## กฐิน คืออะไร ##
** ကထိန်ဆိုတာဘာလဲ?**
ငါဘုရား!ဆိုဆုံးမသွားတဲ့တရားတော်
တွေနှင့်ဝိနည်းတော်တွေသည်ရဟန်းတို့
တွေနဲ့ပညတ်သွားပြီးအဲဒီတရားနှင့်ဝိ
နည်းတွေသည်ငါဘုရား!ပရိနိဗ္ဗာန်စံပြီးတဲ့
နောက်ပိုင်းမှာရဟန်းတို့တွေရဲ့“ဘုရား”
ဖြစ်တယ်။
# ကထိန်သည်အဲဒီအဝတ်ရဲ့အကြောင်း
ဖြစ်တယ် #
ဗုဒ္ဓသာသနာသည်မြတ်စွာဘုရားရဲ့အဆုံး
အမဖြစ်တယ်။ဗုဒ္ဓမြတ်စွာဘုရားသည်
လောကထဲမှာအမြင့်မြတ်ဆုံး၊အစွန်းဆုံး
သောပုဂ္ဂိုလ်ဖြစ်တယ်။ဗုဒ္ဓမြတ်စွာဘုရား
ဆိုဆုံးမသွားတဲ့တရားတော်တွေကိုနာ
ကြားရပြီးအဖက်ဖက်မှအသေးစိတ်နဲ့
လေ့လာသင်ကြားရတယ်။ဒါကြောင့်သိ
နားလည်ခြင်းတွေလည်းအစဉ်လိုက်နဲ့တစ်
ဖြေးဖြေးတိုးတက်လာတယ်။နားလည်
ခြင်းတွေသည်အလိုလိုနဲ့ဖြစ်ပေါ်လို့မရဘူး။စဉ်းစားယူလို့လည်းမရဘူး။ဒါ
ကြောင့်ဗုဒ္ဓမြတ်စွာဘုရားကောင်းစွာနဲ့
ဆိုဆုံးမသွားတဲ့အဆုံးအမတွေကိုလေ့
လာသင်ကြားခြင်းနှင့်နာကြားခြင်းဆို
တဲ့အကြောင်းကိုမှီခိုရတယ်။
ပတ်ဝန်းကျင်မှာ “ကထိန်”လို့ပြော
ရင်အများအားဖြင့်ကိုယ့်ရဲ့အတွေးအမြင်
နှင့်နားလည်ထားတဲ့အတိုင်းကိုပြောကြ
တယ်။ဒါကြောင့်အမြင်တွေအမျိုးမျိုးရှိ
ကြတယ်။ဉပမာ-ဝတ္ထုငွေအကြောင်းတွေ၊
ကြီးမားတဲ့ပစ္စည်းအလှူရဲ့အကြောင်းတွေ
(သို့)ဘယ်သူမဆိုပြုလုပ်ပြီးသွားတဲ့ကု
သိုလ်တွေဖြစ်မယ်ဆိုရင်နောက်ထပ်အ
ပါယ်ဘုံမှာမမွေးရတော့ဘူးလို့ပြောဆို
ကြတယ်။ဒါတွေသည်ဗုဒ္ဓမြတ်စွာဘုရား
ကောင်းစွာဆိုဆုံးမသွားတဲ့တရားနဲ့အညီ
မဖြောင့်မတ်တဲ့အမြင်တွေဖြစ်တယ်။ဒါ
ကြောင့်တရားတော်တွေကိုလေ့လာသင်
ကြားမှသာအမှန်အတိုင်းရှိတဲ့တရားတွေ
ကိုမှန်ကန်စွာနဲ့နားလည်မယ်ဆိုတာသိမြင်
နိုင်တယ်။“ကထိန်း”ရဲ့အကြောင်းတွေ
လည်းထို့နည်းတူပဲဖြစ်တယ်။“ကထိန်”
သည်သင်ကန်းရဲ့အကြောင်းဖြစ်တယ်။အ
ထူးသဖြင့်ဗုဒ္ဓမြတ်စွာဘုရားပညတ်ထား
တဲ့အချိန်ကာလတွေမှာရွှေ၊ငွေနဲ့မပတ်
သက်ဘူး။ပြီးတော့ရဟန်းသဲဃာတွေရဲ့
လုပ်ရပ်ဖြစ်ပြီးဒကာ၊ဒကာမတွေနဲ့မ
ပတ်သက်ဘူး။ဒီ ကထိန်ကိုလက်ခံလို့ရ
တယ်လို့ပညတ်သွားခြင်းသည်ဗုဒ္ဓမြတ်
စွာဘုရားအပါးတိုင်းကပညတ်သွားခြင်း
ဖြစ်တယ်။
ဒီ ကထိန်ခင်းရခြင်းသည်ဗုဒ္ဓမြတ်စွာဘု
ရားအပါးတိုင်းကပညတ်သွားပြီးဖြစ်
တယ်ဆိုတာဝိနည်းပိဋကတ်မှာအချက်
အလက်တွေရှိတယ်။ ကထိန်ရဲ့အကြောင်း
ကိုပညတ်သွားခြင်းသည်ရဟန်းတွေအား
လုံးရဲ့အပေါ်မှာမဟာကရုဏာတွေကြီးမား
တဲ့အတွက်ကြောင့်ဖြစ်တယ်။ဘာကြောင့်
လဲဆိုတော့ရဟန်းတွေအားလုံးအဝတ်တွေ
ရှာဖွေတဲ့နေရာမှာမဆင်းရဲဖို့နှင့်ဝိနည်းတ
ရားထဲမှာရဟန်းတွေအားလုံးချမ်းသာစွာနဲ့
နေထိုင်ရဖို့အတွက်ဖြစ်တယ်။ပစ္စုပ္ပန်မှာအ
များအားဖြင့်လုပ်ကြတာမှားတယ်။ဘာ
ကြောင့်လဲဆိုတော့ရဟန်းတွေသည်ဝိနည်း
တရားတွေကိုနားမလည်တဲ့အတွက်
ကြောင့်ဖြစ်တယ်။ပြီးတော့ရဟန်းဖြစ်ခြင်းကိုမသိကြဘူး။ ကထိန်အကြောင်း
ကိုလည်းနားမလည်ကြဘူး။ပိုက်ဆံ(ငွေ)
ကိုပဲလိုချင်ကြတယ်။ဒါကြောင့်ဗုဒ္ဓမြတ်
စွာဘုရားအပေါ်မှာရိုသေကိုင်းရိုင်းခြင်း
တွေမရှိဘူး။တကယ်လို့ဝိနည်းတရားထဲ
ကရဟန်းတွေမဟုတ်ဘူးဆိုရင် ကထိန်
ကိုလက်ခံတဲ့အခါမှာငွေကိုသာလိုချင်
ကြတယ်။ငွေရနည်းတဲ့အခါမှာမကျေ
နပ်ကြဘူး။ပြီးတော့ငွေကပ်လှူတဲ့တကာ
တွေမရှိတဲ့အခါမှာတစ်ချို့အလိစိရဟန်း
တွေသည်ငိုတောင်ငိုကြတယ်။ပြီးတော့
ကထိန်ကိုအကြောင်းပြပြီးငွေကိုလက်ခံ
ယူကြတယ်။အမှန်ကတော့အဲဒီငွေကို
သာအလိုရှိကြတယ်။ဒါတွေအားလုံးသည်
ဝိနည်းတရားတွေကိုနားမလည်တဲ့အတွက်
ကြောင့်ဖြစ်တယ်။ဒါကြောင့်ဝိနည်းတရား
ထဲကရဟန်းတွေမဟုတ်ကြဘူး။
ဗုဒ္ဓဘာသာလူမျိုးတွေသည်မှားတဲ့အရာ
တွေကိုမလုပ်ကြဖို့အတွက်တရားတွေကို
မှန်ကန်စွာနဲ့နားလည်ရမယ်။ပြီးတော့အလိ
စိရဟန်းတွေကိုမယုံမိဖို့အတွက်ဖြစိတယ်။
ပြီးတော့ဗုဒ္ဓမြတ်စွာဘုရားအပေါ်မှာအ
မြင့်ဆုံးအရိုအသေတွေရှိပြီးတရားတော်
တွေကိုနားလည်အောင်လေ့လာသင်ကြား
ရမယ်။ဗုဒ္ဓမြတ်စွာဘုရားရဲ့အဆုံးအမအမှန်တွေကိုဆက်လက်ပြီးခိုင်းမာစွာနဲ့
ထိန်းသိမ်းရမယ်။
## ကထိန်ရဲ့အဓိပ္ပါယ်##
ကထိန်ဆိုတဲ့စကားလုံးသည်အဓိပ္ပါယ်
၂မျိုးရှိတယ်။ဘာတွေလဲဆိုတော့ ၁။က
ထိန်သည်အဝတ်ချုပ်တဲ့နေရာမှာအဝတ်
တင်ဖို့အတွက်အသုံးပြုရတဲ့သစ်ပိုင်းတစ်
ခုရဲ့အမည်ဖြစ်တယ်။ ၂။ကထိန်သည်ဗုဒ္ဓ
မြတ်စွာဘုရားကခွင့်ပြုထားတဲ့သင်ကန်း
အဝတ်ဖြစ်ပြီးအဲဒီအဝတ်ကိုဝိနည်းနဲ့အညီ
ပညတ်ထားတဲ့ကထိန်သင်ကန်းဖြစ်တယ်။
** ကထိန်အဝတ်ကိုဖြစ်ပေါစေတဲ့
အကြောင်း **
ကထိန်သည်နေရာတစ်ခုထဲမှာဝါတွင်းတစ်
လျှောက်လုံးအတူနေလာခဲ့တဲ့ရဟန်းသံ
ဃာတွေရဲ့စုပေါင်းပြုလုပ်တဲ့အလုပ်တစ်
ခုဖြစ်တယ်။ဝိနည်းနဲ့အညီပညတ်ထားတဲ့
ကထိန်အဝတ်ဖြစ်ပေါ်ရခြင်းအကြောင်း
သည်တစ်ခါတုန်းကရဟန်းအပါး ၃ဝ
သည်ဗုဒ္ဓမြတ်စွာဘုရားရှိတဲ့ဇေတဝန်
ကျောင်းမှာလာရောက်ကြတယ်။အဲဒီ
အချိန်မှာဝါဝင်းကာလနဲ့နီးလာတဲ့အချိန်
ဖြစ်တယ်။ဒါကြောင့်ရဟန်းတွေသည်
သာဝတ္ထိပြည်ကိုဝါတွင်းအမှီမသွာရောက်
နိုင်တော့ဘူး။ဒါကြောင့်သာကေတမြို့မှာ
ပဲဝါတွင်းသုံးလနေလိုက်ရတယ်။အဲဒီရဟန်းတေွသည်ဝါထွက်တဲ့အခါအပြစ်ကိုဝန်ခံခြင်း(ပါဝါလနာ)ပြီးခရီးဆက်ထွက်ကြတယ်။ဒါပေမယ့်အဲဒီအချိန်မှာ
မိုးရာသီမကုန်သေးဘူး။ဒါကြောင့်ခရီးသွားရင်းမိုးတွေရွာတော့သင်ကန်း
တွေရေဆိုပြီးဒုက္ခရောက်ကြတယ်။ဒါ
ကြောင့်ဗုဒ္ဓမြတ်စွာဘုရားကဒီအကြောင်း
တွေကိုရည်ရွယ်ပြီးဝိနည်းတော်ကိုပညတ်
တော်မူတယ်။ပြီးတော့ဝါတွင်သုံးလလုံး
ပြည့်အောင်နေတဲ့ရဟန်းတွေကိုစုပေါင်း
ကထိန်(အဝတ်)ပြုလုပ်ဖို့ခွင့်ပြုတော်မူ
တယ်။ဆိုလိုတာကဝါတွင်း ၃လမှာရဟန်း
တွေရှာဖွေလို့ရလာတဲ့အဝတ်တွေကိုက
ထိန်အဝတ်ဖြစ်အောင်စုပေါင်းလုပ်ကြ
တယ်။သံဃာအဖွဲ့ရဲ့တာဝန်အဖြင့်နဲ့စု
ပေါင်းပြီးပြုလုပ်ကြတယ်။ပြီးတော့အဲ
ဒီရလာတဲ့အဝတ်တစ်စုံကိုသံဃာအဖွဲ့က
သင့်တော်တဲ့ရဟန်းတစ်ပါးကိုပေးလိုက်
တယ်။ဒါကြောင့်ကထိန်သည်ရိုးရိုးသင်
