ကံ..ဘဝရဲ့ အဖြေ ## กรรม..คําตอบของชีวิต ##

# အမှာစာ##
ဗုဒ္ဓမြတ်စွာဘုရားကိုရှိခိုးပူဇော်ပါ၏ဘုရား🙏 ဗုဒ္ဓမြတ်စွာဘုရားသည်
ပညာဂုဏ်၊ဝိမုတ္တိဂုဏ်နှင့်မဟာကရုဏာ
ဂုဏ်တွေနဲ့ပြည့်စုံပြီးနှိုင်းယှဉ်လို့မရ
အောင်ဂုဏ်တွေများစွာရှိတယ်။ဗုဒ္ဓမြတ်
စွာဘုရားသည်တရားသိတော်မူပြီး
နောက်တရားအားလုံးကိုဆိုဆုံးမသွား
တယ်။တရားတော်တွေသည်မြင့်မြတ်
တဲ့တရားတွေဖြစ်ပြီးတန်ဖိုးရှိတဲ့တရား
တွေဖြစ်တယ်။ဒါကြောင့်လောကသတ္တဝါ
တွေကိုသံသရာကနေလွတ်မြောက်ဖို့အ
တွက်လမ်းပြပေးတဲ့ရတနာအလင်းနဲ့နှိုင်း
ယှဉ်ထားတယ်။ပြီးတော့အမြင်မှန်ပြီး
ပညာရှိတဲ့သူတွေကိုဗုဒ္ဓမြတ်စာဘုရားထားခဲ့တဲ့ရတနာအမွေနဲ့နှိုင်းယှဉ်ထား
တယ်။အဲဒီအမွေသည်အပြစ်နဲ့ကင်းရှင်
ခြင်း၊အညစ်အကြေးတွေမရှိခြင်း၊ရန်သူ
နဲ့ကင်းရှင်ခြင်းနှင့်အန္တာရယ်အားလုံးတွေ
နဲ့ကင်းရှင်တဲ့အမွေတွေဖြစ်တယ်။

လေးနက်ခြင်း၊နက်နဲခြင်း၊အသေးစိတ်
ခြင်းနှင့်မြင်ဖို့ခက်ခဲတဲ့တရားတော်တွေကို
လေ့လာသင်ကြားရတဲ့ပုဂ္ဂိုလ်တွေသည်အ
စဉ်လိုက်နဲ့နားလည်ခြင်းတွေပိုပြီးရှိလာတဲ့
အထိမြင့်မြတ်တဲ့နည်းလမ်းကိုမြင်ပြီးဆို
တာကိုယ်တိုင်သိနိုင်တယ်။အဲဒါကတော့
အရိယာမဂ္ဂဖြစ်တယ်။တရားအားလုံးတွေ
သည်ကိလေသာတွေကိုငြိမ်းသတ်ဖို့နှင့်
ခြစ်ထုတ်ဖို့အတွက်ဖြစ်တယ်။ဒါကြောင့်
ကိလေသာတွေရှိသေးတယ်လို့အမှန်အ
တိုင်းကိုယ့်ကိုကိုယ်သိတဲ့သူတွေသည်
ကိုယ့်ရဲ့နားလည်ခြင်းနဲ့သင့်တော်သ
လောက်တရားတော်တွေကိုနာကြားခြင်း
ကနေအကျိုးတွေကိုရရှိတယ်။စာရေးသူ
သည်ဆရာမဆူကြည်ဆီကနေတရား
တော်တွေကိုနာကြားရတဲ့အခွင့်အရေး
တွေရရှိခဲ့တယ်။ဆရာမဆူကြည်သည်
တရားဘက်မှာဆရာမတစ်ယောက်ဖြစ်
ပြီးမိတ်ဆွေကောင်းတစ်ယောက်လည်း
ဖြစ်တယ်။ဆရာမသည်ဗုဒ္ဓမြတ်စွာဘုရား
ရဲ့အဆုံးအမတရားတွေကိုမှန်ကန်စွာနဲ့
ပြန်ပြီးဟောပြနိုင်တဲ့ဆရာမဖြစ်တယ်။
ဒါကြောင့်တရားနာကြားရတဲ့သူတွေသည်
ဒီအမှန်တွေကိုဘယ်သူမှငြင်းဆန်လို့မရတဲ့
တရားရဲ့အဓိပ္ပါယ်တွေထဲမှာနားလည်ခြင်း
တွေရှိလာတယ်။ဆရာမဟောပြောတဲ့တ
ရားတွေကိုလူတွေအများကနာကြားရတဲ့
အခါမှာဗုဒ္ဓသာသနာထဲမှာစပြီးစိတ်ဝင်
စားလာကြတယ်။ပြီးတော့လေးနက်ပြီး
အသေးစိတ်တဲ့တရားတွေကိုနာကြားရ
တဲ့သူတစ်ချို့ကထပ်ပြီးတော့နားမထောင်
ကြတော့ဘူး။ဘာကြောင့်လဲဆိုတော့တ
ရားနာကြားခြင်းကနေအကျိုးတွေလျှင်
မြန်စွာနဲ့ရခြင်တဲ့စိတ်ကြောင့်ဖြစ်တယ်။
ပြီးတော့ကောင်းတဲ့အထူးအာနုဘော်အ
မျိုးမျိုးတွေကိုရရှိဖို့အတွက်တရားသွား
အားထုတ်ဖို့လိုလားကြတယ်။ဒါပေမယ့်
ခိုင်မာပြီးသဒ္ဓါတရားတွေရှိတဲ့လူတွေများ
စွာရှိသေးတယ်။ပြီးတော့ပုံမှန်တရားတွေကိုလေ့လာသင်ကြားဖို့စိတ်ဝင်စားသူတွေ
လည်းရှိသေးတယ်။ဒါကြောင့်တရားတွေ
ကိုနားလည်ဖို့အတွက်မသိမှု(အဝိဇ္ဇာ)တွေ
ကိုစွန့်လွတ်ဖို့အတွက်နှင့်မသိဘူးတဲ့အရာ
တွေကိုပိုပြီးသိလာအောင်တရားတွေကို
နာကြားသင့်တယ်ဆိုတာဆရာမကအမြဲတမ်းနှိုးဆော်ပေးတယ်။ပြီးတော့
ပညာ(တရားသဘောတွေကိုအမှန်အတိုင်း
သိနားလည်ခြင်း)တွေကိုတစ်ဖြည်းဖြည်း
နဲ့တိုးတက်အောင်ပွါးများရတယ်။

တရားတွေထဲမှာပိုပြီးသိနားလည်ခြင်း
တွေရှိလာပြီးပညာတွေပိုပြီးတိုးတက်
လာတဲ့အခါမှာအဲဒီပညာကပဲကိလေသာ
တွေကိုစွန့်လွတ်တဲ့တာဝန်ကိုလုပ်ဆောင်
တယ်။ကျွနုပ်တို့တွေသည်နင်၊ငါအဖြစ်နဲ့
ကိလေသာတွေကိုစွန့်လွတ်ဖို့သည်မဖြစ်
နိုင်ဘူး။ဘာကြောင့်လဲဆိုတော့ဒီနင်၊ငါ
တွေဖြစ်ခြင်းကြောင့်ဖြစ်တယ်။ဒီနင်၊ငါ
တွေသည်အမှန်တကယ်တမ်းကျတော့
ကြီးမားတဲ့ပထမကိလေသာတွေဖြစ်
တယ်။နင်၊ငါဖြစ်ခြင်းကိုစွဲထားခြင်းမှစွန့်
လွတ်ဖို့သည်ခက်ခဲတဲ့အရာဖြစ်တယ်။ဘာ
ကြောင့်လဲဆိုတော့ကျွနုပ်တို့သည်အသေး
စိတ်တဲ့တရားတော်တွေကိုမနာကြားခဲ့ဘူး
တဲ့အပြင်ကျွနုပ်တို့ရဲ့နင်၊ငါဖြစ်ခြင်းတွေ
ထဲမှာအချိန်တွေများစွာစွဲထားခြင်းတွေရှိ
တဲ့အတွက်ကြောင့်ဖြစ်တယ်။ပြီးတော့နင်၊
ငါ….စတဲ့အရာတွေအားလုံးသည်တရား
ဖြစ်တယ်ဆိုတာမသိခဲ့ဘူး။ဒီအရာတွေအားလုံးထဲမှာကိုယ်တွေလည်းပါတယ်ဆို
တာမသိခဲ့ဘူး။ပြီးတော့အကြောင်းအရ
လျှင်မြန်စွာနဲ့ဖြစ်ပေါ်ပြီးပျက်သွားတဲ့တ
ရားသဘောတွေသာဖြစ်တယ်။အဲဒီတရား
သဘောရဲ့ဆက်လက်ဖြစ်ပျက်ခြင်းကိုသိ
တဲ့ပုဂ္ဂိုလ်နှင့်မမြဲခြင်းကိုထိုးထွင်းတဲ့
ပုဂ္ဂိုလ်ကတော့ဗုဒ္ဓမြတ်စွာဘုရားဖြစ်
တယ်။တရားသဘောအားလုံးရဲ့ဖြစ်၊ပျက်
ခြင်းကိုပထမဆုံးသိတဲ့ပုဂ္ဂိုလ်ကတော့
ဗုဒ္ဓမြတ်စွာဘုရားပင်ဖြစ်တယ်။တရားသ
ဘောအားလုံးရဲ့ဖြစ်၊ပျက်ခြင်းကိုထိုးထွင်း
ခြင်းသည်နင်၊ငါဖြစ်တယ်၊ပုဂ္ဂိုလ်၊သတ္တဝါ
တွေဖြစ်တယ်(သို့)တစ်စုံတစ်ရာတွေဖြစ်
တယ်ဆိုတဲ့အမြင်မှားတွေကိုစွန့်လွတ်ဖို့အ
တွက်ဖြစ်တယ်။ဒါကြောင့်ကိလေသာတွေ
ပြည့်နက်နေတဲ့သူတွေအတွက်ကျတော့
လွယ်ကူစွာနဲ့မစွန့်လွတ်နိုင်ဘူး။

ကျွနုပ်တို့တွေသည်နင်၊ငါဖြစ်ခြင်း၊လိုချင်
ခြင်းနှင့်တရားသဘောအမျိုးမျိုးရဲ့ဖြစ်၊
ပျက်ခြင်းထဲမှာထိုးထွင်းစွားနဲ့မသိနိုင်ဘူး။
ဒါကြောင့်သတိပဌာန်းပွါးများခြင်းကလွဲ
ပြီးတစ်ခြားနည်းလမ်းတွေမရှိဘူး။သတိ
ပဌာန်းပွါးများခြင်းသည်အမှန်အတိုင်း
ဖြစ်တဲ့တရားသဘောအမျိုးမျိုးရဲ့လက္ခ
ဏတွေကိုအောက်မေ့သိနိုင်ဖို့အတွက်ဖြစ်
တယ်။ပြီးတော့နင်၊ငါဖြစ်တယ်ဆိုတဲ့အ
မြင်မှားခြင်းကိုစွန့်လွတ်နိုင်ဖို့သည်မလွယ်
ကူဘူး။ဒါကြောင့်တရားတွေကိုစိတ်ဝင်
စားကြတဲ့သူတွေသည်အရာအားလုံးရဲ့အ
မှန်တွေကိုစိတ်နဲ့ထပ်တူသိသင့်တယ်။ပြီး
တော့ဗုဒ္ဓမြတ်စွာဘုရားရဲ့ထူးဆန်းပြီးကြီး
မားတဲ့ပညာဂုဏ်တွေကိုလေ့လာသင်ကြား
ခြင်းဖြင့်သိနားလည်သင့်တယ်။ဗုဒ္ဓမြတ်
စွာဘုရားသည်လေးသင်ချေနှင့်ကမ္ဘာတစ်
သိန်းထက်မှာပါရမီတွေကိုဖြည့်ကျင့်တော်
မူခဲ့ရတယ်။ဒါကြောင့်လွယ်ကူစွာနဲ့သိနိုင်
တဲ့အရာတွေကိုသိနားလည်ဖို့ကြိုးစားမှု
တွေမပါပဲတစ်ပါးသူတွေနားလည်ဖို့နှင့်
ပညာတွေကိုမပွါးများပဲသိနားလည်နိုင်
တယ်ဆိုတာရှိပါ့မလာ?

စာရေးသူသည်အသေးစိတ်တဲ့တရားအဆင့်ကိုနာကြားရတဲ့အခါမှာထူထပ်တဲ့ကိ
လေသာတွေရှိနေသေးတယ်ဆိုတာကိုယ့်
ကိုကိုယ်မှန်ကန်စွာနဲ့သိလာရတယ်။ပြီး
တော့နှစ်ပေါင်းများစွာစုစောင်းလာတဲ့ကိ
လေသာတွေကိုစွန့်လွတ်နိုင်ဖို့သည်နောက်
ထပ်ပညာတွေများစွာပွါးများရအုံးမယ်ဆို
တာသိလာတယ်။ဘာကြောင့်လဲဆိုတော့
ကျွနုပ်တို့သည်ပုံမှန်နဲ့အမြဲတမ်းလိုလိုကိလေသာတွေထူထပ်အောင်စုစောင်း
လာခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်။ကု
သိုလ်တွေကိုပွါးများတဲ့အခွင့်အရေးတွေ
အနည်းငယ်သာရှိတယ်။ပြီးတော့အဲဒီ
နည်းတဲ့ကုသိုလ်သည်ပညာနဲ့မပေါင်းစပ်
တဲ့ကုသိုလ်လည်းဖြစ်တယ်။ဒါကြောင့်အ
မြင်မှားခြင်းကိုငြိမ်းသတ်ဖို့အတွက်လေး
နက်ပြီးအသေးစိတ်တဲ့တရားတော်တွေကို
မလေ့လာမသင်ကြားရဘူးဆိုရင်နင်၊ငါ
ရှိပြီးဆိုတာသိနိုင်တယ်။ဒါကြောင့်ဒီသံသ
ရာ(ဘုံ၊ဘဝအမျိုးမျိုးမှာလည်ပတ်ပြီးမွေးခြင်း)ကနေလွတ်မြောက်နိုင်ဖို့သည်
ဘယ်နည်းလမ်းမှမရှိဘူး။

“ကံသည်ဘဝရဲ့အဖြေဖြစ်တယ်”ဆိုတဲ့
စာအုပ်အကြောင်းသည်ဆရာမဆူကြည်
နဲ့တရားလေ့လာသင်ကြားခြင်းကနေသိ
နားလည်ခြင်းတွေစုစောင်းပြီးရလာတဲ့
စာအုပ်ဖြစ်တယ်။ပြီးတော့ဗုဒ္ဓမြတ်စွာဘု
ရားရဲ့အဆုံးအမတွေကိုထုတ်ဖော်ခြင်း၊
ပိဋကတ်သုံးပုံထဲကနေယူလာတဲ့နမူနာနှင့်
တစ်နေ့တာဘဝမှာဖြစ်ပေါ်တဲ့အကြောင်း
တွေရဲ့နမူနာတွေကိုပါလွယ်ကူစွာနဲ့နား
လည်နိုင်ဖို့အတွက်ကြိုးစားပြီးရေးသားခဲ့
တယ်။ဒီစာအုပ်ကိုရေးသားရခြင်းရဲ့အဓိ
ကရည်ရွယ်ချက်ကတော့ဗုဒ္ဓမြတ်စွာဘု
ရားသိတော်မူသွားတဲ့အသေးစိတ်တဲ့တ
ရားတော်တွေကိုစာဖတ်သူတွေစပြီးသိဖို့
အတွက်တိုက်တွန်းပေးတဲ့စာအုပ်ဖြစ်
တယ်။ဒါကြောင့်ကုသိုလ်စိတ်၊အကုသိုလ်
စိတ်၊ဝိပက်စိတ်(သို့)ကောင်းခြင်း၊မ
ကောင်းခြင်းနှင့်အပြစ်၊အကျိုးစတဲ့အ
ကြောင်းတွေကိုလူတွေအမှန်အတိုင်းသိ
သင့်တဲ့အရာဖြစ်တယ်။ပြီးတော့ဘုံ၊ဘဝ
တွေရဲ့ကြားကနေဖုံးပိတ်ခြင်းခံရတဲ့ကံအ
ကြောင်းနှင့်ကံရဲ့အကျိုးပေးခြင်းတွေကို
သိသင့်တယ်။ပြီးတော့ချမ်းသားခြင်း(သို့)
ဆင်းရဲခြင်းတွေကိုပြုလုပ်စေတဲ့တကယ့်
အကြောင်းတွေကိုသိသင့်တယ်။ပြီးတော့
အပြစ်ရှိတဲ့ကိုယ့်ရဲ့ကိလေသာတွေကို
မြင်သင့်တယ်။ဗုဒ္ဓမြတ်စွာဘုရားရဲ့အဆုံး
အမတရားတော်တွေကိုစာဖတ်သူတွေပို
ပြီးစိတ်ဝင်စားလာအောင်ညွန်ပြပေးနိုင်တဲ့
စာအုပ်တစ်အုပ်ဖြစ်မယ်လို့စာရေးသူက
မျှော်လင့်တယ်။

