106,အမှာတွေကိုလုပ်ရဲတာကိလေသာပဲဆိုတာသေချာတယ်။အမှားကိုပဲနောက်ထပ်ဆက်လုပ်ရဲတာသည်လည်းကိလေသာပဲ။ဒါပေမယ့်ဘယ်အရာကမှန်ကန်တယ်ဆိုတာကိုသိရင်ရဲရင့်စွာနဲ့မှန်ကန်တဲ့အရာကိုလုပ်ခြင်းအားဖြင့်တကယ့်ကိုအကျိုးအရှိဆုံးပဲ။
Category: ဒိုင်တာရီထဲမှာသိမ်းထားမယ်
လူကောင်းလည်းပဲတစ်ဘဝပဲ၊မသေခင်လေးမှာလူကောင်းဖြစ်ပြီးကောင်းမှုတွေကိုနားလည်ရမယ်။
ဘယ်အရာကအကျိုးဖြစ်လည်၊ဘယ်အရာကအပြစ်ဖြစ်လည်၊ဘယ်အရာကမှန်လည်၊ဘယ်အရာကမှားလည်ဆိုတာကိုပညာကသိတယ်။
104,မြတ်စွာဘုရားရဲ့အဆုံးအမ၊တစ်လုံးချင်းတစ်လုံးချင်းသည်တကယ့်ကိုခက်ခဲနက်နဲလှပါတယ်။ဒါကြောင့်တန်ဖိုးသိတဲ့လူတွေကတော့၊တဖြေးဖြေးနဲ့ဝေဖန်သုံးသပ်ကာ၊တဖြေးဖြေးနဲ့နားလည်သဘောပေါက်ခြင်းအားဖြင့်ရယူနိုင်တယ်။ပြီးတော့အဲဒီနားလည်သဘောပေါက်ခြင်းကပဲလူတော်လူကောင်းအဖြစ်ကိုရောက်စေနိုင်တယ်။ဘာကြောင့်လဲဆိုတော့၊ဘယ်တာကမှန်၊ဘယ်တာကမှား၊ဘယ်တာကအပြစ်ရှိတယ်၊ဘယ်တာကအကျိုးရှိတယ်ဆိုတာကို၊ပညာကသိရှိနိုင်တယ်။
၊မြတ်စွာဘုရားရဲ့တရားဓမ္မတွေနာကြားရမယ့်အချိန်ဖြစ်ပြီးမနာကြားပဲနဲ့၊ကျင့်ကြံမှုအမှားတွေနဲ့ကုန်သွားတဲ့အချိန်တွေကိုနှမြောမိတယ်။
103,မြတ်စွာဘုရားရဲ့တရားဓမ္မတွေကိုနာကြားရမယ့်အချိန်ဖြစ်ပြီး၊မနာကြားပဲနဲ့၊တခြားနေရာမှာသွားပြီးကျင့်ကြံအားထုတ်မှုအမှားတွေနဲ့၊ကုန်ဆုံးသွားတဲ့အချိန်တွေကို၊တကယ်နှမြောဖို့ကောင်းပါတယ်။မြတ်စွာဘုရားလက်ထက်တုန်းကရှေ့ခေတ်လူတွေသည်မြတ်စွာဘုရားရှိရာစေတဝန်ကျောင်း၊ဝေဠုဝန်ကျောင်းသို့သွားပြီးတကယ်အမှန်အတိုင်းရှိတဲ့တရားဓမ္မတွေကိုနာကြားဖို့သွားရောက်ကြတယ်။
အမြင်မှန်ကန်မှုရိြှခင်းသည်၊ဘဝတိုင်းမှာတန်ဖိုးအရှိဆုံးအရာဖြစ်သည်။
တရာတော်ကိုနာလည်သဘောပေါက်ခြင်းသည်၊အဲ့ဒါမြတ်စွာဘုရားရဲ့သာသနာတော်ကိုတည်တံ့ခိုင်မြဲအောင်ပြုစုစောင့်ရှောက်ခြင်းဖြစ်တယ်။
101,အားလုံးသောဒကာ၊ဒကာမတွေ၊ရဟန်းသံဃာတွေပါ၊တကယ်လို့ဝိနည်းသိက္ခာပုဒ်တွေကို၊နားမလည်လို့ရှိရင်မြတ်စွာဘုရားရဲ့သာသနာတော်ကို၊ကြားရှည်တည်တံ့ခိုင်မြဲအောင်၊ဝိုင်းပြီးစောင့်ရှောက်တာမဟုတ်သလို၊ပျက်စီးအောင်ဝိုင်းပြီးပြုတာနဲ့တူပါတယ်၊ဒါကြောင့်မြတ်စွာဘုရားရဲ့သာသနာတော်၊ကြာရှည်တည်တံ့ခိုင်မာဖို့အတွက်၊မြတ်စွာဘုရားရဲ့အဆုံးအမလို့ခေါ်တဲ့၊တကယ်အမှန်အတိုင်းရှိတဲ့သဘောတရားတွေကို၊နားလည်သဘောပေါက်ဖို့အရေးကြီးပါတယ်။