ကန်းမဟုတ်ရခြင်းဖြစ်တယ်။ဒါကြောင့်
တစ်နေရာထဲမှာဝါဆိုနေတဲ့ရဟန်းတွေရဲ့
စည်းလုံးညီညွှတ်မှုတွေရှိဖို့အတွက်လည်း
ဖြစ်တယ်။
ကထိန်ခင်းခြင်းသည်အဲဒီရှာလို့ရလာတဲ့
အဝတ်တွေကိုလျှော်ဖွတ်ခြင်း၊ဖြတ်ခြင်း၊
ချုပ်ခြင်းနှင့်အရောင်ဆိုးခြင်းတွေကနေ
စလာရတယ်။ပြီးတော့ရလာတဲ့သင်ကန်း
တစ်စုံကိုဝိနည်းတော်နဲ့အညီသင့်တော်တဲ့
ရဟန်းတစ်ပါးကိုကပ်လှူတယ်။ပြီးတော့
အဲဒီသံဃာ့အဖွဲ့အားလုံးသည်ဝမ်းမြောက်
စွာနဲ့သာဓုခေါ်ကြတယ်။ဒါကြောင့်ကထိန်
ခင်းခြင်းဆိုတာကတော့အဝတ်တစ်စုံကို
ဝိနည်းနဲ့အညီသင်ကန်းအဖြစ်သို့ပြုလုပ်
ခြင်းဖြစ်တယ်။ဗုဒ္ဓမြတ်စွာဘုရားသည်
ဖြစ်ပေါ်လာတဲ့အကြောင်းအရသင့်တော်
တဲ့အခွင့်အရေးနှင့်အချိန်ကာလကိုကြည့်
ပြီးဝိနည်းတော်ကိုပညတ်ခဲ့တယ်။အဲဒီဝိ
နည်းတော်ကိုရဟန်းတွေရဲ့အကျိုးကိုမြင်
ဖို့အတွက်နှင့်ရဟန်းတွေချမ်းသာစွာနေ
ထိုင်နိုင်ဖို့အတွက်ဖြစ်တယ်။ဒါကြောင့်
ဗုဒ္ဓမြတ်စွာဘုရားရဲ့ကြီးမားတဲ့မဟာက
ရုဏာတော်တွေကိုဘယ်သူတစ်ဉီးတစ်
ယောက်နဲ့မှနှိုင်းယှဉ်လို့မရဘူး။
အဲဒီဝိနည်းနဲ့အညီသံဃာ့ကံသည်ကထိန်
ခင်းဖို့အတွက်ရဟန်းတွေအနည်းဆုံး ၅ပါး
ရှိရတယ်။အဲဒါမှဒီသံဃာ့ကံကိုပြုလုပ်လို့
ရတယ်။ရဟန်းတစ်ပါးကသင်ကန်းကို
လက်ခံရပြီးကျန်တဲ့လေးပါးကစုပေါင်း
ပြီးအဝတ်ကိုပေးရတယ်။အဲဒီကထိန်ခင်း
တဲ့အချိန်သည်တစ်လရှိတယ်။ဆိုလိုတာ
ကဝါထွက်တဲ့နေ့ကစပြီးသီတင်းကျွတ်လ
တစ်လတိတိအချိန်ရှိတယ်။ဒါကြောင့်
ကထိန်သည်အဲဒီအဝတ်ရဲ့အကြောင်း
သာဖြစ်တယ်ဆိုတာသိရတယ်။ပြီးတော့
ဒါကြောင့်ဝေဖန်သုံးသပ်ရမယ့်အရေးကြီး
ဆုံးအချက်ကတော့ကထိန်သည်ဘယ်အ
ချိန်ကာလပဲဖြစ်ဖြစ်၊ဝိနည်းနဲ့အညီ
ဖြောင့်မတ်ပြီးမှန်ကန်စွာနဲ့ပြုလုပ်တဲ့အခါ
မှာဝိနည်းအတိုင်းမှန်ကန်ရတယ်။တကယ်
လို့ဝိနည်းနဲ့အညီမမှန်ကန်ဘူးဆိုရင်အဲဒီ
လုပ်ရပ်တွေသည်ဝိနည်းတော်နဲ့မညီဘူး။
##ကထိန်ကိုကပ်လှူဖို့လိုအပ်လာ
ဘုန်းကြီကျောင်းမှာကထိန်ရှိရလာ#
တကယ်လို့ဘယ်ကျောင်းမဆိုကထိန်ကပ်
လှူမယ့်ဒကာတွေမရှိရင်ပူပြင်သောကရှိရ
မယ့်အကြောင်းတွေမဟုတ်ဘူး။ကထိန်
ကပ်လှူမယ့်ဒကာတွေမရှိရင်ရဟန်းတွေ
သည်အဲဒီအဝတ်ကထိန်ရလာဖို့အတွက်
ဒကာတွေဆီကသွယ်ဝိုက်ပြီးသွားပြော
ခြင်း(သို့)သူတောင်းယူခြင်းတွေမပြု
လုပ်ရဘူး။အဲဒါဝိနည်းနဲ့မညီဘူး။တ
ကယ်လို့ကထိန်ကပ်လှူတဲ့ဒကာတွေမရှိ
လည်းရဟန်းတွေသည်တရားတော်တွေ
ကိုဖြောင့်မတ်စွာနဲ့လေ့လာသင်ကြားရပြီး
ရဟန်းတွေရဲ့အကျင့်သိက္ခာနဲ့အညီဘဝ
ကိုဆက်လက်ရှင်သန်နေရတယ်။ပြီးတော့
ပညာကိုတိုးတက်အောင်ပွါးများရပြီးဒ
ကာတွေထက်မြင့်မြတ်တဲ့ရဟန်းဘဝအ
ဖြစ်နဲ့ကိလေသာတွေကိုခြစ်ထုတ်ရတယ်။
ပုံမှန်ရဟန်းဘဝကတော့ဗုဒ္ဓမြတ်စွာဘုရား
ပညတ်သွားတဲ့ဝိနည်းတော်တွေကိုသေချာ
စွာနဲ့ထိန်းသိမ်းရပြီးအိန္ဒြေနဲ့အညီနေထိုင်
ကြရတယ်။ကထိန်မခင်းရခြင်းကြောင့်က
ထိန်အကျိုးတွေမရရှိပေမယ့်လည်းရဟန်းတို့ရဲ့ဘဝမှာအခက်အခဲတွေမဖြစ်ဘူး။ဒါ
ကြောင့်ကထိန်ခင်းတဲ့အခွင့်အရေးနှင့်က
ထိန်ရဲ့အကျိုးတွေကိုမရရှိယုံသာဖြစ်
တယ်။တကယ်လို့ဗုဒ္ဓမြတ်စွာဘုရားပ
ညတ်သွားတဲ့အချိန်ကာလနဲ့အညီဒကာ
တွေကထိန်ခင်းဖို့စိတ်ရှိတယ်ဆိုရင်ဒကာ
တွေအချိန်နဲ့အညီကုသိုလ်တွေပွါးများရ
တဲ့ကာလဖြစ်တယ်။တကယ်လို့အဝတ်က
ထိန်ဖြစ်ဖို့အတွက်အဝတ်ကပ်လှူဖို့အခွင့်
အရေးတွေမရှိဘူးဆိုရင်တစ်ဉီးစီစုစောင်း
လာတဲ့အကြောင်းအရနဲ့တစ်နေ့တာဘဝ
မှာတစ်ခြားကုသိုလ်တွေဖြစ်ပေါ်နိုင်တဲ့
တစ်ခြားအခွင့်အရေးတွေလည်းရှိတယ်။
အားလုံးသည်အကြောင်းအရသာဖြစ်ရ
ပြီးဘယ်သူတစ်ဉီတစ်ယောက်ရဲ့ထိန်း
ချုပ်မှုအောက်မှာမရှိဘူး။
ကထိန်ကိုရှာဖွေတဲ့ရဟန်းသည်နှုတ်က
ထွက်ပြီးကထိန်ကိုတောင်းတယ်။ကထိန်
ကိုနည်းအမျိုးမျိုးနဲ့တောင်းကြတယ်။အ
ဝတ်သင်ကန်းကိုလိုချင်တာလာ?(သို့)ငွေ
ကိုလိုချင်တာလာ?ငွေကိုယူပြီးဘာလုပ်ဖို့
လဲ?ကြီးမားတဲ့ဘုရားရုပ်ပုံ၊နတ်ရုပ်ပုံတွေ
ကိုတည်ဆောက်ကြတယ်။အဲဒါဗုဒ္ဓသာ
သနာတွေမှဟုတ်ရဲ့လာ?(သို့)အဲဒါကထိန်
တွေမှဟုတ်ရဲ့လာ?ရဟန်းတွေသည်တစ်
ခုခုကိုတိုးတက်အောင်လုပ်ဆောင်ရတဲ့သူ
တွေလာ?မဟုတ်ဘူး။ရဟန်းတွေသည်ကိ
လေသာတွေကိုခြစ်ထုတ်ပြီးပညာတွေကို
ပွါးများတဲ့ကောင်းခြင်းဂုဏ်တွေနဲ့တိုး
တက်တဲ့ပုဂ္ဂိုလ်တွေဖြစ်ရတယ်။ဗုဒ္ဓမြတ်
စွာဘုရားအပေါ်မှာရိုသေခြင်းရှိပြီးတရား
တော်တွေကိုနားလည်ခြင်းတွေရှိရတယ်။
အရာဝတ္ထုတွေတိုးတက်အောင်လုပ်
ဆောင်ရတာမဟုတ်ဘူး။ဗုဒ္ဓမြတ်စွာဘု
ရားသည်တရားတော်တွေကိုလေ့လာသင်
ကြားပြီးနာကြားတဲ့သူတွေကိုနားလည်မှု
မှန်၊အမြင်မှန်ဖို့အတွက်တရားတော်တွေ
ကိုဆိုဆုံးမသွားခြင်းဖြစ်တယ်။ပြီးတော့
ကိလေသာတွေအားလုံးကိုစွန့်လွတ်ဖို့အ
တွက်လည်းဖြစ်တယ်။ဒါပေမယ့်ရဟန်း
တွေသည်ကြီးမားတဲ့အရာဝတ္ထုတွေဘက်
မှာသွားပြီးလုပ်ဆောင်ခြင်းသည်ကိလေ
သာတွေကိုခြစ်ထုတ်ပြီးစွန့်လွတ်တာမ
ဟုတ်ဘူး။ဒါကြောင့်ဗုဒ္ဓသာသနာကိုတည်
တံ့ခိုင်မြဲအောင်စောင့်ရှောက်တာမဟုတ်
ဘူး။
အရာဝတ္ထုဘက်မှာတိုးတက်အောင်လုပ်
ဆောင်တဲ့ဘုန်းကြီးတွေသည်ဗုဒ္ဓမြတ်စွာ
ဘုရားရဲ့ဝိနည်းတရားထဲကရဟန်းတွေမ
ဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ဗုဒ္ဓဘာ
သာလူမျိုးတွေသည်တရားတွေကိုနား
လည်ခြင်းဖြင့်ဗုဒ္ဓသာသနာကိုတည်တံ့ခိုင်
မြဲအောင်ထိန်းသိမ်းနိုင်တယ်။တစ်ခြားအ
ရာတွေနဲ့မဟုတ်ဘူး။ကျောင်းအလုံးပေါင်း
၈၄၀၀၀ရှိတောင်မှဗုဒ္ဓသာသနာကိုတည်
တံ့ခိုင်မြဲအောင်မထိန်းသိမ်းနိုင်ဘူး။ဒါပေ
မယ့်သမ္မာပတ္တိ(ကောင်းစွာကျင့်ကြံခြင်း)
သည်အဲဒီဝိနည်းတရားတော်နဲ့အညီမှန်
ကန်တဲ့ကျင့်ကြံခြင်းနဲ့သာဗုဒ္ဓသာသနာကို
တည်တံ့အောင်စောင့်ရှောက်နိုင်တယ်။
ကထိန်ကိုအကြောင်းပြပြီးရဟန်းတွေနည်းအမျိုးမျိုးနဲ့ငွေကိုတောင်းကြတယ်။
ပြီးတော့ဒကာ၊ဒကာမတွေလည်းအဲဒီလုပ်
ရပ်နဲ့သဘောတူကြတယ်။ဝိနည်းတရား
တော်တွေကိုနားလည်တဲ့ပုဂ္ဂိုလ်တွေသည်
