မကောင်းမှုတွေကိုရဲရင့်စွာလုပ်ရဲတာကိလေသာဖြစ်တယ်။

106,အမှာတွေကိုလုပ်ရဲတာကိလေသာပဲဆိုတာသေချာတယ်။အမှားကိုပဲနောက်ထပ်ဆက်လုပ်ရဲတာသည်လည်းကိလေသာပဲ။ဒါပေမယ့်ဘယ်အရာကမှန်ကန်တယ်ဆိုတာကိုသိရင်ရဲရင့်စွာနဲ့မှန်ကန်တဲ့အရာကိုလုပ်ခြင်းအားဖြင့်တကယ့်ကိုအကျိုးအရှိဆုံးပဲ။

လူကောင်းလည်းပဲတစ်ဘဝပဲ၊မသေခင်လေးမှာလူကောင်းဖြစ်ပြီးကောင်းမှုတွေကိုနားလည်ရမယ်။

105,ဒီလူဘဝမျိုးရရှိလာတာဒီဘဝမှာတစ်ဘဝပဲရနိုင်တယ်။ဒီဘဝကနေသေဆုံးပြီးဆိုရင်ဒီလူဘဝမျိုးနောက်ထပ်ပြန်မရနိုင်တော့ဘူး။ဒါ‌ကြောင့်မို့မသေခင်လေးမှာလူကောင်းဖြစ်ရင်ပိုကောင်းမလာ။ပြီးတော့လောကမှာအမှန်အတိုင်းရှိတဲ့အရာတွေကိုရှိတဲ့အတိုင်းသိရှိနားလည်ရမယ်။

ဘယ်အရာကအကျိုးဖြစ်လည်၊ဘယ်အရာကအပြစ်ဖြစ်လည်၊ဘယ်အရာကမှန်လည်၊ဘယ်အရာကမှားလည်ဆိုတာကိုပညာကသိတယ်။

104,မြတ်စွာဘုရားရဲ့အဆုံးအမ၊တစ်လုံးချင်းတစ်လုံးချင်းသည်တကယ့်ကိုခက်ခဲနက်နဲလှပါတယ်။ဒါ‌ကြောင့်တန်ဖိုးသိတဲ့လူတွေကတော့၊တ‌ဖြေး‌ဖြေးနဲ့ဝေဖန်သုံးသပ်ကာ၊တ‌ဖြေး‌ဖြေးနဲ့နားလည်သဘောပေါက်ခြင်းအားဖြင့်ရယူနိုင်တယ်။ပြီးတော့အဲဒီနားလည်သဘောပေါက်ခြင်းကပဲလူတော်လူကောင်းအဖြစ်ကိုရောက်စေနိုင်တယ်။ဘာ‌ကြောင့်လဲဆို‌တော့၊ဘယ်တာကမှန်၊ဘယ်တာကမှား၊ဘယ်တာကအပြစ်ရှိတယ်၊ဘယ်တာကအကျိုးရှိတယ်ဆိုတာကို၊ပညာကသိရှိနိုင်တယ်။

၊မြတ်စွာဘုရားရဲ့တရားဓမ္မတွေနာကြားရမယ့်အချိန်ဖြစ်ပြီးမနာကြားပဲနဲ့၊ကျင့်ကြံမှုအမှားတွေနဲ့ကုန်သွားတဲ့အချိန်တွေကိုနှ‌မြောမိတယ်။

103,မြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုနာကြားရမယ့်အချိန်ဖြစ်ပြီး၊မနာကြားပဲနဲ့၊တခြားနေရာမှာသွားပြီးကျင့်ကြံအားထုတ်မှုအမှား‌တွေနဲ့၊ကုန်ဆုံးသွားတဲ့အချိန်တွေကို၊တကယ်နှ‌မြောဖို့ကောင်းပါတယ်။မြတ်စွာဘုရားလက်ထက်တုန်းက‌ရှေ့ခေတ်လူတွေသည်မြတ်စွာဘုရားရှိရာစေတဝန်ကျောင်း၊ဝေဠုဝန်ကျောင်းသို့သွားပြီးတကယ်အမှန်အတိုင်းရှိတဲ့တရားဓမ္မတွေကိုနာကြားဖို့သွားရောက်ကြတယ်။

အမြင်မှန်ကန်မှုရိြှခင်းသည်၊ဘဝတိုင်းမှာတန်ဖိုးအရှိဆုံးအရာဖြစ်သည်။

102,မြတ်စွာဘုရားရဲ့အမှန်အတိုင်းရှိတဲ့တရားတော်တွေကို၊သင်ကြာလေ့လာနာ‌ထောင်ခြင်းဟာ၊မသိမှုတွေအားလုံးကိုခြစ်ထုတ်ဖို့ပါပဲ၊တချို့ကတရား‌တော်‌တွေကိုမသင်ကြားမ‌လေ့လာမနား‌ထောင်တဲ့လူ‌တွေအဘို့တော့ဘဝဆက်တိုင်းမှာတန်ဖိုးအရှိဆုံးအရာဟာအမြင်မှန်ကန်မှုရရှိဖို့အတွက်ပဲဆိုတာမသိရှာနိုင်ဘူးပေါ့။