တရားတော်တွေကိုလေ့လာသင်ကြားရ
ခြင်းရဲ့အကျိုးတွေကိုမြင်ဖို့အတွက်နှင့်
စာဖတ်သူတွေမမေ့မလျော့ပဲဘဝမှာနေ
ထိုင်ဖို့နည်းလမ်းတွေလွယ်ကူစွာနဲ့အကျိုး
တွေဖြစ်ဖို့အတွက်လည်းဖြစ်တယ်။ဒါ
ကြောင့်ကောင်းမှုတွေကိုသာပြုလုပ်ခြင်း၊
ကိုယ့်နဲ့ချမ်းသာတဲ့အကျိုးတွေဖြစ်ဖို့အ
တွက်မကောင်းတဲ့လုပ်ရပ်တွေကိုရှောင်
ကျဉ်ခြင်း၊ပတ်ဝန်းကျင်နှင့်နိုင်ငံသူ/သား
တွေအကျိုးဖြစ်ဖို့အတွက်လွယ်ကူစွာနဲ့
ဆောင်ရွက်ပေးနိုင်မယ်လို့စာရေးသူက
မျှော်လင့်တယ်။ပြီးတော့ဖြောင့်မတ်ပြီး
အမှန်တကယ်ရှိတဲ့တရားတော်တွေကို
နာကြားခြင်းကနေဖြစ်ပေါ်လာတဲ့ဘယ်
ကုသိုလ်မဆိုအဲဒီကုသိုလ်တွေနဲ့ဗုဒ္ဓမြတ်
စွာဘုရားကိုပူဇော်ပြီးရိုသေစွာရှိခိုးကန်
တော့ပါ၏ဘုရား🙏(ขอร้อง) ဗုဒ္ဓမြတ်စွာဘု
ရားသည်လောကထဲမှာရှာရခက်ခဲတဲ့အ
ရာတွေပေါ်ပေါက်လာခြင်း ၅မျိုးကိုဟော
ပြောသွားတယ်။ဘာတွေလဲဆိုတော့
၁။ ဗုဒ္ဓမြတ်စွာဘုရားဖြစ်ထွန်းပေါ်ပေါက်
လာဖို့ခက်ခဲခြင်း ၂။ ဗုဒ္ဓမြတ်စွာဘုရား
ပညတ်သွားတဲ့ဝိနည်းတရားနဲ့အညီပြန်ပြီး
ဟောပြောတဲ့ပုဂ္ဂိုလ်တွေပေါ်ပေါက်လာဖို့
ခက်ခဲခြင်း ၃။ဗုဒ္ဓမြတ်စွာဘုရားပညတ်
သွားတဲ့ဝိနည်းတရားနဲ့အညီထိုးထွင်းစွာနဲ့
သိတဲ့ပုဂ္ဂိုလ်တွေပေါ်ပေါက်လာဖို့ခက်ခဲ
ခြင်း ၄။တရားသိသွားတဲ့ပုဂ္ဂိုလ်တွေဟော
ပြောသွားတဲ့အတိုင်းပြန်ပြီးတရားနဲ့အညီ
ကျင့်ကြံမယ့်ပုဂ္ဂိုလ်တွေပေါ်ပေါက်ဖို့ခက်
ခဲခြင်းနှင့် ၅။ ကျေးဇူးသိပြီးကျေးဇူးပြန်
စပ်တဲ့ပုဂ္ဂိုလ်တွေပေါ်ပေါက်လာဖို့ခက်ခဲ
ခြင်းတို့ဖြစ်ကြတယ်။

ဆရာမဆူကြည်သည်ဝိနည်းတရားတော်
ထဲမှာသိနားလည်တဲ့သူဖြစ်တယ်။ပြီး
တော့ဆရာမဆူကြည်သည်ဗုဒ္ဓမြတ်စွာ
ဘုရားပညတ်သွားတဲ့ဝိနည်းတရားတော်
တွေကိုမှန်ကန်စွာနဲ့ပြန်ပြီးဟောပြောနိုင်
တဲ့အရည်အချင်းတွေရှိတယ်။ဒါကြောင့်
ယခုပစ္စုပ္ပန်မှာရှာရခက်တဲ့ပုဂ္ဂိုလ်တစ်ဉီး
ဖြစ်တယ်။စာရေးသူသည်ဒီအခွင့်အရေး
ကိုယူပြီးဆရာမဆူကြည်ကိုကျေးဇူးတင်
ရှိကြောင်းနှင့်ဆရာမရဲ့ဂုဏ်ကျေးဇူးတွေ
ကိုအောက်မေ့သိရခြင်းဖြစ်တယ်။ဆရာမ
ဆူကြည်သည်တရားတော်တွေကိုကာလ
တစ်လျှောက်လုံးနှစ်များစွာနဲ့စိတ်ဝင်စား
တဲ့သူတွေကိုသိနားလည်မှုတွေပေးပြီးမြင့်
မြတ်တဲ့တရားတွေကိုပြန့်ပွါးပေးတဲ့
ပုဂ္ဂိုလ်တစ်ဉီးဖြစ်တယ်။ဒါကြောင့်ဗုဒ္ဓ
ဘာသာဝင်တစ်ဉီးအဖြစ်နဲ့တာဝန်ကျေပွန်
စွာဆောင်ရွက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒါ
ကြောင့်ဆက်လက်ပြီးဗုဒ္ဓဘာသာတွေအ
ကျိုးရှိဖို့အတွက်ဗုဒ္ဓသာသနာတွေကိုထိန်း
သိမ်းစောင့်ရှောက်ပြီးကူညီပေးတဲ့ပုဂ္ဂိုလ်
တစ်ဉီးဖြစ်တယ်။ဒါကြောင့်ဒီဘဝမှာတရားတော်တွေနဲ့ကြုံတွေ့အောင်အခွင့်
အရေးပေးပြီးကူညီပေးတဲ့သူတွေကိုကျေးဇူးတင်ပါတယ်။

## ကံသည် ဘဝရဲ့အဖြေ##
လူတွေသည် ဘာကြောင့်မွေးလာကြရသ
လဲ?အဖြေရှာရခက်တဲ့မေးခွန်းဖြစ်တယ်။
ဘာကြောင့်လဲဆိုတော့လူတွေသည်ဒီလောကထဲမှာမသိမှုတွေနဲ့မွေးလာကြ
တယ်။ပြီးတော့ချမ်းသာတဲ့သူ (သို့)ဆင်း
ရဲနွမ်းပါးတဲ့သူတွေအဖြစ်နဲ့ဘာကြောင့်
မွေးလာရသလဲ?ဒုက္ခိတဘဝအဖြစ်နဲ့ဘာ
ကြောင့်မွေးလာရသလဲ?ဘာကြောင့်ချော
ပြီးဘာကြောင့်ရုပ်ဆိုးရသလဲဆိုတာမသိ
ကြဘူး။လူတွေသည်မသိမှုနဲ့မွေးလာကြ
ပြီးဘယ်တော့သေမလဲဆိုတာမသိကြဘူး။ပြီးတော့ဘာအကြောင်းနဲ့သေမလဲ?
သေပြီးဘယ်မှာသွားမွေးမလဲဆိုတာလည်းမသိကြဘူး။လူတွေသည်မသိမှု
တွေနဲ့အသက်ရှင်နေထိုင်ကြတယ်။ဘဝ
ဆိုတာဘာလဲမသိဘူး။ဒါကြောင့် ဘဝဆို
တဲ့စကားရဲ့အဓိပ္ပါယ်ကိုကြိုးစားပြီးရှင်း
ပြတဲ့သိပ္ပံပညာရှင်တွေများစွာရှိကြ
တယ်။ပြီးတော့ဘဝကိုနားလည်ဖို့အတွက်
ကြိုးစားပြီးလေ့လာကြတယ်။လူတွေရဲ့
အကျင့်စာရိတ္တအမျိုးမျိုးတွေကိုနားလည်
ဖို့ကြိုးစားကြတယ်။ပြီးတော့အကျင့်
စာရိတ္တတွေဘာကြောင့်ဟိုလို၊ဒီလိုရှိကြ
တာလဲ?ပြီးတော့ဘဝနဲ့ပတ်သက်တဲ့လူ
တွေရဲ့အကျင့်စာရိတ္တကိုရှင်းပြဖို့အတွက်
အဘက်ဘက်ကအမြင်တွေကိုကြိုးစား
ပြီးစမ်းသပ်ကြတယ်။အမှန်တကယ်တမ်း
ကျတော့လူ့ဘဝနဲ့ပတ်သက်တဲ့အဖြေ
တွေကိုဗုဒ္ဓသာသနာထဲမှာရှင်းရှင်းလင်း
လင်းနဲ့ပြောသွားတယ်။ဒါပေမယ့်အဖြေ
ကိုသိနိုင်တဲ့အထိတကယ်စိတ်ဝင်စားစွာ
နဲ့လေ့လာသင်ကြားတဲ့သူတွေအနည်း
ငယ်သာရှိတယ်။ဗုဒ္ဓဘာသာလူမျိုးတွေ
သည်အများအားဖြင့်အသေးစိတ်တဲ့တ
ရားတော်တွေကိုလေ့လာသင်ကြားဖို့
စိတ်မဝင်စားကြဘူး။ဘာကြောင့်လဲဆို
တော့တစ်ချို့ဗုဒ္ဓဘာသာဝင်တွေသည်
နားလည်ရခက်တဲ့အကြောင်းဖြစ်တယ်
ဆိုတာသိတဲ့အတွက်ကြောင့်ဖြစ်တယ်။
အထူးသဖြင့်အတန်းပညာတွေမြင့်မား
တဲ့သူတွေလည်းနားလည်မှုတွေမှားကြ
ပြီးတရားတော်တွေကိုလွယ်တယ်လို့
ထင်ကြတယ်။

တစ်ဉီးစီတွေရဲ့စဉ်းစားခြင်းအရကိုယ်တိုင်
စဉ်းစားယူလို့ရတယ်(သို့)ခတ်မှန်းယူလို့ရ
နိုင်တယ်လို့ထင်ကြတယ်။ဒါကြောင့်အ
ဖက်ဖက်မှလေ့လာသင်ကြားဖို့မလိုအပ်
ဘူး။ကိုယ်တိုင်နားလည်လို့ရတယ်လို့ထင်
ကြတယ်။မကောင်းမှုတွေကိုစွန့်လွတ်တဲ့
တစ်ခြားသာသနာရဲ့အဆုံးအမနဲ့တူ
တယ်လို့ထင်ကြတယ်။ဒါကြောင့်အများ
အားဖြင့်တရားတော်တွေကိုလေ့လာသင်
ကြားဖို့စိတ်မဝင်စားကြခြင်းဖြစ်တယ်။
ပြီးတော့လက်ရှိဖြစ်နေတဲ့အနေအထား
နဲ့ကျေနပ်ပြီးကိုယ့်ကိုယ်ကိုယ်ကောင်းပြီး
လို့ထင်ကြတယ်။ပြီးတော့ဘယ်သူတွေ
နဲ့မှမကောင်းတာကိုမစဉ်းစားဘူး။ဘယ်သူ့ကိုမှမနာလို၊ဝန်တိုခြင်းတွေမရှိဘူး။
ဆင်းရဲခြင်းတွေမရှိဘူး။ပတ်ဝန်ကျင်မှာ
ကောင်းတဲ့သူတွေဖြစ်တယ်လို့ထင်ကြ
တယ်။ဒါကြောင့်တရားတော်တွေကိုဘာ
ကြောင့်စိတ်ဝင်စားပြီးလေ့လာသင်ကြား
ရအုံးမလဲ?တရားတော်တွေကိုလေ့လာသင်ကြားဖို့စိတ်မဝင်စားတဲ့အခါမှာဗုဒ္ဓ
မြတ်စွာဘုရားသိတော်မူသွားတဲ့ဘဝရဲ့
အမှန်တွေကိုမသိရဘူး။ဒါကြောင့်အမှောင်ထဲမှာ(အကမ်း)ရှိနေတဲ့လောက
သတ္တဝါတွေအားလုံးကိုကူညီဖို့အတွက်
တရားတော်တွေကိုဟောပြောသွားတယ်။
အဲဒီလူတွေသည်ရှိနေတဲ့အမှန်တွေကိုနား
မလည်နိုင်ဘူး။ပြီးတော့ကိုယ့်ရဲ့ဘဝအဖြေမှန်ကိုရှာမပေးနိုင်ဘူး။ဒါကြောင့်
အသေးစိတ်နဲ့ဗုဒ္ဓသာသနာကိုလေ့လာသင်
ကြားရတဲ့ဘယ်သူမဆိုအဲဒီလူတွေသည်
အခွင့်အရေးရှိတဲ့အခါမှာဒါသည်အမှန်
ဖြစ်တယ်။ဒါသည်ဘဝရဲ့အဖြေဖြစ်
တယ်ဆိုတာကိုယ်တိုင်ချက်ချင်းသိနိုင်
တယ်။

ဗုဒ္ဓသာသနာသည်အကြောင်း၊အကျိုး
တွေရဲ့အကြောင်းရင်းဖြစ်တယ်။အရာ
တွေအားလုံးသည်အကြောင်းမဲ့နဲ့ဖြစ်
ပေါ်လာတာမဟုတ်ရဘူး။ဖြစ်ပေါ်တဲ့အ
ရာတွေအားလုံးသည်ဖြစ်ပေါ်စေတဲ့အ
ကြောင်းတွေရှိရတယ်။အရှင်အတ္သစိရဟန်းသည်အရှင်သာလိပုတ္တလာရဟန်း
နဲ့တရားဟောပြသလိုမျိုး“တရားအား
လုံးတွေသည်အကြောင်းကြောင့်ဖြစ်ပေါ်
ရတယ်”။ဒါကြောင့်လူတွေကွာခြားခြင်းနဲ့
မွေးလာရခြင်းသည်ကွာခြားတဲ့ကံအ
ကြောင်းတွေကိုပြုလုပ်လာတဲ့အတွက်
ကြောင့်ဖြစ်တယ်။အဲဒီပြုလုပ်ပြီးသွားတဲ့
ကံသည်ရုပ်ပုံသဏ္ဍန်၊မျက်နှာနှင့်အသား
အရေတွေကိုဖြစ်ပေါ်စေတဲ့အကြောင်း
ဖြစ်တယ်။ပြီးတော့စာရိတ္တကောင်းခြင်း၊
မကောင်းခြင်းတွေကွာခြားကြတယ်။အဲ
ဒီပြုလုပ်ပြီးသွားတဲ့ကံသည်လာဒ်လာဘ
ရခြင်း၊မရခြင်း၊အဆင့်အတန်းရှိခြင်း၊မရှိ
ခြင်း၊ချမ်းသာခြင်း၊ဆင်းရဲခြင်း၊ချီးမွမ်း
ခြင်းနှင့်ကဲ့ရဲ့ခြင်းတွေကိုရရှိစေတဲ့အ
ကြောင်းဖြစ်တယ်။ဒါကြောင့်အဘိဓမ္မာ
တရားတွေကိုအသေးစိတ်နဲ့လေ့လာသင်
ကြားရတဲ့အခါမှသာလျှင်ဒီလိုပြောပြီး
သွားတဲ့အရာတွေကိုနားလည်နိုင်မယ်။
အဘိဓမ္မာတရားသည်တကယ်ရှိတဲ့တရား
တွေကိုသင်ပေးတဲ့အဆုံးအမနဲ့သက်ဆိုင်
ပြီးနောက်တစ်မျိုးကတော့အဲဒီသစ္စာတ
ရားတွေသာဖြစ်တယ်။

