလ်စိတ်(သို့)အကုသိုလ်စိတ်လည်း
ဖြစ်ပေါ်လို့မရဘူး။
တစ်ချို့ကာလမှာအတီတာဘဝင်လည်း
ဖြစ်ပေါ်ပြီးပျက်သွားတယ်။ပြီးတော့ဘဝင်ခကျလနဖြစ်ပေါ်ပြီးတော့ပျက်သွားတယ်။ဒါပေမယ့်ဘဝင်ခုပချေထကျတော့မဖြစ်ပေါ်ဘူး။အဲသလိုဖြစ်တဲ့အခါ
မှာဝိထီစိတ်လည်းမရှိဘူး။ဉပမာ-အသံ
သည်သောတပသာဓာတ်နဲ့ထိတွေ့တဲ့အခါ
မှာအတီတာဘဝင်ဖြစ်ပေါ်ပြီးပျက်သွား
တယ်။ပြီးတော့ဘဝင်ခကျလနလည်း
ဆက်ပြီးဖြစ်ပေါ်တယ်။ဒါပေမယ့်ဘဝင်
ခုပချေထကျတော့မဖြစ်ပေါ်ဘူး။ဘဝင်
စွဲအားတွေမပြတ်ဘူး။သောတဒွါရဝိထီ
လည်းမဖြစ်ပေါ်ဘူး။ဒါကြောင့်အသံကို
မကြားရခြင်းဖြစ်တယ်။ပဉ္စဒွါရဝိထီဖြစ်
ပေါ်ပြီးပသာဓာတ်ကိုထိတွေ့တဲ့ရုပ်ကို
သိတဲ့အခါနှင့်နောက်ဆုံးဝိထီစိတ်ပျက်
သွားတဲ့အခါမှာဘဝင်စိတ်လည်းနောက်
ထပ်ဖြစ်ပေါ်တယ်။ဒါပေမယ့်အဲဒီအာရုံ
သည်မနောဒွါရမှသိနိုင်တယ်။နောက်ဆုံး
ဘဝင်စိတ် ၂ပါးဖြစ်တဲ့ဘဝင်ခကျလနနှင့်
ဘဝင်ခုပချေထတို့သည်မနောဒွါရလာဝချ
နစိတ်ထက်အရင်ဖြစ်ပေါ်ရတယ်။မနောဒွါ
ရလာဝချနစိတ်သည်ဖြစ်ပေါ်ပြီးမနောဒွါရမှအာရုံကိုသိတယ်။ရဟန္တာမဟုတ်တဲ့
ပုဂ္ဂိုလ်တွေအတွက်ကျတော့ကုသိုလ်စိတ်
(သို့)အကုသိုလ်စိတ်ရဲ့ ၇ကြိမ်တွေသည်မ
နောဒွါရလာဝချနစိတ်ကနေဆက်လက်ပြီး
ဖြစ်ပေါ်တယ်။မနောဒွါရဝိထီစိတ်ကိုဒီလိုနဲ့
အဆုံးသတ်လို့ရတယ်။ဘာတွေလဲဆိုတော့ဘဝင်ခကျလန၊ဘဝင်ခုပချေထ၊
မနောဒွါရလာဝချနစိတ်နှင့်အကုသိုလ်
စိတ်(သို့)ကုသိုလ်စိတ် ၇ကြိမ်(ကိရိယာ
စိတ်ဖြစ်တဲ့ရဟန္တာတွေအတွက်)တို့ဖြစ်
ကြတယ်။
အဲဒီမနောဒွါရဝိထီမှဘဝင်ခကျလန
မဖြစ်ပေါ်ခင်ဘဝင်စိတ်တွေအများကြီး
ဆက်လက်ဖြစ်၊ပျက်ခြင်းရှိတယ်။ပြီး
တော့မနောဒွါရဝိထီမှအတီတာဘဝင်မရှိ
ဘူး။မနောဒွါရဝိထီစိတ်တွေအားလုံးပျက်
သွားတဲ့အခါမှာပဉ္စဒွါရမှအာရုံကိုသိပြီးဝိ
ထီစိတ်ဖြစ်ပေါ်တဲ့အထိနောက်ထပ်ဘဝင်
စွဲအားတွေဖြစ်ပေါ်တယ်။(သို့)မနောဒွါရမှ
ဘဝင်စိတ်သည်ကိုယ့်ရဲ့ဘဝတွေထဲမှာရေ
တွက်လို့မရအောင်တစ်ချိန်လုံးဖြစ်ပေါ်နေ
တယ်။ ၅ဒွါရမှအာရုံကိုသိတဲ့ပဉ္စဒွါရဝိထီ
(သို့)မနောဒွါရမှအာရုံကိုသိတဲ့မနောဒွါရဝိ
ထီတွေမှဘဝင်စိတ်သည်ကြားဖြတ်ဖြစ်
ပေါ်တယ်။မနောဒွါရဆိုတာဘာလဲ?မနော
ဒွါရသည်ရုပ်ဖြစ်တဲ့ပဉ္စဒွါရနဲ့ကွာခြား
တယ်။ပဉ္စဒွါရတွေကတော့စက္ခုပသာ
ဓာတ်၊သောတပသာဓာတ်၊ဃာနပသာ
ဓာတ်၊ဇိဝှါပသာဓာတ်နှင့်ကာယပသာ
ဓာတ်တို့ဖြစ်ကြပြီးတစ်ကိုယ်လုံးမှာကာ
ယပသာဓာတ်တွေရှိတယ်။မနောဒွါရသည်
ဒီ၅ရုပ်ထဲကတစ်ရုပ်မှမဟုတ်ဘူး။မနောဒွါ
ရသည်နာမ်(သို့)ရုပ်တွေဖြစ်သလာဆိုတာ
တစ်ချို့ကသံသယရှိကြတယ်။အဲဒီပထမ
ဆုံးမနောဒွါရဝိထီစိတ်သည်အာရုံကိုဘယ်
လိုသိသလဲဆိုတာကျွနုပ်တို့တွေဝေဖန်သုံး
သပ်သင့်တယ်။အာရုံကိုအောက်မေ့တဲ့
ပထမဆုံးမနောဒွါရဝိထီစိတ်ကတော့မနောဒွါရလာဝချနစိတ်ဖြစ်တယ်။ဒီစိတ်
တစ်ပါးသည်ပဉ္စဒွါရမှအာရုံကိုမအောက်
မေ့ဘူး။ဒါကြောင့်မနောဒွါရသည်စိတ်
ဖြစ်တဲ့နာမ်တရားဖြစ်တယ်။မနောဒွါရလာ
ဝချနစိတ်ထက်အရင်ဖြစ်ပေါ်တဲ့စိတ်က
တော့ဘဝင်ခုပချေထဖြစ်တယ်။ဒါကြောင့်
ဘဝင်ခုပချေထစိတ်သည်မနောဒွါရဖြစ်
တယ်။ဒါကြောင့်မနောဒွါရလာဝချနစိတ်
သည်ဖြစ်ပေါ်ပြီးဘဝင်ခုပချေထကနေ
အာရုံကိုဆက်လက်ပြီးအောက်မေ့တယ်။
အကြောင်းကြောင့်ဖြစ်ပေါ်တဲ့ပဉ္စဒွါရဝိထီ
စိတ်နှင့်မနောဒွါရဝိထီစိတ်ကိုလေ့လာသင်
ကြားခြင်းသည်ထိန်းချုပ်လို့မရတဲ့(အနတ္တ
)ဓာတ်ဖြစ်တယ်ဆိုတဲ့တရားသဘောတွေ
ကိုနားလည်စေနိုင်တယ်။ဉပမာ-သာယာ
တဲ့အသံကိုကြားရတဲ့အခါမှာကျွနုပ်တို့တွေသည်ပျော်ရွှင်ခြင်းကိုခံစားရတယ်။ကျွနုပ်တို့စွဲထားတဲ့တရားသဘောတွေ
ဖြစ်တဲ့အဲဒီရှည်လျှာတဲ့ကြားခြင်းသည်
အမှန်ကတော့အနည်းငယ်သာတိုတောင်း
တဲ့အချိန်ဖြစ်ပြီးဖြစ်ပြီးပျက်သွားတယ်။
ပြီးတော့ဘာအသံဖြစ်သလဲဆိုတာမသိ
သေးပေမယ့်အဲဒီအသံသည်မနောဒွါရကို
ဖြတ်သွားပြီးဖြစ်တယ်။ဘာကြောင့်လဲဆို
တော့လျှန်မြန်စွာနဲ့ဆက်လက်ပြီးဖြစ်၊ပျက်
နေတဲ့အတွက်ကြောင့်ဖြစ်တယ်။ပြီးတော့
အသံတွေသည်ဖြစ်ပေါ်ပြီးပျက်သွားရတယ်။
##စမ်းသပ်အမေး##
၁။ပထမဉီးဆုံးဝင်စိတ်သည်ဘယ်အချိန်မှာဖြစ်ပေါ်သလဲ?
၂။ဘဝင်စိတ်တွေသည်အဟေတုကဖြစ်လို့ရလာ?
၃။ဘဝင်စိတ်သည်ပညာနဲ့ပေါင်းစပ်လို့ရလာ?
