** ဘာကြောင့်တရားကိုစိတ်ဝင်
စားတာလဲ **
ကျွန်မကိုလူတွေက“ဘာကြောင့်တရားကို
စိတ်ဝင်စားတာလဲ?လို့အမြဲတမ်းမေးလေ့
ရှိကြတယ်။စိတိဝင်စားမှုတွေစုစောင်းလာ
ခဲ့တဲ့အတွက်ကြောင့်လို့ကျွန်မထင်တယ်။
ဒါကြောင့်ငယ်ငယ်ကတည်းကအဖွားတွေ
နဲ့အလှူပြုလုပ်ဖို့ဘုန်းကြီးကျောင်းကိုအမြဲ
တမ်းလိုက်ပါသွားလေ့ရှိတယ်။ကျွန်မအိမ်
သည်မြစ်ကမ်းနားမှာတည်ရှိတယ်။အဲဒီအ
ချိန်မှာကျွန်မအမှတ်မိဆုံးမြင်ကွင်းက
တော့အဖွားကမနက်တိုင်းမှာလှေလှော်
ပြီးဆွမ်းခံလာတဲ့ဘုန်းကြီးတွေကိုဆွမ်း
လောင်းတဲ့မြင်ကွင်းပဲဖြစ်တယ်။ပြီး
တော့အရွယ်နည်းနည်းကြီးလာတဲ့အခါ
မှာအဖွားသီလစောင့်တည်းဖို့အတွက်
မြစိကမံးရဲ့တစ်ဘက်မှာရှိတဲ့ဘုန်းကြီး
ကျောင်းမှာအဖွားကိုအကျို၊အပို့လုပ်ရ
တဲ့တာဝန်ကိုလုပ်ရတယ်။ပြီးတော့တ
ကယ်လို့အလုပ်နားရက်နဲ့ကြုံရင်အဖွား
နဲ့အတူ ၈ပါးသီလစောင့်တည်တယ်။ကျွန်
မရဲ့ ၈ပါးသီလစောင့်တည်ခြင်းကတော့
ညနေစာမစားဘူး၊မနက်-ညတရားစာ
တွေရွတ်ပြီးဘုန်းကြီးကျောင်းမှာညအိပ်
တယ်။ဒီထက်ပိုပြီးဘာကိုမှနားမလည်ဘူး။ဒါပေမယ့်သီလကိုစောင့်တည်ရတဲ့
အချက်ကတော့လူကြီးတွေချီးမွမ်းတဲ့အ
တွက်ကြောင့်ဖြစ်တယ်။ဒါကြောင့်ပျော်
ရွှင်ပြီးကြိုက်နှစ်သက်တဲ့အတွက်နောက်
ထပ်အဲလိုမျိုးချီးမွှမ်းခြင်းတွေရရှိချင်
သေးတယ်။
အလုပ်သွားလုပ်တဲ့အခါမှာသူငယ်ချင်း
တွေကတရားစခန်းသွားဖို့တိုက်တွန်း
တယ်။ဆိုလိုတာကတောထဲ၊ဂူထဲမှာအဖွဲ့
လိုက်တရားသွားထိုင်ကြတယ်။တရား
သွားထိုင်ရင်ဟိုလူ၊ဒီလူဖြစ်ခဲ့ဘူးတယ်ဆို
ပြီးအတိတ်ဘဝကိုအောက်မေ့နိုင်တယ်
လိုတစ်ချို့ကပြောကြတယ်။အားလုံးတွေ
သည်နိုင်ငံရဲ့အရေးကြီးတဲ့လူတွေဖြစ်ကြ
တယ်။ပြီးတော့ကျွန်မလည်းအပါဝင်ဖြစ်
တယ်လို့ပြောကြတယ်။ကျွန်မလည်းအဲလို
အကြီးအကဲတွေဖြစ်ခဲ့ဖူးတယ်လို့ထင်
တယ်။တစ်ခါတလေတစ်ခြားသူတွေကို
လည်းကျွန်မလိုမဖြစ်ခဲ့ဖူးဘူးလို့အထင်
သေးတယ်။အခုပြန်ပြီးစဉ်းစားကြည့်