ဗုဒ္ဓမြတ်စွာဘုရားသည်အရာအားလုံးတွေရဲ့အမှန်တွေကို(သစ္စာတရား)သိဖို့အတွက်
လေးသင်ချေနှင့်ကမ္ဘာတစ်သိန်းပါရမီတွေ
ပွါးများရတယ်။ဒါကြောင့်အဲဒီသိတော်မူ
သွားတဲ့အမှန်တွေသည်မလွယ်ကူဘူး။တ
ရားတော်တွေသည်လွယ်ကူတဲ့အရာဖြစ်
တယ်၊လေ့လာသင်ကြားဖို့မလိုအပ်ပဲနား
လည်နိုင်တယ်လို့ထင်တဲ့ဘယ်သူမဆိုအဲ
ဒီလူတွေသည်နားလည်မှုမှားပြီးဗုဒ္ဓမြတ်
စွာဘုရားရဲ့ပညာဂုဏ်တွေကိုအထင်သေး
တာဖြစ်တယ်။ဗုဒ္ဓမြတ်စွာဘုရားသည်တ
ရားစသိတဲ့အခါတုန်းကလောကသတ္တဝါ
တွေနဲ့တရားဟောပြောသွားဖို့ဝန်လေးခဲ့ရ
တယ်။ဘာကြောင့်လဲဆိုတော့ဗုဒ္ဓမြတ်စွာ
ဘုရားသိတော်မူသွားတဲ့တရားတောိတွေ
သည်အသေးစိတ်တယ်၊လေးနက်တယ်။
ပြီးတော့တရားနဲ့အညီလိုက်ပြီးသိမြင်နိုင်
ဖို့ခက်ခဲတဲ့အတွက်ကြောင့်ဖြစ်တယ်။ဒါ
ပေမယ့်ပညာတွေကိုစုစောင်းလာခဲ့တဲ့သူ
တွေသည်ကိုယ့်ရဲ့ပညာနှင့်သတိပေါ်မှာမူ
တည်ပြီးဆိုဆုံးမသွားတဲ့တရားတော်တွေ
ကိုဝေဖန်သုံးသပ်ခြင်းဖြင့်သက်သေပြနိုင်
တယ်။ဒါကြောင့်ပိဋကတ်သုံးပုံစာအုပ်ရဲ့
အမှာစာထဲမှာအချက်အလက်တွေရှိတာ
တွေ့ရတယ်။ဘာတွေလဲဆိုတော့အဲဒီသိ
တော်မူသွားတဲ့တရားသည်လေးနက်တဲ့
တရားဖြစ်တယ်။ဒါကြောင့်တရားနဲ့အညီ
လိုက်ပြီးသိမြင်နိုင်ဖို့ခက်ခဲတယ်။ပြီးတော့
အသေးစိတ်နဲ့ငြိမ်းသက်ပြီးနု့ညံ့သိမ်မွေ့
တဲ့အတွက်ကြောင့်စဉ်းစားယုံနဲ့မသိနိုင်ဘူး။ဒါကြောင့်ပညာရှိတွေနဲ့သာသိလို့ရ
နိုင်တဲ့တရားဖြစ်တယ်။

## ကံဆိုတာဘာလဲ ##
ကံဆိုတာလုပ်ရပ်ဖြစ်တယ်။ဘာတွေလဲ
ဆိုတော့ကုသိုလ်(သို့)အကုသိုလ်တွေဖြစ်
တဲ့စေတနာသည်ကိုယ်၊နှုတ်နှင့်စိတ်တွေ
မှကုသိုလ်ကံ(သို့)အကုသိုလ်ကံတွေကို
ပြုလုပ်စေတဲ့အကြောင်းဖြစ်တယ်။ကု
သိုလ်ကံ(သို့)အကုသိုလ်ကံတွေပြုလုပ်
ပြီးသွားတဲ့အခါမှာအဲဒီကုသိုလ်ကံ(သို့)
အကုသိုလ်ကံတွေသည်အဲဒီကံတွေနဲ့သင့်
တော်သလောက်အကျိုးတွေကိုဖြစ်ပေါ်
စေတဲ့အကြောင်းဖြစ်တယ်။အဲဒီပြုလုပ်
ပြီးသွားတဲ့ကံရဲ့အကျိုးပေးခြင်းသည်ဒီ
ဘဝမှာလည်းအကျိုးပေးနိုင်တယ်။(သို့)
နောက်ဘဝမှာလည်းအကျိုးပေးနိုင်တယ်
။ဘဝမှာပြုလုပ်ပြီးသွားတဲ့ကံအားလုံး
တွေသည်တစ်ခါတည်းနဲ့အကျိုးပေးတာ
မဟုတ်ဘူး။ရှေ့ဆက်မယ့်ဘဝတွေမှာ
လည်းအကျိုးပေးနိုင်တယ်။ဒါကြောင့်
ကံသည်အကျိုးမပေးရသေးသ၍(သို့)
အကျိုးပေးမကုန်သ၍တော့နောက်မှ
လိုက်ပြီးအကျိုးပေးနိုင်တယ်။ဒါကြောင့်
စိတ်တွေဆက်လက်ဖြစ်၊ပျက်တဲ့အချိန်
တိုင်းမှာကံတွေဆက်လက်စုစောင်နေ
တယ်။

ကျွနုပ်တို့တွေသည်အသေးစိတ်နဲ့ဗုဒ္ဓသာ
သနာကိုလေ့လာသင်ကြားပြီးစိတ်ရဲ့အ
ကြောင်းတွေကိုပိုပြီးစသိလာတဲ့အခါမှာ
ဘယ်စိတ်ကအကြောင်း(ကုသိုလ်စိတ်/အ
ကုသိုလ်စိတ်)ဖြစ်ပြီးဘယ်စိတ်ကပြုလုပ်
ပြီးသွားတဲ့ကုသိုလ်ကံ(သို့)အကုသိုလ်ကံ
ရဲ့အကျိုး(ဝိပက်)တွေကိုဖြစ်ပေါ်စေသ
လဲဆိုတာသိရတယ်။လူတွေသည်စိတ်နှင့်
ခန္ဓာကိုယ်တွေရှိတယ်လို့စဉ်းစားကြတယ်။ပြီးတော့သေဆုံးသွားတဲ့အခါမှာ
ဒီစိတ်တစ်ပါးသည်ငြိမ်းသွားနိုင်တယ်။
တရားတော်တွေကိုအသေးစိတ်နဲ့လေ့
လာသင်ကြားရတဲ့အခါမှာစိတ်သည်သိတဲ့
သဘောဖြစ်ပြီးအဆက်မပြတ်လျှင်မြန်
စွာနဲ့တစ်ချိန်လုံးဖြစ်၊ပျက်နေတယ်ဆို
တာပိုပြီးနားလည်လာတယ်။ဘာကြောင့်
လဲဆိုတော့စိတ်သည်အနန္တရယစ္စယသ
ဘောရှိတဲ့အတွက်ကြောင့်ဖြစ်တယ်။ဆို
လိုတာကအဲဒီစိတ်တစ်ပါးသည်ဖြစ်ပေါ်
ပြီးတော့လျှင်မြန်စွာနဲ့ပျက်သွားတဲ့အခါ
မှာအဲဒီပျက်သွားတဲ့စိတ်အဟောင်းတစ်
ပါးသည်အဆုံးမရှိပဲစိတ်အသစ်ဖြစ်ပေါ်
အဆက်မပြတ်အကြောင်းဖြစ်ပေးတယ်။
ဒါကြောင့်သံသရာထဲမှာထပ်ခါ၊ထပ်ခါ
မွေးသေနဲ့လည်ပတ်နေရတယ်။ပြီးတော့
အကုသိုလ်တွေအားလုံးကိုစွန့်လွတ်နိုင်
ပြီးပညာတွေကိုတိုးတက်အောင်ပွါးများ
နိုင်တဲ့အခါမှသာအဲဒီပုဂ္ဂိုလ်သည်တရား
တော်တွေကိုထိုးထွင်းစွာသိတော်မူပြီးအ
ရိယာပုဂ္ဂိုလ်ဖြစ်တဲ့ရဟန္တာအဆင့်ကို
ရောက်ရှိသွားတယ်။အဲဒီအချိန်မှာကု
သိုလ်ကံလည်းကုန်ဆုံးသွားတယ်။ဒါ
ကြောင့်ဖြစ်ပေါ်တဲ့သံသရာရဲ့နောက်ဆုံး
စိတ်တစ်ပါးဖြစ်တဲ့ရဟန္တာတွေရဲ့စုတိ
စိတ်ကျတဲ့အခါမှာနောက်ထပ်ဆက်လက်
ဖြစ်ပေါ်မယ့်စိတ်အကြောင်းတွေမရှိတော့
ဘူး။ဘာကြောင့်လဲဆိုတော့ရဟန္တာတွေရဲ့
စုတိစိတ်တွေသည်အနန္တရပစ္စယအ
ကြောင်းတွေမဖြစ်တော့တဲ့အတွက်
ကြောင့်ဖြစ်တယ်။ဒါကြောင့်သံသရာရဲ့
ဆုံးခြင်းကိုပြသွားပြီးနောက်ထပ်မွေး၊
သေမယ့်လည်ပတ်ခြင်းတွေမရှိတော့ဘူး။

## ကံကိုပြုလုပ်စေတဲ့အကြောင်း ##

အကုသိုလ်မူလအကြောင်းရင်းနှင့်ကုသိုလ်အကြောင်းရင်းတွေဒီလိုရှိတယ်
လို့သုတ္တန်ပိဋကတ်ထဲမှာအချက်အလက်
တွေရှိတယ်။ရဟန်းတို့အားလုံးနားထောင်
ကြ!ကံ(အကုသိုလ်ကံ)တွေဖြစ်ပေါ်ဖို့အ
ကြောင်း၃မျိုးရှိတယ်။ဘာတွေလဲဆိုတော့
၁။လောဘ၊၂။ဒေါသ၊၃။မောဟတို့ဖြစ်ကြ
တယ်။ရဟန်းတို့အားလုံးနားထောင်းကြ!
လောဘ၊ဒေါသ၊မောဟနဲ့ဖြစ်ပေါ်ခြင်းမရှိ
တဲ့ဘယ်ကံတစ်မျိုးမျိုးမဆိုသုဂတိဘုံသည်နတ်၊လူတွေကိုမွေးစေတယ်။ဒါ
ကြောင့်လောဘ၊ဒေါသ၊မောဟနဲ့ဖြစ်ပေါ်
တဲ့ဘယ်ကံတစ်မျိုးမျိုးမဆိုငရဲဘုံသည်တိ
ရိစ္ဆာန်၊ဗြိတ္တာတွေကိုမွေးစေတယ်။ဒီအ
ကြောင်း၃မျိုးသည်အကုသိုလ်ကံကိုဖြစ်
ပေါ်စေတဲ့အကြောင်းဖြစ်တယ်။ရဟန်း
တို့အားလုံးနားထောင်ကြ!ကံ(ကုသိုလ်ကံ)
ဖြစ်ပေါ်ဖို့အကြောင်း၃ပါးရှိပြီးဘာတွေ
လဲဆိုတော့အလောဘ၊အဒေါသ၊အမော
ဟတို့ဖြစ်ကြတယ်။ငရဲဘုံသည်တိရိစ္ဆာန်၊
ဗြတ္တာတွေမွေးတဲ့နေရာဖြစ်တယ်။ဒါ
ကြောင့်ဒုဂတိဘုံမှာအလောဘ၊အဒေါသ
နှင့်အမောဟတွေမဖြစ်ပေါ်ဘူး။ပြီးတော့
အလောဘ၊အဒေါသနှင့်အမောဟတွေ
ဖြစ်ပေါ်တဲ့ကံကြောင့်သုဂတိဘုံမှာနတ်၊
လူတွေမွေးစေတယ်။ဒီအကြောင်း၃မျိုး
သည်ကုသိုလ်ကံကိုဖြစ်ပေါ်စေတဲ့အ
ကြောင်းဖြစ်တယ်။

ကိုယ့်ရဲ့လောဘကိုဘယ်သူတွေမြင်တာ
ရှိသလဲ?လူတွေသည်လောဘရဲ့နာမည်
ကိုသာသိကြတယ်။ဒါပေမယ့်လောဘရဲ့
တကယ့်အမှန်တွေကိုဘယ်သူမှမသိကြဘူး။ကျွနုပ်တို့သည်လောဘနဲ့ရင်းနှီးပြီး
လောဘရှိခြင်းကိုကြိုက်နှစ်သက်ကြ
တယ်။ကျွနုပ်တို့တွေသည်ဟိုအရာ၊ဒီအ
ရာ၊ဒီအရာတွေကိုလိုချင်ကြတယ်။ပြီး
တော့ချမ်းသာတဲ့သူဖြစ်ချင်ကြတယ်။
အာဏာတွေရှိချင်ကြတယ်။လှပချင်ကြ
တယ်။ပျော်ရွှင်တဲ့ဘဝကိုရချင်ကြတယ်
စတဲ့မဆုံးနှိုင်တဲ့လိုချင်ခြင်း(လောဘ)
တွေရှိကြတယ်။ဒါကြောင့်အသက်ရှင်နေ
သ၍တော့စိတ်ထဲမှာလိုချင်ခြင်း(လောဘ)
တွေကိုပိုပြီးစုစောင်းကြတယ်။သေခါနီး
ဆဲမှာလည်းနတ်ပြည်ကိုသွားချင်ကြတယ်။ဒါကြောင့်လောဘကိုစွန့်လွတ်နိုင်
ဖို့တကယ့်ကိုခက်ခဲရခြင်းဖြစ်တယ်။ဒါ
ကြောင့်ဒီလောဘကပဲဒုက္ခကိုဖြစ်ပေါ်စေ
တဲ့အကြောင်းရင်း(သမုဒ္ဒယသစ္စာ)ဖြစ်
တယ်ဆိုတာဗုဒ္ဓမြတ်စွာဘုရားကသိ
တော်မူသွားတယ်။ပြီးတော့ဒီလောဘကပဲ
လောကသတ္တဝါတွေအားလုံးကိုသံသယာထဲမှာမွေး၊သေတွေနဲ့လည်ပတ်နေရတဲ့အ
ကြောင်းရင်းတွေဖြစ်တယ်။

