တရာတော်ကိုနာလည်သဘောပေါက်ခြင်းသည်၊အဲ့ဒါမြတ်စွာဘုရားရဲ့သာသနာတော်ကိုတည်တံ့ခိုင်မြဲအောင်ပြုစုစောင့်ရှောက်ခြင်းဖြစ်တယ်။

101,အားလုံးသောဒကာ၊ဒကာမတွေ၊ရဟန်းသံဃာတွေပါ၊တကယ်လို့ဝိနည်းသိက္ခာပုဒ်တွေကို၊နားမလည်လို့ရှိရင်မြတ်စွာဘုရားရဲ့သာသနာတော်ကို၊ကြားရှည်တည်တံ့ခိုင်မြဲအောင်၊ဝိုင်းပြီးစောင့်ရှောက်တာမဟုတ်သလို၊ပျက်စီးအောင်ဝိုင်းပြီးပြုတာနဲ့တူပါတယ်၊ဒါ‌ကြောင့်မြတ်စွာဘုရားရဲ့သာသနာတော်၊ကြာရှည်တည်တံ့ခိုင်မာဖို့အတွက်၊မြတ်စွာဘုရားရဲ့အဆုံးအမလို့ခေါ်တဲ့၊တကယ်အမှန်အတိုင်းရှိတဲ့သဘောတရားတွေကို၊နားလည်သဘောပေါက်ဖို့အရေးကြီးပါတယ်။