တော့ကျွန်မအရူးအပေါ်နဲ့တူတယ်လို့ထင်
ရတယ်။ဒါပေမယ့်ပြုလုပ်ခဲ့တဲ့ကုသိုလ်
ကြောင့်ဆရာတော်တွေသင်ပေးတဲ့ကျင့်
ကြံခြင်းတွေသည်မှားနေတာကိုသိမြင်ရ
တယ်။ဒါကြောင့်ဒီအဖွဲ့ကနေထွက်ခွါလာ
လိုက်တယ်။
ကျွန်မသည်နောက်ထပ်တရားတွေကိုထပ်
ပြီးရှာဖွေတယ်။တရားစခန်းမှာသီလရှင်
သွားဝတ်ဖို့တိုက်တွန်းတဲ့သူရှိလာတယ်။သီ
လရှင်သွားဝတ်တဲ့အချိန်မှာအနည်းဆုံး ၃
ရက်လောက်သွားနေရတယ်။အဝတ်ဖြူနဲ့
ဝတ်ဆင်ရတယ်။ဘုရားရှိခိုးဖို့အတွက်နံ
နက် ၄နာရီမှာထရတယ်။ပြီးတော့စင်းကျန်လျှောက်ရတယ်။ဆရားတော်တွေဆီ
မှတရားတွေကိုနာကြားရတယ်။ညနေပိုင်း
ဘုရားရှိခိုးပြီးညတိုင်း ၁၀ နာရီမှာအိပ်ရ
တယ်။ကျွန်မသည်အမေနဲ့အဘွားကိုပါ
ခေါ်လာတယ်။ဒါပေမယ့်အမေသည်အနား
ယူခြင်းတွေမလုံလောက်တဲ့အတွက်
ကြောင့်မူးလဲသွားတယ်။နောက်ပိုင်းမှာ
ကျွန်မတစ်ယောက်ပဲသွားလေ့ရှိတယ်။
တရားစခန်းမှာငွေအလှူခံဖို့အတွက်သွား
ပြီးကူညီတယ်။ဒါကြောင့်တရားစခန်းမှာ
အကျိုးတွေပြုလုပ်ပေးတယ်လို့ထင်ရ
တယ်။
## ဆရာမကြီးဆူကြည်နဲ့ဘာကြောင့်
တရားလာပြီးနာထောင်ရသလဲ?##
ကျွန်မသည်အဲဒီတရားစခန်းမှာဗုဒ္ဓသာသ
နာရဲ့ဝေယျာဝဇ္ဇတွေကိုဝိုင်းကူပေးတယ်။
ဉပမာ-ဘွားသီလရှင်ဝတ်ပြီးညပိုင်းဘုရား
ရှိခိုးခြင်းတွေနဲ့အချိန်တွေကြာလာခဲ့တယ်။ဒါကြောင့်ဆရာတော်တစ်ပါးဆီက
တရားတွေကိုခဏ၊ခဏမေးမြန်လေ့ရှိတဲ့အတွက်ကွန်မစိတ်ဝင်စားတာကိုသိလိုက်
တယ်။ဒါကြောင့်ဆရာမကြီးဆူကြီရဲ့“ဝိပ
ဿနာပွါးများခြင်း”ရေဒီယိုလိုင်းကိုနား
ထောင်ဖို့ညွှန်ပြပေးတယ်။ကျွန်မရေဒီယို
လိုင်းကနေတရားတော်တွေကိုစပြီးနား
ထောင်းလာတယ်။စ၊စခြင်းနားထောင်ရ
တဲ့အခါမှာနာမ်၊ရုပ်ရဲ့အကြောင်းနှင့်စိတ်၊
စေတသိက်ရဲ့အကြောင်းတွေကိုသိပ်ပြီး
နားမထောင်ဖြစ်ဘူး။ဒါပေမယ့်ဆရာမ
ကြီးရဲ့အသံသည်သာယာပြီးနာကြားရတဲ့
အခါမှာစိတ်ငြိမ်သက်ခြင်းရတဲ့အတွက်
ကြောင့်ကျွန်မဆက်ပြီးနားထောင်တယ်။