## ဒေါသသည်အကုသိုလ်တရားတွေကို
ဘယ်လိုအကြောင်းကိုပြုလုပ်စေသလဲ?#

ဒေါသသည်ကြမ်းတမ်းတဲ့တရားသဘော
တွေဖြစ်တယ်။ဒေါသသည်အမျိုးအစား
တွေအဆင့်ဆင့်ရှိကြတယ်။ဒေါသအငယ်
စားကတော့စိတ်မသာမယာခြင်းနှင့်စိတ်
အနှောက်အယှက်ရှိခြင်းတွေဖြစ်တယ်။
ဒေါသအကြီးစားကတော့ငိုကြွေးခြင်းနှင့်
ကြမ်းတမ်းတဲ့အမူအရာတွေကိုပြလာ
တယ်။ဒေါသပြင်းထန်လာရင်တစ်ခြားသူ
တွေနှင့်ကိုယ့်ကိုယ်ကိုယ်ပါဖျက်ဆီးနိုင်
တယ်။ဒေါသဖြစ်တဲ့အချိန်မှာကိုယ်နှင့်
နှုတ်တွေကြမ်းတမ်းလာတယ်။မသင့်
တော်တဲ့အမူအရာတွေပြလာတယ်။ဉပ
မာ-ရိုက်နှိက်ခြင်း၊မျက်နှာပုပ်ခြင်းတို့ဖြစ်
ကြတယ်။တကယ်လို့ဒေါသအရမ်းပြင်း
ထန်လာပြီးဆိုရင်တစ်ပါးသူတွေကိုထု
ထောင်းခြင်း(သို့)သတ်ဖြတ်ခြင်းအထိ
ဖြစ်နိုင်တယ်။လောဘသည်ဒေါသကိုဖြစ်
ပေါ်စေတဲ့အကြောင်းဖြစ်တယ်။ဆိုလာတာကလိုချင်တဲ့အရာတွေမရတဲ့အခါမှာ
ဒေါသတွေဖြစ်ပေါ်နိုင်တယ်။လူတွေသည်
အများအားဖြင့်ဒေါသရဲ့အပြစ်ကိုမြင်ကြ
တယ်။ပြီးတော့ဒေါသသည်မကောင်းဘူး
ဆိုတာသိကြတယ်။ဒါကြောင့်ဒေါသတွေ
မရှိချင်ကြဘူး။အဲဒါဘယ်လိုမှမဖြစ်နိုင်တဲ့
အရာဖြစ်တယ်။ဒါကြောင့်ဒေါသကိုစွန့်
လွတ်နိုင်ဖို့သည်အဲဒီအမျိုးမျိုးသောလော
ဘကိုစွန့်လွတ်နိုင်တဲ့အခါမှသာဒေါသကို
စွန့်လွတ်နိုင်မယ်။ဘာကြောင့်လဲဆိုတော့
လောဘသည်ဒေါသကိုဖြစ်ပေါ်စေတဲ့အ
ကြောင်းရင်းဖြစ်တယ်။

လောဘကိုစွန့်လွှတ်နိုင်တဲ့ဘယ်အချိန်မဆို
အဲဒီအချိန်မှာဒေါသကိုလည်းစွန့်လွှတ်နိုင်
ပြီးဖြစ်တယ်။လောဘကိုစွန့်လွှတ်ဖို့ဘယ်
သူတွေစဉ်းစားကြသလဲ?ရွှေ၊ငွေ၊ရာထူး
တွေကိုဘယ်သူတွေမလိုချင်တာရှိကြသ
လဲ?ပြီးတော့ကားကောင်းကောင်းတွေ၊
အိမ်လှလှလေးတွေဘယ်သူတွေမလိုချင်
တာရှိသလဲ?ဒါကြောင့်ကျွနုပ်တို့လိုမျိုး
လောဘကိုစွန့်လွှတ်နိုင်ဖို့ဆိုတာမလွယ်
ကူဘူး။လောဘကိုမစွန့်လွတ်နိုင်တဲ့အခါ
မှာဒေါသကိုလည်းမစွန့်လွှတ်နိုင်ဘူး။ဒေါ
သကိုစွန့်လွှတ်နိုင်တဲ့ပုဂ္ဂိုလ်တွေသည်အ
နာဂါမီအဆင့်ရှိတဲ့တရားဂုဏ်ကိုထိုးထွင်း
တဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ဒေါသကိုဖြစ်ပေါ်စေ
တဲ့နောက်ထပ်အကြောင်းတစ်မျိုးကတော့
တရားတွေကိုနားမလည်ခြင်းနှင့်မသိမှု(မောဟ)တွေဖြစ်ကြတယ်။တကယ်လို့
ကံ၊ဝိပက်အကြောင်းနှင့်အကျိုးတွေရဲ့
အကြောင်းကိုသိမှုတွေမရှိဘူးဆိုရင်ဒေါ
သတွေလွယ်လွယ်နဲ့ဖြစ်ပေါ်နိုင်တယ်။မ
ကြိုက်နှစ်သက်တဲ့အာရုံနဲ့ထိတွေ့တဲ့အခါ
နှင့်ကျွနုပ်တို့တွေမကြိုက်တဲ့သူတို့ရဲ့လုပ်
ရပ်တွေကိုမြင်တဲ့အခါမှာ(သို့)တစ်ခြား
ကားတွေရဲ့အနောက်မှာဟွန်းတီးသံကို
ကြားရတဲ့အခါ(သို့)အရသာမကောင်းတဲ့
အစာကိုစားရတဲ့အခါစတဲ့အကြောင်းအ
မျိုးမျိုးတွေသည်တစ်နေ့တာဘဝမှာအမြဲ
တမ်းဖြစ်ပေါ်လေ့ရှိတယ်။ဒါကြောင့်
ကျွနုပ်တို့တွေသည်စိတ်အနှောက်အယှက်
တွေဖြစ်ပေါ်တယ်။တစ်ချို့ကဒေါသတွေ
ကိုထိန်းချုပ်လို့မရဘူး။ကိုယ်(သို့)နှုတ်
တွေမှတစ်ခုမဟုတ်တစ်ခုဒေါသတွေပြ
လာတယ်။နောက်ပိုင်းမှာတော့ကြီးမားတဲ့
ပြသနာတွေဖြစ်ပေါ်လာတဲ့အကြောင်း
တွေဖြစ်နိုင်တယ်။

## မောဟသည်အကုသိုလ်ကံတွေကို
ဘယ်လိုပြုလုပ်စေတဲ့အကြောင်းတွေ
ဖြစ်သလဲ ? ##
“မောဟ”ဆိုတာကတော့မသိမှုနှင့်နား
လည်မှုမှားခြင်းတွေဖြစ်ကြတယ်။ပြီး
တော့အမှန်အတိုင်းရှိတဲ့တရားသဘော
အားလုံးတွေကိုလည်းမသိဘူး။မောဟ
သည်အကုသိုလ်စိတ်အပါးတိုင်းနဲ့အတူ
ဖြစ်ပေါ်တဲ့တရားသဘောဖြစ်တယ်။ဘာ
ကြောင့်လဲဆိုတော့အမှန်ကိုမသိတဲ့အတွက်ငြို့တွယ်ပြီးလိုချင်ရခြင်းတွေ
ဖြစ်တယ်။ပြီးတော့မသိတဲ့အတွက်
ကြောင့်လည်းဒေါသတွေဖြစ်ပေါ်ရတယ်။
ဒါကြောင့်အမှန်တွေကိုမသိတဲ့အတွက်
ကြောင့်ဒုစရိုက်အမျိုးမျိုးဖြစ်တဲ့အကု
သိုလ်ကံအမျိုးမျိုတွေကိုပြုလုပ်ရခြင်း
ဖြစ်တယ်။ပြီးတော့အမှန်ကိုမသိတဲ့အ
တွက်ကြောင့်နင်၊ငါ၊ပုဂ္ဂိုလ်၊သတ္တဝါတွေ
ဖြစ်တယ်လို့တရားသဘောအမျိုးမျိုး
တွေကိုစွဲထားခြင်းတွေဖြစ်ပေါ်လာတယ်။
နင်၊ငါတွေရှိလာတဲ့အခါမှာကိုယ့်ရဲ့ချစ်ခြင်း၊မုန်းခြင်းတွေရှိလာတယ်။ပြီးတော့
တစ်ကိုယ်ကောင်းဆန်စိတ်တွေရှိလာတယ်။ဒါကြောင့်ကိုယ့်ကိုယ်ကိုယ်ချမ်း
သာခြင်းတွေရအောင်နှင့်အားတွေရှိလာ
ဖို့အတွက်အကုသိုလ်ကံအမျိုးမျိုးတွေ
ကိုပြုလုပ်လာကြတယ်။ပြီးတော့ဖြစ်ပေါ်
ပြီးပျက်သွားတဲ့အဲဒီအနည်းငယ်သာရှိတဲ့
ချမ်းသားခြင်းရဲ့အမှန်သဘောတွေကိုမ
သိခြင်းဖြင့်ချမ်းသာမှုတွေရရှိဖို့အတွက်
ဒုစရိုက်အမျိုးမျိုးတွေကိုလည်းလုပ်လာ
တယ်။အဲဒီချမ်းသာတဲ့ခံစားခြင်းသည်အ
ကြောင်းအရဖြစ်ပေါ်ပြီးပျက်သွားရ
တယ်။ပြီးတော့အဲဒီစိတ်သည်ကိုယ့်ရဲ့အ
ဆုံးမရှိတဲ့လောဘတွေနဲ့ပူဆွေးသောက
တွေခံစားရတယ်။

## ငွေတွေ၊ရာထူးတွေဘယ်လောက်ပဲ
ရှိနေပါစေလောဘအတွက်မလုံ
လောက်ဘူး ##
လောဘရဲ့ကျွန်ဖြစ်တဲ့ပုဂ္ဂိုလ်တွေသည်ငွေ
တွေများစွာရရှိဖို့အတွက်အားလုံးကိုရှာဖွေ
ပြီးလုပ်ကြတယ်။ရာထူးတွေရဖို့အတွက်
အားလုံးကိုလုပ်ဆောင်ကြတယ်။ရလာပြီး
တဲ့အခါမှာနောက်ထပ်ဆက်ရဖို့အတွက်
စိတ်တွေပင်ပန်းရသေးတယ်။စိတ်အလို
ကျရလာတဲ့အခါမှာလည်းစိုးရိမ်ရသေး
တယ်။စိတ်အလိုကျမရတဲ့အခါမှာစိတ်
ဆင်းရဲရတယ်။ဒါကြောင့်မသိမှုတွေရှိနေ
သ၍တော့အမှန်အတိုင်းရှိတဲ့တရားသ
ဘောနှင့်အဲဒီနင်၊ငါတွေမရှိဘူးဆိုတာမသိ
ကြဘူး။ဒီလိုနင်၊ငါဖြစ်တယ်ဆိုတဲ့အစွဲ
တွေရှိနေသေးတယ်(သို့)နင်၊ငါရှိတယ်
ဆိုတဲ့အမြင်မှားခြင်းကိုစွန့်လွတ်ဖို့အ
တွက်တရားတွေကိုလေ့လာသင်ကြား
ခြင်းတွေမရှိဘူးဆိုရင်လောဘ၊ဒေါသ
နှင့်မောဟတွေကိုစွန့်လွတ်ဖို့သည်ဘယ်
နည်းလမ်းမှမရှိဘူး။အဲဒီအမှန်အတိုင်း
တရားသဘောတွေကို(ပညာ)သိခြင်းက
ပဲလောဘ၊ဒေါသနှင့်မောဟတွေကိုတာ
ဝန်ယူပြီးစွန့်လွတ်နိုင်တယ်။မလိမ္မာ(တုံး၊
အ)တဲ့သူတွေသည်လောဘ၊ဒေါသနှင့်
မောဟတွေကိုဖြစ်ပေါ်စေတဲ့ကံကိုပြု
လုပ်ကြတယ်။အဲဒီမလိမ္မာတဲ့သူတွေပြု
လုပ်လိုက်တဲ့ဘယ်ကံမဆိုနည်း(သို့)များ
တွေဖြစ်နေပါစေအဲဒီကံသည်ပြုလုပ်တဲ့
သူကိုသာအကျိုးပေးတယ်။အဲဒီကံရဲ့အ
ကျိုးကိုရရှိနိုင်တဲ့တစ်ခြားအရာတွေမရှိ
ဘူး။အဲဒီအကြောင်းကိုသိတဲ့ရဟန်းတွေ
သည်လောဘ၊ဒေါသနှင့်မောဟတွေကို
စွန့်လွတ်နိုင်တဲ့အခါမှာဝိဇ္ဇာတွေဖြစ်ပေါ်
အောင်ကျင့်ကြံပြီးဒုဂတိအားလုံးတွေကို
စွန့်လွတ်နိုင်တယ်။

ကုသိုလ်အကြောင်း ၃မျိုးရှိပြီးဘာတွေ
လဲဆိုတော့အလောဘ၊အဒေါသနှင့်အ
မောဟတို့ဖြစ်ကြတယ်။အလောဘဆို
တာကတော့လောဘမကြီးဘူး၊မငြိတွယ်
ဘူး၊တစ်ပါးသူတွေအကျိုးဖြစ်ဖို့အတွက်
ပေးဝေခြင်းဖြစ်တယ်။ဉပမာ-တစ်ခြားသူ
တွေကိုငွေနဲ့ကူညီပြီးထောက်မပေးတယ်။
အဒေါသဆိုတာကတော့မေတ္တာ၊ကရုဏာ
တွေရှိခြင်းဖြစ်တယ်။ဒါကြောင့်တစ်ပါးသူ
တွေဒုက္ခရောက်အောင်မကြံစည်တဲ့တရား
သဘောဖြစ်တယ်။အမောဟဆိုတာက
တော့အမှန်အတိုင်းဖြစ်ပေါ်တဲ့တရားသ
ဘောတွေကိုနားလည်မှုမှန်၊အမြင်မှန်(ပ
ညာ)ခြင်းတွေဖြစ်တယ်။ဗုဒ္ဓမြတ်စွာဘု
ရားသည်ကုသိုလ်ပွါးများတဲ့နေရာမှာအ
မျိုးအစားသုံးမျိုးနဲ့ခွဲခြမ်းစိတ်ဖြာထား
တယ်။ ၁။ဒါနဆိုတာကတော့တစ်ပါးသူ
တွေရဲ့အကျိုးအတွက်ပေးကမ်းဖို့ကုသိုလ်
စိတ်တွေဖြစ်ပေါ်တယ်။ဘာတွေလဲဆို
တော့ငွေလှူခြင်းနှင့်ပစ္စည်းတွေကိုလှူဒါန်း
ခြင်းတို့ဖြစ်ကြတယ်။အရာဝတ္ထုပစ္စည်း
တွေပေးလှူတာကလွဲပြီးတစ်ခြားအလှူ
တွေလည်းရှိသေးတယ်။ဉပမာ-တစ်ခြား
သူတွေရဲ့အလုပ်တာဝန်တွေကိုကူညီခြင်း
နှင့်သီးခံခွင့်လွတ်ခြင်းစသည်တို့ဖြစ်ကြ
တယ်။သီလဆိုတာကကိုယ်၊နှုတ်တွေကို
စောင့်ထိန်းခြင်းနှင့်ကောင်းတဲ့ကျင့်ကြံ
ခြင်းတို့ဖြစ်ကြတယ်။ ၂။သီလဆိုတာက
ကိုယ်နှင့်နှုတ်တွေမှကောင်းမြတ်တဲ့သုစ
ရိုက်တွေကျင့်ကြံခြင်းဖြစ်တယ်။

