၊မြတ်စွာဘုရားရဲ့တရားဓမ္မတွေနာကြားရမယ့်အချိန်ဖြစ်ပြီးမနာကြားပဲနဲ့၊ကျင့်ကြံမှုအမှားတွေနဲ့ကုန်သွားတဲ့အချိန်တွေကိုနှ‌မြောမိတယ်။

103,မြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုနာကြားရမယ့်အချိန်ဖြစ်ပြီး၊မနာကြားပဲနဲ့၊တခြားနေရာမှာသွားပြီးကျင့်ကြံအားထုတ်မှုအမှား‌တွေနဲ့၊ကုန်ဆုံးသွားတဲ့အချိန်တွေကို၊တကယ်နှ‌မြောဖို့ကောင်းပါတယ်။မြတ်စွာဘုရားလက်ထက်တုန်းက‌ရှေ့ခေတ်လူတွေသည်မြတ်စွာဘုရားရှိရာစေတဝန်ကျောင်း၊ဝေဠုဝန်ကျောင်းသို့သွားပြီးတကယ်အမှန်အတိုင်းရှိတဲ့တရားဓမ္မတွေကိုနာကြားဖို့သွားရောက်ကြတယ်။