တစ်ပါးသူတွေမှန်ကန်စွာနဲ့နားလည်မှုတွေ
ဖြစ်ပေါ်အောင်ဗုဒ္ဓမြတ်စွာဘုရားဆိုဆုံးမ
သွားတဲ့အတိုင်းအမှန်တွေကိုဖွင့်ဟပြီး
ပြောပြရတယ်။ဉပမာ-ကထိန့်အကြောင်း
ဗုဒ္ဓမြတ်စွာဘုရားရဲ့အဆုံးအမစကား
တွေကိုတည်တံ့ခိုင်မြဲအောင်ဘယ်သူက
ထိန်းသိမ်းစောင့်ရှောက်သလဲ?ကျောင်း
တွေကိုပြုပြင်ခြင်းသည်ငွေလည်းအရေး
ကြီးတဲ့အရာဖြစ်တယ်ဆိုတာဝေဖန်သုံး
သပ်သင့်တယ်။ဒါပေမယ့်ငွေတွေရအောင်
နည်းအမျိုးမျိုးနဲ့သွားပြောယူခြင်းသည်
ရဟန်းတွေရဲ့တာဝန်မဟုတ်ဘူး။ဘာ
ကြောင့်လဲဆိုတော့ဒီနေရာမှာကူညီရ
မယ့်ဒကာတို့တွေရဲ့တာဝန်ဖြစ်တယ်။
ရဟန်းတွေစိုးရိမ်စရာမလိုဘူး။ဘာ
ကြောင့်လဲဆိုတော့တကယ်လို့တစ်ဉီးစီ
တွေသည်မှန်ကန်စွာနဲ့ဝိနည်းတရားတော်
တွေကိုနားလည်မယ်ဆိုရင်မှန်ကန်တဲ့အ
ရာတွေကိုသာပြုလုပ်ကြပြီးမှားတဲ့အရာ
တွေကိုမလုပ်ကြဘူး။
## ကထိန်အဝတ်ဖြစ်တဲ့ သင်ကန်းက
ဘယ်ကလာသလဲ? ##
ဝိနည်းပိဋကတ်ထဲမှာကထိန်ပြုလုပ်ဖို့အ
တွက်ရဟန်းတွေကိုသင်ကန်းကပ်လှူမယ့်
ပုဂ္ဂိုလ်တွေကိုပြောသွားတဲ့အချက်အ
လက်တွေရှိတယ်။
## ကထိန်ကိုဘယ်သူတွေကပ်လှူရင်
သင့်တော်သလဲ? ##
ကထိန်ကိုဘယ်ပုဂ္ဂိုလ်တစ်ဉီးတစ်ယောက်
မဆိုနတ်၊လူ၊ရဟန်း၊ရဟန်းမ၊သာမဏေ၊
သာမဏေရီနှင့်စိခမာနာစတဲ့ပုဂ္ဂိုလ်တွေ
ကပ်လှူဖို့သင့်တော်တယ်။အဝတ်ကထိန်
ပြုလုပ်ဖို့အတွက်အဝတ်ကိုကပ်လှူတဲ့
ပုဂ္ဂိုလ်တွေသည်နတ်နှင့်ဒကာတွေကလွဲ
လို့နောက်ထပ် စဟထမိက ၅ဉီးလည်းရှိ
သေးတယ်ဆိုတာသိရတယ်။ဒါပေမယ့်
ယခုခေတ်မှာ စဟထမိက ၂ဉီးသာရှိ
တော့တယ်။ ၂ဉီးကတော့ရဟန်းနှင့်သာ
မဏေတို့ဖြစ်ကြတယ်။ပြီးတော့ဘိက္ခူ
နီတွေမရှိတော့တဲ့အတွက်ကြောင့်စိခမာ
နာနှင့်သာမဏေရီတို့မရှိရခြင်းဖြစ်တယ်။
တကယ်လို့အဝတ်ကိုကပ်လှူမယ့်ပုဂ္ဂိုလ်
သည်ကထိန်အဝတ်ပြုလုပ်ဖို့အတွက်
ဘယ်လိုလုပ်သင့်လဲဆိုတာမသိဘူးဆိုရင်
ရဟန်းတွေကိလာမေးလို့ရတယ်။ရဟန်း
တွေလည်းပြောပြလို့ရတယ်။အဲဒီ ၃ထည်
ထဲကဘယ်အထည်မဆိုသင်ကန်း ၃ထည်
နဲ့တော်ရုံသာရှိတဲ့အဝတ်ကိုကပ်လှူသင့်
တယ်။ပြီးတော့အဲဒီသင်ကန်းကိုကပ်လှူ
ဖို့အတွက်အပ်၊အပ်ချီလုံး၊ဆေးရောင်
တွေကိုကပ်လှူသင့်တယ်လို့ပြောပြသင့်
တယ်။ပြီးတော့သင်ကန်းကိုဝိုင်းပြီးပြု
လုပ်ကြတဲ့ရဟန်းတွေကိုဆွမ်းနှင့်ရာဟု
ကပ်လှူလို့ရတယ်။ဒါတွေသည်တောင်းဆို
ခြင်းမဟုတ်တဲ့အတွက်ကြောင့်ရဟန်းတွေ
ပြုလုပ်လို့ရတယ်။ဒါပေမယ့်ဒကာ၊ဒကာမ
တွေမေးလာခဲ့ရင်ရဟန်းတွေပြောပြလို့ရ
တယ်။
##ကထိန်ကိုကပ်လှူတဲ့ပုဂ္ဂိုလ်တွေနဲ့
တိုက်ရိုက်သက်ဆိုင်ခြင်း ##
ကထိန်သင်ကန်းကိုပြုလုပ်ဖို့အတွက်အဲဒီ
အဝတ်တွေကိုကပ်လှူခြင်းသည်အချိန်ကာ
လနဲ့အညီဒါနပြုလုပ်ခြင်းဖြစ်တယ်။ဗုဒ္ဓ
မြတ်စွာဘုရားကတိုက်ရိုက်ခွင့်ပြုထားခြင်းဖြစ်တယ်။အချိန်ကာလနဲ့အညီဒါန
ကိုပြုလုပ်တဲ့ပုဂ္ဂိုလ်တွေသည်ဘယ်ရဟန်း
တစ်ပါးပါးကိုမှရည်ရွယ်တာမဟုတ်ရဘူး။
သံဃာ့အဖွဲ့တွေကိုကပ်လှူခြင်းဖြစ်တယ်။
အဲဒါတွေကလွဲပြီးအပ်ချီလုံး၊အပ်၊ဆေး
ရောင်နှင့်ဆွမ်းကိုပါကပ်လှူနိုင်တဲ့အခွင့်
အရေးတွေဖြစ်တယ်။အဲဒီနေ့မှာပဲတစ်ခါ
ထဲအောင်မြင်စွာနဲ့ပြီးဆုံးသွားတယ်။တ
ကယ်လို့အမှန်အတိုင်းဝေဖန်သုံးသပ်ရ
မယ်ဆိုရင်ကုသိုလ်ပွါးများဖို့အခွင့်အရေး
ဖြစ်တဲ့အဲဒီကထိန်ကာလအတွင်းမှာသာ
စောင့်စရာမလိုပဲတစ်ခြားအချိန်တွေမှာ
လည်းကပ်လှူလို့ရတယ်။ဒါပေမယ့်သင်
ကန်းကိုကပ်လှူခြင်း(သို့)ကထိန်ကာလ
မှာမနေရတဲ့ရဟန်းတွေကိုသင့်တော်တဲ့
ပစ္စည်းတွေနဲ့ကပ်လှူခြင်းတွေသည်က
ထိန်မဟုတ်ရုံသာဖြစ်တယ်။ကုသိုလ်စိတ်
သည်ကန့်သတ်ချက်မရှိဘူး။ပြီးတော့အဲ
ဒီဒါနတစ်မျိုးထဲနဲ့သာဖြစ်ပေါ်တာမဟုတ်
ဘူး။ကျွနုပ်တို့ရဲ့လူ့ဘုံမှာကုသိုလ်အမျိုး
မျိုးတွေကိုလွယ်ကူစွာပွါးများနိုင်တဲ့ဘုံ
ဖြစ်တယ်။ဒါန၊သီလနှင့်ပညာတွေပါပွါး
များနိုင်တယ်။အထူးသဖြင့်ဒီခေတ်၊ဒီအ
ခါမှာဗုဒ္ဓသာသနာရှိနေသေးတဲ့အချိန်ကာ
လဖြစ်တဲ့အတွက်အသိပညာရှိတဲ့ပုဂ္ဂိုလ်
တွေသည်မှန်ကန်စွာနဲ့တရားတော်တွေ
ကိုနားလည်ကြတယ်။ပြီးတော့အမှန်တွေ
ကိုမှန်ကန်စွာနဲ့ဝေဖန်းသုံးသပ်ပြီးနား
လည်ခြင်းဖြင့်တရားတော်တွေကိုလေ့
လာသင်ကြားရတယ်။ပြီးတော့ဗုဒ္ဓမြတ်
စွာဘုရားရဲ့အဆုံးအမတရားတော်တွေ
ဆက်လက်တည်တံ့ခိုင်မြဲဖို့အတွက်ပညာ
တွေကိုစုစောင်းခြင်းဖြင့်တရားတော်တွေ
ကိုနာကြားသင့်တယ်။
## ကထိန်ခင်းခြင်းသည်ဘယ်လို
လုပ်ရသလဲ? ##
သဒ္ဓါတရားရှိတဲ့ပုဂ္ဂိုလ်တွေသည်ကထိန်
သင်ကန်းကိုပြုလုပ်ဖို့အတွက်သံဃာ့အဖွဲ့
ဆီမှာလာရောက်ပြီးအဝတ်ကိုကပ်လှူတဲ့
အခါမှာရဟန်းအားလုံးတွေသည်ပိုင်း
ဖြတ်ခြင်း၊ချုပ်ခြင်းဖြင့်သင်ကန်းအဖြစ်
ကိုပြုလုပ်ကြပြီးအဲဒီကပ်လှူတဲ့နေ့မှာပဲပြီး
အောင်လုပ်ကြရတယ်။တယ်လို့ချုပ်ထား
ပြီးတဲ့သင်ကန်းတွေဖြစ်မယ်ဆိုရင်ပိုင်း
ဖြတ်ခြင်းနှင့်ချုပ်ခြင်းစတဲ့အပိုင်းတွေကို
ကျော်သွားလိုက်ပြီးဖြစ်တယ်။ဒါကြောင့်
ကထိန်သင်ကန်းကိုလက်ခံသင့်တဲ့ရဟန်း
ကိုရှာဖို့အတွက်သံဃာ့အဖွဲ့တွေစည်းဝေး
ကြရတယ်။ပြီးတော့ ယတီဒုတိယကံမဝါ
စာ ကိုရွတ်ဆိုခြင်းဖြင့်ကထိန်သင်ကန်းကို
လက်ခံမယ့်ရဟန်းတစ်ပါးကိုပေးအပ်
လိုက်တယ်။ကထိန်သင်ကန်းကိုလက်ခံ
သင့်တဲ့ရဟန်းသည်ကထိန်သင်ကန်းကို
ပေးအပ်ပြီးသွားတဲ့အထိအဝတ်ကိုက
ထိန်သင်ကန်းအဖြင့်အောင်မြင်စွာနဲ့လုပ်
ဆောင်ကြခြင်းဖြစ်တယ်။အဲဒီအစကနေ
နောက်ဆုံးအဆင့်ထိသည်ကထိန်ခင်းခြင်း
လို့ခေါ်တယ်။
## ဘယ်ရဟန်းကကထိန်သင်ကန်းကို
လက်ခံယူသင့်သလဲ?##
တကယ့်ဟောင်းနွမ်းတဲ့သင်ကန်းရှိတဲ့ရ
ဟန်းတစ်ပါးဖြစ်ရတယ်။တကယ်လို့ရဟန်းများစွာသင်ကန်းတွေဟောင်းနေ
ကြတယ်ဆိုရင်ဝါရင့်တဲ့ရဟန်းတစ်ပါး
ကိုသံဃာ့အဖွဲ့ကအခွင့်အရေးပေးရ
တယ်။အဲဒီအားလုံးတွေသည်သံဃာ့အ
ဖွဲ့ကနေသတ်မှတ်ခြင်းအရဖြစ်ရတယ်။
ဒကာ၊ဒကာမတွေကဟိုအပါး၊ဒီအပါးကိုလှူမယ်ဆိုရင်မရဘူး။အတ္ထဂါထာ၊ဝိနည်း
ပိဋကတ်မှာအချက်အလက်တွေရှိတယ်။
ကထိန်ကိုဘယ်ရဟန်းကခင်းသင့်သလဲ?