၃။ ဘာဝနာဆိုတာကတော့အဆုံးအမစ
ကားတွေကိုလေ့လာသင်ကြားပြီးဝေဖန်
သုံးသပ်ခြင်းဖြင့်အကြောင်းနှင့်အကျိုး
တွေကိုရှာဖွေခြင်းတို့ဖြစ်ကြတယ်။ပညာ
များစွာရှိတဲ့သူတွေသည်အကြောင်းအ
ကျိုးထဲမှာလေ့လာသင်ကြားပြီးဝေဖန်
သုံးသပ်တဲ့သူဖြစ်ရတယ်။ဒါကြောင့်စာ
ဖတ်ခြင်း၊တရားနာကြားခြင်းတွေများတဲ့
သူဖြစ်ရတယ်။ပြီးတော့ကိလေသာတွေကို
ခြစ်ထုတ်ဖို့ပွါးများတဲ့နေရာမှာအကျိုးရှိဖို့
အတွက်တရားတော်တွေကိုကျင့်ကြံအား
ထုတ်ရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ကုသိုလ်သည်
ကြည်လင်ပြီးကောင်းမြတ်တဲ့တရားသ
ဘောဖြစ်တယ်။ပြီးတော့ကိုယ်နဲ့တစ်ပါး
သူတွေပါအပြစ်တွေကင်းမဲ့တဲ့တရားသ
ဘောဖြစ်တယ်။ကုသိုလ်ဖြစ်တဲ့စိတ်သည်
လက်ကောင်းတဲ့လုပ်ရပ်ရှိပြီးကောင်းတဲ့အပြု
အမူတွေရှိကြတယ်။ဒါကြောင့်ကောင်းတဲ့
အကျိုး(ဝိပက်)ကိုလက်ခံရရှိတဲ့အကြောင်းဖြစ်တယ်။ကုသိုလ်ကံဆိုတာကတော့ကောင်းတဲ့လုပ်ရပ်ဖြစ်ပြီးအပြစ်
တွေမရှိခြင်း​ကြောင့်သုခချမ်းသာခြင်း
တွေရရှိတဲ့အကြောင်းဖြစ်တယ်။ဒါ
ကြောင့်ကုသိုလ်ကံကြီးကြီးကိုခွဲခြမ်း
စိတ်ဖြာပြီးတဲ့နောက်အသေးစိတ်ကု
သိုလ်ကံမပုဒ်၁၀ပါးကိုလည်းခွဲခြမ်း
စိတ်ဖြာသေးတယ်။

အမြင်မှားခြင်းတွေရှိနေသေးတဲ့အချိန်
မှာနင်၊ငါ၊ပုဂ္ဂိုလ်၊သတ္တဝါတွေဖြစ်တယ်။
(သို့)တစ်စုံတစ်ခုတွေဖြစ်တယ်လို့တရား
သဘောအားလုံးတွေကိုစွဲထားကြတယ်။
လူတွေသည်ကောင်းတဲ့ကံနှင့်မကောင်းတဲ့
ကံတွေကိုလုပ်ကြတယ်။ပြီးတော့ဒီဘဝ
နှင့်နောက်ဘဝတွေမှာချမ်းသာမှုတွေရရှိဖို့
အတွက်မျော်လင့်ကြတယ်။ဉပမာ-ကု
သိုလ်ကောင်မှုပြုလုပ်တဲ့အခါမှာမကောင်း
တဲ့ကံတွေအစားကောင်းတဲ့ကံရဲ့အကျိုး
တွေကိုရရှိဖို့အတွက်ဖြစ်တယ်။ဉပမာ-ဒုစ
ရိုက်(သို့)လိမ်လည်ပြောခြင်းတွေသည်
ကိုယ်တိုင်ပျော်ရွှင်မှုတွေရရှိဖို့အတွက်နှင့်
ငွေတွေများစွာရရှိဖို့အတွက်မျှော်လင့်ကြ
တယ်။ဗုဒ္ဓမြတ်စွာဘုရားကကိုယ်နဲ့အနီး
ကပ်ဆုံးရန်သူသည်ကိုယ့်ရဲ့ကိလေသာ
တွေပဲဖြစ်တယ်ဆိုတာအမှန်ကိုဆိုဆုံးမ
သွားတယ်။မူလသုတ္တန်ထဲမှာအချက်အ
လက်တွေရှိတယ်။ရဟန်းတို့အားလုံးနား
ထောင်ကြ!ဒီအကုသိုလ်တရား၃ပါးတွေ
သည်အတွင်းစိတ်ကမကောင်းခြင်း၊မိတ်
ကောင်းဆွေကောင်းမဖြစ်ခြင်းနှင့်အတွင်း
ကရန်သူ၊အတွင်းကငရဲမင်းတို့ဖြစ်ကြ
တယ်။အတွင်းကရန်သူ၃မျိုးကတော့
လောဘ၊ဒေါသနှင့်မောဟတို့ဖြစ်ကြတယ်။ရဟန်းတို့အားလုံးနားထောင်ကြ!ဒီအကုသိုလ်တရား ၃ ပါးတွေကတော့မိတ်ဆွေကောင်းမဖြစ်ခြင်း၊ရန်သူဖြစ်ခြင်းနှင့်ငရဲမင်းဖြစ်ခြင်းတွေသည်အတွင်းကရန်သူတွေဖြစ်တယ်။ဒါကြောင့်ဒီလိုအမှန်တွေကိုသိလိုက်ရတဲ့အခါအခါမှာကိုယ့်ကိုပူပြ​င်သောကဖြစ်အောင်ပြုလုပ်တဲ့သူတွေကိုစိတ်ဆိုးပြီးအငြိုးထားကြအုံးမလာ?တကယ်လို့စိတ်ဆိုးပြီးမကောင်းကြံမယ်ဆိုင်ရင်နောက်ထပ်ကံအသစ်ကိုပြုလုပ်ခြင်းဖြစ်တယ်။ဒါကြောင့်နောက်ပိုင်းမှာဆက်ပြီးဒက္ခဆင်းရဲကိုပေးမယ့်အကျိုးကိုရရှိနိုင်တဲ့အကြောင့်ဖြစ်တယ်။ဒါပေမဲ့အမှန်ကိုနားလည်မယ်ဆိုရင်ခွင့်လွတ်ဖို့စဉ်းစားပြီးမကောင်းတာတွေကိုမကြံစည်တော့ဘူး။ဒါကြောင့်အဲ့ဒီဝဠ်ကြွေးတွေရပ်တန့်သွားပြီးကျွန်ုပ်တို့ရဲ့ဘဝတွေလည်းသေချာစွာနဲ့ပိုပြီးချမ်းသာမှုတွေရရှိသွားတယ်။

## ကံရဲ့အကျိုးပေးခြင်း ##
ယခုပစ္စုပ္ပန်မှာလူတွေသည် “ကောင်း
တာလုပ်ရင်ကောင်းတာရတယ်၊မ
ကောင်းတာလုပ်ရင်မကောင်းတာရ
တယ်”ဆိုတာသိမ့်ပြီးမယုံကြတော့ဘူး။
တစ်ချို့ကကံရဲ့အကျိုးပေးတွေမရှိဘူး။
သေပြီးနောက်ထပ်မမွေးတော့ဘူးလို့
ထင်ကြတယ်။တကယ်လို့တရားတော်
တွေကိုသေချာစွာနဲ့လေ့လာသင်ကြား
ခြင်းတွေမရှိဘူးဆိုရင်အမြင်တွေမှား
နိုင်တယ်။ဘယ်လိုလဲဆိုတော့“မကောင်း
တာလုပ်ရင်ကောင်းတာရတယ်”ဆိုတာ
ဘယ်မှာရှိသလဲ?မကောင်းတာလုပ်ပြီး
ကောင်းတာတွေရတာအများကြီးရှိကြ
တယ်။“ကံရဲ့အကျိုးတွေမရှိဘူး၊သေပြီး
ပျောက်သွားတယ်။လူတွေသည်ဒီလိုစဉ်း
စားပြီးယုံကြည်ခြင်းတွေရှိတဲ့အခါမှာ
ကောင်းတာတွေပြုလုပ်ဖို့တွန့်ဆုပ်လာကြ
တယ်။ဒါပေမယ့်နောက်ထပ်အချက်အ
လက်တစ်ခုမှာကောင်းတာလုပ်ရင်ကောင်း
တာရမယ်၊မကောင်းတာလုပ်ရင်မကောင်း
တာရမယ်ဆိုတာယုံကြည်ခြင်းတွေဖြစ်
ပေါ်စေတယ်။ပြီးတော့ကံရဲ့အကျိုးပေး
တွေတကယ်ရှိတယ်။နောက်ဘဝလည်း
တကယ်ရှိတယ်။ပြီးတော့ကျွနုပ်တို့သည်
ကံတွေရဲ့အကျိုးကိုလက်ခံရရှိဖို့နောက်
ထပ်မွေးရအုံးမယ်။ဘာ​ကြောင့်လဲဆိုတော့
စိတ်သည်ကံနှင့်ကိလေသာတွေကိုစုစောင်းတဲ့သဘောရှိတယ်။ဒါကြောင့်အဲ
ဒီကံတွေအကျိုးပေးတဲ့အထိ(ဝိပါက်စိတ်)
ပုံမှန်နဲ့ဆက်ပြီးစိတ်အသစ်တစ်ပါးဆီကို
ကံနှင့်ကိလေသာတွေဆက်လက်စုစောင်း
တယ်။ဉပမာ-ကျွနုပ်တို့သည်ဘယ်သူမှမ
သိပဲနဲ့တစ်ပါးသူတွေရဲ့ပစ္စည်းကိုခိုးယူတဲ့
အခါမှာဘယ်သူမှမသိ၊မမြင်ဘူးလွတ်
မြောက်သွားပြီးလို့ထင်ကြတယ်။ဒါပေ
မယ့်စိတ်သည်ကံနှင့်ကိလေသာတွေကို
ဆက်လက်စုစောင်းထားတဲ့သဘောဖြစ်
တယ်။

ခိုးယူတဲ့ကံရှိပြီးဆိုရင်ကံရဲ့အကျိုးပေး
လည်းရှိရတယ်။ဒါကြောင့်ကံအကျိုးပေး
ချိန်ရောက်တဲ့အခါမှာမဖြစ်သင့်ပဲနဲ့ပစ္စည်း
ဉစ္စာတွေဆုံးရှုံးနိုင်တယ်။ဉပမာတစ်ခုခုကို
ရင်းနှီးမြှပ်နှံတဲ့အခါမှာအမြဲတမ်းဆုံးရှုံးရ
တယ်။(သို့)လုယက်ခံရခြင်းနှင့်ပစ္စည်းတွေအခိုးခံရခြင်းစသည်တို့ဖြစ်ကြ
တယ်။ဒါကြောင့်အခုကတည်းကစပြီးဒု
စရိုက်(မကောင်းကံ)ကိုကျင့်ကြံတဲ့သူ
တွေသည်ပြုလုပ်ထားတဲ့အကုသိုလ်ကံ
ကနေလွတ်မြောက်သွားလို့မရဘူး။ကံရဲ့
အကြောင်းတွေကိုလေ့လာသင်ကြားခြင်း
သည်အဲဒီကံသည်သေချာစွာအကျိုးပေး
တယ်ဆိုတာသိနိုင်တယ်။ဘာကြောင့်လဲ
ဆိုတော့အဲဒီကံသည်အဲဒီအကုသိုလ်တွေ
ပြုလုပ်နေတဲ့ဘဝမှာချက်ချင်းအကျိုးမ
ပေးသေးဘူး။ဒါပေမယ့်ကံသည်တစ်ဘဝ
ဝမှာတော့လိုက်ပြီးအကျိုးပေးနိုင်တယ်။
ဘာကြောင့်လဲဆိုတော့ဒီဘဝမှာကောင်း
တဲ့ကံကိုသာပြုလုပ်ပြီးအကျိုးရှိတဲ့နေရာ
မှာလိမ္မာပါးနပ်စွာနဲ့ပြောဆိုတတ်ခြင်းနှင့်
အဆင့်အတန်းတွေ၊ရာထူးတွေမြင့်လာ
အောင်လုပ်ဆောင်နိုင်ခြင်းသည်အတိတ်
ဘဝမှာပြုလုပ်ခဲ့တဲ့ကုသိုလ်ကံအကျိုးပေး
တွေရှိနေသေးတဲ့အတွက်ကြောင့်ဖြစ်တယ်။ဒါကြောင့်အဲဒီအသစ်လုပ်တဲဲ့အကုသိုလ်ကံသည်အကျိုးပေးဖို့အခွင့်
အရေးတွေစောင့်နေရတယ်။ဒါကြောင့်
သူတို့တွေရဲ့ကုသိုလ်ကံအကျိုးတွေကုန်
တဲ့အခါမှသာပြုလုပ်ထားခဲ့တဲ့အကုသိုလ်ကံအမျိုးမျိုးရဲ့အကျိုးတွေကိုမနှေးမြန်
စွာရရှိခံစားရမှာသေချာတယ်။

မကောင်းတဲ့အကုသိုလ်ကံကိုပြုလုပ်တဲ့သူ
တွေသည်ကံရဲ့အကျိုးပေးခြင်းတွေကိုမ
ယုံကြဘူး။အဲဒီမကောင်းတဲ့ကံတွေအကျိုးမပေးသ၍(သို့)ကုသိုလ်ကံအ
ဟောင်းတွေအကျိုးပေးမကုန်သ၍တော့
မကောင်းတဲ့ကံရဲ့အကျိုးပေးတွေမရှိဘူး
လို့ထင်ကြတယ်။နောက်ဘဝလည်းမရှိဘူး။ဘယ်လောက်ပဲမကောင်းတာတွေ
လုပ်လုပ်အကျိုးပေးခြင်းတွေမရှိဘူး။
ဘာကြောင့်လဲဆိုတော့မွေးခြင်းနှင့်သေ
ခြင်းရဲ့လည်ပတ်ခြင်းအကြောင်းတွေကို
မယုံကြဘူး။ကောင်းတဲ့ကံကိုပြုလုပ်တဲ့
သူတွေကျတော့အဲဒီပြုလုပ်လိုက်တဲ့
ကောင်းကံတွေအကျိုးမြန်မြန်ပေးပါစေ
လို့ဆုတောင်းကြတယ်။ကောင်းတဲ့ကံတွေ
အကျိုးမပေးရသေးတဲ့အခါမှာမျှောမလင့်
ခြင်းတွေကုန်ဆုံးပြီးကောင်းတဲ့ကံရဲ့အကျိုးပေးတွေမရှိဘူးလို့ထင်ကြတယ်။ကံတွေအကျိုးပေးတဲ့အခါမှာတုံး၊အတဲ့
သူတွေသည်အမြင်မှန်ကြတယ်။ဗုဒ္ဓမြတ်
စွာဘုရားသည်နတ်တွေနှင့်သူဌေးတွေကို
ဆုံးမသွားတဲ့အခါမှာအဲဒီကောင်းတဲ့ကံနှင့်
မကောင်းတဲ့ကံရဲ့အကျိုးတွေကိုဆီုဆုံမ
သွားတယ်။တကာကြီးနားထောင်!ဒီလော
ကထဲမှာအကုသိုလ်ကံကိုပြုလုပ်တဲ့သူတွေသည်အကုသိုလ်ကံတွေအကျိုးမပေး
သ၍တော့မကောင်းတဲ့အကုသိုလ်ကံတွေ
ကိုကောင်းတယ်လို့မြင်ကြတယ်။ဒါကြောင့်အကုသိုလ်ကံတွေအကျိုးပေးတဲ့အခါ
မှာအကုသိုလ်ကံသည်တကယ့်ကိုမ
ကောင်းဘူးဆိုတာမြင်လာရတယ်။ကောင်းတဲ့ကံတွေကိုပြုလုပ်တဲ့သူတွေကျတော့ကောင်းကံတွေအကျိုးမပေးသ၍
တော့ကောင်းတဲ့ကံကိုမကောင်းဘူးလို့
မြင်ကြတယ်။ဒါပေမယ့်ကောင်းတဲ့ကံ
တွေအကျိုးပေးတဲ့အခါမှာကောင်းကံကို
တကယ်ကောင်းတယ်လမု့မြင်ကြတယ်။