##ပဉ္စဒွါရဝိထီနှင့်မနောဒွါရဝိထီထဲမှာ
စိတ်ရဲ့တာဝန်##
စိတ်အပါးတိုင်းသည်ကိုယ်စီ၊ကိုယ်စီတာဝန်းတွေရှိကြတယ်။ဘယ်စိတ်မှဖြစ်ပေါ်
ပြီးတာဝန်တွေမလုပ်တာမရှိဘူး။ဉပမာ-
မြင်ခြင်း၊ကြားခြင်းတွေသည်စိတ်ရဲ့တာ
ဝန်တွေဖြစ်ကြတယ်။မြင်ခြင်းနှင့်ကြား
ခြင်းတွေသည်စိတ်ရဲ့တာဝန်ဖြစ်တယ်
ဆိုတာကျွနုပ်တို့တွေဝေဖန်သုံးသပ်ပြီး
သတိမထားမိကြဘူး။ဘာကြောင့်လဲဆို
တော့နင်၊ငါရှိတယ်ဆိုတဲ့အထဲမှာကျွနုပ်
တို့တွေစွဲထားတဲ့အတွက်ကြောင့်ဖြစ်
တယ်။တကယ်လို့စိတ်အကြောင်းတွေ
ကိုသိချင်ရင်စိတ်ရဲ့တာဝန်အမျိုးမျိုး
တွေကိုလေ့လာသင်ကြားသင့်တယ်။
နံပါတ်၁။ပဋိသန္ဓေစိတ်ရဲ့တာဝန်ကတော့
ဘဝထဲမှာပထမဆုံးစိတ်ရဲ့တာဝန်ဖြစ်
တယ်။နံပါတ်၂။ဘဝင်စိတ်ရဲ့တာဝန်က
တော့အဲဒီဘုံဘဝထဲမှာဆက်လက်ရှင်သန်
ဖို့သည်ဘဝင်စိတ်ရဲ့တာဝန်ဖြစ်တယ်။အ
သက်ရှိနေသေးသ၍တော့ပဉ္စဒွါရဝိထီစိတ်
နှင့်မနောဒွါရဝိထီစိတ်တွေမဖြစ်ခင်ဘဝင်
စိတ်သည်တစ်ချိန်လုံးဆက်လက်ပြီးဖြစ်၊
ပျက်နေတယ်။၆ဒွါရမှဒွါရတစ်ခုခုမှာဖြစ်
ပေါ်ပြီးအာရုံကိုသိတဲ့ဝိထီစိတ်အမျိုးမျိုး
ကနေဘဝင်စိတ်တွေကြားဖြတ်ဖြစ်ပေါ်
တယ်။ဉပမာ-မြင်လိုက်တဲ့အရာတွေကို
အောက်မေ့ပြီးမြင်တဲ့အခါမှာဝိထီစိတ်
သည်အကြိမ်ပေါင်းများစွာဖြစ်ပေါ်ပြီး
ရှိတယ်။ဘဝင်စိတ်သည်အဲဒီဝိထီစိတ်တိုင်းမှာကြားဖြတ်ဖြစ်ပေါ်တယ်။
ပသာဓာတ်ကိုရုပ်ထိတွေ့တဲ့အခါမှာ
ဘဝင်ကိုလည်းထိတွေ့တယ်။ပြီးတော့
ဘဝင်စိတ်သည်နောက်ထပ်၂ကြိမ်၃
ကြိမ်ဖြစ်ပေါ်တယ်။အဲဒီကဆက်ပြီးပဉ္စဒွါ
ရလာဝချနစိတ်လည်းဖြစ်ပေါ်တယ်။ပဉ္စ
ဒွါရလာဝချနစိတ်သည်ပသာဓာတ်နဲ့ထိ
တွေ့ပြီးအာရုံကိုသိတဲ့ပထမဆုံးဝိထီစိတ်
တစ်ပါးဖြစ်တယ်။ပဉ္စဒွါရလာဝချနစိတ်
သည်အာဝချနတာဝန်ကိုလုပ်တယ်။ဆိုလို
တာကပသာဓာတ်ရုပ်တစ်ရုပ်ရုပ်နဲ့ထိတွေ့
တဲ့အာရုံကိုအောက်မေ့တယ်။ပဉ္စဒွါရလာဝ
ချနစိတ်သည်အဟေတုကကိရိယာစိတ်
ဖြစ်တယ်။ခန္ဓနိထေ့၊ဝိသုတ်ထိမဂ်ထဲမှာ
ပဉ္စဒွါရလာဝချနစိတ်(မနောဓာတု)ကို
ပြောပြသွားတယ်။မနောဓာတုသည်ရုပ်
တွေကိုသိခြင်းရှိတယ်။စက္ခုဝိညာဉ်အရှေ့
ကိုလှည့်ပတ်သွားတဲ့လက္ခဏတွေရှိတယ်။
အရသာတွေကိုအောက်မေ့ခြင်းရှိတယ်။
ပေါ်ပေါက်လာတဲ့ရုပ်တွေနဲ့သဘာဝဖြစ်
ခြင်းတွေရှိတယ်။အဲဒီမနောဓာတုသည်
ဉပေက္ခာတစ်မျိုးတည်းနဲ့ပေါင်းစပ်ထား
တယ်။
ပသာဓာတ်ကိုရုပ်ထိတွေ့တဲ့အခါမှာ
ဘဝင်ကိုလည်းထိတွေ့တယ်။ပြီးတော့
ဘဝင်စိတ်သည်နောက်ထပ်၂ကြိမ်၃
ကြိမ်ဖြစ်ပေါ်တယ်။အဲဒီကဆက်ပြီးပဉ္စဒွါ
ရလာဝချနစိတ်လည်းဖြစ်ပေါ်တယ်။ပဉ္စ
ဒွါရလာဝချနစိတ်သည်ပသာဓာတ်နဲ့ထိ
တွေ့ပြီးအာရုံကိုသိတဲ့ပထမဆုံးဝိထီစိတ်
တစ်ပါးဖြစ်တယ်။ပဉ္စဒွါရလာဝချနစိတ်
သည်အာဝချနတာဝန်ကိုလုပ်တယ်။ဆိုလို
တာကပသာဓာတ်ရုပ်တစ်ရုပ်ရုပ်နဲ့ထိတွေ့
တဲ့အာရုံကိုအောက်မေ့တယ်။ပဉ္စဒွါရလာဝ
ချနစိတ်သည်အဟေတုကကိရိယာစိတ်
ဖြစ်တယ်။ခန္ဓနိထေ့၊ဝိသုတ်ထိမဂ်ထဲမှာ
ပဉ္စဒွါရလာဝချနစိတ်(မနောဓာတု)ကို
ပြောပြသွားတယ်။မနောဓာတုသည်ရုပ်
တွေကိုသိခြင်းရှိတယ်။စက္ခုဝိညာဉ်အရှေ့
ကိုလှည့်ပတ်သွားတဲ့လက္ခဏတွေရှိတယ်။
အရသာတွေကိုအောက်မေ့ခြင်းရှိတယ်။
ပေါ်ပေါက်လာတဲ့ရုပ်တွေနဲ့သဘာဝဖြစ်
ခြင်းတွေရှိတယ်။အဲဒီမနောဓာတုသည်
ဉပေက္ခာတစ်မျိုးတည်းနဲ့ပေါင်းစပ်ထား
တယ်။
ပဉ္စဒွါရလာဝချနစိတ်သည်ပထမဆုံးဝိထီ
စိတ်ဖြစ်တယ်။ဘာကြောင့်လဲဆိုတော့
ပဉ္စဝိညာဉ်(မြင်စိတ်၊ကြားစိတ်…)ထက်
အရင်ဖြစ်ပေါ်တဲ့အတွက်ကြောင့်ဖြစ်
တယ်။အဲဒီစက္ခုဝိညာဉ်ကိုထိတွေ့တဲ့ပဉ္စ
ဒွါရလာဝချနစိတ်သည်အာရုံကိုသိတဲ့အခါ
မှာစက္ခုဒွါရကိုမှီခိုခြင်းဖြင့်အာရုံကိုသိတဲ့
အတွက်ကြောင့်စက္ခုဒွါရလာဝချနစိတ်
ဖြစ်ရခြင်းဖြစ်တယ်။သောတဒွါရကိုထိတွေ့တဲ့ပဉ္စဒွါရလာဝချနစိတ်သည်အာရုံကို
သိတဲ့အခါမှာလည်းသောတဒွါရလာဝချန
စိတ်ဖြစ်တယ်။ပဉ္စဒွါရလာဝချနစိတ်သည်
အာရုံကိုလက်ခံတဲ့ဒွါရအတိုင်းနာမည်ရှိ
တယ်။နေ့စဉ်နဲ့အမျှပဉ္စဒွါရလာဝချနစိတ်
သည်ရေတွက်လို့မနိုင်အောင်ဖြစ်၊ပျက်နေ
တယ်။ဒါပေမယ့်ကျွနုပ်တို့တွေမသိကြ
ဘူး။
မြင်စိတ်သည်စက္ခုပသာဓာတ်ကိုထိတွေ့
တဲ့အာရုံကိုသိတဲ့စက္ခုဒွါရလာဝချနစိတ်
ကနေဆက်ပြီးဖြစ်ပေါ်တယ်။ပြီးတော့
ပျက်သွားတယ်။ပဉ္စဝိညာဉ်ဖြစ်တဲ့ကြား
စိတ်(သို့)တစ်ခြားစိတ်တွေသည်အဲဒီဒွါရ
ကိုထိတွေ့ပြီးအာရုံကိုသိတဲ့ပဉ္စဒွါရလာဝ
ချနစိတ်ကနေဆက်ပြီးဖြစ်ပေါ်တယ်။ပြီး
တော့ပျက်သွားတယ်။ပဉ္စဒွါရလာဝချန
စိတ်ပျက်သွားတဲ့အခါမှာတစ်ခြားစိတ်
တွေလည်းဒွါရတစ်ခုထဲမှအာရုံတစ်ခုထဲ
ကိုဖြစ်ပေါ်ပြီးသိရတယ်။ပဉ္စဒွါရမှဝိထီ
စိတ်တွေအားလုံးပျက်သွားတဲ့အခါမှာဘ
ဝင်စိတ်သည်ကြားဖြတ်အရင်ဖြစ်ပေါ်
ခြင်းဖြင့်မနောဒွါရဝိထီစိတ်လည်းအဲဒီအာ
ရုံကိုဆက်ပြီးသိတယ်။မနောဒွါရလာဝချန
စိတ်လည်းဖြစ်ပေါ်ပြီးမနောဒွါရမှအာဝချ
နတာဝန်ကိုလုပ်တယ်။ဒါကြောင့်အာဝချန
တာဝန်ကိုလုပ်တဲ့စိတ်သည်၂ပါးရှိရခြင်း
ဖြစ်တယ်။ဆိုလိုတာကပဉ္စဒွါရလာဝချန
စိတ်သည်ဒွါရ ၅ပါးထဲမှာဒွါရတစ်ခုခုမှ
အာရုံကိုသိရတယ်။ပြီးတော့မနောဒွါရလာ
ဝချနစိတ်သည်မနောဒွါရမှအာရုံကိုသိ
တယ်။မနောဒွါရလာဝချနစိတ်သည်အ
ဟေတုကကိရိယာစိတ်ဖြစ်တယ်။ဆိုလို
တာကအကုသိုလ်အကြောင်း(သို့)သောမ
နဿအကြောင်းတွေနဲ့အတူဖြစ်ပေါ်ခြင်း
မရှိဘူး။မနောဒွါရလာဝချနစိတ်ပျက်သွား
တဲ့အချိန်မှာကုသိုလ်စိတ်(သို့)အကုသိုလ်
စိတ်တွေဆက်ပြီးဖြစ်ပေါ်ရခြင်းဖြစ်တယ်။
ရူပါရုံသည်စက္ခုပသာဓာတ်ကိုထိတွေ့တဲ့
အခါမှာစက္ခုဒွါရလာဝချနစိတ်သည်
စက္ခုဒွါရမှရူပါရုံကိုအောက်မေ့တယ်။
စက္ခုဒွါရလာဝချနစိတ်ပျက်သွားတဲ့အခါ