သံဃာ့အဖွဲ့ကဘယ်ရဟန်းတစ်ပါးပါးကို
ကထိန်သင်ကန်းပေးမယ်ဆိုရင်ကထိန်သင်
ကန်းကိုလက်ခံတဲ့ရဟန်းကခင်းသင့်တယ်။ဒါဆိုသံဃာ့အဖွဲ့ကဘယ်ရဟန်းကို
ပေးသင့်သလဲ?ဘယ်ရဟန်းတစ်ပါးပါးမ
ဆိုသင်ကန်းဟောင်းနေရင်အဲဒီရဟန်းကို
ပေးသင့်တယ်။တကယ်လို့ရဟန်းအများ
စုမှာသင်ကန်းဟောင်းနေတယ်ဆိုရင်ဝါ
ရင့်တဲ့ရဟန်းကိုပေးသင့်တယ်။ဝါရင့်တဲ့
ရဟန်းအဖွဲ့မှာဆိုရင်အသိပညာရှိတဲ့ဘယ်
ရဟန်းတစ်ပါးပါးမဆိုအဲဒီရဟန်းကိုပေး
သင့်တယ်။တကယ်လို့ဝါရင့်တဲ့ရဟန်းအ
ဖွဲ့မှာအသိပညာမရှိဘူး၊ဝါငယ်တဲ့ရဟန်း
ကအသိပညာရှိတယ်ဆိုရင်ဝါငယ်တဲ့ရ
ဟန်းကိုပေးသင့်တယ်။ဒါပေမယ့်သံဃာ့အဖွဲ့ကဝါကြီးတဲ့ရဟန်းကိုကူညီသင့်တယ်။ဒါကြောင့်သံဃာ့အဖွဲ့ကဝါကြီးတဲ့
ရဟန်းကိုအရှင်လက်ခံယူပါ၊တပည့်တော်
တို့ကူညီပြီးကပ်လှူမယ်လို့လျှောက်တင်ရ
တယ်။
ဘယ်သင်ကန်းကဆွေးတယ်ဆိုရင်အဲဒီ
အထည်ကိုယ်စားအကျိုးရှိဖို့အတွက်ပေး
သင့်တယ်။ပုံမှန်အတိုင်းဆိုရင်အသက်ကြီး
တဲ့ရဟန်းသည်သင်ကန်းနှစ်ထပ်ခြုံတယ်။
ဒါကြောင့်နှစ်ထပ်လုပ်လို့ရအောင်လုံ
လောက်စွာနဲ့ပေးရတယ်တကယ်လို့ရဟန်းကသင်ကန်းကိုတစ်ထပ်နဲ့ပဲခြုံရင်အသား
ကျစ်ရတယ်။တကယ်လို့ကထိန်သင်ကန်း
ကအသားပါးတယ်ဆိုရင်သင့်တော်အောင်
တစ်ခါတည်းနဲ့နှစ်ထပ်လုပ်လို့ရအောင်း
လုံလောက်စွာနဲ့ပေးရတယ်။ရဟန်းကနှစ်
ထပ်မရရင်လည်းတစ်ထပ်ပဲခြုံမယ်လို့
ပြောလာရင်နှစ်ထပ်ပေးသင့်တယ်။တ
ကယ်လို့ဘယ်ရဟန်းကလောဘရှိတဲ့ရ
ဟန်းဖြစ်တယ်ဆိုရင်အဲဒီရဟန်းကိုမပေး
သင့်ဘူး။ပြီးတော့အဲဒီလက်ခံယူတဲ့ရဟန်း
သည်ကထိန်ခင်းပြိးလို့စဉ်းစားယူပြီးလက်
မခံသင့်ဘူး။နောက်ပိုင်းခွဲထုတ်ပြီးသင်
ကန်းနှစ်ထည်အဖြင့်ပြုလုပ်ရတယ်။က
ထိန်သင်ကန်းလက်ခံရရှိတဲ့ရဟန်းသည်
ကိုယ့်ရဲ့သင်ကန်းအဟောင်းကိုချွတ်ရ
တယ်။အဲဒီသင်ကန်းဟောင်းကိုစွန့်လွတ်
ရတယ်။ပြီးတော့အဲဒီလက်ခံရရှိတဲ့ကထိန်
သင်ကန်းကိုကိုယ့်ရဲ့သင်ကန်းဖြစ်တယ်ဆို
တာသိအောင်အမှတ်အသားလုပ်ရတယ်။ပြီးတော့အဝတ်ကိုသုံးဆောင်မယ်လို့(အဓိ
ဌာန်)ရည်ရွယ်တယ်။အဝတ်သင်ကန်း ၃
ထည်ထဲကသံခါတီစသည်တို့ရှိကြတယ်။
တကယ်လို့ကထိန်သင်ကန်းခင်းဖို့သည်
သံခါတီအဝတ်ဖြစ်ဖို့အတွက်ကထိန်အ
ဝတ်လက်ခံရပြီးသံခါတီအဝတ်ဟောင်း
ကိုချွတ်ရတယ်။ပြီးတော့သံခါတီအဝတ်
သစ်ကိုသုံးဆောင်ဖို့အတွက်အမှတ်အ
သားတွေပြုလုပ်ရတယ်။
## ကမ္မဝါစာထဲက ကထိန်သင်ကန်း
ပေးအပ်ခြင်း ##
ဝိနည်းပိဋကတ်မှာအချက်အလက်တွေ
ရှိတယ်။ကမ္မဝါစာဆိုတာကတော့ကထိန်
သင်ကန်းပေးအပ်တဲ့အခါမှာပြောရတဲ့စ
ကားတွေဒီလိုရှိကြတယ်။လိမ္မာပါးနပ်တဲ့
ရဟန်းသည်ယာတီ၊ဒုတိယ၊ကမ္မဝါစာနဲ့
သံဃာ့အဖွဲ့တွေသိအောင်ကြေငြာတယ်။
ယာတီဆိုတာကတာဝန်တွေအတူလုပ်ဖို့
အတွက်သံဃာ့အဖွဲ့တွေသိအောင်ကြေ
ငြာခြင်း၊ကမ္မာဝါစာဆိုတာကဘာလဲဆို
တာသိအောင်ယာတီကိုတစ်ကြိမ်ရွတ်ဆို
တယ်။ပြီးတော့နောက်ထပ်တစ်ကြိမ်ရွတ်
ဆိုပြီးကြေငြာတယ်။ဒါကြောင့်ဒုတိယ
ကမ္မဝါစာဖြစ်ရခြင်းဖြစ်တယ်။ဆိုလိုတာ
ကစုစုပေါင်း ၂ကြိမ်သိအောင်ပြောဆို
ခြင်းဖြစ်တယ်။အဲဒီသံဃာ့ကံထဲကသံဃာ့
ကနေသဘောတူဖို့အတွက်ဖြစ်တယ်။က
ထိန်သင်ကန်းတစအထည်သည်သံဃာ့အ
ဖွဲ့နဲ့ဖြစ်ပေါ်တယ်။ဒီကထိန်သင်ကန်တစ်
ထည်ကိုသံဃာ့အဖွဲ့တွေကကထိန်ခင်းဖို့အ
တွက်ဒီအမည်ရှိတဲ့ရဟန်းကိုပေးလိုက်
တယ်။ဒါသည်ယာတီဖြစ်တယ်။ကထိန်
သင်ကန်းခင်းဖို့အတွက်ဒီအမည်ရှိတဲ့ရ
ဟန်းနဲ့ကထိန်သင်ကန်းတစ်စုံကိုပေးခြင်း
သည်သဘောတူတဲ့ဘယ်ရဟန်းတွေမဆို
အဲဒီရဟန်းကငြိမ်သက်ရတယ်။သဘောမ
တူတဲ့ဘယ်ရဟန်းမဆိုအဲဒီရဟန်းကထုတ်
ပြောရတယ်။ကထိန်ခင်းဖို့အတွက်ဒီက
ထိန်သင်ကန်းတစ်စုံကိုဒီအမည်ရှိတဲ့ရဟန်းနဲ့သံဃာ့အဖွဲ့ကပေးလိုက်တယ်။
အဲဒီလုပ်ရပ်နဲ့သံဃာ့အဖွဲ့ကသဘောတူ
ရင်ငြိမ်ရတယ်။ဒီအချက်အလက်တွေကို
တပည့်တော်မှတ်တမ်းတင်လိုက်တယ်။
## ကထိန်ရဲ့အကျိုးရလဒ် ##
ကထိန်ရဲ့အကျိုးရလဒ်တွေကိုဝိနည်းပိဋ
ကတ်မှာအချက်အလက်တွေနဲ့ပြသွား
တယ်။ရဟန်းတို့အားလုံးနားထောင်ကြ!