အင်ဂုတ္တလနိကယ်၊ဏိထေနသုတ်မှာကံအ
မျိုးမျိုးတွေကိုခွဲခြမ်းစိတ်ဖြာထားတယ်။
ဘာတွေလဲဆိုတော့ ၁။ဒီဘဝမှာအကျိုး
ပေးတဲ့ကံ၊ ၂။နောက်ဘဝမှာအကျိုးပေးတဲ့ကံ ၃။နောက်နောက်ဘဝတွေမှာအကျိုး
ပေးတဲ့ကံတို့ဖြစ်ကြတယ်။အဲဒီအဘိဓမ္မာ
အရကံ ၁၆မျိုးသည်အကုသိုလ်ကံ ၈ပါး
နှင့်ကုသိုလ်ကံ ၈ပါးတို့ဖြစ်ကြတယ်။ဆို
လိုတာကအဲဒီအကုသိုလ်ကံနှင့်ကုသိုလ်ကံ
တွေအကျိုးပေးနိုင်ဖို့သည် ခတိသမ္ပ၊အူပ
လိ(ခန္ဓာကိုယ်)ကာလနှင့်ပယောခတို့ပေါ်
မှာမူတည်တယ်။ခတိသမ္ပဆိုတာကကောင်းတဲ့ဘုံဘဝမှာမွေးလာရတယ်။
ဘာတွေလဲဆိုတော့နတ်ပြည်မှာမွေးရခြင်း
သည်ကြိုက်နှစ်သက်ပြီးကောင်းတဲ့အာရုံ
လက်ခံရရှိတဲ့အကြောင်းဖြစ်တယ်။ဘာ
ကြောင့်လဲဆိုတော့နတ်ပြည်သည်ကုသိုလ်
ကံတွေရဲ့အကျိုးတွေကိုလက်ခံရရှိတဲ့ဘုံ/
နေရာဖြစ်တဲ့အတွက်​ကြောင့်ဖြစ်တယ်။ဒါ
ကြောင့်ပြုလုပ်ပြီးသွားတဲ့အကုသိုလ်ကံ
တွေသည်အကျိုးပေးလို့မရသေးဘူး။နတ်
ပြည်မှာမွေးအောင်ပြုလုပ်ပေးတဲ့ကုသိုလ်
ရဲ့အကျိုးပေးတွေကုန်သွားတဲ့အခါနှင့်
အကုသိုလ်ကံတွေအကျိုးပေးဖို့အခွင့်အ
ရေးတွေဖြစ်တဲ့အခါမှာအဲဒီလူတွေသည်
ပြုလုပ်ပြီးသွားတဲ့အကုသိုလ်ကံရဲ့အကျိုး
တွေကိုလက်ခံဖို့အတွက်ချက်ချင်းအပါယ်
ဘုံထဲမှာသွားမွေးရတယ်။

ခတိသမ္ပကတော့ငရဲဘုံမှာမွေးရခြင်းဖြစ်
တယ်။ငရဲဘုံမှာမွေးရတဲ့အခါမှာငရဲဘုံမှာ
နေရတဲ့အချိန်တစ်လျှောက်လုံးမှာပြုလုပ်
ပြီးသွားတဲ့ကုသိုလ်ကံတွေဘယ်လောက်
ပဲများနေပါစေအကျိုးတွေမပေးနိုင်ဘူး။
ဒါကြောင့်ငရဲဘုံမှလွတ်မြောက်တဲ့အထိ
စောင့်ရတယ်။အဲဒါမှကုသိုလ်ကံတွေအ
ကျိုးပေးဖို့အခွင့်အရေးတွေရှိမယ်။ဒါ
သည်ခတိသမ္ပရဲ့အကျိုးဖြစ်တယ်။ငရဲ
ဘုံကလွဲပြီးဗြိတ္တာ၊အသူရကယ်နှင့်
တိရစ္ဆာန်တွေရဲ့ဘုံလည်းရှိသေးတယ်။
အူပတိသမ္ပကတော့လှပတဲ့ခန္ဓာကိုယ်
တွေရှိပြီးတော့မွေးလာတဲ့သူတွေသည်
ဒုက္ခိတအဖြစ်နဲ့မွေးလာတဲ့သူတွေထက်
ကုသိုလ်ကံရဲ့အကျိုးတွေကိုလက်ခံရရှိ
တဲ့အခွင့်အရေးတွေပိုပြီးရှိတယ်။အူပတိ
ဝိပ္ပကတော့ဒုက္ခိတဘဝနဲ့မွေးလာခြင်းရှိ
တဲ့သူတွေသည်ကုသိုလ်ကံအကျိုးပေး
ထက်အကုသိုလ်ကံရဲ့အကျိုးတွေကိုပို
ပြီးအခွင့်အရေးတွေရရှိခံစားရတယ်။
ကာလသမ္ပကတော့အေးချမ်းသာယာ
တဲ့မြို့၊အိမ်ရှိတဲ့ခေတ်ကာလမှာမွေးလာ
ရခြင်းသည်အကုသိုလ်ကံရဲ့အကျိုးပေး
ခြင်းထက်ကုသိုလ်ကံရဲ့အကျိုးပေးခြင်း
တွေကိုပိုပြီးအခွင့်အရေးတွေရရှိခံစားရ
တယ်။ကာလဝိပ္ပကတော့သဘာဝဘေး
ဖြစ်တဲ့ခေတ်ကာလမှာမွေးလာရခြင်း
သည်ကုန်စျေးနှုန်းကြီးပြီးကုသိုလ်ကံရဲ့
အကျိုးပေးတွေရရှိခံစားရတဲ့အခွင့်အရေး
တွေနည်းပါးတယ်။

ပယောခသမ္ပကတော့အလုပ်တာဝန်တွေ
ပြုလုပ်တဲ့နေရာမှာကျွမ်းကျင်ခြင်းရှိတဲ့
သူတွေသည်မကျွမ်းကျင်တဲ့သူတွေထက်
ကုသိုလ်ကံရဲ့အကျိုးတွေရရှိဖို့အခွင့်အ
ရေးတွေပိုရှိတယ်။ပယောခဝိပ္ပကတော့
အသက်မွေးဝမ်းကျောင်းလုပ်တဲ့နေရာမှာ
​အတတ်ပညာမရှိဘူး။အလုပ်ထဲမှာကျွမ်း
ကျင်မှုမရှိဘူး။ဒါကြောင့်ကုသိုလ်ကံရဲ့အ
ကျိုးတွေလက်ခံရရှိဖို့အခွင့်အရေးတွေ
နည်းလာတယ်။ပိဋကတ်သုံးပုဲထဲမှာကံရဲ့
အကျိုးပေးတွေနမူနာများစွာရှိတယ်။
ဉပမာ-သုတ္တန်နှင့်ဂုတ္တနိကယ်၊ဝိမာန်ဏဝါ
ထူ(နတ်၊သကြားတွေမွေးတဲဲ့ကုသိုလ်ကံရဲ့
အကျိုးကိုပြောဆိုခြင်း)၊ပေတာဝါထူ(
ဗြိတ္တာဘဝကိုမွေးစေတဲ့အကုသိုလ်ကံအ
ကျိုးတွေကိုပြောဆိုခြင်း)နှင့်ဂုတ္တနိကယ်၊
ဉပဒါန(ဗုဒ္ဓမြတ်စွာဘုရားနှင့်အရိယာသာ
ဝကတွေရဲ့အတိတ်ဘဝမှာကုသိုလ်ကံရဲ့
အကျိုးတွေကိုပြောဆိုခြင်း)တို့ဖြစ်ကြ
တယ်။ဗုဒ္ဓမြတ်စွာဘုရားသည်ဓမ္မအဌဂါ
ထာထဲမှာဘူလဘကံ(အတိတ်ကကံ)ကို
ဆိုဆုံးမသွားတယ်။တိရစ္ဆာနှင့်လူတွေ
သည်ကံအမျိုးမျိုးတွေနဲ့ကြုံတွေ့စေတဲ့အ
ကြောင်းကိုပြောဆိုသွားတယ်။

နံပါတ် ၁အကြောင်း။ ရဟန်းတစ်ဖွဲ့သည်
ဗုဒ္ဓမြတ်စွာဘုရားသီတင်းသုံးနေတဲ့နေရာ
ကိုသွားတဲ့အချိန်မှာမိုးပေါ်မှာပျံသန်းနေ
တဲ့ကြီးကန်းရဲ့လည်ပင်မှာမီးလောင်ခြင်း
ခံရပြီးသေသွားတာကိုမြင်ရတယ်။ဒါ
ကြောင့်ကြီးကန်းနဲ့ဖြစ်ပေါ်ရတဲ့ကံအ
ကြောင်းတွေကိုဗုဒ္ဓမြတ်စွာဘုရားအား
မေးလျှောက်တော်မူတယ်။ဒါကြောင့်
မြတ်စွာဘုရားကကြီးကန်းရဲ့ဘူလဖကံ
ကိုဒီလိုဟောပြောသွားတယ်။ရဟန်းတို့
အားလုံးနားထောင်ကြ!ကြီးကန်းသည်
အဲဒီပြုလုပ်ပြီးသွားတဲ့ကံကိုသာပြန်ပြီး
ခံစားရတယ်။အတိတ်ကာလတစ်ချိန်
တုန်းကဗာရာဏာသီပြည်မှာလယ်သမား
တစ်ယောက်သည်သူ၏နွားကိုလေ့ကျင့်
သင်ကြားပေးတဲ့အခါမှာသင်လို့ကိုမရဘူး
။ဘယ်လိုလဲဆိုတော့သူ၏နွားသည်အ
နည်းငယ်သာလှမ်းလျှောက်သွားပြီးအိပ်
ချလိုက်တယ်။သူကထအောင်ရိုက်ပေ
မယ့်အနည်းငယ်သာလှမ်းလျှောက်ပြီး
အိပ့်ချလိုက်တယ်။သူကထအောင်ရိုက်ပေမယ့်အနည်းငယ်သာလှမ်းလျှောက်ပြီး
အရင်လိုပဲ​အိပ့်ချလိုက်တယ်။လယ်သမား
သည်သူ၏နွားကိုကြိုးစားပြီးဘယ်
လောက်ပဲသင်ပေးနေပါစေသင်လို့မရဘူး။ဒါကြောင့်သူသည်ဒေါသဖြစ်ပြီး
အခုချိန်မှစပြီးတစ်သက်လုံးပျော်ရွှင်စွာ
နဲ့အိပ်ရတော့မယ်လို့ပြောလိုက်တယ်။
ပြီးတော့အဲဒီနွားရဲ့လည်ပင်းကိုကောက်
ရိုးကွင်းနဲ့စွတ်ပြီးမီးရှို့လိုက်တယ်။ဒါ
ကြောင့်နွားသည်အဲဒီနေရာမှာပဲမီးလောင်
ပြီးသေသွားတယ်။ရဟန်းတို့အားလုံးနား
ထောင်ကြ!အဲဒီကြီးကန်းသည်မကောင်း
တဲ့ကံကိုအဲဒီဘဝမှာပြုလုပ်ထားပြီးဖြစ်
တယ်။ကြီးကန်းသည်ငရဲဘုံမှာအချိန်များ
စွာမီးလောင်ခြင်းခံစားရတယ်။ဘာ
ကြောင့်လဲဆိုတော့အဲဒီမကောင်းတဲ့ကံ
ရဲ့အကျိုးကြောင့်ကျန်ရှိတဲ့အကျိုးကံ
တွေနဲ့ဒီလိုမိုးပေါ်မှာကြီးကန်းငှက်ဘဝနဲ့
၇ ကြိမ်မီးလောင်ခြင်းခံရတယ်။

နံပါတ် ၂အကြောင်း။ ရဟန်း ၇ပါးသည်
မြတ်စွာဘုရားဆီကိုသွားရောက်ပူဇော်ဖို့
အတွက်လှိုင်ဂူထဲမှာဝင်နားကြတယ်။အဲ
ဒီအခါမှာကျောက်တုံးကြီးတစ်တုံးသည်
ဂူရဲ့အပေါက်ဝမှာကျလာပြီးပိတ်နေတယ်။ဒါကြောင့်ဆွမ်း ၇ရက်အငတ်ခံရ
တယ်။ပြီးတော့အဲဒီကျောက်တုံးသည်
၇ရက်နေ့မြောက်မှာလှိမ့်ထွက်သွား
တယ်။ဒါကြောင့်ရဟန်းတွေသည်ဗုဒ္ဓ
မြတ်စွာဘုရားဆီကိုလာရောက်တဲ့အခါမှာ
သူတို့တွေရဲ့ကံတွေကိုမေးလျှောက်တော်
မူတယ်။ဗုဒ္ဓမြတ်စွာဘုရားသည်ရဟန်း
၇ပါးတို့ရဲ့ဘူလဖကံကိုဟောပြောသွား
တယ်။ရဟန်းတွေအားလုံးသည်ကိုယ်
တိုင်ပြုလုပ်ပြီးသွားတဲ့ကံတွေကိုခံစား
ကြရပြီးဖြစ်တယ်။အတိတ်ကာလတုန်း
ကဗာရဏာသီပြည်မှာနွားကျောင်းသား
၇ယောက်သည်တောအုပ်တစ်နေရာမှာ
၇ရက်စီအလှည့်ကျနွားလိုက်ကြောင်းကြ
တယ်။တစ်နေ့မှာနွားကျောင်းရင်းအပြန်
လမ်းမှာဖွတ်တစ်ကောင်ကိုတွေ့ပြီးလိုက်
ဖမ်းကြတယ်။ဖွတ်သည်တောင်ပို့ထဲကို
ဝင်ပြေးသွားတယ်။အဲဒီတောင်ပို့မှာအ
ပေါက်၇ပေါက်ရှိတယ်။ဒါကြောင့်ငါတို့
သည်အခုချိန်မှာဖွတ်ကိုဖမ်းလို့ရမှာမ
ဟုတ်ဘူး။မနက်ဖြန်မှလာပြီးဖမ်းကြ
မယ်လို့တိုင်ပင်ကြတယ်။ပြီးတော့ ၇
ယောက်စလုံးကိုယ်စီ၊ကိုယ်စီရှာလို့ရလာ
တဲ့သစ်ကိုင်းတွေနဲ့တောင်ပို့အပေါက် ၇
ပေါက်ကိုပိတ်လိုက်ပြီးပြန်သွားကြတယ်။
နောက်တစ်နေ့ရောက်တော့သူတို့တွေ
သည်တစ်ခြားနေရာမှာနွားသွားကျောင်း
ပြီးအဲဒီဖွတ်ကိုသတိမရကြဘူး။ ၇ရက်
မြောက်ရောက်တဲ့အခါမှာအဲဒီတောင်ပို့
ရှိတဲ့နေရာကိုပြန်ရောက်လာကြတယ်။
အဲဒီအခါမှာဖွတ်ကိုသတိရလာပြီးအဲဒီ
ဖွတ်သည်ဘယ်လိုနေမလဲမသိဘူးဆိုပြီး
ပိတ်ထားတဲ့အပေါက်တွေကိုပြန်ဖွင့်လိုက်
ကြတယ်။ဖွတ်သည်အရိုးနှင့်သရေပဲကျန်
တော့တယ်။ပြီးတော့ခန္ဓာကိုယ်တုန်ခါပြီး
တွားထွက်လာတယ်။သူတို့တွေအဲသလို
မြင်လိုက်ရတဲ့အခါမှာငါတို့တွေသူ့ကိုမ
သတ်ကြနဲ့တော့၊ဖွတ်သည် ၇ရက်လုံးလုံး
အစာငတ်နေရတယ်လို့သနားစိတ်နဲ့ပြော
ကြတယ်။ပြီးတော့ဖွတ်ရဲ့ကျောကုံးကို
ကိုင်ပြီးကောင်းတဲ့နေရာ၊အလိုရှိတဲ့နေရာ
ကိုသွားတော့လို့ပြောကာလွတ်လိုက်ကြ
တယ်။