တရာတော်ကိုနာလည်သဘောပေါက်ခြင်းသည်၊အဲ့ဒါမြတ်စွာဘုရားရဲ့သာသနာတော်ကိုတည်တံ့ခိုင်မြဲအောင်ပြုစုစောင့်ရှောက်ခြင်းဖြစ်တယ်။

101,အားလုံးသောဒကာ၊ဒကာမတွေ၊ရဟန်းသံဃာတွေပါ၊တကယ်လို့ဝိနည်းသိက္ခာပုဒ်တွေကို၊နားမလည်လို့ရှိရင်မြတ်စွာဘုရားရဲ့သာသနာတော်ကို၊ကြားရှည်တည်တံ့ခိုင်မြဲအောင်၊ဝိုင်းပြီးစောင့်ရှောက်တာမဟုတ်သလို၊ပျက်စီးအောင်ဝိုင်းပြီးပြုတာနဲ့တူပါတယ်၊ဒါ‌ကြောင့်မြတ်စွာဘုရားရဲ့သာသနာတော်၊ကြာရှည်တည်တံ့ခိုင်မာဖို့အတွက်၊မြတ်စွာဘုရားရဲ့အဆုံးအမလို့ခေါ်တဲ့၊တကယ်အမှန်အတိုင်းရှိတဲ့သဘောတရားတွေကို၊နားလည်သဘောပေါက်ဖို့အရေးကြီးပါတယ်။

ပညာသည်မကောင်းတဲ့ကြင့်ကြံမှုဘက်ကိုဘယ်လိုနည်းမျိုးနဲ့မှခေါ်စောင်ခြင်းမပြုလုပ်ဘူး။

100,ပညာလို့‌ခေါ်တဲ့အမြင်မှန်ကန်မှုရှိရင်ကောင်းရင်ကောင်းတယ်၊ယုတ်မာရင်ယုတ်မာတယ်၊မှန်ရင်မှန်တယ်၊မှားရင်မှားတယ်၊ပညာက‌ဖြောင့်မတ်တဲ့သဘောရှိတယ်၊ဒါ‌ကြောင့်ပညာရှိရင်၊ဘယ်တော့မှမကောင်းတဲ့လုပ်ရပ်တွေကို၊မလုပ်စေနိုင်သလို၊မကောင်းတဲ့လမ်းကိုလည်းမရောက်စေနိုင်ဘူး။

ယုတ်မာခြင်းသည်ပြသ်သနာကိုဖြစ်ပေါ်စေတယ်။

99,ကောင်းမှုသည်ဘယ်ပြသ်သနာတစ်ခုခုကိုမှမဖြစ်ပေါ်စေနိုင်ဘူး။ဒါပေမယ့်မကောင်းမှုတွေအားလုံးသည်၊ပြသ်သနာဖြစ်စေမယ့်အ‌ကြောင်းဖြစ်ပြီး၊အသေးကနေအစ၊ပြသ်သနာတွေအကြီးထိရောက်စေနိုင်တယ်။

,ကောင်းမှုသည်အကုသိုလ်ကိုလက်ခံနိုင်သည်။

98အကျိုးကိုမြင်တယ်၊ကောင်းခြင်းရဲ့တန်ဖိုးကိုလည်းမြင်တယ်၊တစ်ခုတော့ရှိတယ်တ‌ဖြေး‌ဖြေးနဲ့တိုးတက်လာသည်နှင့်အမျှ၊အကုသိုလ်၊မကောင်းမှု‌တွေဘက်ကို၊စွန့်လွှတ်နိုင်ဖို့အတွက်တ‌ဖြေး‌ဖြေးနဲ့၊ကောင်းမှုကုသိုလ်၊တွေကိုစုစောင်းထားရမယ်။

အမြင်မှန်မှုကိုစုစောင်းခဲ့ရင်၊နာလည်မှုမှန်ရနိုင်တယ်။

97,တကယ်လို့ဒီဘဝမှာအမြင်မှားရင်၊နောက်ဘဝမှာဆက်ပြီးတော့အမြင်မှားအုံးမှာပဲ။ဒါပေမယ့်ဒီဘဝမှာအမြင်မှန်တဲ့အ‌ကြောင်းစုစောင်းခဲရင်၊မှန်ကန်တဲ့စကားကြားလိုက်တာနဲ့၊နားလည်သဘောပေါက်မှုတွေမှန်သွားနိုင်တယ်။ဘယ်သူ‌တွေဘာပဲ‌ပြော‌ပြောမှန်တဲ့စကားတွေအားလုံးသည်၊ဗုဒ္ဓမြတ်စွာဘုရားရဲ့စကားတြွေဖစ်တဲ့အတွက်‌ကြောင့်ဖြစ်တယ်။