မှာစက္ခုဝိညာဉ်သည်ဆက်ပြီးဖြစ်ပေါ်
တယ်။စက္ခုဝိညာဉ်သည်မြင်တဲ့တာဝန်ကို
(ထစနကီ)လုပ်တယ်။မြင်စိတ်သည်ဝိပက်
ဖြစ်ပြီးအကုသိုလ်ကံ(သို့)ကုသိုလ်ကံရဲ့အ
ကျိုးပေးဖြစ်တယ်။ကျွနုပ်တို့တွေလူဖြစ်
လာရခြင်းသည်ကံရဲ့အကျိုးတွေကိုလက်
ခံရရှိဖို့အတွက်ဖြစ်တယ်။ဘဝင်စွဲအားတွေဆုံးသွားတဲ့အခါမှာဝိပက်စိတ်လည်း
ပဉ္စဒွါရလာဝချနစိတ်ကနေဆက်လက်ပြီး
ဖြစ်ပေါ်တယ်။မြင်ခြင်းကိုတာဝန်လုပ်တဲ့
စိတ်သည်အဲဒီရူပါရုံကိုသာမြင်တယ်။ဒီ
စိတ်သည်အလယ်အလတ်ပုံမှန်စိတ်ရှိတဲ့
အဟေတုကဝိပက်ဖြစ်တယ်။ဒီစိတ်သည်
ရူပါရုံကိုမအောက်မေ့ဘူး။ပညာကိုတိုး
တက်အောင်ပွားများခြင်းမရှိတဲ့သူတွေ
သည်ရူပါရုံကိုမြင်တဲ့စိတ်နှင့်ရူပါရုံကို
ကြိုက်တဲ့စိတ်(သို့)ရူပါရုံကိုမကြိုက်တဲ့
စိတ်တွေကွာခြားတယ်ဆိုတာမသိကြ
ဘူး။ပြီးတော့ရုပ်ပုံသဏ္ဍန်ထဲမှာစူးစိုက်
တဲ့စိတ်နဲ့ကွာခြားတယ်။ဘာကြောင့်လဲဆို
တော့အဝိဇ္ဇာနှင့်အမြင်မှားတွေကိုအကြာ
ကြီးစုစောင်းလာတဲ့အတွက်ကြောင့်စိတ်
သည်မမြဲဘူးဆိုတာမသိရခြင်းဖြစ်တယ်။
စိတ်သည်ဖြစ်ပေါ်ပြီးလျှင်မြန်စွာနဲ့ပျက်
သွားတယ်။ပြီးတော့နောက်ထပ်တရား
သဘောအမျိုးအစားတစ်မျိုးဖြစ်တဲ့
နောက်ထပ်စိတ်တစ်ပါးကဆက်လက်ပြီး
ဖြစ်ပေါ်ခြင်းရှိတယ်။
မြင်တဲ့တာဝန်ကိုလုပ်တဲ့အဲဒီစိတ်နှစ်ပါးကတော့အကုသိုလ်ဝိပက်တစ်ပါးနှင့်ကု
သိုလ်ဝိပက်တစ်ပါးတို့ဖြစ်ကြတယ်။အ
သံသည်သောတပသာဓာတ်ကိုထိတွေ့တဲ့
အခါမှာသောတဒွါရလာဝချနစိတ်သည်
ဖြစ်ပေါ်ပြီးတော့ပျက်သွားတယ်။သော
တဝိညာဉ်လည်းဆက်လက်ပြီးဖြစ်ပေါ်
တယ်။ကြားတဲ့တာဝန်သည်စိတ်ရဲ့နောက်
ထပ်တာဝန်တစ်ခုဖြစ်တယ်။ကြားတဲ့စိတ်
သည်အဟေတုကဝိပက်စိတ်ဖြစ်တယ်။
ကြားတဲ့တာဝန်ကိုလုပ်တဲ့စိတ်၂ပါးက
တော့အကုသိုလ်ဝိပက်၁ပါးနှင့်ကုသိုလ်
ဝိပက်တစ်ပါးတို့ဖြစ်ကြတယ်။စိတ်ရဲ့
နောက်ထပ်တာဝန်တစ်ခုကတော့အနံ့
ကိုရတဲ့တာဝန်ဖြစ်ပြီးဒီတာဝန်ကိုလုပ်တဲ့
အဟေတုကစိတ်၂ပါးကတော့အကုသိုလ်
ဝိပက်၁ပါးနှင့်ကုသိုလ်ဝိပက်၁ပါးတို့ဖြစ်
ကြတယ်။အရသာရတဲ့တာဝန်ကိုလုပ်တဲ့
အဟေတုကစိတ်၂ပါးကတော့အကုသိုလ်
ဝိပက်၁ပါးနှင့်ကုသိုလ်ဝိပက်တစ်ပါးတို့
ဖြစ်ကြတယ်။ဒီစိတ်တစ်ပါးသည်အရသာ
တာဝန်ကိုလုပ်တဲ့အခါမှာချိုတဲ့အရသာ
(သို့)ငံတဲ့အရသာအစရှိတဲ့အရသာကိုသာ
သိတယ်။အရသာရဲ့နာမည်ကိုမသိကြဘူး။အရသာရဲ့နာမည်ကိုသိတဲ့စိတ်သည်
နောက်မှဖြစ်ပေါ်တယ်။
ကိုယ်မှထိတွေ့တဲ့တာဝန်သည်စိတ်ရဲ့နောက်ထပ်တာဝန်တစ်ခုဖြစ်တယ်။
ဖောဌဖာရုံသည်ခန္ဓာကိုယ်ကိုထိတွေ့
တဲ့အခါမှာပဉ္စဒွါရလာဝချနစိတ်သည်
ကိုယ်မှထိတွေ့တဲ့အာရုံကိုအောက်မေ့
တယ်။ပဉ္စဒွါရလာဝချနစိတ်ပျက်သွား
တဲ့အခါမှာကာယဝိညာဉ်စိတ်ဖြစ်ပေါ်
ပြီးကိုယ်မှထိတွေ့တဲ့ဖောဌဖာရုံကိုသိတဲ့
တာဝန်ကိုလုပ်တယ်။ဒီတာဝန်ကိုလုပ်တဲ့
စိတ်နှစ်ပါးသည်အဟေတုကစိတ်ဖြစ့်
ပြီးဘာတွေလဲဆိုတော့ကုသိုလ်ဝိပက်
တစ်ပါးနှင့်အကုသိုလ်ဝိပက်တစ်ပါးတို့
ဖြစ်ကြတယ်။အဲဒီကိုယ်မှသိလို့ရတဲ့အာရုံ
တွေကတော့မာတဲ့ရုပ်(သို့)ပျော့တဲ့ရုပ်၊ပူ
(သို့)အေးနှင့်လှုပ်ရှား(သို့)တင်းတဲ့ရုပ်တို့
ဖြစ်ကြတယ်။ပဉ္စဝိညာဉ်သည်မြင်တဲ့တာ
ဝန်၊ကြားတဲ့တာဝန်၊အနံ့ရတဲ့တာဝန်၊အရ
သာရတဲ့တာဝန်နှင့်ဖောဌဖာရုံကိုသိတဲ့
တာဝန်စတဲ့တာဝန်တွေကိုလုပ်ရတယ်။
မြင်ခြင်း၊ကြားခြင်း၊အနံ့ရခြင်း၊အရသာ
ရခြင်းနှင့်ထိတွေ့ခြင်းတို့သည်စိတ်ရဲ့တာ
ဝန်အမျိုးမျိုးတွေဖြစ်ကြတယ်။ဒီတာဝန်
တွေကိုပြုလုပ်တဲ့နင်၊ငါတွေမရှိဘူး။ဒီစိတ်
တွေသည်ဖြစ်ပေါ်ပြီးအဲဒီစိတ်ရဲ့အကြောင်းတစ်ခုသက်သက်သာဖြစ်ပေါ်
တယ်။စိတ်သည်ပဉ္စဒွါရနှင့်မနောဒွါရမှ
အာရုံတွေကိုဘယ်လိုသိနိုင်သလဲဆိုတာ
ဗုဒ္ဓမြတ်စွာဘုရားကဆိုဆုံးမသွားတယ်။
ပြီးတော့ဒီတရားတွေရဲ့တကယ့်သဘော
တွေကိုအောက်မေ့သိဖို့အတွက်ကျွနုပ်တို့
ကိုသတိပေးတယ်။စိတ်ကိုဖြစ်ပေါ်အောင်
လုပ်ပေးတဲ့အကြောင်းအမျိုးမျိုးနှင့်ဒီအ
ကြောင်းတွေရဲ့မမြဲခြင်းတွေကိုဗုဒ္ဓမြတ်
စွာဘုရားကဆိုဆုံးမသွားတယ်။စိတ်ဖြစ်
ပေါ်ပြီးမမြဲအောင်ပြုလုပ်ပေးတဲ့အ
ကြောင်းအမျိုးမျိုးဖြစ်တဲ့အခါမှာစိတ်
လည်းမမြဲရခြင်းဖြစ်တယ်။
ဗုဒ္ဓမြတ်စွာဘုရားသည်အဖွဲ့၂ခုကိုမှီခိုတဲ့အတွက်ကြောင့်ဝိညာဉ်တွေဖြစ်ပေါ်ရ
တယ်လို့ရဟန်းတွေအားလုံးကိုဆိုဆုံးမ
သွားတယ်။စက္ခုနှင့်ရုပ်ကိုမှီခိုတဲ့အတွက်
ကြောင့်စက္ခုဝိညာဉ်ဖြစ်ပေါ်ရတယ်။မျက်
စိသည်မမြဲဘူး။ပြုပြင်ပြောင်းလဲခြင်းရှိပြီးတစ်ခြားအရာဖြစ်ခြင်းရှိတယ်။ရုပ်
သည်မမြဲဘူး။ပြုပြင်ပြောင်းလဲခြင်းရှိပြီး
တစ်ခြားအရာဖြစ်ခြင်းရှိတယ်။ဒီ၂ဖွဲ့
ကြောင့်တုန်လှုပ်ပြီးဆင်းရဲရတယ်။ဒါ
ကြောင့်မမြဲဘူး။ပြုပြင်ပြောင်းလဲခြင်းရှိ
ပြီးတစ်ခြားအရာဖြစ်ခြင်းရှိတယ်။စက္ခု
ဝိညာဉ်သည်မမြဲဘူး။ပြုပြင်ပြောင်းလဲ
ခြင်းရှိပြီးတစ်ခြားအရာဖြစ်ခြင်းရှိတယ်။
ရဟန်းတို့အားလုံးနားထောင်ကြ!ဖြစ်ပေါ်
တဲ့စက္ခုဝိညာဉ်သည်မမြဲတဲ့အကြောင်းကို
မှီခိုတဲ့အတွက်ကြောင့်ဘယ်ကမြဲခြင်း
တွေရှိမလဲ?ရဟန်းတို့အားလုံးနားထောင်
ကြ!အတူတကွစုပေါင်းခြင်းနှင့်ပေါင်းစပ်
ခြင်းရှိတဲ့ဒီတရား၃ပါးစလုံး(စက္ခု+ရူပါရုံ
+စက္ခုဝိညာဉ်)သည်စက္ခုသမ္ဖလို့ခေါ်
တယ်။စက္ခုသမ္ဖလည်းမမြဲဘူး။ပြုပြင်
ပြောင်းလဲခြင်းရှိပြီးတစ်ခြားအရာဖြစ်
ခြင်းရှိတယ်။စက္ခုသမ္ဖဖြစ်ပေါ်ဖို့အတွက်
အကြောင်းဖြစ်ပေမယ့်လည်းမမြဲဘူး။ပြု
ပြင်ပြောင်းလဲခြင်းရှိပြီးတစ်ခြားအရာဖြစ်
ခြင်းရှိတယ်။ဖြစ်ပေါ်တဲ့စက္ခုသမ္ဖလည်းမ
မြဲတဲ့အကြောင်းကိုမှီခိုတဲ့အတွက်ကြောင့်
ဘယ်ကမြဲခြင်းတွေရှိမလဲ?
ရဟန်းတို့အားလုံးနားထောင်ကြ!