အဲဒီနွားကျောင်းသားတွေသည်အဲဒီဖွတ်
ကိုမသတ်လိုက်တဲ့အတွက်ကြောင့်ငရဲဘုံ
မှာမီးလောင်ခြင်းမခံရဘူး။ဒါပေမယ့်အဲ
ဒီနွားကျောင်းသား ၇ယောက်သည် ၁၄
ဘဝမှာ ၇ရက်လုံးလုံးအစာတွေအငတ်
ခံကြရတယ်။ရဟန်းတို့အားလုံးတွေသည်
နွားကျောင်းသား ၇ယောက်ဘဝဖြစ်စဉ်က
အဲဒီက်ကိုပြုလုပ်ပြီးသွားခဲ့ကြပြီးဖြစ်
တယ်။အဲဒီရဟန်းတွေသည်ဒီလိုနဲ့မေး
လျှောက်လာတဲ့အခါဗုဒ္ဓမြတ်စွာဘုရား
ကပြသနာတွေဖြေရှင်းပေးတယ်။“မ
ကောင်းတဲ့ကံတွေကိုပြုလုပ်ထားတဲ့သူ
တွေသည်မိုးပေါ်မှာ၊ပင်လယ်ရေထဲမှာ
ရှောင်ပြေးပြီးပုန်းနေပါစေမကောင်းတဲ့
ကံကနေလွတ်မြောက်လို့မရဘူး။ပြီးတော့
ဘယ်တောင်ကြားမှာသွားပုန်းနေလည်း
မကောင်းတဲ့ကံကနေလွတ်မြောက်လို့မရ
ဘူး။ဘယ်နိုင်ငံမှာသေခြင်းရဲ့အုပ်ချုပ်
ခြင်းကိုမခံရတဲ့နိုင်ငံတွေရှိရဲ့လာ?ဆက်
လက်ပြီးလူတွေချမ်းသာခြင်းကိုရရှိစေတဲ့
အကြောင်းနှင့်ကုသိုလ်ကံရဲ့အကျိုးပေး
ခြင်းတွေကိုနမူနာတွေနဲ့ပြသွားတယ်။ပရ
မတ္ထထီပဏီ၊ဂုတ္တနိကယ်၊ဝိမာန်ဝတ္ထုမှာအ
ချက်အလက်တွေရှိတယ်။

နံပါတ် ၁၊အကြောင်း
** သာဓုခေါ်ခြင်းရဲ့အကျိုး **
အရှင်အနုရုတ္တာမထေသည်နတ်ပြည်မှာ
ကြွသွားတဲ့အခါတုန်းကဝိသာခါရဲ့မိတ်
ဆွေဖြစ်ခဲ့ဖူးတဲ့နတ်သမီးတစ်ပါးနဲ့ဆုံတွေ့
ခဲ့တယ်။ဒါကြောင့်သာဝတ္တိံနတ်ပြည်မှာ
နတ်သမီးအဖြစ်နဲ့မွေးရခြင်းရဲ့အကြောင်း
ကံကိုမေးတော်မူတယ်။ထိုအခါနတ်သမီး
ကဒီလိုပြောပြတော်မူတယ်။မြင့်မြတ်
သောအရှင်ရဟန်း!သာဝတ္ထိပြည်မှာရှိတဲ့
တပည့်တော်မရဲ့မိတ်ဆွေဝိသာခါဉပါသိ
ကာမသည်ရဟန်းသံဃာတွေကိုကျောင်း
ဆောက်လုပ်လှူဒါန်းတယ်။ဒါကြောင့်တ
ပည့်တော်မသည်ရဟန်းသံဃာတွေအ
တွက်ပစ္စည်း၊ဉစ္စာတွေကိုလှူဒါန်းရတဲ့အ
တွက်အဲဒီကုသိုလ်တွေကိုကြည်ငြိုပြီးသာ
ဓုခေါ်ဆိုတယ်။ဒါကြောင့်အဲဒီကြည်ငြိုပြီး
သဒ္ဓါတရားရှိတဲ့စိတ်နဲ့သာဓုခေါ်လိုက်တဲ့
အတွက်ကြောင့်တပည့်တော်မသည်ထူး
ဆန်းတဲ့ဗိမ္မာန်ကိုရရှိခြင်းဖြစ်တယ်။တ
ပည့်တော်မရဲ့ဗိမ္မာန်သည်မိုးပေါ်မှာပျံဝဲနေ
ပြီးပတ်ပတ်လယ်မှာ ၁၂ယူဇနာအလင်း
ရောင်တွေတောက်ပလို့နေတယ်။ကံ
ကြောင့်ရရှိထားတဲ့တပည့်တော်မရဲ့နေရာ
မှာတန်ခိုးအာနုဘော်နဲ့တည်ဆောက်ထား
တာနဲ့တူတယ်။ဘေးပတ်ပတ်လယ်မှာ
လည်းအလင်းရောင်တွေတစ်ယူဇနာ
လောက်ရှိတယ်။အဲဒီတပည့်တော်မရဲ့
ဗိမ္မာန်သည်သဲနီတွေနဲ့ခင်းထားတဲ့ရေ
အိုင်တွေရှိပြီးရေတွေကြည်လင်လျက်ရှိ
တယ်။ပြီးတော့ရေအိုင်ရဲ့ပတ်ပတ်လယ်
မှာကြာညို၊ကြာဖြူတွေနဲ့ပြည့်နှက်နေ
တယ်။ဘယ်သူမှမစိုက်ရတဲ့အသီး၊အပွင့်
တွေလည်းများစွာရှိကြတယ်။ပြီးတော့
သာယာတဲ့အသံတွေများစွာရှိပြီးကြားရ
တဲ့သူတွေကြိုက်နှစ်သက်ကြတယ်။ဒီလို
ပြည့်စုံတဲ့ဗိမ္မာန်ကိုရရှိခြင်းသည်တပည့်
တော်မရဲ့ကုသိုလ်ကံကြောင့်ဖြစ်ပေါ်လာ
ရခြင်းဖြစ်တယ်။ဒါကြောင့်သူတော်
ကောင်းတွေအားလုံးကောင်းမှုကုသိုလ်
တွေကိုပြုလုပ်ထားသင့်တယ်။

နံပါတ် ၂အကြောင်း၊
## ဒါနပေးကမ်းခြင်းရဲ့အကျိုး ##
အရှင်မဟာမောဂ္ဂလာန်သည်တာဝတ္တိံသာ
နတ်ပြည်မှာကြွသွားတဲ့အခါတုန်းကလှပ
တင့်တယ်တဲ့နတ်သမီးတစ်ပါးသည်အရှင်
ရဟန်းဆီကိုလာရောက်ပြီးရှိခိုးကန်တော့
တယ်။ထိုအခါမှာရဟန်းကနတ်ပြည်ရဲ့
စည်းစိမ်ကိုခံစားရတဲ့ကံအကြောင်းကို
မေးမြန်းတော်မူတယ်။အရှင်နတ်သမီး!
ဉီဇင်းကိုလာပြီးကန်တော့တဲ့အလင်း
ရောင်တွေနဲ့တောက်ပတဲ့နတ်သမီး!နင်
ဘယ်သူလဲ?ရတနာအမျိုးမျိုးတွေနဲ့ထူး
ဆန်းစွာလှပတင့်တယ်တဲ့နတ်သမီးထိုင်
တဲ့ပုလ္လင်သည်တန်ဖိုးကြီးမားတယ်။ဒါ
ကြောင့်အရှင်နတ်သမီးဒါတွေအားလုံး
သည်ဘာကံရဲ့အကျိုးပေးတွေလဲ?ဆို
တာကျေးဇူးပြုပြီးဖြေပေးပါ။နတ်သမီး
ကပြန်ဖြေတယ်။မြင့်မြတ်သောအရှင်ရ
ဟန်း!ဆွမ်းခံကြွလာသောရဟန်းတွေကို
ပန်းကုံးနဲ့ကြံရည်တွေကပ်လှူရတဲ့အတွက်
ကြောင့်နတ်ပြည်မှာကံရဲ့အကျိုးကိုတ
ပည့်တော်မခံစားရခြင်းဖြစ်တယ်။အရှင်ရ
ဟန်း!တပည့်တော်မသည်ပူပြင်သောက
တွေဖြစ်ပြီးမှားယွင်းခြင်းတွေရှိတဲ့အတွက်
ကြောင့်ဆင်းရဲခြင်းတွေရှိသေးတယ်။ဘာ
ကြောင့်လဲဆိုတော့ဗုဒ္ဓမြတ်စွာဘုရား
ကောင်းစွားနဲ့ဆိုဆုံးမသွားတဲ့တရားတော်
တွေကိုတပည့်တော်မမနာကြားရတဲ့အ
တွက်ကြောင့်ဖြစ်တယ်။အရှင်ရဟန်း!အဲ
ဒီအကြောင်းကြောင့်တပည့်တော်မကို
ကူညီဖို့အတွက်လာရောက်ပြီးလျှောက်ရ
ခြင်းဖြစ်တယ်။ဒါကြောင့်ဗုဒ္ဓမြတ်စွာဘု
ရားကောင်းစွာနဲ့ဆိုဆုံးမသွားတဲ့တရား
တော်တွေကိုနာကြားဖို့တိုက်တွန်းပေးပါ
အရှင်ရဟန်း!ပြီးတော့ဘုရားရတနာ၊တ
ရားရတနာ၊သံဃာရတနာတွေကိုယုံကြည်
တဲ့သကြားမင်းတွေသည်တပည့်တော်မ
ထက်တန်ခိုးကြီးပြီးအသက်ရှည်ခြင်း၊အ
ဆင့်အတန်းမြင့်ခြင်းနှင့်အသားအရည်
တွေပိုပြီးတောက်ပကြတယ်။ပြီးတော့
တပည့်တော်မထက်အာဏာနှင့်တန်ခိုး
အရှိန်အဝါတွေကြီးကြတယ်။

## ကံကိုရှောင်လွှဲ/ဖြတ်လို့ရလာ? ##
ဘယ်သူတစ်ဉီးတစ်ယောက်ကမှပြုလုပ်
ပြီးသွားတဲ့ကံအကျိုးတွေကိုရှောင်လွဲလို့
မရဘူး။ဉပမာ-ပြုလုပ်ပြီးသွားတဲ့ကုသိုလ်
ကံတွေအကျိုးပေးဖို့အချိန်ရောက်တဲ့အခါ
မှာမလိုချင်/မရချင်ပေမယ့်လည်းရကြရ
တယ်။မချမ်းသာချင်လည်းချမ်းသာရ
တယ်။ဉပမာ-မမျှော်လင့်ပဲနဲ့လူကြီးအရာ
မှာနေရာရပြီးမလုပ်ချင်လည်းလုပ်ရ
တယ်။အကုသိုလ်ကံလည်းထို့နည်းတူပဲ
ဖြစ်တယ်။ဆိုလိုတာကမဖြစ်ချင်ပေမယ့်
လည်းဘယ်လိုမှတားဆီးလို့မရဘူး။ဉပမာ
-ပြင်းထန်တဲ့အန္တာရယ်နဲ့ကြုံတွေ့ရတဲ့နေ
ရာမှာအနည်း/အများပေါ်မှာမူတည်တယ်။ဒါကြောင့်ပြုလုပ်ပြီးသွားတဲ့အကု
သိုလ်ကံနဲ့သင့်တော်သလောက်ဖြစ်ကြရ
တယ်။ဉပမာ-ရောဂါအမျိုးမျိုုးနဲ့ခံစားရ
ခြင်း(သို့)စီးပွားရေးလုပ်တဲ့နေရာမှာအရင်းအနှီးဆုံးရုံးခြင်းစသည်တို့ဖြစ်ကြ
တယ်။တစ်ချို့ကမကောင်းတဲ့အကုသိုလ်
ကိုဖြေဖျောက်ဖို့အတွက်ကောင်းမှုကု
သိုလ်တွေကိုကြိုးစားပြီးလုပ်ကြတယ်။
ဉပမာ-ဒုစရိုက်ပြုလုပ်ခြင်းကနေရလာတဲ့
ငွေတွေကိုကထိန်အလှူတွေပြုလုပ်ခြင်း
နှင့်ဆင်းရဲတဲ့သူတွေကိုကူညီခြင်းဖြင့်မျှ
ဝေတယ်။အကုသိုလ်ကံတွေကိုကုသိုလ်ကံ
နဲ့ဆေးကြောလို့ရတယ်လို့ထင်ကြတယ်။
ဒါပေမယ့်အမှန်တကယ်တမ်းကျတော့
ကံရဲ့အကျိုးပေးခြင်းတွေသည်ရောနှော
ခြင်းမရှိဘူး။ပြုလုပ်ပြီးသွားတဲ့အကု
သိုလ်ကံသည်အောင်မြင်ပြီးဆုံးသွားပြီး
ဖြစ်တယ်။ဒါကြောင့်ဒီဘဝမဟုတ်ရင်
နောက်ဘဝမှာဘယ်လိုမှရှောင်လွှဲလို့မရ
တဲ့အကုသိုလ်ကံရဲ့အကျိုးတွေကိုရရှိခံ
စားရတယ်။ပြုလုပ်ပြီးသွားတဲ့ကောင်းတဲ့
ကံတွေလည်းထို့နည်းတူပဲဖြစ်တယ်။ဆိုလို
တာကအကြောင်းညီညွတ်တဲ့အခါမှာ
ကောင်းတဲ့ကံရဲ့အကျိုးတွေကိုလည်းရရှိ
ခံစားရတယ်။

သဗ္ဗေညုတဗုဒ္ဓမြတ်စွာဘုရားတောင်မှ
အတိတ်ဘဝကပြုလုပ်ပြီးသွားတဲ့ကံက
နေလွတ်မြောက်လို့မရဘူး။ဒါကြောင့်
အတိတ်ဘဝကဒုက္ခဝေဒနါအမျိုးမျိုးနဲ့
ကြုံတွေ့ရတဲ့အကုသိုလ်ကံတွေကိုဟော
ပြောသွားတယ်။ဒီဘဝမှာနမူနာအဖြစ်နဲ့
ထုတ်ပြောသွားတယ်။ဘာတွေလဲဆိုတော့
ဒုက္ခစရိယာအကျင့်ကို ၆နှစ်ပတ်လုံးကျင့်
ကြံရခြင်းသည်ဗုဒ္ဓမြတ်စွာဘုရားရဲ့ပုပ္ဖကံ
တွေကြောင့်ဖြစ်တယ်လို့အတ္ထဂါဌာထဲမှာ
အချက်အလက်တွေရှိတယ်။အဲဒီခေတ်အ
ခါတုန်းကစောထိပါလမုဆိုးဖြစ်ခဲ့တယ်။
စောထိပါလသည်ကသပ္ပမြတ်စွာဘုရား
ကိုပြောတယ်။“မြတ်စွာဘုရားဖြစ်ထွန်း
ပေါ်ပေါက်လာပြီတရားတော်တွေကိုသိ
တာဘယ်ကနေသိနိုင်မလဲ?”တရားကိုသိ
ခြင်းသည်အရမ်းခက်ခဲတယ်လို့ပြော
တယ်။အဲဒီဝိပက်ကံကြောင့်ငါ!ဂေါတမ
ဘုရားဖြစ်ဖို့သည်ဉီလုဝေလမှာ ၆နှစ်တိုင်
တိုင်ဒုက္ခစရိယာကိုကျင့်ရခြင်းဖြစ်တယ်။
အဲဒီနည်းလမ်းနဲ့အမြင့်ဆုံးဗောဓိညာဏ်
ကိုငါ!ဘုရားထိုးထွင်းစွာနဲ့မသိရဘူး။ဘာ
ကြောင့်လဲဆိုတော့ကံအဟောင်းတွေတား
ဆီးတဲ့အတွက်ကြောင့်ဖြစ်တယ်။ဒါ
ကြောင့်အဲဒီဝိပက်ကံနဲ့မှားတဲ့နည်းလမ်း
ကိုရှာဖွေရခြင်းဖြစ်တယ်။ဒါကြောင့်အ
နုတ္တရသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားမဖြစ်
ခင်ရုပ်ခန္ဓာကိုယ်ကိုဒုက္ခဆင်းရဲကြီးစွာနဲ့
ခံစားရခြင်းဖြစ်တယ်။နောက်ထပ်အ
ကြောင်းတစ်ခုကတော့အရှင်ဒေဝဒတ်
သည်ဗုဒ္ဓမြတ်စွာဘုရားကိုသေစေရန်ကြံ
စည်ခြင်းဖြင့်ခဲလုံးကြီးနဲ့လိမ့်ချတယ်။ဒါ
ကြောင့်တွန်းချလိုက်တဲ့ခဲလုံးကြီးရဲ့အစ
သည်ဗုဒ္ဓမြတ်စွာဘုရားရဲ့ခြေမကိုလာထိ
ပြီးဒုက္ခဝေဒနါတွေများစွာခံစားရတယ်။
ဒါကြောင့်မြတ်စွာဘုရားရဲ့ပုပ္ဗကံကိုဟော
ပြောသွားတယ်။အရင်ဘဝတစ်ဘဝတုန်း
ကပစ္စည်း၊ဉစ္စာကြောင့်မောင်လေးဖြစ်တဲ့
မိထွေးရဲ့သားကိုသတ်ခဲ့တယ်။ပြီးတော့
ကျောက်တုံးကြားမှာထည့်ထားပြီး
ကျောက်တုံနဲ့ပွတ်တိုက်လိုက်တယ်။အဲဒီ
ဝိပက်ကံကြောင့်အရှင်ဒေဝဒတ်သည်
ကျောက်တုံးကြီးကိုတွန်းချကာကျောက်
စသည်မြတ်စွာဘုရားရဲ့ခြေမကိုလာပြီး
ထိရခြင်းဖြစ်တယ်။

