တရားတော်တွေကိုမနာကြားလေလေ၊မသိမှုတွေပိုမိုများလာလေလေ။

132,လောကမှာမသိမှုတွေအများကြီးရှိတဲ့အတွက်‌ကြောင့်၊မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုနာကြားရခြင်းဖြစ်တယ်။တကယ်လို့မြတ်စွာဘုရားရဲ့အဆုံးအမတွေကို၊မနာကြားရဘူးဆိုရင်၊မသိမှုတွေပိုပိုပြီးများလာမယ်။နောက်ပြီးတော့သံသရာထဲမှာဘယ်လောက်အကြာကြီးဆက်ပြီးထပ်နေရအုံးမှာလည်းဆိုတာကိုဘယ်သူမှမသိဘူး။