လူတွေသည်ဖဿနဲ့ထိတွေ့တဲ့အခါမှာ
ခံစားကြရတယ်။စဉ်းစားကြရတယ်။
မှတ်သားကြတယ်။ဒီတရားအားလုံးတွေ
မမြဲဘူး။ပြုပြင်ပြောင်းလဲခြင်းရှိပြီးတစ်
ခြားအရာဖြစ်ခြင်းရှိတယ်။တစ်ခြားဒွါရ
တွေမှာလည်းထို့နည်းတူဖြစ်ကြတယ်။အဲ
ဒီပဉ္စဒွါရဝိထီထဲမှာသမ္ပတီချနစိတ်သည်
ပဉ္စဝိညာဉ်ကနေဆက်လက်ဖြစ်ပေါ်တယ်။
သမ္ပတီချနစိတ်သည်ပဉ္စဝိညာဉ်ကနေ
ဆက်ပြီးသမ္ပတီချနတာဝန်ကိုလုပ်တယ်။
သမ္ပတီချနစိတ်သည်အဟေတုကဝိပက်
စိတ်ဖြစ်တယ်။ဒီတာဝန်ကိုလုပ်တဲ့စိတ်၂
ပါးကတော့ကုသိုလ်ဝိပက်၁ပါးနှင့်အကု
သိုလ်ဝိပက်၁ပါးတို့ဖြစ်ကြတယ်။ကံသည်
အဲဒီထဝိပဉ္စဝိညာဉ်နှင့်သမ္ပတီချနစိတ်ကို
ဖြစ်ပေါ်အောင်အကြောင်းဖြစ်ပေးယုံ
လောက်သာမဟုတ်ဘူး။ဒါပေမယ့်နောက်
ထပ်သမ္ပတီချနစိတ်ကိုဆက်လက်ဖြစ်ပေါ်
ဖို့သမ်တီလဏစိတ်ကိုအကြောင်းဖြစ်ပေး
ရတယ်။ပဉ္စဒွါရမှဖြစ်ပေါ်တဲ့သမ်တီရဏ
စိတ်သည်သမ်တီရဏတာဝန်ကိုလုပ်ရ
တယ်။ဆိုလိုတာကအာရုံကိုဝေဖန်သုံးသပ်
ရတယ်။သမ်တီရဏစိတ်သည်အဟေတု
ကဝိပက်စိတ်ဖြစ်တယ်။
မနောဒွါရလာဝချနစိတ်သည်တာဝန်၂မျိုး
ကိုပြုလုပ်တယ်။ဘာတွေလဲဆိုတော့မနော
ဒွါရမှအာဝချနတာဝန်ကိုလုပ်ခြင်းနှင့်ပဉ္စ
ဒွါရမှဝို့ထဖနတာဝန်ကိုလုပ်ခြင်းတို့ဖြစ်
ကြတယ်။တကယ်လို့ဝိထီစိတ်အကြောင်း
နှင့်ဝိထီစိတ်ဖြစ်ရတဲ့အကြောင်းတွေကို
ကျွနုပ်တို့တွေမသိဘူးဆိုရင်တစ်ခဏစီ
တွေထဲမှာကုသိုလ်ကံ(သို့)အကုသိုလ်ကံ
ပြုလုပ်ဖို့ဆုံးဖြတ်တဲ့နင်၊ငါရှိတယ်လို့
ကျွနုပ်တို့တွေထင်ကြတယ်။အမှန်တ
ကယ်တမ်းကျတော့ဆုံးဖြတ်ပေးမယ့်
နင်၊ငါ၊ပုဂ္ဂိုလ်တွေမရှိဘူး။အကြောင်း
ကြောင့်စုစောင်းလာတဲ့ကုသိုလ်(သို့)အ
ကုသိုလ်ကံတွေကြောင့်ဖြစ်ပေါ်ရတဲ့
စိတ်တွေသာရှိတယ်။စိတ်သည်မနောဒွါရ
နှင့်ပဉ္စဒွါရမှကြိုက်နှစ်သက်တဲ့အာရုံနှင့်မ
ကြိုက်နှစ်သက်တဲ့အာရုံတွေကိုသိတယ်။လောဘနှင့်ဒေါသကိုများစွာစုစောင်းတဲ့
ဘယ်ပုဂ္ဂိုလ်မဆိုလောဘမူလစိတ်သည်
ကြိုက်နှစ်သက်တဲ့အာရုံကိုသိတဲ့အခါမှာ
ဖြစ်ပေါ်ရတယ်။ပြီးတော့ဒေါသမူလစိတ်
သည်အဲဒီအာရုံကိုမကြိုက်နှစ်သက်တဲ့အ
ခါမှာဖြစ်ပေါ်ရတယ်။ဒီစိတ်တွေသည်အ
ကြောင်းကြောင့်ဖြစ်ပေါ်ရတယ်။နင်၊ငါ
တွေမဟုတ်ဘူး။ဘယ်သူတစ်ဉီးတစ်
ယောက်မှထိန်းချုပ်ပေးလို့မရဘူး။ဘယ်
လိုပဲဖြစ်ဖြစ်ယောနိသောမနသိကာယနှင့်
ကုသိုလ်စိတ်တွေအကြောင်းရှိအောင်ပြု
လုပ်ပေးတဲ့ဝိပဿနာကိုတိုးတက်အောင်
ပွါးများခြင်းဖြင့်တရားတော်တွေကိုလေ့
လာသင်ကြားခြင်းကနေဖြစ်ပေါ်ရတယ်။
အဲဒီအာရုံသည်အီထာရုံ(သို့)အဏိထာရုံ
တွေဖြစ်နေပါစေပဉ္စဒွါရနှင့်မနောဒွါရမှကု
သိုလ်စိတ်သည်ဝို့ထဖနစိတ်ကနေဆက်ပြီး
ဖြစ်ပေါ်လို့ရတယ်။မနောဒွါရလာဝချန
စိတ်သည်ဖြစ်ပေါ်ပြီးအာရုံကိုသိတဲ့အခါ
မှာကုသိုလ်စိတ်လည်းထို့နည်းတူပဲဖြစ်ပေါ်
ရတယ်။
ဝိထီစိတ်တစ်ခုခုမှာအကုသိုလ်စိတ်သည်အဏိဌာရုံကိုသိတဲ့အကုသိုလ်ဝိပက်စိတ်
တွေဆက်ပြီးဖြစ်ပေါ်သင့်တယ်လို့ကျွနုပ်
တို့တွေထင်ကြတယ်။ဘာကြောင့်လဲဆို
တော့ကျွနုပ်တို့သည်အဲဒီအာရုံရဲ့အုပ်ချုပ်
ခြင်းကိုခံရတဲ့အတွက်ကြောင့်ဖြစ်တယ်။
ဒါပေမယ့်သေချာစွာနဲ့ဝေဖန်သုံးသပ်ရရင်
အဲဒီအာရုံထဲမှာဒေါသတွေလည်းမရှိဘူး။
ကုသိုလ်စိတ်နှင့်အကုသိုလ်စိတ်တွေသည်
အကြောင်းကြောင့်ဖြစ်ပေါ်ရတယ်။ကု
သိုလ်ဝိပက်နှင့်အကုသိုလ်ဝိပက်သည်
ကံရဲ့အကျိုးပေးတွေဖြစ်တယ်။ကျွနုပ်တို့
သည်ဝိပက်(အကျိုးပေး)ထက်သာတဲ့
အာဏာတွေရှိချင်ကြတယ်။ဒါပေမယ့်
ဘယ်လိုမှမဖြစ်နိုင်ဘူး။အကုသိုလ်ဝိပက်
ဖြစ်ပေါ်တဲ့အချိန်မှာကျွနုပ်တို့တွေမဖြစ်
ပေါ်အောင်တားလို့မရဘူး။ကျွနုပ်တို့တွေ
ရဲ့ဘဝသည်အကြောင်းကြောင့်ဖြစ်ပေါ်
ပြီးပျက်သွားတဲ့ရုပ်တရားနှင့်နာမ်တရား
သာဖြစ်တယ်။တကယ်လို့ဝိပက်သည်ဖြစ်
ပေါ်ပြီးချက်ချင်းပျက်သွားတဲ့စိတ်တစ်ခ
ဏသာဖြစ်တယ်ဆိုတာကျွနုပ်တို့တွေသိ
မယ်ဆိုရင်ဖြစ်ပေါ်တဲ့အဏိဌာရုံထဲမှာစိတ်
မသာယာမှုတွေနည်းလာမယ်။တစ်ချို့က
အသေးစိတ်နဲ့စိတ်ရဲ့တာဝန်နှင့်စိတ်ရဲ့အ
ကြောင်းတွေကိုသိဖို့လိုအပ်လာဆိုတာသံသယတွေရှိကြတယ်။အဲဒီကုသိုလ်စိတ်
နှင့်အကုသိုလ်စိတ်ရဲ့အကြောင်းတွေကိုသိ
ရုံလောက်နဲ့မလုံလောက်ဘူးလာ?အ
ကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပေါ်ပြီး
တာဝန်အမျိုးမျိုးကိုလုပ်တဲ့ကုသိုလ်စိတ်
နှင့်အကုသိုလ်စိတ်တွေကလွဲလို့တစ်ခြား
ဝိထီစိတ်အမျိုးအစားအကြောင်းတွေကို
လည်ကျွနုပ်တို့တွေသိသင့်တယ်။
ကျွနုပ်တို့သည်ကုသိုလ်နှင့်အကုသိုလ်တွေ
ကိုစုစောင်းလာတဲ့အတွက်ကြောင့်ကု
သိုလ်စိတ်နှင့်အကုသိုလ်စိတ်တွေဖြစ်ပေါ်
ရတယ်။အများအားဖြင့်လောကသည်ကိ
လေသာတွေကိုဖြစ်ပေါ်စေနိုင်တယ်လို့
ပြစ်တင်ကြတယ်။ဘာကြောင့်လဲဆိုတော့
စိတ်ထဲမှာကိလေသာတွေကိုစုစောင်းထား
တယ်ဆိုတာမသိကြဘူး။ကိလေသာတွေ
သည်ကိုယ့်ရဲ့ပတ်ပတ်လည်မှာရှိတဲ့ပစ္စည်
၊ဉစ္စာတွေနဲ့မသက်ဆိုင်ဘူး။တစ်ချို့ကကိ
လေသာတွေမရှိအောင်မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်နှင့်စိတ်တွေမရှိချင်ကြဘူး။
ဘာပဲဖြစ်ဖြစ်ကိလေသာကိုငြိမ်းသတ်နိုင်
တဲ့နည်းလမ်းတစ်လမ်းကတော့ဒွါရအမျိုး
မျိုးမှအမှန်အတိုင်းဖြစ်ပေါ်တဲ့တရားသ
ဘောတွေကိုသိရတယ်။တရားတော်တွေ
ကိုနာကြားပြီးတဲ့အရိယာသာဝကတွေ
သည်ဒီလိုမြင်တဲ့အခါမှာငြီးငွေ့လာကြ
တယ်။အကြောင်းကြောင့်ဖြစ်ပြီးစက္ခု
သမ္ဖကြောင့်ဖြစ်ပေါ်တဲ့မျက်စိ၊ရုပ်၊စက္ခု
ဝိညာဉ်၊စက္ခုသမ္ဖ၊သုခဝေဒနါ၊ဒုက္ခဝေဒ
နာနှင့်အဒုက္ခသုခဝေဒနါတွေမှာလည်းငြီး
ငွေ့လာတဲ့အခါမှာလည်းငြိတွယ်ခြင်းတွေ
စွန့်လွတ်လာနိုင်တယ်။စွန့်လွတ်နိုင်တဲ့အတွက်ကြောင့်လွတ်မြောက်နိုင်တယ်။
လွတ်မြောက်သွားတဲ့အခါမှာလွတ်မြောက်
ခြင်းကိုသိတဲ့စျာန်ရှိလာတယ်။ဒါကြောင့်
ဘဝဆုံးပြီးဆိုတာသေချာစွာသိလာရ
တယ်။မြင့်မြတ်တဲ့တရားတွေကျင့်ကြံခြင်းမှဆုံးသွားပြီးဖြစ်တယ်။လုပ်သင့်တဲ့
တာဝန်တွေကိုလည်းလုပ်ဆောင်သွား
ပြီးဖြစ်တယ်။ဒီလိုဖြစ်ဖို့တစ်ခြားတာဝန်
လည်းမရှိတော့ဘူး။
ဒီသုတ္တန်သည်မြင်၊ကြား၊အနံ့ရ၊အရသာ
ရ၊ကိုယ်နဲ့ထိတွေ့ခြင်းကိုသိတဲ့အချိန်နှင့်
စဉ်းစားတဲ့အချိန်တွေမှာသတိအောက်
မေ့သိဖို့နှိုးဆော်ပေးတယ်။ဒီအချိန်တွေ
သည်ဖြစ်ပေါ်ပြီးပျက်သွားတဲ့စိတ်အမျိုးမျိုးတွေရဲ့တာဝန်တွေဖြစ်တယ်။
##စမ်းသပ်မေးခွန်း##
၁။ပဉ္စဒွါရဝိထီမှကုသိုလ်စိတ်(သို့)အကု
သိုလ်စိတ်တွေမဖြစ်ပေါ်ခင်ဘယ်စိတ်
ကအာရုံကိုဆုံးဖြတ်ပေးသလဲ?အဲဒီစိတ်
သည်သဟေတုကလာ?(သို့)အဟေတု
ကလာ?
၂။မနောဒွါရဝိထီမှကုသိုလ်စိတ်(သို့)အကု
သိုလ်စိတ်မဖြစ်ပေါ်ခင်ဘယ်စိတ်ကအ
ရင်ဖြစ်ပေါ်သလဲ?အဲဒီစိတ်သည်ဘာတာ
ဝန်လုပ်သလဲ?
၃။မနောဒွါရဝိထီမှအဲဒီကုသိုလ်စိတ်(သို့)
အကုသိုလ်စိတ်ရဲ့အရင်ဖြစ်ပေါ်တဲ့စိတ်
သည်အဲဒီအာရုံကိုသိတဲ့ပထမဆုံးဝိထီ
စိတ်ဖြစ်တယ်ဆိုတာဟုတ်လာ?
၄။ဒီစိတ်တစ်ပါးသည်ပညာနဲ့အတူဖြစ်
ပေါ်လို့ရလာ?