ဝါတွင်းသုံးလမှာဝါနေတဲ့ရဟန်းတွေအား
လုံးကိုကထိန်ခင်းလို့ရတယ်လို့ငါဘုရား
ခွင့်ပြုထားတယ်။ကထိန်ခင်းပြီးတဲ့ရဟန်း
တွေသည်အကျိုး ၅ပါးကိုရရှိနိုင်တယ်။
ဘာတွေလဲဆိုတော့ ၁။ခွင့်တောင်းစရာ
မလိုပဲနဲ့သွားလာနိုင်တယ်။၂။သင်ကန်း
သုံးထည်ပြည့်အောင်ယူဆောင်စရာမလို
ဘူး။ ၃။ရဟန်းလေးပါးအထက်တွေနဲ့ဆွမ်းဘုန်းနိုင်တယ်။ ၄။အဓိဌာန်ထားတဲ့
သင်ကန်းသုံးထည်ထက်ပိုများလို့ရတယ်။
၅။အဲဒီနေရာမှဖြစ်ပေါ်တဲ့သင်ကန်းတွေ
ကိုကိုင်ဆောင်လို့ရတယ်။အချက်အလက်
တစ်ခုစီတွေကိုဒီလိုပြန်ပြီးရှင်းပြသွား
တယ်။ရဟန်းတွေသည်ဝိနည်းနဲ့အညီက
ထိန်သင်ကန်းကိုမှန်ကန်စွာနဲ့လက်ခံရရှိတဲ့
အခါမှာသင်ကန်းကိုပေးအပ်တဲ့ရဟန်းနှင့်
ဝမ်းမြောက်ဝမ်းသာသာဓုခေါ်တဲ့သံဃာ့
အဖွဲ့တွေအားလုံးသည်အကျိုးရလဒ် ၅ပါး
ကိုရရှိတယ်။အဲဒီကျောင်းမှာဝါနေတဲ့ရ
ဟန်းတွေသာအကျိုးရလဒ် ၅ပါးကိုရရှိ
တယ်။နောက်မှဝါနေတဲ့ရဟန်းနှင့်တစ်ခြား
ကျောင်းမှာဝါနေတဲ့ရဟန်းတွေကတော့
အကျိုးရလဒ် ၅ပါးကိုမရရှိဘူး။ဝိနည်း
တရားထဲမှာဒီလိုလျော့ပေး(အနုလုံ)ခြင်း
တွေရှိတယ်။
၂။ သင်ကန်းသုံးထည်ပြည့်အောင်ယူ
ဆောင်စရာမလိုဘူး။သင်ကန်းပြုလုပ်
တဲ့နေရာမှာတာဝန်များတဲ့အတွက်သင်
ကန်းသုံးထည်ပြည့်အောင်ယူဆောင်စရာ
မလိုဘူး။တကယ်လို့သင်ကန်းသုံးထည်
ပြည့်အောင်ယူသွားမယ်ဆိုရင်ဆှုပ်ထွေး
တဲ့အကြောင်းတွေဖြစ်တယ်။ဘာကြောင့်
လဲဆိုတော့ရဟန်းတွေသည်သင်ကန်းသုံး
ထည်ကိုထိန်းသိမ်းရတဲ့အတွက်ကြောင့်
ဆှုပ်ထွေးတယ်။တကယ်လို့မထိန်းသိမ်းပဲ
နောက်နေ့နေထွက်လာတဲ့အထိပစ်ထားရင်
အဲဒီသင်ကန်းကနေကင်းမဲ့စွာနဲ့နေရပြီးပ
ညတ်ထားခြင်းကိုရတဲ့ရဟန်းကလွဲလို့နိ
သဂ္ဂိဝါစိတ်အာပတ်သင့်တယ်။ဉပမာ-ဖျား
နေတဲ့အချိန်မှာသင်ကန်းသုံးထည်စလုံးကို
ယူဆောင်မသွားနိုင်ဘူး။အဲဒီကထိန်အ
ကျိုးရလဒ်ကိုရရှိတဲ့အချိန်မှာဗုဒ္ဓမြတ်စွာ
ဘုရားကအထူးအခွင့်အရေးတွေခွင့်ပြု
ထားတယ်။အဲဒီသင်ပိုင်နှင့်ရုံထားတဲ့သင်
ကန်းကိုသာယူဆောင်သွားလို့ရတယ်။အ
ဝတ်ပုဝါကိုတော့မယူဆောင်သွားလည်း
ရတယ်။ ၃။ “ရဟန်းတွေ ၄ပါးထက်ဆွမ်း
ဘုန်းနိုင်ခြင်း”ဘုန်းနိုင်တဲ့ဆွမ်း ၅မျိုးရှိပြီး
ဘာတွေလဲဆိုတော့ထမင်း၁၊မှုန့်အစို၁၊မှုန့်
ခြောက်၁၊ငါး၁နှင့်အသား၁မျိုးတို့ဖြစ်ကြ
တယ်။ဆွမ်း ၅မျိုးထဲကဘယ်ဆွမ်းကိုမဆို
ကပ်လှူဖို့အတွက်တစ်ကျောင်းထဲမှာ (သို့)
တစ်ခြားကျောင်းတွေမှာရှိတဲ့ရဟန်း ၄ပါး
ကိုဆွမ်းကပ်လှူမယ့်ပုဂ္ဂိုလ်သည်ဆွမ်းရဲ့
အမည်ကိုပြောခြင်းဖြင့်မသင့်တော်တဲ့
ဆွမ်းပင့်ခြင်းကိုပြောတယ်။ဉပမာ-ထမင်း
ဘုန်းဖို့ပင့်ခြင်း၊အသား၊ငါးတွေကိုဘုန်းဖို့
ပင့်ခြင်းတို့ဖြစ်ကြတယ်။ဒီလိုပြောပြီးပင့်
ခဲ့ရင်ရဟန်းတွေ ၄ပါးထက်ဆွမ်းဘုန်းလို့
မရဘူး။ဒါပေမယ့်ကထိန်ခင်းတဲ့ရဟန်းအ
တွက်ကျတော့လျော့ပေးထားပြီးဝိနည်း
တော်နဲ့အညီပညတ်ထားတဲ့အချိန်အရ ၄
ပါးထက်ဆွမ်းဘုန်းလို့ရတယ်။
၄။ အဓိဌာန်ထားတဲ့သင်ကန်း ၃ထည်
ထက်ပိုများလို့ရတယ်။
ရဟန်းတွေသည်ပုံမှန်အားဖြင့်အဓိဌာန်
ထားတဲ့သင်ကန်းသုံးထည်ကိုအဲဒီ ၁၀
ရက်သာသိမ်းထားလို့ရတယ်။ဘာကြောင့်
လဲဆိုတော့အဝတ်တွေကိုစုဆောင်းခြင်းမှ
ကာကွယ်ဖို့အတွက်နှင့်အဝတ်ထဲမှာလော
ဘများတဲ့ရဟန်းအဖြစ်မှကာကွယ်ခြင်းတို့
ဖြစ်ကြတယ်။အဝတ်ကို ၁၀ရက်ထက်ပိုပြီးသိမ်းထားတယ်ဆိုရင်နိသဂ္ဂီဝါစိတ်
အာပတ်သင့်တယ်။အဓိဌာန်ဆိုတာကအဲဒီ
အဝတ်သင်ကန်းကိုသုံးဆောင်ဖို့ရဟန်း
တွေဆန္ဒရှိကြတယ်။ဝိကာဆိုတာကအဲဒီ
သင်ကန်းကိုပိုင်တဲ့သူနှစ်ဉီးကအတူပေါင်း
ပြီးလုပ်ဆောင်ခြင်းဖြစ်တယ်။ဒီထက်အ
ဝတ်သင်ကန်းကိုသုံးဆောင်ဖို့ရဟန်းတွေ
ဆန္ဒရှိရင်ဒီကထိန်အကျိုးရလဒ်ကိုရရှိတဲ့
လိုတိုင်းကျသိမ်းထားလို့ရတယ်လို့ဗုဒ္ဓ
မြတ်စွာဘုရားကခွင့်ပြုထားတယ်။ဘယ်
သင်ကန်းတစ်ထည်ကိုမဆိုလုံလောက်
အောင်သိမ်းထားဖို့အတွက်နှင့်တစ်ခြား
နေရာမှာအကျိုးဖြစ်အောင်ိမ်းဖို့အတွက်
ဖြစ်တ်။အဲဒီကထိန်သင်ကန်းအချိန်ကာ
လမှာရဟန်းတွေသည်ရလာတဲ့အဝတ်ကို
သင်ကန်းပြုလုပ်နိုင်ဖို့အတွက်ဖြစ်တယ်။
တကယ်လို့ကထိန်ခင်းခြင်းတွေရှိပြီးဆိုရင်
ရရှိတဲ့အကျိုးရလဒ်သည်အချိန်ကာလ ၅လအတွင်းမှာရရှိတယ်။
၅။ အဲဒီကျောင်းမှာဖြစ်ပေါ်တဲ့သင်ကန်း
တွေသည်ရဟန်းတို့ရရှိကြတယ်။သံ
ဃာ့အဖွဲ့နဲ့သင်ကန်းကပ်လှူမယ့်ပုဂ္ဂိုလ်တွေ
ရှိမယ်ဆိုရင်ဝါတွင်းမှာဝါဆိုတဲ့ရဟန်းနှင့်
အာခန္တု(ဧသည်)ရဟန်းတွေကိုပါမျှဝေ
ပေးရတယ်။ဒါပေမယ့်ခင်းပြီးသွားတဲ့
သင်ကန်းတွေဆိုရင်ဖြစ်ပေါ်တဲ့အဲဒီအ
ဝတ်သင်ကန်းတွေသည်အဲဒီကျောင်းမှာ
ဝါဆိုတဲ့ရဟန်းတွေနဲ့သာသက်ဆိုင်တယ်။
၅လအတွင်းမှာအာခန္တုကရဟန်းတွေအဲ
ဒီကျောင်းမှာပြန်ရောက်လာခဲ့ရင်အဲဒီသင်
ကန်းတွေနဲ့မသက်ဆိုင်ဘူး။အဲဒီသင်ကန်း
တွေကိုမမျှဝေရသေးပေမယ့်အဲဒီသင်
ကန်းတွေနဲ့မသက်ဆိုင်တော့ဘူး။ဒီအကျိုး
ရလဒ်၅ပါးစလုံးသည်ရဟန်းတွေရဲ့ပစ္စည်း
တွေဖြစ်တယ်။ဒကာ၊ဒကာမတွေရဲ့ပစ္စည်း
တွေမဟုတ်ဘူး။ဒါပေမယ့်ကထိန်သင်ကန်းပြုလုပ်ဖို့အတွက်အဝတ်ကပ်လှူတဲ့
ပုဂ္ဂိုလ်သည်ဒါနပေးကမ်းတဲ့နေရာမှာကု
သိုလ်တွေကိုပွါးများနိုင်တဲ့သူတွေဖြစ်
တယ်။အကြောင်းကနေလာတဲ့အကျိုးရဲ့
ရလဒ်ဖြစ်တယ်။အကြောင်းနဲ့ပြည့်စုံတဲ့အ
ခါမှာကုသိုလ်တွေကိုကောင်းစွာပွါးများ
နိုင်တဲ့သူတွေဖြစ်တယ်။အကြောင်း
ကောင်းတဲ့အခါမှာအကြောင်းနဲ့သင့်
တော်သလောက်ကောင်းတဲ့အကျိုး