ဆရာမကြီးသုတ္တန်ကိုဖတ်ပြတဲ့အခါမှာ
နားလည်တယ်လို့ထင်ရတယ်။ပြီးတော့
တကယ့်တရားကိုနားလည်ပြီးဟောပြော
တဲ့သူနဲ့တူတယ်။ဒါကြောင့်ဆရာမကြီးတ
ရားဟောပြောတဲ့နေရာကိုကျွန်မလိုက်ပြီး
နားထောင်တယ်။အထူးသဖြင့်တနဂ်နွေ
ညနေပိုင်းမှာသွားနားထောင်တယ်။ကျွန်မ
သည်ပထမဉီးဆုံးသွားနားထောင်တဲ့နေ့
မှာပြဿနာအမေးတွေကိုမေးတယ်။ကျွန်
မသည်ရှစ်ပါးသီလကိုဆောက်တည်တယ်။အဲဒါသူငယ်ချင်းတွေကသီလရှင်
လို့ခေါ်တဲ့အတွက်ကြောင့်ဒေါသတွေထွက်
ရတယ်လို့ဆရာမကြီးကိုပြောပြတယ်။ဆ
ရာမကြီးကဘာကြောင့်သီလဆောက်
တည်ရသလဲလို့ပြန်မေးတယ်။ကျွန်မကု
သိုလ်ရချင်တယ်လို့ပြန်ဖြေတယ်။သီလ
အပါးတွေများများဆောက်တည်ရင်ကု
သိုလ်တွေပိုပြီးရတယ်လို့ထင်တယ်။
ကျွန်မကို ဆရာမကြီးက“ကုသိုလ်ဆိုတာ
ဘာလဲ”လို့ပြန်မေးတယ်။ကျွန်မ မဖြေနိုင်
ဘူး။ပြီးတော့ဆရာမကြီးဘာတွေဆက်
ပြောလဲဆိုတာကျွန်မ မမှတ်မိတော့ဘူး။
ဒါပေမယ့်ကျွန်မသည်တရားတွေဟော
ပြောတဲ့နေရာနှင့်ရေဒီယိုလှိုင်းတွေမှာအမြဲ
တမ်းနာကြားတယ်။ဒါကြောင့်သီလရှင်
ဝတ်ခြင်းမှစွန့်လွတ်လိုက်တယ်။ပြီးတော့
တရားတွေကိုပိုပြီးနားလည်လာတဲ့အ
တွက်ကြောင့်နေရာနဲ့နည်းလမ်းတွေမဆိုင်
ဘူးဆိုတာသိလာတယ်။ဒါကြောင့်ကျွန်မ
ကိုမှန်ကန်တဲ့တရားတွေကျင့်ကြံအား
ထုတ်ခြင်းကိုပေးနိုင်မယ့်ဆရာတွေကိုရှာ
ဖွေဖို့စွန့်လွတ်လိုက်တယ်။ဒါပေမယ့်ဗုဒ္ဓ
မြတ်စွာဘုရားသိတော်မူသွားတဲ့တရား
တော်တွေကိုနာကြားပြီးနားလည်တဲ့ပေါ်
မှာမူတည်တယ်။ဒါကြောင့်အဲဒီဆရာတွေ
ညွှန်ပြခြင်းမရှိပဲနဲ့ကိုယ်တိုင်လေ့လာသင်
ကြားခြင်းဖြင့်တရားတွေကိုနားလည်ဖို့
သည်ကျွန်မအတွက်တော့တကယ့်ကိုခက်
ခဲတဲ့ကိစ္စဖြစ်တယ်။ဒါကြောင့်တရားကို
သင်ကြားပေးတဲ့ဆရာသည်အရမ်းကိုအ
ရေးကြီးတယ်။ပြီးတော့တရားတွေကိုမှန်
ကန်စွာနဲ့နားလည်ပြီးပိဋကတ်သုံးပုံနှင့်
သင်ကေတ၊အက္ခရာအသုံးအနှုန်းတွေကို
အဘက်ဘက်မှသိတဲ့ပုဂ္ဂိုလ်ဖြစ်ရတယ်။ပြီးတော့အသေးစိတ်ပြီးလေးနက်တဲ့တရားတွေကိုနားလည်အောင်ရှင်းပြနိုင်ရ