၅။အသံသည်သောတဒွါရနှင့်မနောဒွါရမှ
သိနိုင်တယ်။အဲဒီမနောဒွါရမှအသံကိုသိ
တဲ့အခါမှာအသံကပျက်သွားပြီးဟုတ်
လာ?
၆။အာဝချနတာဝန်ကိုလုပ်တာစိတ်ဘယ်
နှစ်ပါးလဲ?
## ချဝနတာဝန် ##
မြင်တဲ့၊ကြားတဲ့၊အနံ့ရတဲ့၊အရသာရတဲ့၊
ကိုယ်မှထိတွေ့ခြင်းကိုသိတဲ့(သို့)စိတ်မှ
အာရုံကိုသိတဲ့အချိန်သည်အဲဒီဒွါရမှအာ
ရုံကိုသိတဲ့စိတ်တစ်ပါးသာရှိတာမဟုတ်
ဘူး။ဒါပေမယ့်ဝိထီစိတ်အမျိုးမျိုးသည်
အဲဒီအာရုံတစ်ခုတည်းကိုသိပြီးဆက်လက်
ဖြစ်ပေါ်တယ်။ရုပ်သည်ဒွါရတစ်ခုခုကိုထိ
တွေ့တဲ့အခါမှာအဲဒီရုပ်ကိုသိပြီးဆက်
လက်ဖြစ်ပေါ်တဲ့စိတ်များစွာရှိတယ်။အဲဒီ
ဒွါရမှဝိထီစိတ်တွေအားလုံးပျက်သွားတဲ့
အခါမှာမနောဒွါရဝိထီစိတ်လည်းနောက်
ထပ်ဖြစ်ပေါ်ပြီးအဲဒီရုပ်ကိုသိတယ်။ပဉ္စ
ဒွါရဝိထီနှင့်မနောဒွါရဝိထီသည်တစ်ချိန်
လုံးဆက်လက်ဖြစ်၊ပျက်နေတယ်။ကု
သိုလ်စိတ်(သို့)အကုသိုလ်စိတ်တွေသည်ပဉ္စဒွါရနှင့်မနောဒွါရမှဖြစ်ပေါ်တယ်ဆိုတာ
ကျွနုပ်တို့တွေမသိနိုင်ဘူး။စုစောင်းလာတဲ့
မသိမှုတွေသည်ကုသိုလ်စိတ်နှင့်အကု
သိုလ်စိတ်ထဲမှာကျွနုပ်တို့တွေမသိအောင်
လုပ်စေတယ်။ပြီးတော့အဲဒီထက်အသေး
စိတ်တဲ့ကိလေသာတွေကိုမသိကြဘူး။အဲ
ဒီပဉ္စဒွါရမှအာရုံကိုသိတဲ့ပထမဆုံးစိတ်
သည်ကုသိုလ်စိတ်(သို့)အကုသိုလ်စိတ်
တွေမဟုတ်ဘူး။ဒါပေမယ့်ကိရိယာစိတ်
နှင့်ဝိပက်စိတ်တွေဖြစ်တယ်။ပဉ္စဒွါရလာ
ဝချနစိတ်သည်အဟေတုကကိရိယာ
စိတ်တွေဖြစ်တယ်။(သောမနအကြောင်း
(သို့)အကုသိုလ်အကြောင်းနဲ့မပေါင်းစပ်
တဲ့ကိရိယာစိတ်)ပဉ္စဒွါရလာဝချနစိတ်
ပျက်သွားတဲ့အခါမှာထဝိပဉ္စဝိညာဉ်တစ်
ပါးကဆက်လက်ပြီးဖြစ်ပေါ်တယ်။(ပဉ္စ
ဝိညာဉ် ၅စုံတွေကတော့ မြင်၊ကြား….)
ထဝိပဉ္စဝိညာဉ်သည်အဟေတုကဝိပက်
ဖြစ်တယ်။အဟေတုကဝိပက်စိတ်၂ပါး
သည်ထဝိပဉ္စဝိညာဉ်ကနေဆက်လက်ဖြစ်
ပေါ်တယ်။ဘာတွေလဲဆိုတော့အာရုံကို
လက်ခံတဲ့သမ္ပတီချနစိတ်နှင့်အာရုံကိုဝေ
ဖန်သုံးသပ်တဲ့သမ်တီလနစိတ်တို့ဖြစ်ကြ
တယ်။ဝို့ထဖနစိတ်သည်သမ်တီလနစိတ်
ကနေဆက်လက်ဖြစ်ပေါ်တဲ့အဟေတုက
ကိရိယာစိတ်ဖြစ်တယ်။ဝို့ထဖနစိတ်သည်
အာရုံကိုဆုံးဖြတ်တယ်။ဝို့ထဖနစိတ်ကနေ
ကုသိုလ်စိတ်(သို့)အကုသိုလ်စိတ်တွေဖြစ်
တယ်။ဝို့ထဖနစိတ်ကနေဆက်လက်ဖြစ်
ပေါ်တဲ့ရဟန္တာတွေရဲ့စိတ်သည်ကုသိုလ်
စိတ်(သို့)အကုသိုလ်စိတ်တွေမဖြစ်ဘူး။
ဒါပေမယ့်ကိရိယာစိတ်တွေဖြစ်တယ်။ပဉ္စ
ဒွါရဝိထီစိတ်ပျက်သွားတဲ့အခါမှာဘဝင်စိတ်အရင်ကြားဖြတ်ဖြစ်ပေါ်ပြီးမနောဒွါ
ရဝိထီစိတ်သည်ဖြစ်ပေါ်ပြီးအာရုံတစ်ခု
တည်းကိုသိရတယ်။ပြီးတော့မနောဒွါရ
လာဝချနစိတ်သည်မနောဒွါရမှအာရုံကို
အောက်မေ့တဲ့တာဝန်ကိုလုပ်ပြီးဖြစ်ပေါ်
ရတယ်။မနောဒါရလာဝချနစိတ်ပျက်သွား
တဲ့အခါမှာရဟန္တာမဟုတ်တဲ့သူတွေအ
တွက်ကျတော့ကုသိုလ်စိတ်(သို့)အကု
သိုလ်စိတ်တွေဆက်လက်ဖြစ်ပေါ်တယ်။
မနောဒွါရလာဝချနစိတ်သည်ကုသိုလ်(သို့)
အကုသိုလ်တွေမဟုတ်ဘူး။ဒါပေမယ့်အ
ဟေတုကကိရိယာစိတ်တွေဖြစ်တယ်။
အဲဒီဖြစ်ပေါ်တဲ့စိတ်တွေသည်လျှင်မြန်စွာ
နဲ့ဖြစ်၊ပျက်နေတဲ့အတွက်ကြောင့်ကွာခြား
ကြတယ်ဆိုတာသိဖို့ခက်ခဲရခြင်းဖြစ်
တယ်။ဘယ်အချိန်မှာကုသိုလ်စိတ်(သို့)
အကုသိုလ်စိတ်တွေဖြစ်သလဲဆိုတာ
ကျွနုပ်တို့တွေအမြဲတမ်းလိုလိုမသိကြဘူး။
ဉပမာ-မြင်ပြီးသွားတဲ့နောက်ပိုင်းမှာမြင်တဲ့
အရာကိုနှစ်သက်လာ?(သို့)မနှစ်သက်ဘူး
လာဆိုတာမသိနိုင်ဘူး။(သို့)အဲဒီအချိန်မှာ
တရားသဘောတွေကိုမသိဘူး။တကယ်
လို့တရားသဘောတွေကိုလေ့လာသင်
ကြားရရင်အသေးစိတ်တဲ့ကိလေသာ
တွေကိုကျွနုပ်တို့တွေပိုပြီးသိနိုင်တယ်။
အကုသိုလ်တွေကိုမသိခြင်းသည်အပြစ်
အန္တာရယ်တွေဖြစ်တယ်။ပြီးတော့အကု
သိုလ်စိတ်တွေဖြစ်နေတယ်ဆိုတာမသိတဲ့
အခါမှာအကုသိုလ်တွေကိုပိုပြီးစုစောင်း
လာကြတယ်။ကုသိုလ်စိတ်(သို့)အကု
သိုလ်စိတ်တွေသည်ဖြစ်ပေါ်ပြီးချဝန
တာဝန်ကိုလုပ်တယ်။ဆိုလိုတာကအာရုံ
ထဲမှာလည်ပတ်သွားတဲ့တာဝန်ကိုလုပ်
တယ်။အဲဒီပဉ္စဒွါရဝိထီမှဝို့ထဖနစိတ်သည်
အာရုံကိုဆုံးဖြတ်ပြီးချဝနစိတ်တွေဖြစ်
ပေါ်ရခြင်းဖြစ်တယ်။ပြီးတော့မနောဒွါရ
ဝိထီမှမနောဒွါရလာဝချနစိတ်သည်အာရုံ
ကိုလက်ခံသိပြီးချဝနစိတ်တွေဖြစ်ပေါ်ရ
တယ်။ဒါကြောင့်ဆက်လက်ဖြစ်ပေါ်တဲ့
ကုသိုလ်စိတ်(သို့)အကုသိုလ်စိတ်သည်
အာရုံထဲမှာလည်ပတ်သွားတဲ့တာဝန်တစ်
ခုသာရှိရခြင်းဖြစ်တယ်။
ပုံမှန်ကတော့ချဝနတာဝန်ကိုလုပ်တဲ့စိတ်
သည်၇ကြိမ်ဆက်လက်ပြီးဖြစ်၊ပျက်နေ
တယ်။တကယ်လို့ပထမဆုံးချဝနစိတ်
သည်ကုသိုလ်ဖြစ်မယ်ဆိုရင်၆ကြိမ်နဲ့
ဆက်လက်ဖြစ်ပေါ်တဲ့ချဝနစိတ်သည်ကု
သိုလ်စိတ်ဖြစ်တယ်။ဘယ်အချိန်မှာချဝန
စိတ်သည်လောဘမူလစိတ်(သို့)ဒေါသမူ
လစိတ်(သို့)မောဟမူလစိတ်(သို့)ကုသိုလ်
စိတ်တွေဖြစ်သလာဆိုတာကျွနုပ်တို့တွေ
သိကြရဲ့လာ?အများအားဖြင့်ချဝနစိတ်
ဖြစ်ပေါ်တဲ့အချိန်တွေမှာလည်းအမှန်အ
တိုင်းရှိတဲ့တရားသဘောတွေကိုကျွနုပ်တို့
တွေမသိကြဘူး။ချဝနတာဝန်ကိုလုပ်တဲ့
စိတ်၅၅ပါးရှိပြီးဘာတွေလဲဆိုတော့အကု
သိုလ်စိတ်၁၂ပါး(လောဘမူလစိတ်၈ပါး၊
ဒေါသမူလစိတ်၂ပါးနှင့်မောဟမူလစိတ်၂
ပါး)၊ကာမာဝကျလကုသိုလ်စိတ်၈ပါး(မ
ဟာကုသိုလ်စိတ်)နှင့်ရဟန္တာတွေရဲ့မဟာ
ကိရိယာစိတ်၈ပါးတို့ဖြစ်ကြတယ်။ရဟန္တာ
တွေသည်မဟာကုသိုလ်စိတ်အစားမဟာ
ကိရိယာစိတ်တွေသာရှိတယ်။ဘာကြောင့်
လဲဆိုတော့ရဟန္တာတွေသည်ကံတွေကို
နောက်ထပ်ဆက်ပြီးမစုစောင်းတဲ့အတွက်
ကြောင့်ဖြစ်တယ်။မဟာကိရိယာစိတ်
သည်စျာန်စိတ်(သို့)လောကုတ္တရာစိတ်
မဟုတ်တဲ့ကာမဘုံဖြစ်တယ်။ရဟန္တာတွေ
သည်မြင်တယ်၊ကြားတယ်(သို့)အာရံ ၅
ပါးအကြောင်းတွေကိုစဉ်းစားတဲ့ကာမာ
ဝကျလစိတ်တွေရှိတယ်။ဒါပေမယ့် ရဟန္တာတွေသည်ဘယ်အာရုံတွေကိုပဲသိ
နေပါစေကုသိုလ်စိတ်(သို့)အကုသိုလ်
စိတ်တွေမဖြစ်ပေါ်ဘူး။
ရဟန္တာတွေသည်ချဝနတာဝန်ကိုလုပ်တဲ့
အဟေတုကကိရိယာစိတ်တွေရှိတယ်။
ဆိုလိုတာကရဟန္တာတွေပြုံးနေတဲ့အခါ
မှာဖြစ်ပေါ်တဲ့ဟစိတုပါထစိတ်ဖြစ်တယ်။
ရုပ်စျာန်ကိုထိုးထွင်းတဲ့ပုဂ္ဂိုလ်တွေအတွက်
ကျတော့ရူပါဝကျလကုသိုလ်စိတ် ၅ပါးရှိ
တယ်။ဘာကြောင့်လဲဆိုတော့ရုပ်စျာန် ၅
ဆင့်ရှိတဲ့အတွက်ကြောင့်ဖြစ်တယ်။ရုပ်
စျာန်ကိုထိုးထွင်းစွာသိတဲ့ရဟန္တာတွေသည်
ချဝနတာဝန်ကိုလုပ်တဲ့ရူပါဝကျလကိရိ
ယာစိတ် ၅ပါးရှိတယ်။အရုပ်စျာန်ကို
အောင်မြင်တဲ့ပုဂ္ဂိုလ်တွေအတွက်ကျတော့
အရူပါဝကျလကုသိုလ်စိတ် ၄ပါးရှိတယ်။
ဘာကြောင့်လဲဆိုတော့အရုပ်စျာန် ၄ဆင့်