တွေဖြစ်ပေါ်တယ်။ဘယ်သူတစ်ဉီးတစ်
ယောက်ရဲ့အာဏာနဲ့ထိန်းချုပ်လို့မရဘူး။
ကထိန်သင်ကန်းသည်သန့်ရှင်းတဲ့အဝတ်
ဖြစ်တယ်။အဲဒီဝိနည်းတရားတော်နဲ့အညီ
မှန်ကန်ပြီးဖြစ်ပေါ်တဲ့ကထိန်သည်ကောင်း
တဲ့တရားနဲ့ဖြစ်ပေါ်ရတယ်။တောင်းယူခြင်းကနေဖြစ်ပေါ်တာမဟုတ်ဘူး။ဝိနည်း
တော်ပိဋကတ်ထဲမှာဒီလိုအချက်အလက်
တွေရှိတယ်။ကထိန်သည်နိမိတ်နဲ့ရလာတဲ့
အဝတ်နဲ့ကထိန်သင်ကန်းမဖြစ်ဘူး။ပြီး
တော့သွယ်ဝိုက်ခြင်းနဲ့ပြောပြီးရလာတဲ့
အဝတ်တွေလည်းကထိန်သင်ကန်းမဖြစ်
ဘူးလို့ဒီလိုရှင်းပြသွားတယ်။နိမိတ်ပြုလုပ်
ခြင်းရဲ့အဓိပ္ပါယ်ကိုသိစေတယ်။ဉပမာ-ဒီ
အဝတ်သည်ကောင်းတယ်၊သင့်တော်
တယ်၊ဒီအဝတ်နဲ့ကထိန်ခင်းလို့ရတယ်ဆို
တာရဟန်းကတစ်ခြားသူတွေကြားအောင်
ပြောပြီးဒကာတွေကထိန်သင်ကန်းကပ်
လှူတဲ့အထိရဟန်းတွေသည်နောက်ထပ်
သွယ်ဝိုက်ခြင်းနဲ့ပြောလာကြတယ်။ဉပမာ
ဒီကထိန်ကိုကပ်လှူသင့်တယ်။ကပ်လှူတဲ့
သူတွေသည်ကုသိုလ်တွေများစွာရတယ်
လို့ပြောပြီးနှိုးဆော်ကြတယ်။တကယ်လို့
ဒီလိုပြောပြီးအဝတ်ရလာတဲ့အခါမှာက
ထိန်သင်ကန်းမဖြစ်ဘူး။ဘာကြောင့်လဲဆို
တော့ဝိနည်းတရားတော်နဲ့အညီမမှန်ကန်
တဲ့အတွက်ကြောင့်သင်ကန်းကိုလက်ခံရရှိ
တဲ့ရဟန်းနှင့်ဝမ်းမြောက်ဝမ်းသာသာဓု
ခေါ်တဲ့သံဃာ့အဖွဲ့တွေလည်းကထိန်ရဲ့အ
ကျိုးရလဒ်တွေကိုမရရှိကြဘူး။ဘာ
ကြောင့်လဲဆိုတော့အဲဒီကထိန်သင်ကန်း
ကိုပြုလုပ်တဲ့အဝတ်သည်ဝိနည်းနဲ့အညီ
ရလာတဲ့အဝတ်တွေမဟုတ်တဲ့အတွက်
ကြောင့်ဖြစ်တယ်။
အဲဒီကထိန်သင်ကန်းကိုပြုလုပ်မယ့်အ
ဝတ်သည်အရမ်းကိုသန့်ရှင်းရတယ်။ပြီး
တော့မိုးပေါ်ကကျလာသလိုမျိုးဖြူစင်
သန့်ရှင်းတဲ့အဝတ်ဖြစ်ရမယ်။အများအား
ဖြင့်ရဟန်းတွေသည်ဆွေမျိုးဆီကနေရ
ဟန်းနဲ့သင့်တော်တဲ့ပစ္စည်းတွေကိုတောင်း
ခြင်း(သို့)ကပ်လှူမယ့်ဒကာ၊ဒကာမတွေ
ဆီမှာတောင်းယူလို့ရတယ်လို့ထင်ကြပြီး
အပြစ်မရှိဘူးလို့ထင်ကြတယ်။ဒါပေမယ့်
အဲဒီကထိန်သင်ကန်းကိုပြုလုပ်မယ့်အ
ဝတ်သည်အရမ်းကိုဖြူစင်သန့်ရှင်းတဲ့အ
တွက်ရဟန်းတွေတောင်းယူလို့မရဘူး။ဒါ
ပေမယ့်ဘယ်ကျောင်းကကထိန်သင်ကန်း
တွေမရှိသေးဘူးလို့ဒကာ၊ဒကာမတွေမြင်
ရင်အဝတ်တွေကိုရှာဖွေပြီးသံဃာ့အဖွဲ့ကို
ကပ်လှူလို့ရတယ်။ဘာကြောင့်လဲဆိုတော့
ဒကာ၊ဒကာမတွေကိုယ်တိုင်ရှာဖွေလာတဲ့
အတွက်ကြောင့်ဖြစ်တယ်။ကထိန်ကိုမှန်ကန်စွာနဲ့နားလည်ရင်ကိုယ်နှင့်တစ်ခြား
သူတွေကိုပါအကျိုးဖြစ်တယ်။ကထိန်
သည်အဝတ်ရဲ့အကြောင်းဖြစ်တယ်။ပြီး
တော့အချိန်ကာလမှာကပ်လှူရတဲ့အဝတ်
ဖြစ်တယ်။ဆိုလိုတာကဗုဒ္ဓမြတ်စွာဘုရား
ပညတ်ထားတဲ့အချိန်အတွင်းမှာသာဖြစ်
ရတယ်။ကထိန်အကြောင်းကိုမှန်ကန်စွာ
နဲ့နားလည်လာတဲ့အခါမှာကထိန်အဖြစ်နဲ့
ငွေကိုတောင်းပြီးတစ်ခြားသူတွေကထိန်
လုပ်ဖို့လာပြီးတိုက်တွန်းရင် ကထိန်ကဘာ
လဲ?ဆိုတာအဲဒီလူတွေကိုမှန်ကန်စွာနဲ့နား
လည်အောင်ပြောပြလို့ရတယ်။ဒါကြောင့်
အဲဒီလူတွေနဲ့အကျိုးဖြစ်အောင်လုပ်စောင်
ခြင်းဖြစ်တယ်။ဘာကြောင့်လဲဆိုတော့မှား
တဲ့အရာတွေကိုနောက်ထပ်ဆက်ပြီးမလုပ်
ဖို့အတွက်ဖြစ်တယ်။ဒါကြောင့်ကိုယ့်ရဲ့အ
ကျိုးလည်းဖြစ်ပြီးမှားတဲ့အရာတွေနဲ့မပတ်သက်တော့ဘူး။မှားတဲ့အရာတွေ
သည်ဘာတွေနဲ့မှအကျိုးမရှိဘူး။ဒါ
ကြောင့်ကူညီပြီးမှားခဲ့တဲ့အရာတွေကို
ချက်ချင်းပစ်ထုတ်သင့်တယ်။မှားခဲ့တဲ့
အရာတွေကိုဆက်ပြီးတော့မသိမ်းထား
သင့်ဘူး။
## ဗုဒ္ဓမြတ်စွာဘုရားကထိန်ကိုခွင့်ပေးရ
တဲ့ရည်ရွယ်ချက် ##
ဗုဒ္ဓမြတ်စွာဘုရားကအဲဒီကထိန်နဲ့ပတ်
သက်တဲ့အလုပ်တွေကိုရဟန်းတွေအား
လုံးအတူတကွပြုလုပ်ဖို့အတွက်ဗုဒ္ဓမြတ်
စွာဘုရားကခွင့်ပြုထားတယ်။ဒါကြောင့်
ငါကသွန်သင်ဆုံးမတဲ့ဆရာ၊ဝါရင့်တဲ့ရ
ဟန်းတွေဖြစ်တယ်ဆိုပြီးကိုယ့်ကိုယ်ကိုယ်
အထင်ကြီးလို့မရဘူး။ဒါကြောင့်ရဟန်း
တွေအားလုံးသည်အဝတ်တွေကိုလျှော်
ဖွတ်ခြင်း၊ချုပ်ခြင်းနှင့်အရောင်ဆိုးခြင်း
ဖြင့်အဲဒီတစ်နေ့ထဲမှာသင်ကန်းပြီးအောင်
ဝိုင်းဝန်းကူညီကြရတယ်။အဲဒီလုပ်ရပ်တွေ
သည်ဗုဒ္ဓမြတ်စွာဘုရားချီးမြှင့်ထားတဲ့
ကျောင်းကထိန်ဖြစ်တယ်။အရင့်အရင်က
ဗုဒ္ဓမြတ်စွာဘုရားတွေလည်းဒီကျောင်းက
ထိန်တွေကိုပြုလုပ်လာခဲ့ကြတယ်။အတ္ထ
ဂါထာ၊ဝိနည်းပိဋကတ်မှာအချက်အလက်
တွေရှိကြတယ်။ပဒုမုတ္တလမြတ်စွာဘုရား
လက်ထက်ကကျောင်းကထိန်ကိုလုပ်လာ
ခဲ့ပြီးဖြစ်တယ်။ဒါကြောင့်အတိတ်ကာလ
တုန်းကဗုဒ္ဓမြတ်စွာဘုရားရဲ့လက်ဝဲယာ
ဖြစ်တဲ့စူချရဟန်းသည်ကထိန်ကိုရရှိတယ်
ဆိုတာကြားဖူးတယ်။ပြီးတော့ဗုဒ္ဓမြတ်စွာ
ဘုရားသည်အဲဒီကျောင်းကထိန်ကိုရဟန်း
အပါး ၆သန်း ၈သိန်းတွေနဲ့ပြုလုပ်ကြ
တယ်ဆိုတာလည်းကြားဖူးတယ်။ဒီလိုဖြစ်တဲ့အခါမှာရဟန်းတွေအားလုံးသည်စည်း
လုံးခြင်းတွေရှိပြီးအနစ်နာခံတဲ့ပုဂ္ဂိုလ်တွေ
ဖြစ်ကြတယ်။
ီးတော့တစ်ခြားရဟန်းတွေအတွက်
လည်းအကျိုးဖြစ်ပြီးတာဝန်တွေကို
ကျေပွန်စွာနဲ့ဝိုင်းဝန်းလုပ်စောင်ကြ
တယ်။ဒါကြောင့်ရင်းရင်းနှီးနှီးနဲ့စည်းလုံး
ညီညွှတ်မှုတွေဖြစ်ပေါ်စေတယ်။နောက်
အကြောင်းတစ်ခုကဗုဒ္ဓမြတ်စွာဘုရား
လက်ထက်ကရဟန်းတွေသည်အဝတ်တွေ
ကိုရှာရခက်တယ်။ဒါကြောင့်ဗုဒ္ဓမြတ်စွာ
ဘုရားကကထိန်သင်ကန်းကပ်လှူဖို့ခွင့်ပြု
လိုက်ပြီးရဟန်းတွေအဝတ်ရှာရတဲ့နေရာ
မှာဆင်းရဲပင်ပန်းခြင်းတွေမရှိတော့ဘူး။
အဝတ်ဟောင်းတဲ့ရဟန်းတွေသည်အဝတ်
သစ်ကိုလှဲလှယ်လို့ရတယ်။အတ္ထဂါထာ၊ဝိ
နည်းပိဋကတ်မှာအချက်အလက်တွေရှိ
တယ်။တကယ်လို့ကထိန်ခင်းခြင်းကို ငါ!