တယ်။ဒါကြောင့်အရင်ဘဝကကုသိုလ်
တွေပြုလုပ်ခဲ့တဲ့အတွက်ကြောင့်ဆရာမ
ကြီးကနေတရားတော်တွေကိုနာကြားရတဲ့
အခွင့်အရေးတွေရှိရခြင်းဖြစ်တယ်။
## တရားသည်လူတိုင်းအတွက်နဲ့
မအပ်စပ်ဘူး ##
တရားသည်လူတိုင်းအတွက်မဟုတ်ဘူး
လို့ဆရာမကြီးကပြောခဲ့ဖူးတယ်။တရား
တွေကိုစပြီးနားထောင်ရတဲ့အချိန်မှာ
ကျွန်မအရမ်းကိုစိတ်လုပ်ရှားပြီးပျော်ရွှင်
မိတယ်။တစ်ပါးသူတွေကိုလည်းဆရာမ
ကြီးကနေကျွန်မလိုတရားတွေကိုနာကြား
စေချင်တယ်။ဆွေမျိုးအပေါင်းအသင်း
တွေကိုခေါ်ပြီးသွားနားထောင်ကြတယ်။
ပြီးတော့ဆရာမကြီးကိုအလုပ်ရုံမှာလာပြီး
တရားဟောပြောဖို့ဖိတ်ခဲ့ဖူးတယ်။ဒီလိုတ
ကယ့်အရှိတရားတွေကိုနာကြားရရင်တစ်
ပါးသူတွေပီတိဖြစ်မယ်လို့ထင်တယ်။ပထမဆုံးလာပြီးနာကြားတဲ့သူတွေရဲ့ဖြစ်
ရစမြဲပဲဆိုတာသိရတယ်။လူတိုင်းလိုလိုဒီ
လိုပဲဖြစ်ကြတယ်။ဆိုလိုတာကတစ်ပါး
သူတွေကိုနာကြားစေချင်တယ်။(သို့)နာ
ကြားပြီးတဲ့တရားတွေကိုမှတ်သားပြီးတစ်
ပါးသူတွေကိုသင်ပြပေးတယ်။အဲဒီတရား
သည်တရားအတိုင်းလိုက်နာကျင့်ကြံဖို့အ
တွက်နှင့်ကိုယ့်ကိုကိုယ်ဆုံးမဖို့အတွက်ဆို
တာမေ့နေတယ်။ဒါပေမယ့်အဲဒီလူတွေ
သည်တရားတွေကိုစိတ်မဝင်စားကြဘူး၊
နားမလည်ကြဘူး။ဒါကြောင့်တရားတွေ
သည်လူတွေအားလုံးနဲ့မအပ်စပ်ဘူး၊ဒီလို
ပဲဖြစ်ရတယ်ဆိုတာနားလည်လိုက်ရတယ်။ဒါကြောင့်လုံလောက်တဲ့ကုသိုလ်
တွေကိုစုစောင်းလာမှသာလေးနက်တဲ့
တရားတွေကိုနားလည်ပြီးလေ့လာသင်
ကြားဖို့စိတ်ဝင်စားမယ်။ပြီးတော့တရား
တွေကိုလေ့လာသင်ကြားခြင်း၊နာကြား
ခြင်း၊ဖတ်ခြင်းနှင့်ဝေဖန်သုံးသပ်ခြင်းတွေ
ဖြင့်နားလည်နိုင်တယ်။ပြီးတော့တရား
တွေနားလည်လာတဲ့အခါမှာတရားကျင့်
ကြံခြင်းလည်းဖြစ်ပေါ်လာမယ်။ဉပမာ-
သီလရဲ့အကြောင်းကိုနားလည်မယ်ဆိုရင်
ကိုယ်၊နှုတ်မှကိုယ့်ကိုကိုယ်နှင့်တစ်ပါးသူ
တွေကိုမနှိပ်စက်တဲ့အကျင့်တွေရလာ
နိုင်တယ်။