ရှိတဲ့အတွက်ကြောင့်ဖြစ်တယ်။အရုပ်စျာန်
ကိုထိုးထွင်းစွာသိတဲ့ဟန္တာသည်ချဝနတာ
ဝန်ကိုလုပ်တဲ့အရူပါဝကျလကိရိယာစိတ်
၄ပါးရှိတယ်။မြတ်နိဗ္ဗာန်ကိုထိုးထွင်းစွာသိ
တဲ့ပုဂ္ဂိုလ်တွေသည်လောကုတ္တရာစိတ်
တွေရှိတယ်။လောကုတ္တရာစိတ် ၈ပါးရှိ
ပြီးမဂ္ဂစိတ် ၄ပါးနှင့်ဖိုလ်စိတ် ၄ပါးတို့ဖြစ်
ကြတယ်။လောကုတ္တရာစိတ် ၄စုံရှိပြီး
မြတ်နိဗ္ဗာန်ကိုထိုးထွင်းစွာသိဖို့သည် ၄ဆင့်
ရှိရတယ်။တစ်ခြားဘုံကဝိပက်စိတ်တွေ
သည်ချဝနတာဝန်ကိုလုပ်လို့မရဘူး။ဒါ
ပေမယ့်လောကုတ္တရာဝိပက်စိတ်သည်ချဝ
နတာဝန်ကိုလုပ်လို့ရတယ်။ဒါကြောင့်
လောကုတ္တရာစိတ် ၈ပါးစလုံးသည်ချဝန
တာဝန်ကိုလုပ်ရခြင်းဖြစ်တယ်။
စုစုပေါင်းချဝနတာဝန်ကိုလုပ်တဲ့စိတ် ၅၅
ပါးရှိကြတယ်။ဘာတွေလဲဆိုတော့အကု
သိုလ်စိတ် ၁၂ပါး=လောဘမူလစိတ် ၈ပါး၊
ဒေါသမူလစိတ် ၂ပါး၊မောဟမူလစိတ် ၂
ပါးတို့ဖြစ်ကြတယ်။မဟာကုသိုလ်စိတ် ၈
ပါးသည်ကာမာဝကျလကုသိုလ်စိတ်ဖြစ်
တယ်။မဟာကိရိယာစိတ် ၈ပါး၊ဟစိတုပါ
ထစိတ် ၁ပါး၊ရူပါဝကျလကုသိုလ်စိတ် ၅ပါးသည်ရုပ်စျာန်စိတ်ဖြစ်တယ်။ရူပါဝ
ကျလကိရိယာစိတ် ၅ပါးသည်ရဟန္တာရဲ့
ရုပ်စျာန်စိတ်ဖြစ်တယ်။အရူပါဝကျလကု
သိုလ်စိတ် ၄ပါးသည်အရုပ်စျာန်စိတ်ဖြစ်
တယ်။အရူပါဝကျလကိရိယာစိတ် ၄ပါး
သည်ရဟန္တာရဲ့အရုပ်စျာန်စိတ်ဖြစ်တယ်။
လောကုတ္တရာစိတ် ၈ပါးသည်မဂ္ဂစိတ်(
လောကုတ္တရာကုသိုလ်)၄ပါးနှင့်ဖိုလ်စိတ်
(လောကုတ္တရာဝိပက်)၄ပါးတို့ဖြစ်ကြ
တယ်။အာရုံတစ်ခုခုမှာသိပြီးဖြစ်ပေါ်တဲ့
အဲဒီအကုသိုလ်စိတ်တွေသည်တစ်ခဏ
သာရှိတာမဟုတ်ဘူးဆိုတာသိဖို့အကျိုး
ဖြစ်တယ်။ဒါပေမယ့်တစ်ကြိမ်ကြိမ်မှာ
အကုသိုလ်စိတ်တွေ ၇ကြိမ်ထိဆက်လက်
ဖြစ်ပေါ်ခြင်းရှိတယ်။ပြီးတော့အကုသိုလ်
စိတ်သည်နောက်ထပ်အကြိမ်များစွာဆက်
ပြီးဖြစ်ပေါ်သေးတယ်။ပြီးတော့မကြိုက်
နှစ်သက်ခြင်းတွေဖြစ်ပေါ်တဲ့အချိန်မှာဝိထီ
စိတ်သည်အဲဒီအာရုံကိုသိပြီးဖြစ်ပေါ်တယ်
။ပြီးတော့အဲဒီတစ်ကြိမ်စီတွေမှာလည်းအ
ကုသိုလ်ချဝနစိတ်တွေ ၇ကြိမ်ဖြစ်ပေါ်ခြင်းရှိတယ်။ကျွနုပ်တို့တွေသည်တစ်စုံ
တစ်ရာထဲမှာကြိုက်(သို့)မကြိုက်ခြင်းတွေ
ရှိတဲ့အခါမှာအကုသိုလ်စိတ်တွေများစွာ
ဖြစ်ပေါ်ရခြင်းဖြစ်တယ်။
အကုသိုလ်စိတ်တွေမဖြစ်ပေါ်အောင်ထိန်း
ချုပ်လို့ရတဲ့နင်၊ငါတွေမရှိဘူး။ဝို့ထဖန
စိတ်သည်ပဉ္စဒွါရဝိထီမှအာရုံကိုဆုံးဖြတ်
တဲ့အခါမှာအကုသိုလ်စိတ်တွေဖြစ်ပေါ်
တယ်။မနောဒွါရလာဝချနစိတ်သည်မနော
ဒွါရမှအာရုံကိုလက်ခံသိတဲ့အခါမှာအကု
သိုလ်စိတ်တွေဖြစ်ပေါ်တယ်။ပထမဆုံးချ
ဝနစိတ်ဖြစ်ပေါ်တဲ့အခါမှာနောက်ချဝန
စိတ်တစ်ခဏတွေလည်းဆက်လက်ပြီး
ဖြစ်ပေါ်ရတယ်။ပထမဆုံးချဝနစိတ်သည်
နှစ်ကြိမ်မြောက်ချဝနစိတ်ကိုဆက်ပြီးဖြစ်
ပေါ်စေတဲ့အကြောင်းဖြစ်တယ်။နှစ်ကြိမ်
မြောက်ချဝနစိတ်သည်တတိယမြောက်
ချဝနစိတ်ကိုဆက်ပြီးဖြစ်ပေါ်စေတဲ့အ
ကြောင်းဖြစ်တယ်။ ၃၊၄၊၅၊၆မြောက်ချဝန
စိတ်တွေလည်းထို့နည်းတူပဲဖြစ်တယ်။ကု
သိုလ်ချဝနစိတ်ရှိတဲ့ဝိထီနှင့်အကုသိုလ်
ချဝနစိတ်ရှိတဲ့ဝိထီသည်လျှင်မြန်စွာနဲ့တစ်
လှည့်စီဖြစ်၊ပျက်နေတယ်။ဉပမာ-ရဟန်း
တွေကိုဆွမ်းကပ်ဖို့စေတနာရှိတဲ့သူတွေ
သည်ဆွမ်းချက်ဖို့ပစ္စည်းတွေဝယ်ပြီးတဲ့အ
ခါမှာဝယ်လာပြီးတဲ့ပစ္စည်းတွေသည်စျေး
ကြီးသွားတယ်လို့စဉ်းစားခြင်းတွေဖြစ်
ပေါ်လာတယ်။အဲဒီအချိန်မှာတွန့်တိုးခြင်းနဲ့
ပေါင်းစပ်တဲ့စိတ်တွေဖြစ်ပေါ်နိုင်တယ်။ချ
ဝနစိတ်လည်းအကုသိုလ်ဖြစ်တယ်။ဒါ
ကြောင့်ကုသိုလ်ပြုလုပ်ချင်တဲ့စေတနာ
ရှိပေမယ့်လည်းစုစောင်းထားတဲ့ကိလေ
သာတွေအကြောင်းရှိတဲ့အခါမှာဘယ်အ
ချိန်မဆိုဖြစ်ပေါ်နိုင်တယ်ဆိုတာမြင်သိ
နိုင်တယ်။
စိတ်သည်ချဝနစိတ်ဖြစ်တဲ့အချိန်မှာကု
သိုလ်(သို့)အကုသိုလ်တွေကိုစုစောင်း
တယ်။ချဝနစိတ်ကိုထိန်းချုပ်လို့မရဘူး။
ဒါပေမယ့်ကုသိုလ်စိတ်ကိုဖြစ်ပေါ်စေတဲ့
အကြောင်းကိုသိခြင်းသည်ဖြစ်ပေါ်လာ
မယ့်အကုသိုလ်စိတ်တွေလျော့နည်းလာ
အောင်ပြုလုပ်ပေးတယ်။ဗုဒ္ဓမြတ်စွာဘု
ရားသည်အကုသိုလ်တွေလျော့နည်းသွား
အောင်ပြုလုပ်ပေးတဲ့နည်းလမ်းကိုမဟာ
ကရုဏာတော်ကြီးမားစွာနဲ့ဆိုဆုံးမသွား
တယ်။ဗုဒ္ဓမြတ်စွာဘုရားသည်ဒါန၊သီလ၊
(သို့)ဘာဝနာစတဲ့ကုသိုလ်အမျိုးမျိုးတွေ
ကိုပြုလုပ်ဖို့ကျွနုပ်တို့ကိုသတိပေးတယ်။
ပြီးတော့အကုသိုလ်အားလုံးတွေကိုငြိမ်း
နိုင်တဲ့ပညာတွေကိုတိုးတက်အောင်ပွား
များဖို့ဗုဒ္ဓမြတ်စွာဘုရားကဆိုဆုံးမသွား
တယ်။ပညာသည်အဆင့်များစွာရှိကြ
တယ်။ဘယ်အရာကအကုသိုလ်ဖြစ်
တယ်၊ဘယ်အရာကကုသိုလ်ဖြစ်တယ်
ဆိုတာသိရုံသာဖြစ်တဲ့ပညာသည်အကု
သိုလ်တွေကိုငြိမ်းလို့မရဘူး။တကယ်လို့
ထိုးထွင်းတဲ့အဆင့်ထိမရောက်တဲ့ပညာ
သည်ကုသိုလ်တွေပွါးများတဲ့နင်၊ငါနှင့်
အကုသိုလ်တွေကိုရှောင်ကျဉ်တဲ့နင်၊ငါ
ရှိတယ်ဆိုပြီးအစွဲတွေရှိသေးတယ်။နင်၊
ငါထဲမှာစွဲခြင်းတွေရှိသေးတဲ့အခါကိလေ
သာတွေကိုငြိမ်းလို့မရဘူး။
အဲဒီအရိယာပုဂ္ဂိုလ်တွေမဟုတ်သေးတဲ့သူ
တွေသည်ငါးပါးသီလကိုရှောင်ကျဉ်နိုင်
တာတော့မှန်တယ်။ဒါပေမယ့်အရိယာ
ပုဂ္ဂိုလ်တွေနဲ့ကွာခြားတယ်။ဘာကြောင့်
လဲဆိုတော့ပုထုဇဉ်တွေသည်အကြောင်း
ရှိလာတဲ့အခါမှာသီလတွေကိုချိုးဖောက်
နိုင်တယ်။ဒါပေမယ့်အရိယာပုဂ္ဂိုလ်တွေ
ကတော့နောက်ထပ်သီလတွေကိုချိုး
ဖောက်တဲ့အကြောင်းတွေမရှိတော့ဘူး။
သီလရှိတဲ့အရိယာပုဂ္ဂိုလ်တွေသည်နောက်
ထပ်သီလကိုနင်၊ငါဖြစ်တယ်လို့မစွဲထား
ကြတော့ဘူး။အကြောင်းကတော့အရိယာ
ပုဂ္ဂိုလ်တွေသည်မိစ္ဆာဒိဌိ(အမြင်မှား)ကို
အားလုံးငြိမ်းသတ်နိုင်ပြီးဖြစ်တယ်။ဒါ
ကြောင့်အရိယာပုဂ္ဂိုလ်တွေရဲ့သီလသည်
ပိုပြီးမြင့်မြတ်တယ်။အရိယာပုဂ္ဂိုလ်တွေ
သည်သမုစ္ဒေအဖြစ်နဲ့ကိလေသာအားလုံး
ကိုငြိမ်းသတ်နိုင်တဲ့နည်းလမ်းကိုကျင့်ကြံ
အားထုတ်ကြတယ်။သတိမေ့မျောတဲ့အ
ချိန်မှာကျွနုပ်တို့သည်ဖြစ်ပေါ်တဲ့အာရုံကို
နင်၊ငါတွေဖြစ်တယ်လို့စွဲထားကြတယ်။
ပြီးတော့မမြဲတဲ့နာမ်တရားနှင့်ရုပ်တရား
နှင့်ရုပ်တရားတွေဖြစ်တယ်ဆိုတာတရား
သဘောတွေကိုပညာနဲ့ထိုးထွင်းစွာသိတဲ့
အခါမှာကုသိုလ်ချဝနစိတ်တွေဖြစ်ပေါ်
မယ့်အခွင့်အရေးတွေလျော့နည်းလာ
တယ်။
## စမ်းသပ်မေးခွန်း ##
၁။ရဟန္တာတွေသည်ချဝနတာဝန်ကိုလုပ်တဲ့
လောကုတ္တရာစိတ်တွေသာရှိတယ်။(သို့)ချဝနတာဝန်ကိုလုပ်တဲ့ကာမာဝကျလ
စိတ်တွေရှိတယ်။
၂။ချဝနတာဝန်ကိုလုပ်တဲ့ဝိပက်စိတ်တွေ
ရှိလာ?