ဘုရားပညတ်ထားတဲ့အတိုင်းဆိုရင်အဲဒီ
ရဟန်းတွေသည်သင်ကန်းတစ်ထည်ကို
သိမ်းထားပြီးသင်ပိုင်တဲ့သင်ကန်းကိုသာ
ဝတ်ရုံလို့ရတယ်။ဒါကြောင့်ရဟန်းတွေ
သည်အဲလောက်နဲ့လုံလောက်တယ်လို့
ဗုဒ္ဓမြတ်စွာဘုရားကဟောပြောသွား
တယ်။
# #ဗုဒ္ဓမြတ်စွာဘုရားရဲ့အဆုံးအမထဲမှာ
အခြွေအရံကထိန်ဆိုတာမရှိဘူး##
အခြွေအရံကထိန်သည်ပိဋကတ်သုံးပုံထဲ
မှာမရှိဘူး။ကထိန်သည်အဝတ်ရဲ့အ
ကြောင်းဖြစ်တယ်လို့ဗုဒ္ဓမြတ်စွာဘုရားက
ဆိုဆုံးမသွားတယ်။ရွှေ၊ငွေရဲ့အကြောင်း
(သို့)ကထိန်ရဲ့အခြွေအရံဖြစ်တဲ့တစ်ခြား
အရာတွေလည်းမရှိဘူး။ဗုဒ္ဓဘာသာလူ
မျိုးတွေသည်အကြောင်းဆိုတာဘာလဲ?
အရင်ဆုံး“အကြောင်း”ဆိုတဲ့စကားလုံး
ကိုနားလည်သင့်တယ်။အကြောင်းသည်
ငွေတွေမဟုတ်ဘူး။ဗုဒ္ဓဘာသာလူမျိုးတွေ
သည်အကြောင်း ၄ပါး(စတုအကြောင်း)
ဆိုတဲ့စကားလုံးတွေကိုရင်းနီးကြတယ်။
အကြောင်း ၄ပါးသည်ရွှေ၊ငွေတွေမဟုတ်
ဘူး။အကြောင်း ၄ပါးတွေကတော့ကျောင်း၊သင်ကန်း၊ဆေးနှင့်ဆွမ်းတို့ဖြစ်
ကြတယ်။ရဟန်းတွေသည်ဒီအကြောင်း
၄ပါးနဲ့ဘဝကိုရှင်သန်စွာနေထိုင်ရပြီးဘဝ
ရဲ့မှီခိုရာလည်းဖြစ်တယ်။ရွှေ၊ငွေတွေ
သည်ရဟန်းတွေနဲ့ဘယ်လိုမှမအပ်စပ်ဘူး။
ဝိနည်းထဲကရဟန်းတွေသည်ရွှေနဲ့ငွေကို
မကိုင်ဘူး။မသာယာဘူး။ရဟန်းတွေသည်
ကိလေသာကိုခြစ်ထုတ်ဖို့အတွက်ပုဇင်း
တက်ကြတယ်။ဒါကြောင့်ပုဇင်းမတက်ခင်
ရွှေနဲ့ငွေကိုစွန့်လွတ်လိုက်ပြီးဖြစ်တယ်။ဒါ
ကြောင့်ပုဇင်တက်ပြီးတဲ့အခါမှာရွှေနဲ့ငွေ
ကိုဘယ်လိုနဲ့ပြန်ပြီးကိုင်လို့ရမလဲ?စွန့်
လွှတ်လိုက်ပြီးတဲ့အတွက်ကြောင့်ဘယ်
ကိစ္စနဲ့မှကိုင်တွယ်လို့မရတော့ဘူး။ကထိန်
သည်ရွှေ၊ငွေနှင့်တစ်ခြားအရာတွေနဲ့ဘာမှ
မသက်ဆိုင်ဘူး။ရဟန်းတွေသည်ငွေတွေ
ကိုတောင်းခြင်းနှင့်လက်ခံခြင်းတွေရှိရင်
အာပတ်သင့်တယ်။
ကထိန်သည်ရွှေ၊ငွေရဲ့အကြောင်းဖြစ်
တယ်လို့နားလည်မှုမှားကြတယ်။ဒါ
ကြောင့်ကထိန်ကိုနားလည်မှုမှားတဲ့သူ
တွေသည်ဗုဒွသာသနာကိုဝိုင်ပြီးဖျက်ဆီး
ရာကျတယ်။ဒါကြောင့်မမှန်ကန်တဲ့အရာ
တွေဖြစ်တယ်။ပြီးတော့တစ်ပါးသူတွေ
ကိုလည်းနားလည်မှုတွေမှားစေပြီးဖျက်
ဆီးမှုတွေဖြစ်ပေါ်စေတယ်။ဒါကြောင့်က
ထိန်ကိုနားလည်မှုတွေမှားပြီးဝိနည်းတရား
တော်နဲ့မညီတဲ့ရဟန်းတွေရဲ့စကားကိုယုံ
ကြည်ကြတယ်။ဗုဒ္ဓမြတ်စွာဘုရားရဲ့စကားကိုတော့အရေးမလုပ်ပဲမေ့နေကြ
တယ်။အဲဒီလုပ်ရပ်တွေသည်ငရဲကြီးပြီး
ကုသိုလ်တွေမဖြစ်ဘူး။ဘာကြောင့်လဲ
ဆိုတော့ရဟန်းတွေကိုရွှေ၊ငွေတွေပေးတဲ့
အတွက်ကြောင့်အာပတ်သင့်စေပြီးဝိနည်း
တွေကိုချိုးဖောက်ကြတယ်။ဒကာ၊ဒကာမ
တွေရဟန်းတွေအပါယ်ဘုံကိုရောက်
အောင်တွန်းချလိုက်တာနဲ့တူတယ်။ဒါ
ကြောင့်မှားတဲ့အရာကိုပြုလုပ်တဲ့အခါ
မှာအကုသိုလ်ဖြစ်တယ်။ဒါကြောင့်ဝိနည်း
ချိုးဖောက်တဲ့ရဟန်းတွေသည်မြတ်နိဗ္ဗာန်
ကိုထိုးထွင်းဖို့တားဆီးတဲ့အာပတ်ရှိတယ်။
တကယ်လို့အာပတ်ရှိနေသေးတယ်ဆိုရင်
သုဂတိဘုံမှာမွေးဖို့လည်းတားဆီးတယ်။
ရဟန်းတွေသည်ကိုယ့်ကိုကိုယ်ရဟန်း
ဖြစ်တယ်လို့ဝန်ခံချက်ရှိသေးတဲ့အခါမှာ
ပျံတော်မူသွားခဲ့ရင်ဒီဘဝကနေနောက်
ဘဝရောက်ရင်အဲဒီအပါယ်ဘုံမှာမွေးကြ
ရတယ်။သုဂတိဘုံမှာမွေးလို့မရဘူး။ဗုဒ္ဓ
သာသနာထဲမှာဗုဒ္ဓမြတ်စွာဘုရားပညတ်
ထားတဲ့ဝိနည်းတော်တွေကိုချိုးဖောက်ခြင်းသည်အန္တာရယ်ကိုဖြစ်ပေါ်စေတဲ့တ
ရားဖြစ်တယ်။ဆိုလိုတာကနတ်ပြည်၊မဂ်၊
ဖိုလ်နှင့်နိဗ္ဗာန်ကိုတားဆီးတဲ့တရားဖြစ်
တယ်။
## တစ်ခြားအရာကိုလုပ်ဖို့ကထိန်ကို
အကြောင်းပြခြင်းသည်မှန်ရဲ့လာ?##
ယခုခေတ်မှာအိမ်သာဆောက်ဖို့ကထိန်
လုပ်ခြင်း၊စာသင်ကျောင်းဆောက်ဖို့က
ထိန်ဆောက်ခြင်း၊သိမ်ကျောင်းနှင့်ဇရပ်
တွေဆောက်ဖို့ကထိန်ခင်းခြင်းစသည်ဖြင့်
အကြောင်းပြခြင်းတွေရှိလာကြတယ်။က
ထိန်သည်အဝတ်ရဲ့အကြောင်းဖြစ်တယ်
ဆိုတာမှန်ကန်စွာနဲ့နားလည်တဲ့အခါမှာအဲ
ဒီရဟန်းတွေအားလုံးနှင့်သံဃာ့အဖွဲ့တွေရဲ့
လုပ်ရပ်တွေဖြစ်တယ်။အဲဒီအရာကိုလုပ်
ဖို့အတွက်ကထိန်ကိုအကြောင်းပြပြီးတစ်
ခြားအရာတွေကိုပြုလုပ်ခြင်းသည်မှန်ကန်
ကထိန်ခင်းခြင်းတွေမဟုတ်ဘူး။ผဒါပေ
မယ့်ရှာဖွေတဲ့နေရာမှာဒကာ၊ဒကာမတွေရဲ့
တာဝန်တွေဖြစ်တယ်။ဘာကြောင့်လဲဆို
တော့ရဟန်းတွေသည်ရွှေ၊ငွေနဲ့ဘယ်လိုမှ
ပတ်သက်လို့မရဘူး။ပြီးတော့တကယ့်ကို
နားလည်မှုမှားတဲ့အရာတွေကတော့တရား
စခန်းကိုဆောက်ဖို့အတွက်ကထိန်သင်ကန်းကိုကပ်လှူကြတယ်။ဗုဒ္ဓမြတ်စွာဘု
ရားရဲ့အဆုံးအမထဲမှာတရားစခန်းဆိုတာ
မရှိဘူး။“စခန်း”ဆိုတာကနေထိုင်တဲ့နေ
ရာကိုဆိုလိုတယ်။တရားသွားအားထုတ်ရ
တဲ့နေရာမဟုတ်ဘူး။ဘာကြောင့်လဲဆို
တော့ “တရား”ဆိုတာကတကယ်ရှိတဲ့
အရာဖြစ်ပြီးအချိန်တိုင်းမှာတကယ်ရှိ
တယ်။တစ်နေရာရာမှာသွားနေဖို့မလိုအပ်
ဘူး။ဒါပေမယ့်နားလည်မှုမှားတဲ့အခါ
တရားစခန်းမှာနရားသွားအားထုတ်ရ
တယ်လို့ထင်ကြတယ်။အမှန်တကယ်ဆို
ရင်တရားသည်ယခုအချိန်မှာလည်းရှိနေ
တယ်။တရားကိုနားလည်အောင်နာကြား
ခြင်းသည်ယခုတကယ်ရှိတဲ့တရားရဲ့အ
မှန်တွေကိုသိပြီးပညာဆိုတဲ့နားလည်ခြင်း
တွေကိုတိုးတက်အောင်အကြောင်းအ
ကြောင်းဖြစ်ပေးတယ်။
အဲဒါသည်ဗုဒ္ဓသာသနာထဲမှာတရားအား
ထုတ်ခြင်းသည်အမှန်အတိုင်းဖြောင့်မတ်
ပြီးတရားသဘောတစ်ခုစီရဲ့အနတ္တဖြစ်
ခြင်းကိုနားလည်ရခြင်းဖြစ်တယ်။ဗုဒ္ဓမြတ်
စွာဘုရားရဲ့အဆုံးအမထဲမှာတရားစခန်း