# # ကံသည်ဘယ်အချိန်မှာအကျိုးပေး
သလဲ ##
အဲဒီကံရဲ့အကျိုးဖြစ်တဲ့အချိန်သည်
ပဋိသန္ဓေစဖြစ်ပေါ်တဲ့အချိန်ကစတင်ခဲ့
တယ်။ဒါကြောင့်ဘယ်မှာမွေးမလဲ?ဘာ
အဖြစ်နဲ့မွေးလာမလဲ?ဆိုတာဘယ်သူကမှ
ရွေးလို့မရဘူး။တကယ်လို့ရွေးလို့ရမယ်
ဆိုရင်လူတွေသည်နတ်ပြည်မှာမွေးဖို့ရွေး
ကြမယ်။(သို့)ချမ်းသားတဲ့သူဌေးမျိုး
နွယ်မှာမွေးကြမယ်။အမှန်ကတော့ဘယ်
သူကမှရွေးပြီးမွေးလို့မရဘူး။ဘာကြောင့်
လဲဆိုတော့အဲဒီပဋိသန္ဓေတည်တဲ့အချိန်
သည်သံသရာထဲမှာပြုလုပ်ပြီးသွားတဲ့
ကံတစ်ခုရဲ့အကျိုးဖြစ်တယ်။ဒါကြောင့်
အရင်ဘဝကပြုလုပ်ပြီးသွားတဲ့ကံ(သို့)
ဒီဘဝမှာကံရဲ့အကျိုးတွေဖြစ်ရင်လည်း
ဖြစ်နိုင်တယ်။တကယ်လို့ကုသိုလ်ကံရဲ့
အကျိုး(ဝိပက်စိတ်)ဖြစ်တဲ့ပဋိသန္ဓေစိတ်
ဖြစ်မယ်ဆိုရင်သုဂတိဘုံမှာမွေးရတယ်။ဒါ
ပေမယ့်အကုသိုလ်ကံရဲ့အကျိုးဖြစ်တဲ့
ပဋိသန္ဓေစိတ်ဖြစ်မယ်ဆိုရင်အဲဒီမကောင်း
တဲ့ကံရဲ့အကျိုးကိုလက်ခံရရှိဖို့အတွက်ဒုဂ
တိဘုံမှာမွေးရတယ်။

လူ့ဘဝအဖြစ်နဲ့ပဋိသန္ဓေတည်ပြီးသွားတဲ့
နောက်ပိုင်းမှာတစ်ဖြည်းဖြည်းနဲ့ကြီးထွား
လာပြီးဘယ်သူမှတည်ဆောက်ပေးလို့မရတဲ့မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်တွေရှိလာ
တယ်။ဒါပေမယ့်ကံသည်မျက်စိ၊နား၊နှာ၊
လျှာ၊ကိုယ်တွေရှိဖို့အကြောင်းဖြစ်ပေး
တယ်။ပြီးတော့ပြုလုပ်ပြီးသွားတဲ့ကုသိုလ်
(သို့)အကုသိုလ်အရကွာခြားကြတယ်။
တစ်ချို့မွေးလာတာရုပ်ပုံသဏ္ဍန်တွေ
ချောကြတာကိုမြင်ရတယ်။ပြီးတော့အ
သားအရည်တွေကောင်းတဲ့နေရာမှာအ
နည်း/အများကွာခြားကြတယ်။တစ်ချို့
မွေးလာတာရုပ်ဆိုးကြတယ်။တစ်ချို့မွေး
လာတာဒုက္ခိတဖြစ်တယ်။ဒါကြောင့်အား
လုံးသည်ပြုလုပ်ပြီးသွားတဲ့ကုသိုလ်ကံ
(သို့)အကုသိုလ်ကံရဲ့အကျိုးတွေသာဖြစ်
သည်ဒါတွေကလွဲပြီးကံသည်နောက်ထပ်
မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်နှင့်စိတ်မှကောင်း/မကောင်းတဲ့အာရုံ(စိတ်သိတဲ့
အရာ)ကိုလက်ခံရရှိတဲ့အကြောင်းတွေ
ဖြစ်ပေးရတယ်။မျက်စိမှကောင်းတဲ့အာ
ရုံကိုလက်ခံရရှိတဲ့အခါမှာကြိုက်နှစ်သက်
တဲ့ရုပ်ကိုမြင်ရတယ်။နားမှကောင်းတဲ့အာ
ရုံကိုလက်ခံရရှိတဲ့အခါမှာကောင်းတဲ့အ
သံကိုကြားရတယ်။

နှခေါင်းမှကောင်းတဲ့အာရုံကိုလက်ခံရရှိတဲ့
အခါမှာကောင်းတဲ့အနံကိုရရှိတယ်။လျှာမှ
ကောင်းတဲ့အာရုံကိုလက်ခံရရှိတဲ့အခါမှာ
ကောင်းတဲ့အရသာကိုရရှိတယ်။ကိုယ်မှ
ကောင်းတဲ့အာရုံကိုလက်ခံရရှိတဲ့အခါမှာ
ကောင်းတဲ့အရာတွေကိုထိတွေ့ရတယ်။
မျက်စိ၊နား၊နှာ၊လျှာနှင့်ကိုယ်မှမကြိူက်
နှစ်သက်တဲ့အာရုံကိုလက်ခံရရှိတဲ့အခါ
မှာပြုလုပ်ပြီးသွားတဲ့အတိတ်ဘဝမှာအ
ကုသိုလ်ကံရဲ့အကျိုးပေးဖြစ်တယ်ဆို
တာသိရတယ်။ဉပမာ-မသန့်ရှင်းတဲ့အညစ်
အကြေးတွေကို့မြင်ရခြင်း၊မကောင်းတဲ့အ
သံတွေကိုကြားရခြင်း၊အရသာမကောင်း
တဲ့အစာတွေစားသောက်ရခြင်းနှင့်ကိုယ်
မှဒုက္ခဝေဒနါတွေကိုခံစားရခြင်း(ရောဂါ
ဆိုးဖြစ်ခြင်း/လုပ်ကြံခံရခြင်း)တွေသည်
ကိုယ်တိုင်ပြုလုပ်ပြီးသွားတဲ့အကုသိုလ်ကံ
ရဲ့အကျိုးတွေသာဖြစ်တယ်။အဲလိုမျိုးမှမ
ဟုတ်ရင်အဲဒီမကြိုက်နှစ်သက်တဲ့အာရုံနဲ့
မကြုံတွေ့ရဘူး။ကျွနုပ်တို့သည်ကုသိုလ်
စိတ်၊အကုသိုလ်စိတ်၊ဝိပက်စိတ်နှင့်အသေးစိတ်တဲ့ကိရိယာစိတ်တွေဖြစ်တဲ့
စိတ်ရဲ့အကြောင်းတွေကိုလေ့လာသင်
ကြားရတဲ့အခါမှသာဒီလိုပြောပြီးသွားတဲ့
အရာတွေကိုနားလည်နိုင်မယ်။အဲဒီကိုယ်
မှဒုက္ခဆင်းရဲ/သုခချမ်းသာတွေနဲ့ကြုံတွေ့
ရတဲ့အခါအမှန်တကယ်တမ်းကျတော့
ဘယ်သူကမှလာပြီးလုပ်တာမဟုတ်ဘူး
ဆိုတာအမှန်တွေကိုဗုဒ္ဓမြတ်စွာဘုရားက
ဟောပြောသွားတယ်။ဒါပေမယ့်အဲဒီပြု
လုပ်ပြီးသွားတဲ့ကုသိုလ်ကံ/အကုသိုလ်ကံ
တွေရဲ့အကျိုးပေးခြင်းကြောင့်ဖြစ်တယ်။
ဒါကြောင့်ကိုယ်မှဆင်းရဲခြင်း/ဆဲဲဆိုခြင်း
ကိုခံရတဲ့အချိန်မှာပြုလုပ်ပြီးသွားတဲ့ကံ
တစ်ခုရဲ့အကျိုးတွေဖြစ်တယ်ဆိုတာအမှန်
ကိုသိမယ်ဆိုရင်ဘယ်သူ့ကိုသွားပြီးစိတ်ဆိုမလဲ?ဒါကြောင့်ကိုယ့်ကိုလာပြီးလုပ်ကြံ
တဲ့သူကိုစိတ်မဆိုသင့်ဘူး။ဘာကြောင့်လဲ
ဆိုတော့ကိုယ့်ရဲ့အကုသိုလ်ကံအဟောင်း
ကပဲဲကိုယ့်ကိုအကျိုးပြန်ပေးတယ်။တရား
သဘောအရနဲ့ကြည့်ရင်လူ၊ပုဂ္ဂိုလ်၊သတ္တဝါတွေမရှိဘူး။စိတ်၊စေတသိက်နှင့်
ရုပ်တွေသာရှိတယ်။

ဗုဒ္ဓမြတ်စွာဘုရားဘုရားသည်တရားသ
ဘောအားလုံးရဲ့အမှန်တွေကိုသိတော်
မူတယ်။အဲဒီတရားသဘောအားလုံး
တွေသည်နင်၊ငါမဟုတ်ဘူး။ပုဂ္ဂိုလ်၊
သတ္တဝါတွေမဟုတ်ဘူးဆိုတာဗုဒ္ဓဘာ
သာဝင်လူမျိုးတွေကိုဆိုဆုံးမသွားတယ်။
ဒါပေမယ့်ပရမတ္ထတရားတွေဖြစ်တဲ့လက္ခ
ဏတစ်ခုစီ၊တစ်ခုစီရှိတဲ့တရားသဘော
တွေဖြစ်တယ်။အဲဒီတရားသဘောရဲ့လက္ခ
ဏတွေကိုဘယ်သူမှပြောင်းလဲလို့မရဘူး။
အဲဒီတရားသဘောတွေသည်အကြောင်း
ကြောင့်ဖြစ်ပေါ်ပြီးတော့ပျက်သွားတယ်။
“ဖြစ်ပေါ်တဲ့ဘယ်အရာမဆိုရှိပြီးပြုပြင်
ပြောင်းလဲရတဲ့အကြောင်းရှိပြီးနောက်ဆုံး
ပျက်ဆီးခြင်းတွေရှိတယ်”ဆိုတာဗုဒ္ဓမြတ်
စွာဘုရားကအာနန္ဒာကိုဆိုဆုံးမသွား
တယ်။အဲဒီနင်၊ငါ၊ပုဂ္ဂိုလ်၊သတ္တဝါဖြစ်
တယ်ဆိုတဲ့တရားသဘောအားလုံးကို
စွဲထားခြင်းသည်အရှေ့မှာရှိတဲ့ရေထဲက
အရိပ်ကိုမြင်တာနဲ့တူတယ်။ဒါပေမယ့်
နီးနီးကပ်ကပ်သွားကြည့်တဲ့အခါမှာရေ
ထဲကအရိပ်သည်ပျောက်သွားတယ်။အမှန်
တကယ်ကျတော့ရေရှိသလာ?မြင်ရတဲ့ရေ
အရိပ်သည်မာယာဖြစ်တယ်။တရားသ
ဘောတွေအားလုံးကိုနင်၊ငါဖြစ်တယ်၊
ပုဂ္ဂိုလ်၊သတ္တဝါတွေဖြစ်တယ်လို့အမြင်
မှားခြင်းသည်မှတ်သားမှုတွေမှားပြီး
မသိမှုကြောင့်နှင့်စွဲလန်းထားခြင်းတွေ
ကြောင့်ဖြစ်ရတယ်။

ပရမတ္ထရား ၄ပါးရှိပြီးဘာတွေလဲဆိုတော့
စိတ်၊စိတ်သည်ဖြစ်ပေါ်တဲ့အရာတွေကိုသိ
တဲ့နေရာမှအကြီးအကဲဖြစ်တဲ့သဘောဖြစ်
တယ်။ဉပမာ-မြင်ခြင်း၊ကြားခြင်စသည်
တို့ဖြစ်ကြတယ်။စိတ်အားလုံး ၈၆ပါး(သို့)
၁၂၁ပါးတို့ရှိကြတယ်။စေတသိက်သည်
စိတ်နဲ့အတူဖြစ်ပေါ်တဲ့နောက်ထပ်တရား
သဘောတစ်ခုဖြစ်တယ်။စိတ်နဲ့အတူအရာ
တစ်ခုထဲကိုသိပြီးစိတ်နဲ့အတူပျက်သွား
တယ်။ပြီးတော့စိတ်နဲ့အတူတစ်နေရာထဲ
မှာဖြစ်ပေါ်တယ်။စေတသိက်တစ်ပါးစီ
တွေရဲ့လက္ခဏတွေနှင့်အဲဒီစေတသိက်ရဲ့
အမျိုးအစားအရတာဝန်တွေကွာခြားကြ
တယ်။စေတသိက်အားလုံး ၅၂ပါးရှိကြ
တယ်။ဉပမာ-ချစ်ခြင်း၊လောဘကြီးခြင်း၊
မေတ္တာရှိခြင်းနှင့်ကပ်စေးနှဲခြင်းစသည်တို့
ဖြစ်ကြတယ်။ရုပ်သည်သိတဲ့သဘောမ
ဟုတ်တဲ့တရားသဘောဖြစ်တယ်။ဘာတွေ
လဲဆိုတော့အရောင်၊အနံ့၊အရသာ၊အေး/ပူ
စသည်တို့ဖြစ်ကြတယ်။ရုပ်အားလုံး ၂၈
ပါးရှိကြတယ်။နိဗ္ဗာန်သည်ကိလေသာနှင့်
ဒုက္ခတွေကိုငြိမ်းတဲ့တရားသဘောဖြစ်
တယ်။နိဗ္ဗာန်သည်ပြုပြင်ပြောင်းလဲပြီး
ဖြစ်ပေါ်စေတဲ့အကြောင်းတွေမရှိဘူး။ဒါ
ကြောင့်နိဗ္ဗာန်သည်မဖြစ်၊မပျက်ရခြင်း
ဖြစ်တယ်။