## တထာလန်ဖနစိတ်နှင့်စုတိစိတ်ရဲ့
တာဝန် ##
အဲဒီပသာဓာတ် ၅ပါးကိုထိတွေ့တဲ့အာရုံ
သည်အဆင်း၊အသံ၊အနံ့၊အရသာ(သို့)ထိ
တွေ့ခြင်းတွေလည်းဖြစ်နိုင်တယ်။ဒီအာရုံ
တွေသည်ဖြစ်ပြီးပျက်သွားတဲ့ရုပ်တရားတွေဖြစ်တယ်။ဒါပေမယ့်နာမ်တရား
လောက်မမြန်ဘူး။ရုပ်သည်စိတ်ရဲ့ ၁၇
ကြိမ်ထိနေနိုင်တယ်။ပသာဓာတ်တစ်ခုခု
ကိုရုပ်ထိတွေ့တဲ့အခါမှာပဉ္စဒွါရလာဝချန
စိတ်သည်ချက်ချင်းမဖြစ်ပေါ်ဘူး။ဘဝင်
စိတ်အရင်ဖြစ်ပေါ်ခြင်းရှိရတယ်။ဆိုလို
တာကဘဝင်ရဲ့စွဲအားမဆုံခင်နောက်ဆုံး
ဘဝင်စိတ်ဖြစ်တဲ့အတီတာဘဝင်၊ဘဝင်
ခကျလနနှင့်ဘဝင်ခုပချေထတို့ဖြစ်ကြ
တယ်။ဒီဘဝင်စိတ်တွေသည်ထိတွေ့တဲ့
ပသာဓာတ်ရုပ်ကိုမသိဘူး။ကိရိယာစိတ်
ဖြစ်တဲ့ပဉ္စဒွါရလာဝချနစိတ်သည်ပသာ
ဓာတ်ကိုထိတွေ့တဲ့အာရုံကိုသိပြီးထဝိ
ပဉ္စဝိညာဉ်ဖြစ်တယ်။ဉပမာ-ဝိပက်စိတ်
ဖြစ်တဲ့စက္ခုဝိညာဉ်၊သောတဝိညာဉ်တွေ
သည်ဆက်ပြီးဖြစ်ပေါ်ရတယ်။ဝိပက်စိတ်
သည်ကုသိုလ်ကံ(သို့)အကုသိုလ်ကံရဲ့အ
ကျိုးတွေဖြစ်တယ်။ဘယ်လိုပဲဖြစ်ဖြစ်ဝိ
ထီစိတ်ဖြစ်တဲ့အဲဒီဝိပက်စိတ်တစ်ပါးသာ
မဟုတ်ဘူး။ဒါပေမယ့်ဝိပက်စိတ်တွေများ
စွာရှိကြတယ်။ဉပမာ-ထဝိပဉ္စဝိညာဉ်က
နေဆက်ပြီးဖြစ်ပေါ်တဲ့သမ္ပတီချနစိတ်နှင့်
သမ္ပတီချနစိတ်ကနေဆက်ဖြစ်ပေါ်တဲ့သမ်
တီရနစိတ်တွေသည်ဝိပက်စိတ်တွေဖြစ်
တယ်။သမ်တီရနစိတ်ကနေဆက်ဖြစ်ပေါ်
တဲ့ဝို့ထဖနစိတ်သည်ကိရိယာစိတ်ဖြစ်
တယ်။ဝို့ထဖနစိတ်ပျက်သွားတဲ့အခါမှာ
ရဟန္တာမဟုတ်တဲ့ပုဂ္ဂိုလ်တွေအတွက်ကျ
တော့ကုသိုလ်စိတ်(သို့)အကုသိုလ်စိတ်
တွေဆက်လက်ဖြစ်ပေါ်တဲ့ချဝနစိတ် ၇ပါး
ရှိတယ်။ပဉ္စဒွါရလာဝချနစိတ်ကစပြီးဝိထီ
စိတ်အပါးတိုင်းသည်ပသာဓာတ်တစ်ခုခု
ကိုထိတွေ့တဲ့အာရုံတစ်ခုတည်းကိုသိကြ
တယ်။
တကယ်လို့အတီတာဘဝင်နဲ့အတူဖြစ်
ပေါ်ပြီးပသာဓာတ်ကိုထိတွေ့တဲ့အခါ
မှာရုပ်တစ်ရုပ်သည်စိတ်ရဲ့ ၁၇ကြိမ်နဲ့
အသက်ကြာတယ်ဆိုတာသိရတယ်။
ချဝနစိတ် ၇ကြိမ်မြောက်ပျက်သွားပြီးတဲ့
အခါမှာရုပ်သည်မပျက်သေးဘူး။အတီ
တာဘဝင်ကနေစပြီးစိတ်သည် ၁၅ပါး
လောက်သာဖြစ်၊ပျက်ရတယ်။ဒါကြောင့်
အဲဒီအာရုံကိုသိတဲ့နောက်ထပ်ဝိထီစိတ်
၂ပါးရှိရသေးတယ်။ချဝနစိတ်ပျက်သွား
ပြီးတဲ့နောက်ပိုင်းမှာဝိပက်စိတ် ၂ပါးသည်
ဖြစ်ပေါ်ပြီးအာရုံကိုသိတယ်။ဒီစိတ် ၂ပါး
သည်တထာလန်ဖနတာဝန်ကိုလုပ်တဲ့တ
ထာလန်ဖနစိတ်ဖြစ်တယ်။ဆိုလိုတာကချ
ဝနစိတ်ကနေအာရုံကိုလက်ခံတဲ့တာဝန်
ဖြစ်တယ်။တထာလန်ဖနစိတ်ပျက်သွား
တဲ့အခါမှာပဉ္စဒွါရဝိထီလည်းဝိထီအပါး
တိုင်းနဲ့ပြည့်စုံစွာဖြစ်ပေါ်တယ်။တကယ်
လို့ပသာဓာတ်ကို့ထိတွေ့တဲ့ရုပ်သည်အတီ
တာဘဝင်ထက်အရင်ဖြစ်ပေါ်တယ်ဆိုရင်
ဝိထီစိတ်လည်းဝိထီအပါးတိုင်းနဲ့ပြည့်စုံ
စွာမဖြစ်ပေါ်ဘူး။ဘာကြောင့်လဲဆိုတော့
ရုပ်အရင်ပျက်သွားတဲ့အတွက်ကြောင့်
တထာလန်ဖနစိတ်သည်ဖြစ်ပေါ်လို့မရဘူး။
အဲဒီကာမဝိထီထဲမှာချဝနစိတ်ကနေတထာ
လန်ဖနစိတ်တွေဆက်လက်ဖြစ်ပေါ်ဖို့ကံ
သည်အကြောင်းဖြစ်ပေးရတယ်။ကာမ
အာရုံအနည်းငယ်သာရှိတဲ့ရူပါဝကျလဘုံ
မှာမွေးတဲ့ပုဂ္ဂိုလ်နှင့်အဲဒီကာမအာရုံမရှိ
တော့တဲ့အရူပါဝကျလဘုံမှာမွေးတဲ့ပုဂ္ဂိုလ်
တွေအတွက်ကျတော့တထာလန်ဖနစိတ်
တွေမရှိတော့ဘူး။ပဉ္စဒွါရဝိထီစိတ်ရဲ့အာ
ရုံဖြစ်ပြီးပသာဓာတ်ကိုရုပ်ထိတွေ့တဲ့အ
ချိန်ကစပြီးဆက်လက်ဖြစ်၊ပျက်တဲ့စုစု
ပေါင်းစိတ်အမျိုးအစားတွေကတော့ ၁။
အတီတာဘဝင် ၂။ဘဝင်ခကျလန ၃။ဘ
ဝင်ခုပချေထ ၄။ပဉ္စဒွါရလာဝကျနစိတ်
၅။ထဝိပဉ္စဝိညာဉ် ၆။သမ္ပတီချနစိတ် ၇။
သမ်တီလနစိတ် ၈။ဝို့ထဖနစိတ် ၉။ချဝန
၇ပါး(ကုသိုလ်/အကုသိုလ်စိတ်)တို့သည်
အာရုံထဲမှာဝင်သွားတယ်။ ၁၀။တထာလန်
ဖနစိတ် ၂ပါးတို့ဖြစ်ကြတယ်။တထာလန်
ဖနစိတ်သည်အဲဒီပဉ္စဒွါရမှာသာအာရုံကို
သိတာမဟုတ်ဘူး။ဒါပေမယ့်မနောဒွါရမှာ
လည်းအာရုံကိုသိနိုင်တယ်။ပဉ္စဒွါရဝိထီမှ
အာရုံမပျက်သေးတဲ့အခါမှသာတထာလန်
ဖနစိတ်ဖြစ်ပေါ်တယ်။တကယ်လို့ပဉ္စဒွါရ
ဝိထီမှတထာလန်ဖနစိတ်ဖြစ်ပေါ်ပြီးအဲဒီ
ပဉ္စဒွါရဝိထီကနေမနောဒွါရဝိထီဖြစ်ပေါ်
တဲ့အခါမှာတထာလန်ဖနစိတ်ဖြစ်ပေါ်
ခြင်းရှိတယ်။
တထာလန်ဖနစိတ်သည် ၆ဒွါရစလုံးမှ
အာရုံကိုသိနိုင်တဲ့ဝိပက်စိတ်ဖြစ်တယ်။
တကယ်လို့အဲဒီအာရုံသည်ရူပါရုံ(မျက်
စိမှဖြစ်ပေါ်တဲ့အရာ)ဖြစ်တယ်ဆိုရင်
စိတ်သည်စက္ခုဒွါရမှအာရုံကိုသိတယ်။တ
ထာလန်ဖနစိတ်သည်စက္ခုဒွါရဝိထီဖြစ်
တယ်။ဆိုလိုတာကမျက်စိမှအဲဒီအာရုံကို
သိတယ်။အဲဒီစက္ခုဒွါရကနေဆက်ပြီး
ဖြစ်ပေါ်တဲ့မနောဒွါရဝိထီမှတထာလန်
ဖနစိတ်သည်မနောဒွါရဝိထီမှတထာလန်
ဖနစိတ်သည်မနောဒွါရမှအဲဒီအာရုံကိုသိ
တယ်။တကယ်လို့မနောဒွါရမှထိတွေ့တဲ့
အာရုံဖြစ်ရင်မကြိုက်နှစ်သက်တဲ့အာရုံ
ဖြစ်တယ်။အဲဒီဒွါရမှဖြစ်ပေါ်တဲ့ဝိပက်စိတ်
သည်အကုသိုလ်ဝိပက်ဖြစ်တယ်။တကယ်
လို့ပဉ္စဒွါရကိုထိတွေ့တဲ့အာရုံဖြစ်ရင်