တွေမရှိဘူး။ဒါကြောင့်တရားစခန်းတွေကို
ဝိုင်းပြီးဆောက်လုပ်လှူဒါန်းကြတာမှန်ကန်
ရဲ့လာ?ပြီးတော့တကယ်လို့တရားစခန်းကို
ဆောက်ဖို့အတွက်ကထိန်လှူမယ်ဆိုရင်ပြု
လုပ်တဲ့သူနှင့်လုပ်ဖို့တီုက်တွန်းတဲ့သူတွေသည်အပြစ်တွေပိုပြီးဖြစ်တယ်။ဒါ
ကြောင့်အပြစ်သက်သက်သာဖြစ်တယ်။
ကိုယ့်ကိုယ်ကိုယ်နဲ့တစ်ပါးသူတွေပါဖျက်
ဆီးတယ်။ပြီးတော့ဗုဒ္ဓမြတိစွာဘုရားရဲ့
အဆုံးအမတွေကိုလည်းဖျက်ဆီးတယ်။
## ရွာသူရွာသားတွေပေးအပ်တဲ့
သင်ကန်း ##
ရွာသူရွာသားတွေပေးအပ်တဲ့သင်ကန်းဆို
တာကတော့ဗုဒ္ဓမြတ်စွာဘုရားသည်ရွာသူ
ရွာသားတွေဆီကနေသင်ကန်းတွေကို
လက်ခံဖို့ခွင့်ပြုထားတယ်။အဲဒီရွာသူရွာ
သားတွေရဲ့သင်ကန်းကိုလက်ခံရရှိဖို့ခွင့်
ပြုရတဲ့အကြောင်းသည်ဆေးဆရာဇီဝက
ကနေလာတယ်။ဒကာ၊ဒကာမတွေကပ်လှူ
တဲ့သင်ကန်းကိုရဟန်းတွေအားလုံးနဲ့အ
ကျိုးဖြစ်ဖို့အတွက်ဖြစ်တယ်။ရဟန်းတွေ
သည်ပုံမှန်သင်ကန်းကနေပန့်သကူသင်
ကန်းကိုသုံးကြတယ်။ဝိနည်းပိဋကတ်၊မ
ဟာဝေါ်မှာဒီလိုအချက်အလက်တွေရှိ
တယ်။တစ်ခါတုန်းကဆေးဆရာဇီဝက
သည်အဲဒီအဝတ်တစ်စုံကိုယူပြီးဗုဒ္ဓမြတ်
စွာဘုရားဆီကိုသွားရောက်ကာရိုသေစွာ
နဲ့ရှိခိုးပြီးတစ်နေရာမှာထိုင်လိုက်တယ်။ပြီး
တော့အရှင်ဘုရားကိုတပည့်တော်ဆုတစ်
တစ်ခုလောက်တောင်းချင်ပါတယ်ဘုရား
လို့လျှောက်ထားတော်မူတယ်။အဲဒီအချိန်
မှာဗုဒ္ဓမြတ်စွာဘုရားက“မြတ်စွာဘုရား
တွေအားလုံးသည်ဆုပေးခြင်းကိုစွန့်လွတ်
လိုက်ပြီး”လို့ပြန်ပြောတယ်။ဒါကြောင့်
ဆေးဆရာဇီဝကက“ဒါဆိုသင့်တော်ပြီး
အပြစ်မရှိတဲ့ဆုကိုတပည့်တော်တောင်းပါ
ရစေဘုရား”လို့ပြန်လျှောက်တယ်။တင်ပါ
ဘုရား!ဗုဒ္ဓမြတ်စွာဘုရားနှင့်သံဃာ့အဖွဲ့
တွေသည်ပုံမှန်ဆိုပန့်သကူသင်ကန်းကိုရုံ
တော်မူတယ်။ဒါကြောင့်တပည့်တော်ရ
လာတဲ့ဒီအဝတ်တစ်စုံသည်အသားကောင်းပြီးမြင့်မြတ်တယ်။တစ်ခြားသော
အဝတ်တွေထက်ပိုပြီးကောင်းတယ်။ဒါ
ကြောင့်တပည့်တော်ရဲ့အဝတ်တစ်စုံကို
အရှင်ဘုရားကျေးဇူးပြုပြီးလက်ခံပေး
တော်မူပါဘုရား၊ပြီးတော့ရဟန်းသံဃာ
တွေနဲ့လည်းလက်ခံပေးတော်မူပါဘုရား!
ပြီးတော့ရဟန်းသံဃာတွေနဲ့လည်းလက်ခံ
ရရှိဖို့ခွင့်ပြုတော်မူပါအရှင်ဘုရားလို့
လျှောက်တင်တယ်။ပြီးတော့ဗုဒ္ဓမြတ်စွာ
ဘုရားသည်အဲဒီအဝတ်ကိုလက်ခံယူပြီး
ဇီဝကနဲ့တရားဟောပြောတယ်။အမှန်တွေ
ကိုမြင်လာအောင်ရှင်းပြတော်မူတယ်။ပြီး
တော့ဇီဝကသည်အဲဒီနေရာကနေထပြီး
မြတ်စွာဘုရားကိုအရိုအသေပြုကာပြန်
သွားတယ်။
ဗုဒ္ဓမြတ်စွာဘုရားသည်အဲဒီမူလအ
ကြောင်းနှင့်အဲဒီပထမအကြောင်းတွေ
ကိုရဟန်းတွေအားလုံးနဲ့ဆိုဆုံးမသွား
တယ်။ရဟန်းတို့အားလုံးနားထောင်ကြ!
ငါဘုရားခွင့်ပြုထားတဲ့ဒကာ၊ဒကာမတွေ
ပေးလှူတဲ့သင်ကန်းဖြစ်စေ၊ပန့်သကူသင်
ကန်းပဲဖြစ်စေအလိုရှိတဲ့ဘယ်ရဟန်းတွေ
မဆိုသုံးဆောင်လို့ရတယ်။ဒါပေမယ့်ငါဘု
ရားသည်ရှိတာလေးနဲ့ရောင်ရဲတင်းတိမ်
ခြင်းကိုအားပေးတယ်။ဒါကြောင့်ရဟန်း
တွေနဲ့သင်ကန်းကပ်လှူခြင်းကိုမြတ်စွာဘု
ရားကခွင့်ပြုတယ်လို့ရွာသူရွာသားတွေသတင်းကြားသိတဲ့အခါမှာဒါန(ပေးကမ်း
ခြင်း)တွေပြုလုပ်ကြရတော့မယ်ဆိုပြီးဝမ်းသာစွာနဲ့ပျော်ရွှင်ကြတယ်။အဲဒီနေ့မှာ
ပဲမြို့တွင်းမှာသင်ကန်းတွေအထည်
ထောင်ပေါင်းများစွာဖြစ်ပေါ်လာတယ်။
ဒီအချက်အလက်အရဘယ်ရဟန်းတစ်
ပါးပါးမဆိုသင်ကန်းတွေဟောင်းပြီး(သို့)
သုံးလို့မရတော့တဲ့သင်ကန်းတွေရှိတဲ့ရ
ဟန်းတွေနဲ့သင်ကန်းသစ်တွေကပ်လှူဖို့
အခွင့်အရေးရှိတဲ့အခါမှာအဲဒီရဟန်းတွေ
နဲ့သင်ကန်းတွေကပ်လှူနိုင်တဲ့အတွက်
ကြောင့်ဆေးဆရာဇီဝကရဲ့ဂုဏ်ကျေးဇူး
ကိုအောက်မေ့ကြတယ်။ပြီးတော့ရဟန်း
တွေချမ်းသာစွာနဲ့နေထိုင်နိုင်ဖို့အတွက်ဖြစ်
တယ်။ဘာကြောင့်လဲဆိုတော့အဲဒီခေတ်
အခါကဗုဒ္ဓမြတ်စွာဘုရားသည်ဇီဝကကို
သင်ကန်းကပ်လှူတဲ့ဆုမပေးခင်ကရဟန်း
တွေသည်ပန့်သကူသင်ကန်းနဲ့သာသုံး
ဆောင်ကြရတယ်။ကထိန်ခင်းတဲ့အချိန်
ကာလမဟုတ်တဲ့အခါမှာရဟန်းတွေနဲ့
သင့်တော်တဲ့အရာတွေကတော့ကျောင်း၊
သင်ကန်း၊ဆေးနှင့်ဆွမ်းတွေသာကပ်လှူ
လို့ရတယ်။ဒါတွေသည်ရဟန်းတွေရဲ့ဘဝ
မှာရှင်သန်နေထိုင်နိုင်ဖို့အတွက်မှီခိုရတဲ့
အကြောင်းတွေဖြစ်တယ်။
## ပန့်သကူအဝတ်ဆိုတာဘာလဲ?##
ပန့်သကူအဝတ်ဆိုတာကဖုံမှုတ်နဲ့ညစ်ပေ
နေတဲ့အဝတ်ဖြစ်ပြီးပိုင်ရှင်မရှိတဲ့အဝတ်
ဖြစ်တယ်။ဒါကြောင့်ရဟန်းတွေသုဿန်
ကနေရှာဖွေလာတဲ့အဝတ်၊အမိုက်ပုံးကနေ
ရှာဖွေလာတဲ့အဝတ်နှင့်နေရာအနှံမှာလူတွေစွန့်ပစ်လိုက်တဲ့အဝတ်တို့ဖြစ်ကြတယ်။ဒါကြောင့်ရလာတဲ့အဝတ်တွေစု
ပေါင်းပြီးလုံလောက်စွာရှိလာတဲ့အခါမှာ
ဝိနည်းသိက္ခာပုဒ်နဲ့အညီခွင့်ပြုပြီးပညတ်
ထားတဲ့အတိုင်းရဟန်းတွေဝတ်ရုံဖို့အ
တွက်သင်ကန်းတွေပြုလုပ်ရခြင်းဖြစ်
တယ်။ဝိနည်းပိဋကတ်အချက်အလက်
ထဲမှာပန့်သကူအဝတ်ရဲ့လက္ခဏတွေကို
ဒီလိုပြသွားတယ်။ပန့်သကူအဝတ်တွေ
၅မျိုးရှိပြီးဘာတွေလဲဆိုတော့ ၁။သုဿန်
မှာကျတဲ့အဝတ် ၂။စေျးထဲမှာကျတဲ့အ
ဝတ်၊ ၃။ကြွက်ကိုက်တဲ့အဝတ်၊ ၄။ချ
ကိုက်တဲ့အဝတ်၊ ၅။မီးလောင်တဲ့အဝတ်
တို့ဖြစ်ကြတယ်။နောက်ထပ်တစ်ခြားပန့်
သကူအဝတ် ၅မျိုးရှိပြီးဘာတွေလဲဆို
တော့ ၁။နွားကိုက်တဲ့အဝတ်၊ ၂။ဆိတ်
ကိုက်တဲ့အဝတ် ၃။စေတီ၊ပုထိုးတွေကိုခြုံ
တဲ့အဝတ် ၄။ကောင်းစွာနဲ့ပစ်ထားတဲ့အ
ဝတ်နှင့်၅။သုဿန်ကိုယူသွားပြီးပြန်ယူ
လာတဲ့အဝတ်တို့ဖြစ်ကြတယ်။