ကြိုက်နှစ်သက်တဲ့အာရုံဖြစ်တယ်။အဲဒီ
ဒွါရမှဖြစ်ပေါ်တဲ့ဝိပက်စိတ်အပါးတိုင်း
သည်အကုသိုလ်ဝိပက်ဖြစ်တယ်။ပဉ္စဒွါရ
ကနေဆက်လက်ဖြစ်ပေါ်တဲ့မနောဒွါရဝိ
ထီမှတထာလန်ဖနစိတ်လည်းထို့နည်းတူ
ပဲကုသိုလ်ဝိပက်ဖြစ်တယ်။
တထာလန်ဖနတာဝန်ကိုလုပ်တဲ့စိတ်သည်
၁၁ပါးရှိပြီးအကြောင်းနဲ့မပေါင်းစပ်တဲ့အ
ဟေတုကဝိပက်စိတ် ၃ပါးနှင့်သောမနအ
ကြောင်းနဲ့ပေါင်းစပ်တဲ့သဟေတုကဝိပက်
စိတ် ၈ပါးတို့ဖြစ်ကြတယ်။တကယ်လို့တ
ထာလန်ဖနစိတ်သည်အဟေတုကဖြစ်
မယ်ဆိုရင်သမ်တီလနစိတ်လည်းတထာ
လန်ဖနတာဝန်ကိုလုပ်တယ်။အဟေတုက
ဝိပက်စိတ်ဖြစ်တဲ့သမ်တီလနစိတ်သည်
တာဝန်တစ်ခုထက်ပိုများတဲ့တာဝန်ကိုလုပ်
နိုင်တယ်ဆိုတာသိလိုက်ရတယ်။သမ်တီလ
နစိတ်သည်သမ်တီလနတာဝန်ကိုလုပ်တယ်။ဆိုလိုတာကသမ်တီလနစိတ်ကနေ
ဆက်လက်ပြီးပဉ္စဒွါရဝိထီမှအာရုံကိုဝေ
ဖန်သုံးသပ်တယ်။သမ်တီလနတာဝန်ကို
လုပ်တာကလွဲပြီးသမ်တီလနစိတ်သည်
ပဋိသန္ဓေတာဝန်၊ဘဝင်တာဝန်၊စုတိတာ
ဝန်နှင့်တထာလန်ဖနတာဝန်တွေကိုပါလုပ်
လို့ရတယ်။သမ်တီလနစိတ်အမျိုးအစား
၃မျိုးရှိပြီးဘာတွေလဲဆိုတော့ ၁။ဉပေက္ခာ
ဝေဒနါနဲ့အတူဖြစ်ပေါ်တဲ့သမ်တီလနစိတ်
သည်အကုသိုလ်ဝိပက်ဖြစ်တယ်။ ၂။
ဉပေက္ခာဝေဒနါနဲ့အတူဖြစ်ပေါ်တဲ့သမ်တီ
လနစိတ်သည်ကုသိုလ်ဝိပက်ဖြစ်တယ်။
၃။သောမနဿဝေဒနါနဲ့အတူဖြစ်ပေါ်တဲ့
သမ်တီလနစိတ်သည်ကုသိုလ်ဝိပက်ဖြစ်
တယ်။
အဲဒီသမ်တီလနစိတ်နံပါတ်၁တစ်ပါးနှင့်
နံပါတ်၂တစ်ပါးကသာပဋိသန္ဓေစိတ်၊ဘ
ဝင်နှင့်စုတိတာဝန်တွေကိုလုပ်လို့ရတယ်။
သမ်တီလနအမျိုးအစား ၃ပါးစလုံးသည်
အာရုံကိုဝေဖန်သုံးသပ်တဲ့တာဝန်ကိုလုပ်
တယ်။သောမနဿသမ်တီလနကျတော့
အဲဒီအာရုံကိုသာယာနှစ်သက်တဲ့အာရုံဖြစ်
တဲ့အခါမှာသမ်တီလနတာဝန်ကိုလုပ်ရ
တယ်။စိတ်သည်ဖြစ်၊ပျက်တဲ့တာဝန်ကို
တစ်ချိန်လုံးလုပ်ရတယ်။တစ်ဘဝ၊တစ်
ဘဝမှာစိတ်ရဲ့နောက်ဆုံးတာဝန်ကတော့
စုတိစိတ်ဖြစ်တယ်။သမုတိအနေနဲ့ပြော
ရရင်အဲဒီဘဝရဲ့နောက်ဆုံးစိတ်ဖြစ်တဲ့စု
တိစိတ်သည်ပျက်သွားတဲ့အခါမှလူတစ်
ယောက်သေဆုံးသွားတယ်။နောက်ဘဝ
မှာပဋိသန္ဓေစိတ်လည်းစုတိစိတ်ကနေ
ချက်ချင်းဆက်လက်ဖြစ်ပေါ်ရတယ်။သေ
ခြင်းတရားသည်ရှောင်လွဲလို့မရတဲ့အရာ
ဖြစ်တယ်။လူတွေသည်ငရဲဘုံ၊လူ့ဘုံ(သို့)
နတ်ဘုံစတဲ့ဘုံတွေမှာပဲမွေးနေပါစေစုတိ
စိတ်ရှိရတယ်။ပိဋကတ်သုံးပုံထဲမှာမွေး
ခြင်း၊အိုခြင်း၊နာခြင်းနှင့်သေခြင်းအ
ကြောင်းတွေရှိတယ်။မွေးပြီးတဲ့အခါမနာ
ခင်မှာအိုကြရတယ်။ဘာကြောင့်လဲဆို
တော့မွေးပြီးတဲ့အခါမှာအချိန်တိုင်း၊အ
ချိန်တိုင်းမှာအိုလာကြရတယ်။ဂုတ္တနိကယ်၊
သုတ္တနိပါတ်ထဲမှာအချက်အလက်တွေရှိ
တယ်။လောကထဲမှာသတ္တဝါအားလုံးရဲ့
ဘဝသည်အမှတ်အသားတွေမရှိဘူး။ဆင်းရဲခြင်း၊အနည်းငယ်သာရှိခြင်းနှင့်
ဒုက္ခတွေနဲ့ပေါင်းစပ်ထားပြီးဘယ်သူမှ
သိလို့မရဘူး။မွေးလာတဲ့သတ္တဝါတွေအား
လုံးသည်မသေဘူးဆိုတာမရှိဘူး။တစ်ချို့
အိုတဲ့အထိနေရပေမယ့်လည်းသေကြရ
တယ်။ဘာကြောင့်လဲဆိုတော့သတ္တဝါ
တွေအားလုံးသည်ဒီလိုဓမ္မာတာတွေဖြစ်
ကြရတယ်။မှည့်တဲ့အသီးအနှံတွေသည်
အန္တာရယ်တွေရှိပြီးမကြာခင်မှာကြွေကျရ
သလိုမွေးပြီးတဲ့သတ္တဝါတွေလည်းအန္တာ
ရယ်တွေရှိကြတယ်။ပြီးတော့အသုံးအ
စောင်ပစ္စည်းတွေသည်နောက်ဆုံးတော့
ကွဲကြရသလိုသတ္တဝါအားလုံးရဲ့ဘဝတွေ
လည်းထို့နည်းတူဖြစ်တယ်။
ကလေးတွေ၊လူကြီးတွေ၊လူအ(ငတုံး)
နှင့်လူလယ်တွေပါမကျန်သေခြင်းရဲ့
အာဏာထဲကိုရောက်ကြရတယ်။နောက်
ဆုံးတော့သေခြင်းကိုအားလုံးရောက်ကြ
ရတယ်။အဲဒီသတ္တဝါတွေအားလုံးသည်
သေခြင်းတရားရဲ့အုပ်ချုပ်ခြင်းကိုခံရတဲ့
အခါမှာနောက်ဘဝတစ်ခုကိုသွားကြရပြီး
မိဘလည်းသား၊သမီးတွေကိုကာကွယ်
ပေးလို့မရဘူး။(သို့)ဆွေမျိုးတွေကိုလည်း
ကာကွယ်ပေးလို့မရဘူး။အကြောင်းအ
မျိုးမျိုးနဲ့သတ္တဝါတွေအားလုံးသေရတော့
မယ့်အခါမှာငြီးတွားကြည့်နေကြရတယ်။
အဲဒီသေရမယ့်သတ္တဝါတစ်ဉီးတည်းသာ
သေမင်းကခေါ်ဆောင်သွားတယ်။အိုခြင်း
နှင့်သေခြင်းသည်လောကသတ္တဝါတွေကို
ဒီလိုနဲ့သုတ်သင်လိုက်တယ်။အဲဒီအ
ကြောင်းကြောင့်ပညာရှိတဲ့သူတွေသည်
လောကရဲ့သဘောတွေကိုသေချာစွာနဲ့သိ
လိုက်ရပြီးသောကတွေမရှိတော့ဘူး။လာ
ရခြင်း(သို့)ပြန်ရခြင်းရဲ့လမ်းကိုမသိကြ
တော့ဘူး။ဘယ်လောက်ပဲငိုကြွေးနေပါ
စေအကျိုးမရှိတော့ဘူး။ပညာမရှိတဲ့သူ
တွေသည်ပူပင်သောကဖြစ်ရတယ်။ဒါပေ
မယ့်အရိယာမဂ္ဂင် ၈ပါးကိုပွါးများတဲ့သူ
တွေသည်ပူပြင်သောကတွေနည်းပါးလာ
တယ်။အရိယာသစ္စာတရားကိုထိုးထွင်းစွာ
သိတဲ့ပုဂ္ဂိုလ်တွေကျတော့ရဟန္တာဖြစ်ပြီး
စုတိစိတ်လည်းဖြစ်ပေါ်ရတယ်။ဒါပေမယ့်
ပဋိသန္ဓေစိတ်တွေဆက်လက်ဖြစ်ပေါ်ဖို့မ
ရှိတော့ဘူး။ဒါကြောင့်နောက်ထပ်ဆက်ပြီး
အို၊နာ၊သေခြင်းတွေဖြစ်ပေါ်ခြင်းတွေမရှိ
တော့ဘူး။